← Chapters

ခါးသီးဖွယ်။

Vol. 90 Ch. 1253

ခါးသီးဖွယ်။

Vol. 90 Ch. 1253

ယနေ့ ယဲ့ဇီလင်သည် ယခင်နှင့် မတူကြောင်း၊ သူ ခံစား ခဲ့ရ သော်လည်း၊ မည်သို့ ကွဲပြားနေ သည်ကို မပြော နိုင်ပေ။

သူ့ အနားရှိ ကျန်းလိချန်ကို လှည့်ကြည့် လိုက်ရာ၊ ယဲ့ဇီလင် နောက်ကျောထံ၊ စိုက်ကြည့် နေကြောင်း တေွ့လိုက် ရသည်။

“ ဟေး ... ၊ သူ ... နည်းနည်း ပြောင်းလဲသွား တယ်လို့၊ မင်း ထင်လား။ ”

လင်းယွန်က မေးမိသည်။

“ အဝတ် အစားနဲ့ ပုံပန်း သဏ္ဍာန်က အပြောင်း အလဲ မရှိ ပါဘူး၊ ဒါပေမယ့် ... သူက နေ့တိုင်း မရိုး နိုင်တဲ့၊ ပုံစံနဲ့ လှလွန်းတယ်။ ”

ကျန်းလိချန်မှ ပြန်ဖြေ၏။ ထို့ကြောင့် လင်းယွန်က ရယ်မော လိုက်မိသည်။ သို့မှသာ ကျန်းလိချန် တစ်ယောက် လန့်နိုး လာပြီး၊ အဆင် မပြေသော အပြုံးဖြင့်၊

“ ဒါက ... သူ့အမေ ဘက်က မိသားစုနဲ့ သက်ဆိုင် ပါတယ်။ ”

-ဟု ပြင်ပြော လာသည်။

“ ဘယ်လို သူ့အမေ ဘက်က ဘာဖြစ်လို့လဲ ... ။ ”

လင်းယွန်မှ အံ့သြ သွား၏ ။

“ မင်း မသိ ဖူးလား၊ … သူ့ အမေ ဘက်ကနေ၊ နှစ်စဉ် နှစ်တိုင်း လူ တစ်ယောက် လွှတ်ပြီး၊ လာခေါ် တက်တယ်၊ အရင်တုန်း ကတော့ ...

... အဆင့် ပြိုင်ပွဲကို ဆင်ခြေ အနေနဲ့ သုံးခဲ့တယ်၊ ဒီတစ်ခါတော့ သူ ငြင်းမရ တော့ဖူး ထင်တယ်၊ ဒါကြောင့် သွေ့ရော် ကျွန်းက ပြန်လာရင်၊ ထွက်သွား နိုင်ဖွယ် ရှိတယ်။ ”

ကျန်းလိချန်၏ အမူ အရာမှာ ရုတ်တရက် ညှိုးကျ သွားပြီး၊ ‘ညီလေး၊ မင်းရော ထွက်သွား မှာလား၊’ ဟု မေးလာ လေသည်။

“ အင်း ... ။ ”

လင်းယွန်မှ ခေါင်းညိတ် ပြ၏။

“ ဟုတ်ပါတယ် ... ၊ ဒါက အဓိပ္ပာယ် ရှိပါတယ်၊ တိမ်လွှာဓား ဂိုဏ်း ဆိုတာ မင်းတို့ နှစ်ယောက် အတွက်၊ အရမ်း သေး လွန်းတယ်။ ”

“ အစ်ကို ကျန်း ... ၊ မင်းလည်း ထွက်သွားလို့ ရပါတယ်။ ”

“ ငါ ... ။ ”

ကျန်းလိချန်မှ အံ့အားသင့် သွားပြီး၊

“ ဒါကို ... ငါ တစ်ခါမှ မတွေးကြည့် ဖူးဘူး၊ လက်ရှိ အနေ အထားကို၊ တော်တော် ကျေနပ် နေပြီ၊ တိမ်လွှာဓား ဂိုဏ်းက ဖြည်းဖြည်းချင်း အားကောင်း လာနေ တယ်၊ ...

... ဂိုဏ်းခွဲ တစ်ခုက ပင်မ ဂိုဏ်းထက် အားကောင်းရင်၊ ဘယ်လောက် ကောင်းလိုက် မလဲ။ ”

“ ဆန္ဒ ရှိရင် ဖြစ်နိုင် ပါတယ်။ ”

မဖြစ် နိုင်ဟု လင်းယွန် မထင်ခေျ။

“ တကယ် လား ... ။ ”

“ တကယ်ပေါ့ ... ဆယ်နှစ်နဲ့ အဆင် မပြေရင်၊ အနှစ် တစ်ရာ၊ အနှစ် တစ်ရာနဲ့ မလုံ လောက်ရင်၊ အနှစ် နှစ်ရာ၊ သုံးရာ၊ လေးရာ ... ။ ”

လင်းယွန်က ကျန်းလိချန် ပခုံးကို ပုတ်ကာ အားပေး လိုက်သည်။

“ နှစ် လေးရာနဲ့ မလုံလောက် သေးရင်ရော၊ ဘယ်လို လုပ်ရ မလဲ။ ”

“ ဒါဆို နှစ် ရှစ်ရာ။ ”

လင်းယွန်မှ မဆိုင်းမတွ ပြန်ပြော လိုက် တော့၏။

ဓား သူတော်စင် တောင်တန်း ဆီမှ၊ ဗျပ်စောင်းနှင့် ပလွေ သံများ ငြိမ့်ညောင်းစွာ ထွက်ပေါ် လာသည်။

တေးသွား ပြီးဆုံး သွားသော အခါတွင်၊ လင်းယွန်က နတ်ကျောက်စိမ်း ပလွေအား ကိုင်လျက်၊ ဇရပ်ရှေ့ ဆင်းသက် လာသည်။

လောဟွာက လင်းယွန်ကို ပြုံးပြုံးလေး ကြည့်ပြီး၊

“ နောက် ကျ တယ်။ ”

-ဟု ပြောလိုက် တော့သည်။

“ နတ်နဂါး မျှော်စင် ပြိုကျတဲ့ ဖြစ်ရပ်က၊ ငါထင်ထား တာထက် အများကြီး အခက်တွေ့ စေခဲ့တယ်။ ”

ထို့နောက် ဆက်ပြော လာသော သူမ စကားကြောင့်၊ လင်းယွန် ခမျာ ရှက်ရွံ့သွား မိသည်။

“ ရှက်သွား တာလား၊ လူသတ်ဖို့ ဓား တစ်ချက်တည်း လိုတယ် ဆိုတဲ့၊ ပန်းသင်္ချိုင်းက ရှက်တက် တယ်လား၊ ကြည့်ပါဦး ဘယ်လောက် ချစ်စရာ ကောင်း လိုက်လဲ။ ”

လောဟွာမှ ပြုံးပြီး၊ သူ့ပါးကို လိမ်ရန် လက်လှမ်း လာသဖြင့်၊ လင်းယွန်က လက်အား ဖမ်းဆုပ်လျက်၊ ပါးပြင်ထံ အပ်လိုက်သည်။

“ လောဟွာ ... ၊ မင်းရဲ့ မျက်နှာ ဖုံးကို ငါ ဖယ်လို့ ရမလား။ ”

“ မင်း ... ကောင်မ လေးရဲ့၊ နတ် ကျောက်စိမ်း ပလွေကို တစ်ဖက်မှာ ကိုင်ပြီး၊ တစ်ဖက်က ငါ့လက် ဆွဲထားတယ်၊ အခု ... မင်းက ဘယ်လက်နဲ့၊ ငါ့ပုဝါကို ဖယ်ချင် ရတာလဲ။ ”

ထိုမေးခွန်းကြောင့် လင်းယွန် ခမျာ၊ မည်သို့ ပြန်ဖြေရ မည်ကို မသိ တော့ချေ။ လောဟွာက ပြုံးပြီး၊ သူ့လက်အား ပြန်ရုန်း လိုက်သည်။

သည့်နောက် ဗျပ်စောင်း ထံသို့ လျှောက်လှမ်း သွားကာ၊

“ ယွဲ့ဝေဝေက လှတယ် ဆိုရင်တောင်၊ မမှတ်မိ သင့် တော့ဘူး၊ ပြီးတော့ အဲဒီ တုန်းက မင်းရဲ့ ဓားကို၊ ရှင်းယန် အတွက် ဆွဲခဲ့တယ် မဟုတ်လား၊ ဒါဆို ...

... ဘာလို့ အဲဒီ တုန်းက၊ အင်ပါယာရဲ့ နှင်းတော ထဲမှာ၊ မြှုပ်နှံ မထား ခဲ့ရ တာလဲ၊ မင်း ငါ့ကို တွေ့ဖူး ပါတယ်၊ ငါ ... မင်းကို ဘယ်တော့မှ မမေ့ ပါဘူး။ ”

သူတို့ နှစ်ဦး စတွေ့ စဉ်က၊ အသောက် လွန်ပြီး၊ ယွဲ့ဝေဝေနှင့် ရှင်းယန် အကြောင်း ပြော ပြမိ ခဲ့သည်။ သို့သော် သူ အချစ် ရဆုံး လူမှာ၊ ဆုစီယာ သာ ဖြစ်၏။

“ တကယ်တော့ ငါက ဗျပ်စောင်း ကစား ရတာကို မကြိုက်ဖူး၊ ဒါပေမယ့် မင်းနဲ့ အတူတူ တီးခတ် ရတာကို သဘောကျ တယ်။ ”

( တင်း ... တောင် ... ။ )

လောဟွာက လင်းယွန်အား တစ်ချက် ပြန်ကြည့်ကာ၊ ဗျပ်စောင်းကို တို့ထိ နေမိသည်။

“ ငါက လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းကို မကြိုက်ဘူး၊ ဒါပေမယ့် ... မင်းရှိ နေလို့၊ ဒီမှာ ငါနေ နေရတယ်၊ ...

... တခြား လူတွေကို ဂရုမစိုက် ပေမယ့်၊ မင်းကို ဂရု စိုက်တယ်၊ မူးနေတဲ့ မင်းကို မြင်ရ တာ သဘောကျတယ်၊ ...

... ငါက ဂီတ ဆိုတာကို မသိဘူး၊ တိမ်ကိုလည်း နား မလည်ဘူး၊ ဦးနှောက်လည်း မရှိဘူး၊ ဒါပေမယ့် မုန်းစရာ ကောင်းတဲ့ မင်းနဲ့ အတူ၊ အရက် သောက်ရတာ ကြိုက်တယ်။ ”

( တောင် ... တင် တင်။ )

လောဟွာက ပြုံးပြီး၊ ဗျပ်စောင်းကို စတင်တီး၏။ ပြီးသွားသော အခါ၊ ဝမ်းနည်း စွာဖြင့်၊ လင်းယွန်ထံ ပြန်မော့ ကြည့်သည်။

“ သေွ့ရော် ကျွန်းက ပြန်လာရင်၊ ငါ သွားတော့မယ်။ ”

လင်းယွန် တစ်ယောက် တိတ်ဆိတ် သွားသည်။ သူမနှင့် ပထမဆုံး စတွေ့ ချိန်က၊ တိမ်လွှာဓား ဂိုဏ်း၌ အဘယ့်ကြောင့် ရှိနေရ သည်ကို၊ မေးမြန်း ခဲ့ ဖူး၏။

ဓား သူတော်စင် တောင်ကြောင့် (၅၀%) ဟု ပြောခဲ့ပြီး၊ ကျန်(၅၀%) ကို မပြော ခဲ့ချေ။ ကြည့် ရ သည်မှာ သူ့ကြောင့် ဖြစ်ပုံ ရ၏။

လင်းယွန်က စားပွဲ ဆီသို့၊ လျှောက်လှမ်း သွားပြီး၊ ပလွေကို ဗျပ်စောင်း ဘေးတွင် ချလိုက် သည်။ သည့်နောက် ဗျပ်စောင်းအား တီးခတ် ကြည့်၏။

( တင်း ... တောင် ။ )

အစ ပိုင်းတွင် အစီ အငေါ် မတည့် သော်လည်း၊ တဖြည်းဖြည်း နားထောင်ရ အဆင် ပြေလာသည်။

အဆုံးတွင် အရိယာ တေးသွား ကိုပင် ဆုပ်ကိုင်နိုင် သဖြင့်၊ ဗျပ်စောင်းအား ဖမ်းမိလာ တော့သည်။

( တောင် ... ။ )

သူ့ ခံစားချက် အားလုံးကို ဖွင့်ဆိုချင် သော်လည်း၊ မအောင် မြင်ချေ။ ထို့ကြောင့် ရုတ်တရက် ရပ်လိုက် ရပြီး၊ ဆက်မတီး နိုင် တော့ဘဲ၊ ထွက်ခွာ လာရသည်။

နေအိမ်သို့ ပြန်ရောက်သော အခါတွင်၊ ကောင်းကင် တခွင်လုံး မှောင်ရိပ်သမ်း နေပြီ ဖြစ်ပြီး၊ ခရမ်းငယ်နှင့်၊ နဂါးလေးက စားပွဲ ပေါ်တွင် ကစား နေလေသည်။

တစ်ယောက် လက်ခုံပေါ် တစ်ယောက် အုပ်မိုးလျက်၊ ဘယ်သူက အပေါ် ဆုံး၌ ရပ်တည် ရမည်ကို ပြိုင်နေ ကြသည်။

နဂါးလေးသည် သူ့ကိုယ်သူ ကြောင် တစ်ကောင် အဖြစ်၊ အမှန် တကယ် ယူဆ လိုက်ပုံ ပေပင်။ တစ်ချိန်က နဂါးသွေး မြင်း ဖြစ်ခဲ့ သည်ကို မေ့သွားပုံ ရ၏။

“ ဟမ့် ... ၊ နောက်ဆုံးတော့ ... ၊ နင် ပြန်လာဖို့ စိတ်ကူး ရှိသေးတယ် ပေါ့လေ၊ ဘယ်မှာလဲ နတ်ဘုရင် ရူရ် ။ ”

ခရမ်းငယ်မှ လင်းယွန်ကို တွေ့သည်နှင့်၊ မကျေ မနပ်ဖြင့် လှမ်းပြောသည်။ ထိုကိစ္စကို မေ့လု နီးပါး ဖြစ်နေ သဖြင့်၊ အဆင် မပြေသော အပြုံးကို ထုတ်ဖော်ကာ၊

“ သွေ့ရော် ကျွန်းက ပြန်လာရင် ဝင်ယူဖို့၊ ဂိုဏ်းချုပ်နဲ့ ငါ ပြောထား ပါတယ်။ ”

-ဟု ပြန်ဖြေ လိုက်သည်။

“ အဖိုး ကြီးက၊ ဒေါသကြီး ပေမယ့် ...၊ ဒီလိုတော့လည်း မဆိုး ပါဘူး၊ ဒါကြောင့် ဓား တာအိုမှာ ဒဏ္ဍာရီလာ ...

... ပါရမီရှင် တစ်ဦး ဖြစ်လာ ရတာပဲ၊ အံ့သြ စရာ မရှိ ပါဘူး၊ သူက တချို့သော လူတွေထက် အများကြီး ပိုကောင်းတယ်။ ”

ခရမ်းငယ်က ရယ်ကာ မောကာဖြင့် ပြောလာသည်။ သည့်နောက် ယဲ့ဇီလင် ပြောပြ သမျှသော အကြောင်း အရာ တိုင်းကို၊ လင်းယွန် က ပြန်လည် ဝေမျှ လာသည်။

“ ဘာများ ထူးဆန်း လို့လဲ၊ လူတိုင်းက ရှေးဦးခေတ် တုန်းက သူတော်စင် ရူရ် တွေကို ရေးထွင်း ကြတာ သဘာဝ ပဲကိုး။ ”

“ ဒါပေမယ့် ... အခုက ရှေးဦးခေတ် မဟုတ်ဘူး။ ”

လင်းယွန်မှ စောဒက တက်မိသည်။ ထိုပါရမီရှင် များတွင် သူတော်စင် ရူရ် မရှိသော် မှ၊ အနိုင် ယူရန်၊ သူ့၌ ယုံကြည်ချက် မရှိပေ။

“ စိတ်မပူ ပါနဲ့၊ အိုင်းရစ် ဓားသူတော်စင်ရဲ့ နက္ခတ်ကို ဖွဲ့စည်း နိုင်ရင် ... ၊ သူတို့ကို အလွယ် တကူ ချေမှုန်း နိုင်မှာပါ၊ အိုး… ဒါပေမယ့် ပြဿနာ တချို့ ရှိနေ တာပဲ … ။ ”

ခရမ်းငယ်က နတ်ကြယ် (၅) သန်းကို ပြန်လည် သတိ ရသွားကာ ငြိမ်သက် သွား၏။ ယင်းသို့ ဆိုပါက သွေ့ရော် ကျွန်း၏ ခရီးသည် အရမ်း အန္တရာယ်များ ရပေ တော့မည်။

ဓားဂိုဏ်း တစ်ဂိုဏ်း တည်းဖြင့်ပင် ဤမျှ ကြီးမားသော ဖွဲ့စည်း မှုကို စေလွှတ် လာသော ကြောင့်၊ အခြား ဂိုဏ်းများ အတွက် စိတ်ကူး မယဉ် နိုင်ပေ။

လင်းယွန်က ရှုပ်ထွေးသော ခံစားချက် များနှင့် ပြည့်နှက် လာသော ကြောင့်၊ စကား မပြော တော့ဘဲ၊ ငြိမ်သက် နေမိသည်။

လောဟွာ ပင်လျှင် ထွက်ခွာ တော့မည် ဖြစ်သည်။ ထိုအသိက သူ့အား စိတ်ဓာတ်ကျ စေသည်။

“ ဧကရီ ... ၊ ခါးသီးတယ် ဆိုတဲ့ ခံစားချက်ကို မင်း သိလား။ ”

“ ဒါက ... ခါးသီး စရာ မဟုတ် ပါဘူး ... ၊ နင်ကိုက အချစ် ရေးနဲ့ ... ၊ ပတ်သက် လာရင် သုံးစား လို့ကို မရတာ။ ”

“ ဝေါ့ ... ။ ”

ခရမ်းငယ်မှ ရက်ရက်စက်စက် ဝေဖန် လာသဖြင့်၊ လင်းယွန် ခမျာ သောက်လက်စ ဝိုင်ကို၊ ထွေးထုတ် လိုက်မိသည်။

စီနီယာ အိုင်းရစ် ဓား သူတော်စင်မှ ဤဖီးနစ်ကို အဘယ့်ကြောင့် ထိုသို့ အကျဉ်း ချခဲ့ သည်အား၊ အနည်းငယ် ရိပ်စား မိလာ၏။

***

All Chapters