← Chapters

မကြောက် မရွံ့။

Vol. 90 Ch. 1257

မကြောက် မရွံ့။

Vol. 90 Ch. 1257

ကျန်လိချန်နှင့် ကျန်လူ များက စကား မပြော နိုင်မီ၊ လင်းယွန်မှာ သွားနေပြီ ဖြစ်သည်။ သဘာဝ ရတနာ ထွက်ပေါ် လာရာ အရပ်သည် အန္တရာယ် များလွန်းပြီး၊ လင်းယွန် သာလျှင် ရင်ဆိုင် ရဲ ပေ၏။

“ သူ့ကို လွှတ်ပေး လိုက် မလား။ ”

ယဲ့ဇီလင်က လောဟွာကို လှည့်ကြည့်ကာ မေးသည်။ လင်းယွန်သည် ခေါင်းငုံ့ ထားတတ် သော၊ လူစားမျိုး မဟုတ် သဖြင့်၊ ပြဿနာများ ဖြစ်လာ နိုင်မည်။

“ ထား လိုက် ပါ။ ”

လောဟွာက ပြန်ဖြေသည်။ သူမ၏ စကားတွင်၊ လင်းယွန် အပေါ် ယုံကြည်မှု အပြည့် ရှိနေ သဖြင့်၊ ယဲ့ဇီလင် တစ်ယောက် အံ့သြသွား မိသည်။

လောဟွာနှင့် လင်းယွန်သည် တိမ်လွှာ ဓားဂိုဏ်းသို့ မရောက်မီ ကပင်၊ သိကျွမ်း နေကြ မည်မှာ၊ သေချာ သလောက် ရှိ၏။

“ ဝှစ် ... ။ ”

အခြား တစ်ဖက်တွင်၊ ရွှေကျီးကန်း အသွင်ပြောင်းခြင်း ကိုးမျိုးကို ထုတ်ဖော်ကာ၊ ရွှေရောင် အလင်း တန်း အဖြစ်၊ ကျွန်းပေါ် ဆင်းသက် လိုက်၏။

သင်းပျံ့သော ရနံများ ထွက်နေသည့် ကြက်သွေးရောင် သစ်သီး ထံမှ၊ အလင်း များက သက်တံကြီး သဖွယ် ကောင်းကင်ပေါ် ထိုးတက် နေသည်။

လူပေါင်း များစွာက ထိုသစ်သီး ထံသို့ ဦးတည် နေကြသည်။

“ ဒါဟာ သာမန် မီးလျှံ သစ်သီးပဲ ... ၊ သက်တန့်ရောင် အလင်း ကြောင့်သာ ကြီးထွား မှု၊ မြန်လာတာ။ ”

လင်းယွန်က စိတ်ပျက် သွားသည်။ ဤသစ်သီး၏ သက်တမ်းသည် နှစ်တစ်ထောင် ရှိကောင်း ရှိနိုင် သော်လည်း၊ ရတနာ အဆင့် မဟုတ် သေးချေ။

နဂါးသွေး ပါသော သစ်သီး များသည်သာ သက်တမ်း တစ်ထောင် ရောက်သော အခါတွင် တန်ဖိုး ရှိ၏။ သို့သော် ရောက်လာ ပြီးမှတော့ ထိုသစ်သီးကို ယူသွား ရပေမည်။

အပြုံးဖြင့် သူတော်စင် နဂါးခန္ဓာ ကိုယ်ကို ဖြန့်ကျက် လိုက်ပြီး ခြေဖျားအား၊ မြေပြင်ပေါ် အသာ ပုတ်သည်။၊

“ ဝှစ် ... ။ ”

ထို့နောက် လေးညှို့မှ ပစ်လွှတ် လိုက်သော မြှား တစ်စင်း ကဲ့သို့၊ လူတိုင်းကို ဖြတ်ကျော်လာ ခဲ့သည်။

ထိုအရှိန်ကြောင့် ဖြတ်ကျော် ခံရ သူတိုင်း၊ မှင်တက် ကုန်သည်။ သတိထား မိချိန်၌ မီးလျှံ သစ်သီးကို ခူးဆွတ် ပြီးပြီ ဖြစ်၏။

“ ငါ ထင်ထားတဲ့ အတိုင်းပဲ၊ ဟမ့် ... ဒီသစ်သီးရဲ့ သက်တမ်းက၊ အနှစ် သုံးထောင် ကျော်နေပြီ၊ ဘာလို့ ဝိညာဉ် စွမ်းအင်က နည်းပါး နေရ တာလဲ။ ”

“ တကယ် ပါပဲ ... ၊ သက်တမ်း သုံးထောင်ကျော် ပေမယ့်၊ သာမန် မီးလျှံ သစ်သီး တွေထက်၊ နှစ်ဆ လောက်ပဲ ပိုကောင်းတယ်။ ”

ခရမ်းငယ် မှပါ အတည်ပြု လာသည်။ လင်းယွန်က စိတ်ပျက် သွားမိသည်။ အများ အမြင်၌ အဖိုး တန်ကောင်း၊ တန် သော်လည်း၊ သူ့အတွက် ကျေနပ်ရုံ မျှသာ ရှိသည်။

ဤကျွန်းသည် အလွန် ဝေးကွာ လှပြီး၊ သေွ့ရော် ကျွန်းမှ ထွက်သော သက်တံရောင် အလင်း များဖြင့် ဖုံးအုပ်ရန်၊ လက်လှမ်း မမီချေ။

“ ကောင်လေး သစ်သီးကို ချလိုက်။ ”

“ ငါတို့က ဒီအသီးကို အရင် မြင်တဲ့ သူတွေပဲ။ ”

“ မင်းက ဘယ်သူလဲ၊ ငါတို့ လက်က လုယူ ရအောင်၊ ရဲတင်း လိုက်တာ။ ”

အသံများ စွာကြောင့် လင်းယွန်၏ အတွေးများ ပြတ်တောက် သွားသည်။ သည်လူ များမှာ မျက်နှာ စိမ်းများ ဖြစ် သဖြင့်၊ အပြာ ရောင် စံအိမ်မှ မဟုတ်ကြောင်း ပြောနိုင်၏။

ကျင့်ကြံမှုမှာ နက္ခတ် အဆင့်၌ ရှိပြီး၊ အပြာရောင် စံအိမ် နယ်မြေရှိ ဂိုဏ်းလေး ဂိုဏ်း ထက်၊ ပို၍ အားကောင်း လေသည်။

အပြာရောင် စံအိမ် နယ်မြေသည် အလွန် နိမ့်ကျသော နယ်မြေ ဖြစ်ပုံ ရသည်။ ပြင်ပမှ သာမာန် ဂိုဏ်းသား တစ်ဦး ပင်လျှင်၊ သူတို့ကို အလွယ် တကူ ချေမှုန်း နိုင်သည်။

“ တောင်းပန် ပါတယ် ... ၊ ဒီသစ်သီးကို ... အခု ငါပိုင် သွားပြီ၊ ကျေးဇူး ပြုပြီး၊ ထွက်သွား ကြပါ။ ”

လင်းယွန်က မျက်လုံး မှေးစင်းလျက် ပြန်ပြော လိုက်သည်။

“ မင်းက ဘယ်သူလဲ၊ သေမင်းနဲ့ ကစားချင် နေတာလား။ ”

သန်မာသော လူ တစ်ယောက်က လင်းယွန်ကို သတ်လိုသော အရိပ် အယောင် ဖြင့်၊ အေးစက်စွာ စိုက်ကြည့် လာသည်။

လင်းယွန်မှာ အထွတ် အထိပ် ကြယ်စင်စု အဆင့် ၌သာ ရှိသည်ကို မြင်ပြီးနောက်၊ တိုက်ခိုက်ရန် ပြေးဝင် လာသည်။

“ မင်းက သေချင် မှတော့ ... ၊ မင်းဆန္ဒကို ငါ ဖြည့်ဆည်း ပေး လိုက်မယ်။ ”

သူ့ လက်ဖဝါး၌ လျှပ်စီးများ လက်လာပြီး၊ လင်းယွန်၏ ဦးခေါင်းသို့ ချိန်ရွယ်ကာ ကုပ်ချလာ လေသည်။

“ အား ... ။ ”

လင်းယွန်က လက်သီးဖြင့် ပြန်၍ ထိုးချ လိုက်သည်။ ချက်ချင်းပင် လက်ဖဝါး၌ အပေါက် တစ်ခု ပေါ်လာပြီး၊ နာကျင် စွာနှင့် နောက်ပြန် ဆုတ်သွားသည်။

သို့သော် ပြုံးလျက် လင်းယွန်က သူ့ လက်ကောက် ဝတ်ကို လှမ်းဆွဲပြီး၊ လည်ပင်းမှ ဆွဲကိုင်ကာ လေထဲ မတင် ပစ်သည်။

“ ငါ့ကို လွှတ်ပါ ... ၊ ငါက ခရမ်း တိမ်လွှာ ဂိုဏ်းရဲ့၊ တပည့် တစ်ယောက်မို့ ... ၊ မင်း ငါ့ကို သတ်လို့ မရဘူး။ ”

ဖမ်းဆီး ခံထား ရသော ထိုလူက ထိတ်လန့်စွာ အော်ဟစ် လိုက်သည်။

“ ငါ လင်းယွန်က၊ မင်းဘယ်က လာလဲ ဆိုတာကို၊ ဘာလို့ ဂရုစိုက် ရမှာလဲ။ ”

သူ့ကို ဒုက္ခ ပေးချင်သူ တစ်ဦး အတွက်၊ သနား ငဲ့ညှာရန် မထိုက် တန်ချေ။ ပါးတစ်ချက် ရိုက်လိုက် ရုံဖြင့်၊ ခန္ဓာကိုယ် ကွဲထွက် သွားပြီး သွေးမြူများ အဖြစ်သို့၊ ပြောင်းလဲ သွားသည်။

ဤမြင်ကွင်းက လင်းယွန်ထံ၊ တိုက်ခိုက်ရန် အားယူ နေသူ တိုင်းကို၊ ချက်ချင်း ရပ်တန့် သွား စေ၏။

“ ထွက် သွား ကြ စမ်း ... ။ ”

လင်းယွန်က လက်ဖဝါးကို တွန်းထုတ် လိုက်သည်။ လက်ဖဝါး နောက်ကွယ်ရှိ စွမ်းအား ကြောင့်၊ လူတိုင်း သွေးအန်လျက် လွင့်စဉ် ကုန်၏။

“ သူက ဘယ်သူလဲ ... ။ ”

ခရမ်း တိမ်လွှာဂိုဏ်း ဟူသည် ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၌ ခွန်အား အရာတွင်၊ ဒုတိယ လိုက်သော ဂိုဏ်း ဖြစ်သည်။

သို့သော် ဤလူငယ်သည် မဆိုင်း မတွဘဲ၊ ၎င်းတို့၏ တပည့် တစ်ဦးကို သတ်ပစ် လိုက်၏။

“ သူ့ နာမည်ကို လင်းယွန်လို့ ပြောတာ မကြားတယ်၊ ရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ ဒီလို နာမည် မျိုးနဲ့ လူ ရှိလား။ ”

ဤနေရာရှိ လူအများ စုသည် အပြာရောင် စံအိမ် ပြင်ပမှ လာသူများ ဖြစ်ကြ သောကြောင့် လင်းယွန် အမည်ကို မသိ ကြချေ။

ဓားခန်းမသည် ဓားသမား များကြား တွင်သာ ကျော်ကြား လှပြီး၊ ၎င်းနှင့် ပတ်သတ် သည့် အကြောင်း အရာ တိုင်းကို၊ လူတိုင်း မသိ သဖြင့်၊ လင်းယွန် အမည်အား၊ မကြား ဖူးခြင်း ဖြစ်သည်။

ဤအခိုက်တွင် ကျွန်း ပေါ်၌၊ သက်တံ အလင်းများ၊ ထပ်မံ ထွက်ပေါ် လာပြန် သဖြင့် လင်းယွန်၏ မျက်လုံးများ တောက်ပ လာသည်။

“ မြန်မြန်၊ သူ့ နောက်ကို လိုက်... ။ ”

“ ဒီကောင်က တကယ့်ကို လောဘ ကြီးတယ်၊ အနှစ် တစ်ထောင် သစ်သီး ရပြီးတာ တောင်မှ ... ၊ နောက် တစ်လုံး နောက်ကို လိုက်နေတယ်။ ”

“ သူက တစ်ကျွန်း လုံးကို ရိတ်သိမ်းချင် နေပုံပဲ။ ”

လူတိုင်းက ပြေးထွက် သွားသော လင်းယွန် နောက်သို့၊ လိုက်ပါ ကုန်ကြသည်။ ကျွန်း ပေါ်ရှိ အနှစ် တစ်ထောင် သစ်သီး များကို သိမ်းယူရန်၊ လင်းယွန် အတွက် အချိန် သိပ်မကြာ ခဲ့ချေ။

သူအား တိုက်ခိုက်လာ သူတိုင်းကို၊ သတ်ပစ်သည်။ ရက်စက် လွန်းသော လုပ်ရပ် ကြောင့်၊ လူ အများ၏ အာရုံ စိုက်မှုကို ခံလာ ရသည်။

သို့သော် ဂရု မစိုက်ဘဲ၊ ကျွန်းပေါ်တွင် နောက်ထပ် သစ်သီးများ မပေါ်တော့ သည်ကို မြင်သော အခါ မှသာ၊ နောက်ကျွန်း တစ်ကျွန်းသို့ ထွက်ခွာ လာခဲ့သည်။

“ ကောင်းလိုက်တာ ... ၊ ဒီကျွန်း တစ်ခု လုံးကို ရိတ်သိမ်း ပြီးတာတောင် ... ၊ သူက မကျေနပ် သေးဖူးလား။ ”

“ လာ ... လိုက်ကြည့် ရအောင်။ ”

နောက်ထပ် ကျွန်း နှစ်ကျွန်းကို ရိတ်သိမ်း ပြီးနောက်၊ လူအုပ် ထဲရှိ တစ်စုံ တစ်ဦးက ရှေ့လှမ်း တက်လာကာ၊

“ မိတ်ဆွေလေး ... မင်း ရပ်သင့်ပြီ၊ ဒီလိုသာ မင်းဆက်သွား နေရင် မိုးကြိုး ဂိုဏ်းနဲ့၊ ပဋိပက္ခ ဖြစ်လာ နိုင်တယ်။ ”

-ဟု သတိပေး လာတော့၏။

“ ဟုတ်တယ်၊ မိုးကြိုး ဂိုဏ်းက၊ ဒီနားက ကျွန်းကြီး ဆယ်ကျွန်းကို သိမ်းပိုက် ထားတယ်၊ သူတို့ ကျွန်းပေါ်က ရတနာ တိုင်းကို ဘယ်သူမှ ယူခွင့် မပေးဘူး။ ”

အခြားလူ တစ်ဦး ကပါ ဝင်ရောက် ပြောကြား လာခဲ့သည်။

သွေ့ရော် ပင်လယ်ကြီး တစ်ခု လုံးကို၊ ပိုင်းခြား ကြပြီး၊ အင်အားကြီး ဂိုဏ်း တစ်ဂိုဏ်း စီသည်၊ အနားရှိ ကျွန်းကြီး ဆယ်ကျွန်းကို ထိန်းချုပ် လေသည်။

အားနည်းသော ဂိုဏ်းများမှ ကျန်သော ကျွန်းငယ် များကို၊ ခွဲဝေယူ ကြ၏။ အပြာရောင် စံအိမ် နယ်မြေ ဟူသည်၊ သွေ့ရော် ပင်လယ်၌ အစိတ် အပိုင်း တစ်ခု မျှသာ ဖြစ်သည်။

ထို့ကြောင့် အားနည်းသော ဂိုဏ်းများ သည်ပင်၊ အပြာရောင် စံအိမ် နယ်မြေရှိ ဂိုဏ်း များ၏ အခြေ ခံ အုတ်မြစ်ထက်၊ နက်ရှိုင်း ချေ၏။

မိုးကြိုး ဂိုဏ်းသည် ထိုသို့သော ဂိုဏ်းမျိုး ဖြစ်ပြီး၊ တပည့် ဆယ်ပါးဦး မျှဖြင့်၊ ဤဒေသ တစ်ခု လုံးကို၊ သိမ်းပိုက် ထားနိုင်သည်။

“ ငါ မကြောက်ဘူး ... ၊ မင်းတို့ ကြောက်ရင်သာ၊ ငါနဲ့ ဝေးဝေးမှာ နေ။ ”

လင်းယွန်က ပြုံးကာ ပြော လိုက်သည်။ သူ့နောက်၌ ဖုန်းကျွယ် မရှိ လျှင်ပင်၊ မျိုးဆက် တူချင်း၊ မည်သူ့ ကိုမျှ မကြောက်ချေ။

“ ဒီကောင်က အရမ်း ... မောက်မာ လွန်းတယ်၊ ငါတို့ သူနဲ့ ဝေးဝေးနေ လိုက်တာ ပိုကောင်းမယ်။ ”

မိုးကြိုး ဂိုဏ်းကို ဂရုစိုက် ပုံ မပြသော လင်းယွန်အား ကြည့်ကာ၊ လူတိုင်းက ဆွေးနွေး လာကြ တော့သည်။

***

All Chapters