← Chapters

နဂါး မူလ ပုလဲအား သန့်စင်ခြင်း။

Vol. 90 Ch. 1254

နဂါး မူလ ပုလဲအား သန့်စင်ခြင်း။

Vol. 90 Ch. 1254

ခရမ်းငယ် ရုပ်သွင်မှာ ချစ်စရာ ကောင်းသော်လည်း၊ ပါးစပ်သည် ရက်စက်လွန်း သောကြောင့်၊ သူမအား စကား မပြောချင် တော့ချေ။

သွေ့ရော် ကျွန်းဖွင့်ရန် လဝက်မျှ လိုပေ သေးသည်။ထို့ကြောင့် အချိန် များကို မဖြုန်းတီး စေဘဲ၊ အရာရာ ကန့်သတ် ချက်သို့ တွန်းပို့ရ မည်ဟု၊ ဆုံးဖြတ် လိုက်သည်။

လဝက် မျှသာ ကျန်ရှိတော့ သဖြင့်၊ နေလ လက်သီး ကိုသာ လေ့ကျင့်နိုင် ပေမည်။ နက္ခတ် အဆင့်သို့ မရောက် သဖြင့်၊ ကြယ် ပန်းချီ၏ စွမ်းအားကို မသုံး မပြု နိုင်ချေ။ သို့သော် နဂါး မူလ ပုလဲများ ရှိရာ၊ အဆင် ပြေနိုင်၏။

ယဲ့ဇီလင် စကားများ အရ၊ သွေ့ရော် ကျွန်းတွင် ကြုံတွေ့ နိုင်သော အန္တရာယ် များမှာ၊ ကြောက်စရာ ကောင်းကြောင်း ပြောနိုင်သည်။

အဆုံးတွင် ထိုမျှ အားကောင်းသော ဂိုဏ်းများသည်၊ ကနဦး ပင်မ နတ်ဘုရား များကို သာလွန် ပင်မ နတ်ဘုရားများ အဆင့်သို့၊ မြှင့်တင် လာနိုင်၏။

ကနဦး ပင်မ နတ်ဘုရားများ အပေါ်၊ ရင်ဆိုင်နိုင် သော်လည်း၊ သာလွန် အဆင့် ကိုမူ မဖြစ် နိုင် သေးချေ။

ထိုကြောင့် ဝှက်ဖဲ များများ ပြင်ဆင်ရ ပေမည်။ မဟုတ်သော် သူ မည်သို့ သေသွား မှန်းပင်၊ သိလိုက်မည် မဟုတ်ချေ။

အခွင့် အလမ်းနှင့် အခက် အခဲသည် အမြဲတမ်း ဒွန်တွဲနေ တတ်သည်။ အန္တရာယ် များသော ခရီး ၌သာ၊ ရှားပါးသော အခွင့် အလမ်းများ စောင့်နေ တတ်၏။

ဓားသေတ္တာကို ကြမ်းပြင်ပေါ် ချပြီး တံဆိပ်အား ဖန်တီး လိုက်ရာ၊ လေစုပ်ဝဲ တစ်ခု ဖြစ်ပေါ် လာသည်။

ဓားသေတ္တာ အတွင်းရှိ၊ ကမ္ဘာတွင် ပြန် ပေါ်လာ ပြီးနောက်၊ ဖီးနစ် သစ်ပင်နှင့် မဝေး လှသော ကျောက်စိမ်း ကုတင် တစ်လုံးပေါ် တက်ထိုင် လိုက်သည်။

မြင့်မြတ်မြေ ဖြစ်ခဲ့သည့်၊ တစ်ချိန်က ကမ္ဘာ ကြီးကို ငေးကြည့် မိသည်။ သက်ရှိ ဟူ၍ အရိပ် အယောင် မျှပင် မရှိချေ။

ဖီးနစ် သစ်ပင်ကို ဗဟို ပြု၍၊ အရှေ့ အရပ်၌ နတ်ကျောက်စိမ်း ဝါးတော၊ မြောက်ဘက် အရပ် တွင်၊ ရေခဲ ကျောက်စိမ်း ကုတင် ရှိသည်။

အနောက် အရပ်တွင် ဓားကုန်းနှင့် တောင်အရပ်တွင် လက်နက် ခန်းမ ဖြစ်သည်။ သို့သော် သူ့ အာရုံကို အဖမ်းစား နိုင်ဆုံး အရာမှာ ပလ္လင် ဖြစ်၏။

“ ဟမ့် ... ။ ”

ရုတ်တရက် တစ်စုံ တစ်ခုကို သတိထား မိလာ သောကြောင့်၊ လင်းယွန်၏ အကြည့်များ စူးရှ လာသည်။ ဤဒေသ၏ အခင်း အကျင်း အရ၊ အရှေ့ အရပ်သည် သစ်သားကို ကိုယ်စား ပြု၏။

အနောက် အရပ်သည် သတ္တု ဖြစ်ကာ၊ မြောက် အရပ်သည် ရေ ဖြစ်သည်။ တောင်ဘက် အရပ် မှာမူ မီးဖြစ်ပြီး၊ အလယ်တွင် ရှိသော ဖီးနစ် သစ်ပင်သည် မြေကြီး ဖြစ်၏။

နက္ခတ် လေးလုံးနှင့်၊ ဆက်စပ် နေသော ဒြပ်စင် ငါးပါး စလုံးကို၊ ဤနေရာတွင် တွေ့ရှိ နိုင်သည်။

ရှေးဦးခေတ်တွင် နဂါးပြာကို၊ နတ်ဘုရား သားရဲ အဖြစ် အသုံးပြု ကြသည်။ သို့သော် ယခု အချိန်၌ ၎င်းအစား မိုးပြာ နဂါးကို၊ ပြောင်းလဲ အစားထိုး လာကြသည်။

ဤနေရာတွင် နက္ခတ် လေးလုံးနှင့်၊ ရေခဲ ဖီးနစ် တစ်ကောင် ရှိနေ၏။ စိတ်ဝင် စားစရာ ပေပင်။ ဒြပ်စင် ငါးပါး ရှိနေသည့် အတွက်၊ ယင်နှင့် ယန်လည်း ရှိရ ပေမည်။

ဓားသေတ္တာ ကမ္ဘာ ကြီးသည် နက်နဲ လွန်းပြီး၊ လျှို့ဝှက်ချက် များစွာ ရှိနေ ပေသည်။ သို့သော် နတ်ဘုရင် ရူရ် များကို၊ ပြန်လည် ရယူရန်၊ မလွယ်ကြောင်း သေချာသည်။

၎င်းတို့ကို ရှာဖွေ နိုင်ခဲ့ သော်မှ၊ ဤနယ်မြေမှာ ယခင် ကဲ့သို့ ပြန်လည် ဖြစ်လာ မည်ဟု၊ တပ်အပ် မပြော နိုင်။

ခရမ်းငယ်၏ စကား များမှာ၊ လုံးလုံး ယုံကြည်၍ မရမှန်း သူ သိသည်။ နတ်ဘုရင် ရူရ်ကို လိုချင် သောကြောင့်၊ ပုံပြင် တစ်ပုဒ်အား ဖန်တီး နေခြင်း မျိုးလည်း ဖြစ်နိုင်သည်။

ရေခဲ ကျောက်စိမ်း ကုတင် ပေါ်တွင်၊ ထိုင်လျက်မှ၊ ကျောက်စိမ်း သေတ္တာ တစ်လုံးကို ထုတ်ယူ လိုက်သည်။

“ က လစ် ... ။ ”

သေတ္တာ ဖွင့်လိုက် သည်နှင့်၊ အကန့် အသတ်မဲ့ စွမ်းအင် များက၊ မြူခိုးများ အသွင် ဖြင့် ပျံထွက် လာသည်။ ထိုမြူ ခိုးများ အတွင်း ရန်လို နေသော သားရဲ ဟောက်သံများ ကိုပင် ကြားနိုင်၏။

မြူခိုးများ ရှင်းသွား သောအခါ၊ အဖြူရောင် ပုလဲလုံး နှစ်လုံးကို တွေ့လိုက် ရသည်။ ယင်းမှာ ဖုန်းကျွယ် ပေးခဲ့သော နဂါး မူလ ပုလဲ ပေပင်။

လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင် သူတိုင်းပင်၊ လိုအပ်သော အရာ ဖြစ်၏။ မဟာ သူတော်စင် တစ်ပါးမှ၊ အထူး တလည် သန့်စင် ပေးရသော ရတနာ ဖြစ်သည်။

ကျန့်ကျန်းရှန် အဆို အရ၊ သတိ မထား ခဲ့သော် နဂါး သွေးလွှတ်ကြော ကျွမ်းကျင် သူပင် ပေါက်ကွဲ သေဆုံး နိုင်၏။

“ သူတော်စင် နဂါး ခန္ဓာနဲ့ စမ်းကြည့် ရမယ်။ ”

သူ့ခန္ဓာ ကိုယ်မှာ သူတော်စင် ရူရ် တစ်ထောင် ခန္ဓာကိုယ်၊ နီးနီး သန်မာ နေပြီ ဖြစ်သည်။

နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး သည်ပင်၊ သည့်ထက် သန်မာသော ကိုယ်လုံး ကိုယ်ပေါက် ရှိမည် မဟုတ်ပေ။

အသက် ပြင်းပြင်းရှူ လိုက်ပြီး၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်ကို ထုတ်ဖော်ကာ၊ နဂါး မူလ ပုလဲအား မြိုချ လိုက်သည်။

တစ်နာရီ ကြာ ပြီးနောက်၊ ကြိုးမျှဉ် တစ်ချောင်း ခန့် သန့်စင် လာနိုင်၏။ အလွန် နှေးကွေးသော လုပ်ငန်းစဉ် ပေပင်။

“ ဗျစ် ... ဗျစ် ဗျစ် ... ။ ”

သို့သော် နဂါး မူလ စွမ်းအင်များ စိမ့်ဝင် လာချိန်တွင်၊ လျှပ်စီး များက သူ့ ခန္ဓာကိုယ် အနှံ့ ဖြတ်ပြေး သွားသည်။

နောက်တစက္ကန့်တွင် ကြက်သွေးရောင် မြူခိုးများ ခန္ဓာ ကိုယ်၌ ချက်ချင်း ပေါ်လာ၏။ သူ့ အတွက် ကြီးမားသော အကျိုး သက်ရောက်မှု ပေပင်။

ရင်ဘတ် ပေါ်ရှိ နဂါး အမှတ် အသား ပွင့်လာပြီး၊ သူတော်စင် ရူရ် စတင် လောင်ကျွမ်း လာသည်။ နဂါး ရူရ်များ လင်းလျက်၊ ခန္ဓာ ကိုယ်ကို ချက်ချင်း ကြံ့ခိုင် လာစေ၏။

ယင်းကြောင့် အသက် ပြင်းပြင်း ရှူကာ၊ နဂါးမူလ စွမ်းအင်ကို ခရမ်းရောင် နန်းတော်ရှိ ကြယ် မြစ်ထဲသို့ ဖြည်းဖြည်းခြင်း သွန်းလောင်း လိုက်သည်။

ကြယ်မြစ်မှာ မြင်သာသော အဟုန်ဖြင့်၊ ကြီးထွား လာသည်။ တစ်ချိန် တည်း မှာပင် အညစ် အကြေး များကို ချွေးပေါက် များမှ တဆင့်၊ ပြန်ထုတ် မိ၏။

ထိုအချိန်တွင် မူချင်းချင်းနှင့် အဖွဲ့သည် ၎င်းတို့ တည်းခို ရာ အရပ်သို့ ပြန်လာ ကြသည်။ ရောက်သည်နှင့် ကျန့်တင်းက၊

“ စီနီယာ အစ်မ မူ၊ ငါတို့က တိမ်လွှာ ဓားဂိုဏ်း အပေါ်၊ အရမ်း ယဉ်ကျေး လွန်းပြီ မဟုတ်လား။ ”

-ဟု စူးစမ်း ဟန်ဖြင့် မေးလိုက်သည်။

ပါးပြင် ရောင်ကိုင်း နေဆဲ ဖြစ်သဖြင့် ချင်းတန်မှ၊ စကား ဝင်မပြော ခဲ့ချေ။ ကျန့်တင်း ၏ မေးခွန်းကြောင့်၊ အခြားသော တပည့်များ မှပါ၊ မူချင်းချင်းထံ လှည့်ကြည့် လာသည်။

ဓားသူတော်စင် တောင်တန်းတွင် အခွင့် အရေး တစ်ခု ရှိကြောင်း၊ သူတို့ ကြားသိ ထား သည်မှာ၊ ကြာပြီ ဖြစ်၏။

သူတို့သည် ဓားဂိုဏ်းမှ ဆင်းသက်လာ သောကြောင့်၊ အလို ရှိရာကို လုပ်နိုင် သင့်သည်။ သို့သော် ယနေ့သည် ချွင်းချက် ဖြစ်လာ၏။

“ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်းက ... ၊ တခြားဂိုဏ်းခွဲ တွေလို မဟုတ်ဘူး၊ ဂိုဏ်းချုပ်က ငါတို့ကို မတွေ့ ချင်တာ သတိ ထားမိလား၊ နောက်ဆုံးတော့ သူက ... ။ ”

မူချင်းချင်းက စကားကို တစ်ဝက်နှင့် ရပ်လိုက်သည်။ သို့သော် မည်သူမျှ ၎င်းကို သတိ မထား မိချေ။

“ သူတို့က ဘာများ စိတ်ဝင် စားစရာ ရှိလို့လဲ၊ အပြာရောင် စံအိမ်လို နေရာ လေးမှာ ပိတ်မိ နေတဲ့ လူတွေပဲ၊ မဟုတ်လား။ ”

“ အိုး ... ဟုတ်လား ။ ”

မူချင်းချင်းက လှောင်ပြောင် လိုသော အမူ အရာနှင့်၊

“ ဒါဆို ... ငါနဲ့ အတူ ရှိခဲ့တဲ့၊ ယဲ့ဇီလင်ဟာ ရှေးဟောင်း သူတော်စင် မိသားစုရဲ့၊ တိုက်ရိုက် မျိုးဆက် ဆိုတာကို မင်း သိလား။ ”

‘ရှေးဟောင်း သူတော်စင် မိသားစု၊’ ဟူသော စကားစုသည် ဓားဂိုဏ်း တပည့်များ အားလုံးကို ထိတ်လန့် သွားစေ ခဲ့သည်။

မိသားစု တစ်ခုတွင်၊ သူတော်စင် တစ်ပါး ထွက်ပေါ် လာပါက၊ ၎င်းတို့ကို သူတော်စင် မိသားစုဟု ခေါ်ဆို နိုင်၏။

ရှေးဟောင်း သူတော်စင် မိသားစုများ မှာမူ၊ ထိုသို့ မဟုတ်ချေ။ အမှောင်ခေတ်မှ တင်ကျန်ရစ် ခဲ့သော သူတော်စင် မျိုးနွယ် စုများ ဖြစ်သည်။

အင်အား ကြီးမားသော ဂိုဏ်း များနှင့်၊ ယှဉ်နိုင်သည် သာမက၊ မြင့်မြတ်မြေ များကိုပင်၊ မကြောက်သော သမိုင်းကြောင်း ရှိလေသည်။

ရှေးဟောင်း ပျက်သုဉ်း မြေကြီး တစ်ခုလုံး တွင်ပင်၊ ရှားပါးသော မျိုးနွယ်စု ဝင်များ ဖြစ်လေ သည်။

၎င်းတို့ အားလုံးမှာ နိမ့်ကျသော ပုံရိပ်ကို ထိန်းသိမ်း ထားပြီး၊ အင်အားကြီး ဂိုဏ်း များနှင့်၊ ပဋိ ပက္ခ များတွင် ဝင်ရောက် စွက်ဖက်လေ့ မရှိချေ။

နတ်နဂါး အင်ပါယာသည် ရှေးဟောင်း သူတော်စင် မိသားစု များစွာကို ဖျက်ဆီးပြီး၊ လက်ရှိ အင်ပါယာကို ထူထောင်ကာ အမှောင် ခေတ်ကို ဆိတ်သုဉ်း စေခဲ့သည်။

ထို့ကြောင့် ကျန်ရှိ ခဲ့သော ရှေးဟောင်း သူတော်စင် မိသားစု များမှာ၊ စိတ်ကူး ယဉ်၍ မရ နိုင်သော အခြေခံ အုတ်မြစ်မျိုး ရှိလေသည်။

သည့်အပြင် ၎င်းတို့သည် နတ်နဂါး အင်ပါယာ မျက်စိ အတွင်းသို့၊ မဝင်အောင် နေထိုင် လာ ကြ၏။

“ အိုး ... သူမက ရှေးဟောင်း သူတော်စင် မိသားစု ကလား၊ ဒီလောက် ကျက်သရေ ရှိတာ အံ့သြ စရာတော့ မဟုတ် ပါဘူး။ ”

ချင်းတန်မှ ဝင်ပြောသည်။ မူချင်းချင်းက သူ့ထံ လှည့်ကြည့်ပြီး၊ ရောင်ရမ်း နေဆဲ မျက်နှာ ကို မြင်ချိန်၌၊ မျက်မှောင် ကြုတ် သွားသည်။

“ မင်း ... ဒဏ်ရာက အပေါ်ယံ လေးပါ၊ မင်းရဲ့ ခွန်အား နဲ့ဆို ... ၊ ပြန်ကောင်း လာသင့်ပြီ မဟုတ်လား။ ”

“ ကျေးဇူး ပြုပြီး၊ နားလည်မှု မလွဲ ပါနဲ့ အစ်မမူ၊ ငါ ရန်ငြိုးထား နေတာ မဟုတ် ပါဘူး၊ ဒီသင်ခန်း စာကို ကောင်းကောင်း မှတ်မိချင် တာကြောင့်၊ ချက်ချင်း ...

... မကုသ သေးတာပါ၊ ငါသာ သူ့ကို လက်စား ချေချင် သေးတယ် ဆိုရင်၊ သူ အသက် ရှင်နိုင်မှာ မဟုတ် ပါဘူး။ ”

ချင်းတန် စကားကို ကြားပြီး မှသာ၊ မူချင်းချင်း တစ်ယောက် စိတ် သက်သာရာ ရသွား သည်။ ချင်းတန်က သူ့စကားကို ဆက်ပြော လာ၏။

“ စိတ်မပူ ပါနဲ့ ... ၊ အစ်ကို စစ်ခုန်ကျိုး ကသာ ငါ့ ပန်းတိုင်ပါ၊ လင်းယွန် မဟုတ်ဘူး ... ၊ ဒါပေမယ့် ဒီနေ့ ပါးရိုက် ခံရတဲ့ ဖြစ်ရပ်က၊ ငါ့ကို တွန်းအား ဖြစ်စေတယ်၊ ...

... ပုရွက်ဆိတ် တစ်ကောင် ကိုတောင် လျှော့တွက်လို့ မရဖူး ဆိုတဲ့ ... ၊ သင်ခန်းစာ တစ်ခု ရခဲ့ တာပဲ။ ”

ထိုစကားကြောင့် တပည့် များက၊ ချင်းတန်ထံ လေးစားမှု အပြည့်နှင့်၊ ကြည့်လာ ကြသည်။

ထို့နောက်တွင် ချင်းတန် ဟူသည်မှာ၊ လင်းယွန် တစ်ယောက် လိုက်မမီ တော့သည့် ဖြစ်တည် မှုမျိုး ဖြစ်မှန်း၊ နားလည်လာ မိ၏။

“ ဒါနဲ့ စီနီယာ အစ်ကို စစ်ခုန်ကျိုးက ဘယ်တော့ လာမှာလဲ။ ”

ချင်းတန်မှ မေးသည်။

“ ဒါကို ငါလည်း သေချာ မသိဘူး၊ သူနဲ့ ထူးချွန်သူ အချို့က ... ၊ သွေ့ရော် နက်ရှိုင်းခြင်း သော့ကို၊ လိုက်ရှာ နေကြတယ်၊ ဒီသော့ဟာ ...

... ပန်း သင်္ချိုင်း ရဲ့ လက်ထဲ ရောက်သွား တယ်လို့ ကြားတယ်၊ ဒါပေမယ့် ... ပန်း သင်္ချိုင်း ဘယ်သူလဲ ဆိုတာတော့ မသိ ကြဘူး။ ”

မူချင်းချင်း အဖြေကြောင့်၊ လူတိုင်း အတွေး ကိုယ်စီနှင့်၊ ငြိမ်သက် သွားတော့သည်။

***

All Chapters