← Chapters

သွားနှင့် ကြပါ။

Vol. 90 Ch. 1255

သွားနှင့် ကြပါ။

Vol. 90 Ch. 1255

တိမ်လွှာ ဓားဂိုဏ်းတွင် ဓား သူတော်စင် တောင်တန်း အပြင်၊ အထင် ကရ တောင်တန်း တစ်ခု ရှိ၏။ ၎င်းအမည်မှာ နှင်း တောင်တန်း ဖြစ်သည်။

ယင်းက ဂိုဏ်း၏ ဗဟိုချက် ဖြစ်ပြီး၊ ပင်မ ခန်းမကို ထိုနေရာ၌ တည်ထား၏။ ဓား သူတော် စင် တောင် ကဲ့သို့၊ ကန့်သတ်ချက် များစွာ မရှိ သဖြင့်၊ တပည့်တိုင်း ဝင်ရောက် နိုင်သည်။

နှင်းတောင်မှာ၊ ဓား သူတော်စင် တောင်ထက် များစွာ မြင့်မား၏။ တောင်ထိပ်၌ ဂိုဏ်းချုပ် နေထိုင်သည့် သီးသန့် နယ်မြေ ဖြစ် သောကြောင့်၊ တားမြစ် နယ်မြေ ဖြစ်သည်။

ထိုနေရာသည် ကြယ်စွမ်းအင် များဖြင့် ပြည့်နှက် နေပြီး၊ ထူထပ် လှသဖြင့် ကျင့်ကြံရန် အကောင်းဆုံး နေရာလည်း ဖြစ်၏။

“ ဝှစ် ... ။ ”

ဤအခိုက်တွင် သွယ်လျသော မိန်ကလေး တစ်ဦး တောင်ထိပ်ပေါ်၊ ဆင်းသက် လာသည်။ သူမ ဝန်းကျင်၌ သူရဲကောင်း ဆန်သော အငွေ့ အသက်များ ရစ်သိုင်း နေ၏။

ကျန့်ကျန်းရှန်မှ ဖြည်းညှင်းစွာ မော့ကြည့် လိုက်သည်။

“ နတ်နဂါးဓား ကိုယ်လုံး ကိုယ်ပေါက် နိုးထ လာပြီလား။ ”

“ အင်း ... ၊ ဒါပေမယ့် ... ဒီက ထွက်သွား တော့မယ် ... ။ ”

“ အဆင်ပြေ ပါတယ်၊ ဒါက ဖြစ်သင့်တဲ့ အရာပဲ၊ သမီးက ယဲ့ မိသားစုမှာ အသန်မာဆုံး ပါရမီရှင် ဆိုတာ မမေ့ ပါနဲ့၊ အခု အချိန် တန်ပြီ၊ ဒါပေမယ့် ငါ့ သမီး ပါလို့ မပြောနဲ့။ ”

“ ယဲ့ မျိုးနွယ်ကို မကြိုက်ဘူး။ ”

ယဲ့ဇီလင် မျက်နှာမှာ၊ အေးစက် သွား၏။

“ အဖေလည်း ... မကြိုက်ဘူး၊ သမီးနဲ့ ... သမီး အမေ ကိုပဲ ကြိုက်တယ်၊ ယဲ့ မိသားစုမှာ ကောင်းတဲ့ လူ တစ်ယောက်မှ မရှိဘူး။ ”

ထို့နောက် သားအဖ နှစ်ယောက် တစ်ယောက်ကို တစ်ယောက် ပြုံးပြ လိုက်မိ သည်။ သူတို့ နှစ်ယောက် ကြား၊ ပို၍ နီးကပ် လာ သလို ခံစား လိုက် ရ၏။

“ သူတို့ ထပ်လာ သေးတာလား။ ”

ကျန့်ကျန်းရှန်မှ မေးသည်။

“ အင်း ... ဒါပေမယ့် ငြင်း လိုက် တယ်။ ”

“ ဒါဆို စလိုက် ရအောင် ... ၊ ဆယ့်ရှစ်နှစ် ကြာ ပြီးနောက်၊ မင်းရဲ့ နှင်း သူတော်စင် သွေးနဲ့ နတ်နဂါး ဓားခန္ဓာ ပေါင်းစည်း ခြင်းက ... ၊ ဘယ်လောက် အထိ၊ သန်မာ လာလဲ ဆိုတာ ငါသိချင် လာပြီ။ ”

နှင်း သူတော်စင် သွေးသားမှာ၊ သူမ အမေ မိသားစု ထံမှ လာပြီး၊ နတ်နဂါး ဓား ခန္ဓာသည်၊ ကျန့်ကျန်းရှန် ထံမှ ဖြစ်၏။

သို့သော် ထိုမျိုးဆက် သွေးနှင့်၊ ဓားခန္ဓာ ကိုယ်မှာ အားကောင်း လွန်း သဖြင့်၊ မကြီး ထွား ခင်၊ ပေါင်းစည် ခြင်းသည် အန္တရာယ် ရှိသည်။

နတ်နဂါး ဓားခန္ဓာမှာ၊ မည်သည့် အချိန်တွင် နိုးထ လာ မည်ကို မသိ သဖြင့်၊ နှင်း သူတော်စင် သွေးအား၊ ချိပ်ပိတ် ထားခဲ့ ရသည်။

ဤကာလကို အချိန် အကြာကြီး စောင့်ဆိုင်း နေခဲ့ရ သောကြောင့်၊ ယဲ့ဇီလင်၏ မျက်လုံးများ တောက်ပ လာခဲ့သည်။

မျှော်လင့်ခြင်း နှင်း သူတော်စင် မျိုးဆက် သွေးသည်၊ သူမအား အချိန် အတော်ကြာ တုပ် နှောင်ထား သော ကြိုးနှင့် တူ၏။

ခုနစ်ရက် အကြာတွင် လင်းယွန် တစ်ယောက် ဓားသေတ္တာ ထဲမှ ထွက်လာ သဖြင့်၊ ခရမ်းငယ်က နှုတ်ခမ်း စူကာ မော့ကြည့်သည်။

ဤရက်များ အတွင်း ဓားသေတ္တာ ထဲသို့၊ သူမ အကြိမ်ပေါင်း များစွာ ဝင်ခဲ့၏။ မြူခိုးများ ဖုံးလွှမ်း နေသည့် လင်းယွန်ကြောင့်၊ စိတ်ပူခဲ့ ရသည်။

လင်းယွန်မှာ ကျင့်ကြံမှု မြင့်မားခြင်း မရှိ သော်လည်း၊ အသွင်ပြောင်း လာသည်ကို သူမ ခံစား နိုင်၏။

အထူး သဖြင့် လင်းယွန်၏ ခန္ဓာကိုယ် အတွင်း၌၊ ကြယ် စွမ်းအင်များ လွန်စွာ မြင့်မား နေပေသည်။

“ နင် ... ၊ ဘာ စားလိုက် တာလဲ။ ”

လင်းယွန်က အသက် ပြင်းပြင်း ရှူ လိုက်ပြီး၊

“ နဂါး မူလ ပုလဲ တစ်ဝက်။ ”

-ဟု ပြန်ဖြေ လိုက်၏။

၎င်းက ခရမ်းရောင် နန်းတော်ရှိ၊ ကြယ် မြစ်ကို ပေ တစ်ထောင် အထိ၊ ကြီးထွား လာစေ ခဲ့သည်။ ထိုမြစ်က နဂါး ကဲ့သို့ ခရမ်းရောင် နန်းတော် အတွင်း လှည့်ပတ် နေ၏။

၎င်းသည် သူ၏ လက်ရှိ ကျင့်ကြံ မှုဖြင့် သန့်စင် နိုင်သော ကန့်သတ်ချက် ဖြစ်သည်။ ကျန် တစ်ဝက်ကို သန့်စင်လို သော်လည်း၊ မလုပ် နိုင်ချေ။

သို့သော် အချိန် မဖြုန်းဘဲ၊ ဓားသေတ္တာ နယ်မြေ ထဲ၌ နေလ လက်သီးကို၊ သရုပ်ဖော် အဆင့်ထိ၊ လေ့ကျင့် ထားခဲ့သည်။

ဤတိုက်ခိုက် မှုတွင်၊ အမျိုးပေါင်း တစ်ထောင်ကျော် ပါဝင်ပြီး၊ ၎င်းအား အပြည့် အ၀ ထုတ်လွှတ်ရန်၊ စွမ်းအင် များစွာ လိုအပ်၏။

ထို့ကြောင့် အတိတ်၌ လေ့ကျင့်ရန် မဖြစ် နိုင်ခဲ့ခြင်း ဖြစ်သည်။ ဝှက်ဖဲ တစ်ချပ် တိုးလာပြီ ဖြစ် သဖြင့်၊ ပြုံးလိုက် မိသည်။

“ ဘာ ပြုံးတာလဲ။ ”

ခရမ်းငယ်မှ မေး၏။

“ ဒီရက်ပိုင်း အတွင်း တစ်ခုခု ဖြစ်ခဲ့ သေးလား။ ”

လင်းယွန်က ပြန်ဖြေမည့် အစား၊ မေးခွန်းနှင့် တုန့်ပြန် လိုက်သည်။

“ ဘာမှ မဖြစ် ပါဘူး ... ၊ ဝမ်ယုဝါပဲ ခဏ ခဏ လာတယ်၊ အိုး ... နေဦး၊ ဒီနေ့ ဓားဂိုဏ်းရဲ့ တပည့် တွေက၊ သွေ့ရော် ကျွန်းကို ထွက်ခွာဖို့ စုရုန်း နေကြပြီ။ ”

“ ငါတို့လည်း ... ၊ သွား ရ အောင်။ ”

လင်းယွန် စကားကြောင့်၊ ခရမ်းငယ် သည်လည်း၊ မျက်လုံးများ တောက်ပ လာခဲ့ သည်။ တိမ်လွှာ ဓားဂိုဏ်း အတွင်း နေရ သည်မှာ၊ ငြီးငွေ့ လာပြီ ဖြစ်၏။

စုဝေးရာ အရပ်သို့ ရောက်ချိန်၌ အမည်ခံ ပင်မ နတ်ဘုရား တစ်ရာခန့် ပါရှိသော ဓားဂိုဏ်း ၏၊ လူတစ်ထောင် ခန့်ကို တွေ့လိုက် ရသည်။

သို့သော် ၎င်းတို့၏ အသက် အရွယ် ကြီးရင့် မှုကြောင့်၊ ပြင်ပ ဂိုဏ်းသား များသာ ဖြစ်မည်ကို နားလည် လိုက်၏။

လူအုပ် အတွင်း ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ပေးဆောင် နေသည့်၊ ပင်မ နတ်ဘုရား အကြီး အကဲ အချို့လည်း ရှိနေ သေးသည်။

ယင်းကြောင့် ထိုအကြီး အကဲ များမှာ၊ ငယ်ရွယ်စဉ် အခါက၊ ဓားဂိုဏ်း၌ အထက်တန်း စား၊ တပည့်များ ဖြစ်မည်မှန်း၊ ပြောနိုင်၏။

ချင်းတန်၊ ကျန့်တင်းနှင့် နဂါး သွေးလွှတ်ကြော နယ်ပယ် အကြီး အကဲ များစွာမှာ၊ မူချင်းချင်း ဝန်းကျင်တွင် စုဝေး နေကြသည်။

ဓားဂိုဏ်း တစ်ဂိုဏ်း တည်းကပင်၊ ဤမျှ များပြားသော ဖွဲ့စည်း မှုကို လွှတ်လာပြီ ဖြစ်သဖြင့်၊ အခြား အင်အားကြီး ဂိုဏ်းများ မှလည်း၊ လွှတ်လာ မည်မှာ၊ မလွဲ မသွေ ပေပင်။

ထို့အပြင် အလယ် အလတ် အင်အားစု များနှင့် သူတော်စင် မျိုးနွယ်စု များစွာ ကလည်း၊ ဤကျွန်းသို့ လာကြမည် ဖြစ်ရာ၊ တိမ်လွှာ ဓားဂိုဏ်း အတွက်၊ မလွယ် ကူချေ။

သို့သော် ကံကောင်း စွာဖြင့်၊ သူက အဆင်သင့် ဖြစ်နေ ခဲ့၏။ မဟုတ်သော် ရေကန် ထဲ ပစ်ချ ခံရသော၊ မျောက် တစ်ကောင် ကဲ့သို့၊ ယက်ကန် ယက်ကန် ဖြစ်ရ ပေလိမ့်မည်။

ရုတ်တရက် သူ့အား ကြံခိုင်မှု မရှိသေး ဟူသော၊ ကျန့်ကျန်းရှန်၏ ဝေဖန် သံကို ပြန် သတိရ သွားသည်။ အသက် ပြင်းပြင်း ရှူလျက် ကျန်းလိချန် နှင့်အတူ ရပ်သော လူအုပ် စီသို့ လျှောက်လှမ်း သွားမိ၏။

“ မင်း လာရဲလား။ ”

ကျန့်တင်းက အထင်သေးစွာ လှမ်းပြော လာသည်။

“ မလာရဲ စရာ ဘာရှိလဲ ... ၊ ငါက လူတွေ့တိုင်း ပေါ့ပေါ့ တန်တန် ဒူးထောက် တတ်တဲ့ လူမှ မဟုတ်တာ။ ”

လင်းယွန်မှ တုန့်ဆိုင်းခြင်း မရှိ ပြန်ပြော လိုက်၏။ ထိုစကားကြောင့်၊ ကျန့်တင်း မျက်နှာ မှာ၊ ချက်ချင်း မည်းမှောင် သွားသည်။

“ ငါ့ နက္ခတ်ကို သုံးခဲ့ရင် ... ၊ မင်းကို ချက်ချင်း အနိုင်ယူ နိုင်တယ်။ ”

“ အိုး ... ဟုတ်လား ကြောက်စရာပဲ ... ၊ ဒါဆို မင်း ဘာလို့ အခု လာမစမ်း ကြည့်ရ တာလဲ ... ။ ”

လင်းယွန်က အေးစက်စွာ စိန်ခေါ်လိုက် သဖြင့်၊

“ လင်း ယွန် ... ။ ”

-ဟု ယဲ့ဇီလင်မှ လှမ်းအော် တားမြစ် လာသည်။

“ ဒါပေမယ့် ... မင်းမှာ သတ္တိ မရှိလို့ ... ၊ စိတ်ပျက် စရာ ပါပဲ။ ”

လင်းယွန်မှ လှောင်ပြုံးနှင့် ဆက်ပြောပြီး၊ ကျန့်တင်းအား ကျောခိုင်း လိုက် တော့သည်။ ဤအရာက ကျန့်တင်းကို သွေးအန် လုနီးပါး ဖြစ်သွား စေ၏။

“ ဘာလို့ ... ယင်ကောင် တစ်ကောင် အတွက် ... ၊ စိတ် အနှောင့် အယှက် ဖြစ်ခံနေ တာလဲ။ ”

ချင်းတန်၏ အသံ ထွက်ပေါ် လာသည်။

“ အကိုကြီး ပြောတာ မှန်တယ်၊ သူက ယင်ကောင်ပဲ၊ ရေတွင်းထဲ ကနေ ကောင်းကင် ကို မော့ကြည့် နေတဲ့၊ ...

... သနား စရာ ပိုးကောင် လေး တစ်ကောင်ပါ၊ သွေ့ရော် ကျွန်းပေါ် ရောက်တဲ့ အခါ ကျရင်၊ ဘယ်လောက် တောင် သနားစရာ ကောင်းလိုက် မလဲ။ ”

သူတို့၏ စကား များကို လင်းယွန်က၊ ဂရု မစိုက် တော့ချေ။ ခဏ အကြာတွင် ဓားဂိုဏ်းမှ လူများ အားလုံး ကြယ်ငှက် ပေါ်သို့ ခုန်တက် ကာ၊ တစ်ကောင်ပြီး တစ်ကောင် ကောင်းကင် ပေါ် ပျံတက် သွားကြသည်။

“ လင်းယွန် ဒီကိုလာ ... ။ ”

ယဲ့ဇီလင်က၊ ကျန်းလိချန်၊ လျူချင်းယန်၊ ဖုန်ကျန်း တို့နှင့် အတူ၊ ကြယ်ငှက်၏ ရှေ့ဆုံး၌ ရပ်ကာ လှမ်းခေါ်သည်။

“ ငါ ... ၊ လူ တစ်ယောက်ကို စောင့်ရ ဦးမယ်။ ”

လင်းယွန်က မလှုပ် မယှက်နှင့်၊ ပြန်ပြော လိုက်၏။ လောဟွာ လိုက်မည်ဟု ပြောထား သဖြင့်၊ စောင့်ရ ပေမည်။

“ သခင်လေး လင်း ... ၊ ငါတို့နဲ့ မလိုက် ဖူးလား၊ ဒီခရီးက အန္တရာယ် အရမ်း များတယ်။ ”

မူချင်းချင်းက ငွေရောင် ကြယ်ငှက်ကို စီးနင်းလျက် ရောက်ရှိ လာသည်။ ဓားဂိုဏ်း၏ အရိပ် အောင်တွင် မဟုတ် ပါက၊ တိမ်လွှာဓား ဂိုဏ်းအတွက်၊ ရှင်သန်ရန် အခက် အခဲ ရှိ ပေမည်။

“ အစ်မ ... မင်း ဘာလို့ သူ့ကို စေသနာ ထားနေ ရတာလဲ၊ ဘယ်သူ သိမလဲ၊ သူ့မျက်လုံး ထဲမှာ ငါတို့ရဲ့ ဓားဂိုဏ်းက၊ အရမ်း မြင့်မား နေလို့ ဖြစ်မှာပေါ့။ ”

ကျန့်တင်းမှ လှောင်ပြောင် ရယ်မော လာသည်။

“ မင်းရဲ့ စေတနာ အတွက်၊ ကျေးဇူး တင်ပါတယ် မိန်းကလေး မူ၊ ငါ မလိုက်တော့ ပါဘူး။ ”

လင်းယွန်က သူ့အား လျစ်လျူရှုကာ၊ ပြန်လည် ငြင်းဆို မိ၏။

“ ကောင်းပြီ၊ မင်း ဒုက္ခ ရောက်ရင် ငါ့ကို လာရှာပါ၊ မင်းက အနာ ဂတ်မှာ ဓားဂိုဏ်းရဲ့ တပည့် ဖြစ်လာ မှာပဲ မဟုတ်လား။ ”

မူချင်းချင်းက ပြုံးပြီး ဆိုကာ၊ ငွေရောင် ကြယ်ငှက် နှင့်အတူ၊ မိုးကုတ် စက်ဝိုင်း အတွင်း၊ ဝင်ရောက် ပျောက်ကွယ် သွား တော့သည်။

လင်းယွန် ပြုံးရုံသာ ပြုံးလျက်၊ ယဲ့ဇီလင်ထံ လှည့်ကြည့်ကာ၊

“ မင်းတို့ အရင် သွားနှင့်ပါ၊ ငါ လူယောက်ကို စောင့်ရ ဦးမယ်။ ”

-ဟု ထပ်ပြော လိုက်တော့သည်။

“ နင် ... ဘာစကား ပြောတာလဲ။ ”

“ ဟား ဟား ဟား ... ညီလေး လင်း၊ ငါတို့ မင်းနဲ့ အတူ စောင့်မယ်။ ”

“ ဘာပဲ ဖြစ်ဖြစ် ... ၊ ငါတို့ မင်းကို တွယ်ကပ်ထား ရမယ်၊ အမှန်တော့ ဓားဂိုဏ်း တောင်မှ၊ သေွ့ရော် ကျွန်း ရောက်ရင်၊ မင်းလို မောက်မာ ရဲတော့မယ် မထင်ဘူး။ ”

ယင်းက အရွှန်း ဖောက်ခြင်း ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ၊ သူ့အား နွေးထွေး မှုကို ခံစား လာရ စေသည်။ ထို့စဉ် အဖြူရောင် ပုံရိပ် တစ်ရိပ်၊ ပျံသန်း ရောက်ရှိ လာတော့၏။

***

All Chapters