← Chapters

ရူးသွပ်ခြင်း။

Vol. 90 Ch. 1256

ရူးသွပ်ခြင်း။

Vol. 90 Ch. 1256

“ တောင်းပန် ပါတယ်၊ သွေ့ရော် ကျွန်းက အင်ပါ ရီယန် တွေကိုသာ ဝင်ခွင့် ပြုတဲ့ အတွက်၊ ငါ နောက်ကျ သွားတယ်။ ”

လောဟွာက လင်းယွန်ကို ကြည့်ကာ၊ တောင်းပန် လိုက်သည်။ သူမ၏ ကျင့်ကြံ မှုကို ဖိနှိပ် နေရသည့် အတွက်၊ နောက်ကျ သွား၏။

သို့သော် ကနဦး ပင်မ နတ်ဘုရားများ အတွက်၊ အဆင်ပြေ သော်လည်း၊ သာလွန် ပင်မ နတ်ဘုရား များမှာ၊ ခက်ခဲ ပေ လိမ့်မည်။

ကောင်းကင် အဆင့် အတွက်မူ၊ ထိုသို့ ဖိနှိပ်ခြင်းဖြင့်၊ တန်ဖိုး တစ်ခုပင် ပေးချေ ရနိုင် ၏။

“ အဆင် ပြေပါတယ်။ ”

သည့်နောက် ကြယ်ငှက် ပေါ် ခုန်တက် လိုက်ပြီး၊ လူတိုင်းက ဓားဂိုဏ်း ထွက်သွားရာ အရပ် ဆီသို့၊ မျှော်ကြည့် လိုက်သည်။

ကျန်းလိချန်က ကောင်းကင် အက်ကွဲ ကြောင်းများ ပိတ်သွားသည်ကို မြင်ချိန်၌၊

“ သူတို့ ... အရမ်း မြန်တယ်၊ တိမ်လွှာဓား ဂိုဏ်းရဲ့ ရိက္ခာ တွေကို စားပြီး၊ ခဏ လောက် စောင့် ဖို့တောင်၊ ဆန္ဒ မရှိ ကြဘူး။ ”

-ဟု အပြစ်တင် လိုက်၏။

“ ဘာဖြစ်လဲ ... ၊ ငါတို့ အတူ မသွား ရတာ ပိုကောင်းတယ်၊ ကျန့်တင်းက စိတ် အနှောက် အယှက် ဖြစ်စရာ ကောင်းသလို၊ ချင်းတန် ကလည်း ...

... ဘယ်လို မောက်မာ ပြရ မလဲ ဆိုတာ ကိုပဲ သိတဲ့ လူ၊ အစ်ကို လင်းကမှ သူတို့ထက် စာရင် စိတ်ထား ကောင်း သေးတယ်။ ”

လျူချင်းယန်က မာနကြီး လွန်းသော ဓားဂိုဏ်း၏ တပည့် များကို မကျေ မနပ် ဖြစ်နေ မိသည်။

“ ဖ ရူး ... ။ ”

ကြယ်ငှက်မှာ ကောင်းကင်သို့ တဟုန်ထိုး ပျံတက် လာစဉ်၊ စကား စမြည် ပြောဆို လာမိ ကြ၏။

“ မင်း ... တစ်ခုခု ဖြစ်ခဲ့လား။ ”

လောဟွာက လင်းယွန်အား ကြည့်ကာ မေးသည်။

“ ဘာမှ မဟုတ် ပါဘူး၊ ငါ့ကို ယင်ကောင်လို ဆက်ဆံသွား ကြလို့ပါ။ ”

လင်းယွန်မှ ပြန်ဖြေ လိုက်၏။ ထိုစကားကို ကြားသော အခါ၊ ကျန်းလိချန်က စိတ်မထိန်း နိုင် တော့ဘဲ၊

“ ညီအစ်ကို လင်းက၊ သူ့ကို ပါးရိုက် ခဲ့တာတောင်၊ သူ့ကိုယ်သူ ကြီးမြတ် သလို လုပ်ပြ နေတယ်၊ ညီအစ်ကို လင်းက သူ့ကို အနှောက် အယှက် ...

... မပေး ပါဘူး၊ သူ ကသာ ယင်ကောင် တစ်ကောင်လို နားညီးအောင် အော်ဟစ် နေတာ လူတိုင်း မြင်တယ်။ ”

“ သူ့ကို ငါက ဘယ်တော့မှ အမီ မလိုက် နိုင်တော့ ဖူးလို့၊ ထင်နေတာ ဖြစ်မယ်။ ”

လင်းယွန်က ပြုံးကာ ပြောလိုက်သည်။

“ ညီလေး မင်းက ... နိမ့်ပါးတဲ့ နယ်မြေ ကနေ လူသတ်ပြီး လာပေမယ့်၊ နှစ်ဝက် အတွင်း ဒီလို ခွန်အား မျိုတွေ ရနေပြီ၊ မင်းမှာ အစွမ်း အစ ဘယ်လောက် ရှိတယ် ဆိုတာ သူတို့ မသိကြဘူး။ ”

ကျန်းလိချန်မှာ လင်းယွန်၏ ခွန်အားကို အပြည့် အဝ ယုံကြည် လာပြီ ဖြစ်သည်။ မလို မုန်းထား မှုများ မရှိ တော့ချေ။

ထို့ကြောင့် လင်းယွန် အပေါ် ဓားဂိုဏ်းမှ ကဲ့ရဲ့ ရှုံ့ချနေ သည်ကို မြင်သော အခါ၊ အလွန် ဒေါသ ဖြစ်ခဲ့ ရသည်။

စကား စမြည် ပြောဆို နေကြစဉ်၊ ကြယ်ငှက်က ကောင်းကင် ပထမ အလွှာကို ဖြတ်လျက်၊ တတိယ အလွှာ သို့တိုင်၊ တက်ရောက် သွားသည်။

တတိယ အလွှာတွင်၊ ကြယ်ငှက်၏ အမြန်နှုန်းမှာ များစွာ တိုးမြင့် လာမည် ဖြစ်ပြီး၊ သူ့ အတား အဆီး အလွှာသာ မရှိ ပါက၊ လေခွင်း အားကို ခံနိုင်ရည် ရှိမည် မဟုတ်ပေ။

ခရီးစဉ် တစ်လျှောက်လုံး အေးချမ်းကာ၊ ခြောက်နာရီ အကြာတွင်၊ ‘ငါတို့ ရောက်ပြီ၊’ ဟု ယဲ့ဇီလင်မှ သတိပေး လာခဲ့သည်။

ထိုအချိန်တွင် မိုးကြိုး မုန်တိုင်း တစ်စင်းက တိမ် ပင်လယ်ကို ဖြတ်လျက်၊ သူတို့ထံ ရုတ်တရက် ဝင်ရောက် လာသည်။

ခဏချင်း မှာပင် ပေ တစ်ရာ မှသည်၊ ပေတစ်ထောင် အထိ၊ ကြီးထွား လာသဖြင့်၊ ယဲ့ဇီလင် မျက်နှာကို ချက်ချင်း ပြောင်းလဲ သွားစေသည်။

သည်အဆင့် မိုးကြိုး မုန်တိုင်း များသည် တတိယ ကောင်းကင်၌ ရှားပါး လှပြီး၊ နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူများ ကိုပင်၊ ဒုက္ခ ပေးနိုင်သည်။

သို့သော် လူတိုင်း ထိတ်လန့် တုန်လှုပ် နေစဉ်၊ မိုးကြိုး မုန်တိုင်းမှာ အပိုင်းပိုင်း ကွဲသွား ခဲ့သည်။

“ ဘာဖြစ် တာလဲ။ ”

ယဲ့ဇီလင်မှ မည်သည့် အရာများ ဖြစ်ပျက် နေသည်ကို၊ မသိ သော်လည်း၊ ကြယ်ငှက်အား လျှင်မြန်စွာ ထိန်းချုပ် ခိုင်းမိ၏။

မုန်တိုင်းသာ ထိမှန် ပါက၊ အသက် မသေဘဲ၊ ပြင်းစွာ ဒဏ်ရာ ရရှိ သွားပြီး၊ သွေ့ရော် ကျွန်းသို့ လွင့်စဉ် ကုန်ကြမည် ဖြစ်သည်။

“ ထူးဆန်းတယ်။ ”

မိုးကြိုး မုန်တိုင်း အဘယ့်ကြောင့် ကွဲထွက်သွား သည်ကို၊ ယဲ့ဇီလင် တစ်ယောက် နားမလည် သဖြင့်၊ ရေရွတ် လိုက်မိသည်။

လင်းယွန် ကမူ ပတ်ဝန်း ကျင်နှင့် ပေါင်းစပ် နေသည့် ဓားရည်ရွယ်ချက် အချို့ကို ခံစား မိ၏။ အရိယာ ကောင်းကင် ဓားကို ဆုပ်ကိုင် မထား ပါက၊ ၎င်းကို ခံစား မိမည် မဟုတ်ချေ။

( အဟဲ ... ၊ ဟိုဟို ဒီဒီ လိုက်ကြည့် မနေနဲ့၊ ငါ မင်းရဲ့ စီနီယာ အစ်ကိုပဲ။ )

ဖုန်းကျွယ်၏ ဂုဏ်ယူ ဝင့်ကြွားသော ရယ်သံက၊ လင်းယွန် နားထဲ ဝင်ရောက် လာ လေသည်။

( အခု မင်းရဲ့ စီနီယာ အစ်ကိုက လောက နိယာမ နယ်ပယ်မှာ ဆိုတော့၊ သွေ့ရော် ကျွန်း ရောက်ရင်၊ မင်း ကြိုက်သလို ရမ်းကားလို့ ရပြီ၊ ငါ မင်း နောက်မှာ ရှိနေမယ်။ )

ဆက်၍ ဆိုလာသော ဖုန်းကျွယ် စကား ကြောင့်၊ လင်းယွန်မှာ ပြုံးလိုက် မိ၏။ လောက နိယာမ နယ်ပယ်ဖြင့်၊ လုပ်ချင် သည်ကို လုပ်၍ ရ သည်ဟု၊ သူ မယုံချေ။

( ဘယ်သူလဲ ဓားဂိုဏ်းက တစ်ယောက် ယောက်လား။ )

( အင်း ... ၊ ဒါပေမယ့် သူ့ အတွက်တော့ မလိုအပ် ပါဘူး။ )

( ဟီး ဟီး ... ၊ မင်း ... ဆန္ဒ ရှိရင် သူတို့ကို အနိုင်ယူ နိုင်တယ်၊ ဒါပေမယ့် .. သူတို့ မှာလည်း၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ ရှိလို့၊ သူ့ ကလေး တွေကို မရိုက်ခင်၊ မင်းကို ရိုက်လွှတ် လိုက်မှာ၊ သေချာတယ်။ )

ဖုန်းကျွယ်က ရယ်မော လိုသော အသံနှင့်၊ ပြောလာ တော့သည်။

“ သွေ့ရော် ကျွန်း ပြောင်းလဲ နေပြီ။ ”

ယဲ့ဇီလင်က အံ့သြသော လေသံနှင့် ပြောသည်။ သူတော်စင် များကိုပင် သတ်ပစ် နိုင်သော အတား အဆီး မုန်တိုင်းတွင်၊ အက်ကြောင်း များ ဖြစ်ပေါ် နေ၏။

အဆိုပါ အက်ကြောင်း များမှ သက်တံရောင် အလင်းများ ဖြာထွက် လာကာ၊ အနီးဝန်းကျင်ရှိ ကျွန်းများပေါ် ဖုံလွှမ်း ထားသည်။

ထိုအလင်းများ အတွင်း၊ မယုံနိုင် လောက်အောင်၊ သိပ်သည်းသော ဝိညာဉ် စွမ်းအင်များ ရှိနေကြောင်း၊ မည်သူ မဆို ခံစားနိုင်၏။

အနား တဝိုက်ရှိ ကျွန်းကြီး များကို အင်အားကြီး ဂိုဏ်းများမှ သိမ်းပိုက် ထားသဖြင့်၊ ၎င်းတို့ အပေါ် မည်သူမျှ မတက်ဝံ့ ကြချေ။

ပိုင်ရှင် မရှိသော အဝေးရှိ ကျွန်းငယ် များတွင်သာ၊ လူများနှင့် ပြည့်နှက် နေသည်။ ၎င်းတို့မှာ လမ်းကြောင်း အမျိုး မျိုးမှ လာကြ သော ကျင့်ကြံ သူများ ဖြစ်၏။

“ သွေ့ရော် ကျွန်းက ပွင့်တော့မယ်။ ”

“ ဒီနေ့ပဲ အလင်း အက်ကြောင်း ပေါ်လာတယ်၊ အက်ကြောင်း အတွင်းက အလင်းက ရတနာတွေ မွေးဖွား ပေးတယ်။ ”

“ ဟုတ်တယ် ... ၊ သတ္တမတန်း သူတော်စင် အသီး အနှံတွေ ကိုတောင်၊ လွယ်လွယ် ရှာတွေ့ နိုင်တယ်။ ”

ပတ်ဝန်းကျင် လေထု ထဲရှိ ဆွေးနွေး သံများကြောင့်၊ တိမ်လွှာ ဓားဂိုဏ်း အဖွဲ့မှာ၊ သွေးဆူ လာခဲ့သည်။

“ နည်းနည်းတော့ လွန်တယ်၊ ရှေးဟောင်း ပျက်သုဉ်း နယ်မြေက ...၊ အင်ပါ ရီယန် အားလုံး ရောက်လာ တဲ့ အတိုင်းပဲ။ ”

ကျန်းလိချန်မှ သက်ပြင်း ချကာ ပြော လိုက်သည်။ သွေ့ရော် ကျွန်းသည် ဆွဲဆောင်မှု ကြီးမားကြောင်း၊ သိသာ နေပေ၏။

“ ဒါက ... ၊ ဓားဂိုဏ်း သိမ်းပိုက် ထားတဲ့ ကျွန်း ဖြစ်ပုံ ရတယ်။ ”

ဖုန်ကျန်းက ဓား ရောင်ဝါများ ဖုံးလွှမ်း နေသော ကျွန်း တစ်ကျွန်းထံ ညွှန်ပြ လာသည်။ ကျွန်းပေါ်၌ ဓားဂိုဏ်း အလံကို မြင်တွေ ရ၏။

“ ငါတို့ သွားမလား။ ”

လျူချင်းယန်မှ မေးသည်။ ဓားဂိုဏ်းနှင့် ပေါင်းလိုက်လျှင် ပြဿနာ နည်းပါး နိုင်ပေမည်။ ရတနာများ ရှာရာ ၌လည်း၊ အကူ အညီ ရ နိုင်၏။

ဓားဂိုဏ်း အပေါ် အထင်ကြီး လောက်စရာ အမြင် မရှိ သောကြောင့်၊ လင်းယွန်မှ စိတ်မဝင် စားခဲ့ချေ။

“ မေ့လိုက်ပါ၊ သူတို့နဲ့ ပူးပေါင်း စရာ မလို ပါဘူး၊ ဆင်းရမယ့် နေရာကို အရင် ရှာရအောင်၊ ပြီးရင် ဒီပတ်ဝန်းကျင် ဘာဖြစ် သွားလဲ ဆိုတာ ကြည့်ရမယ်။ ”

ယဲ့ဇီလင်မှ ဆုံးဖြတ်ချက် ချလိုက်ပြီး၊ ကြယ်ငှက်ကို ဆက်၍ ပျံဝဲ စေသည်။ အလင်း များသည် ထူးထူး ဆန်းဆန်း ဖြစ်ပြီး၊ အဘယ့် ကြောင့် ရတနာများ မွေးဖွား လာရ သည်ကို၊ သိချင် မိ၏။

အစွန် အဖျား နေရာ များ၌၊ ကျွန်းမှာ သေးငယ်ပြီး၊ အလင်းရောင် သိပ် မရချေ။ သို့တောင်မှ လူများနှင့်၊ ပြည့်နှက် နေသည်။

ပတ်ဝန်းကျင် ကျွန်းများ သည်လည်း၊ မထူးမခြားချေ။ ဂိုဏ်း၏ သားတပည့် များ၊ မိစ္ဆာ ကျင့်ကြံ သူများ၊ စသည်နှင့် ပြည့်နှက် နေသည်။

ရတနာ တစ်ခု ပေါ်လာသော အခါတွင်၊ သွေးလွှမ်းသော တိုက်ပွဲများ ဖြစ်ပေါ် လာပြီး၊ အင်အားကြီး ဂိုဏ်းသား များကိုပင်၊ ဂရု မစိုက် တော့ချေ။

ထိုကျွန်း များသည် သွေ့ရော် ကျွန်းနှင့် နီးကပ် သောကြောင့်၊ တွေ့ရှိ ရသည့် ရတနာ များ၏ တန်ဖိုးမှာ၊ များစွာ မြင့်မား၏။

သည့်စဉ် ကျွန်းငယ် တစ်ကျွန်း ထံမှ၊ သက်တံ့ရောင် အလင်းများ ကောင်းကင်ပေါ် ပျံတက် လာသည်။

တစ်ချိန်တည်း မှာပင် သင်းပျံ့သော မွှေးရနံ့များ ကျွန်းအနှံ့ လွှမ်းခြုံ လာသည်။ ရနံ့ အရ၊ အနည်း ဆုံး နှစ်ပေါင်း တစ်ထောင် သက်တမ်း ရှိနိုင် ပေ၏။

“ နေရာ တိုင်းမှာ ... ၊ နှစ်တစ်ထောင် အသီး အနှံ တွေက၊ ဂေါ်ဖီထုပ် တွေလို ပေါများ နေတာ မယုံ နိုင်စရာပဲ။ ”

ကျန့်ကျန်းရှန်မှ မွှေးရနံ့ ထွက်လာသည့် ကျွန်းကို ကြည့်ကာ၊ ပါးစပ် အဟောင်း သားနှင့်၊ ညည်းတွား လိုက်သည်။

“ သူတို့ အားလုံး ရူးနေ ကြပြီ။ ”

ထိုနေရာသို့ ပြိုကျ သွားသော လူအုပ် ကြီးကြောင့်၊ လျူချင်းယန် တစ်ယောက် လန့် လာ၏။ အသီး တစ်လုံး အတွက်၊ အသက်ပေါင်း များစွာ ပေးရ မည်မှာ သေချာသည်။

“ ငါ ... သွားကြည့် လိုက်မယ်။ ”

ရုတ်တရက် လင်းယွန်က ကြယ်ငှက် ပေါ်မှ ခုန်ချ သွားသည်။ ယခု အချိန်၌ နတ်ကြယ် ပုလဲ (၅) သန်းကို စုဆောင်းရန်၊ အရေး တကြီး လိုအပ် နေ၏။

အနှစ် တစ်ထောင် သစ်သီး များသည် နေနှင့်လ၏ အနှစ် သာရကို၊ စုပ်ယူ မွေးဖွား လာ သောကြောင့်၊ နတ်ကြယ် ပုလဲပေါင်း ထောင် ဂဏန်းနှင့်၊ ညီမျှ လေသည်။

အသီး အနှံ များကို အလုံ အလောက် စုဆောင်း နိုင်သော်၊ နတ်ကြယ် ပုလဲ ငါးသန်း မရှိ သည့်တိုင်၊ ၎င်းနှင့် ညီမျှသော စွမ်းအင်ကို ရရှိကာ၊ နက္ခတ် ဖွဲ့စည်း နိုင်မည် ဖြစ်၏။

***

All Chapters