အရမ်း စကား များတယ်။
Vol. 90 Ch. 1258
မိုးကြိုး ဂိုဏ်း အနေဖြင့် သူတို့အား လင်းယွန်၏ အပေါင်း အဖော် များဟု မြင်ကာ၊ ပြဿနာ ရှာမည်ကို စိုးရိမ် သဖြင့်၊ ချက်ချင်း နောက်ဆုတ် သွားကြသည်။
ရဲရင့်သော လူငယ် အချို့ သည်သာ၊ လင်းယွန် နောက် ဆက်လိုက် လာသည်။ ဤသို့ လိုက်ခြင်းဖြင့်၊ အကျိုးများ ရရှိ သည်။
နှစ်တစ်ထောင် အောက် ဆေးဖက်ဝင် အပင်များကို လင်းယွန်မှ လှည့်ပင် မကြည့် ချေ။ အနှစ် တစ်ထောင် ပြည့်လျှင်ပင်၊ သာမာန် အစွမ်း မျိုးသာ ရှိနေ ပါက၊ သူတို့အား ယူစေသည်။
ထို့ပြင် လင်းယွန် နောက်သို့ လိုက်ခြင်းသည်၊ ကိုယ်တိုင် ခရီး ထွက် ခြင်းထက်၊ ပို၍ အန္တရာယ် ကင်းလှသည်။
အပြစ်မဲ့ သူများကို အနိုင် မကျင့် သဖြင့်၊ သူ့မျက်စိ အောက်၌ပင်၊ အသီးအနှံ များစွာအား၊ ရိတ်သိမ်း နိုင်သည်။
ထို့ကြောင့် အခြား နေရာ များသို့၊ သွားရောက် ရှာဖွေ ခြင်းထက်၊ လင်းယွန် နောက်လိုက် ခြင်းမှာ၊ အဆ တစ်ရာ ကောင်းမွန်သည်။
လင်းယွန်မှာ မိုးကြိုး ဂိုဏ်းကို၊ ဂရု မစိုက် သကဲ့သို့၊ ၎င်းတို့၏ အတွေးများ အပေါ်လည်း စိတ်မဝင် စားချေ။
သူ့အကြည့်က သက်တန့်ရောင် အလင်း ထဲရှိ၊ ကြက်သွေးရောင် မြူအချို့ကို တွေ့လိုက်ရ ပြီးနောက်၊ မျက်လုံးများ တောက်ပ လာသည်။
“ ကြက်သွေးရောင် သွေး သစ်သီး။ ”
ထိုအသီးကို ချက်ချင်း မှတ်မိသည်။ ဤသည်မှာ အရည် အသွေး မြင့်မားသော သစ်သီး ဖြစ်၏။
၎င်းမှာ သူတော်စင် အဆင့် သစ်သီးဟု မသတ်မှတ် နိုင်သော်လည်း၊ အလွန် ရှားပါးဆဲ ဖြစ်သည်။
စင်ကြယ်သော ဝိညာဉ်တော် ပညာ ရပ်ကို လေ့ကျင့် ရာ၌၊ နဂါး သွေး ရည်ကြည်ထက် ပို၍၊ အကျိုး သက်ရောက်မှု ရှိ၏။
ထို့အပြင် နတ်ကြယ် ပုလဲများ နှင့်လည်း၊ ပြန်လည် ရောင်းချ နိုင်သည်။ အနည်းဆုံး (၁) သောင်းခန့် ရနိုင်၏။
“ ဟေ့ ... မင်း အဲဒီကို မသွားတာ ကောင်းမယ်၊ အဲဒီ အရပ်မှာ မိုးကြိုး ဂိုဏ်း ရှိတယ်။ ”
“ မကြာသေး ခင် ကမှ ... လူတစ် ယောက်ကို သတ်ပြီး၊ အဲ့ဒီ ကျွန်းကို တားမြစ်ဇုန် အဖြစ်၊ ကြေငြာ ထားတယ်။ ”
လင်းယွန် နောက်သို့ လိုက်လာ သူများက၊ ကြက်သွေးရောင် သွေး သစ်သီးကို၊ စိတ်ဝင်စား နေ သည်အား၊ တွေ့လိုက် ရသော အခါ၊ မျက်နှာ ပြောင်းလဲ သွားသည်။
“ တားမြစ် ဇုန်လား၊ တားမြစ်ဇုန် တွေကို သွားရတာ ငါ ကြိုက်တယ်။ ”
လင်းယွန်မှ ပြုံးကာ တုန့်ပြန် လိုက်ပြီး၊ ထိုနေရာသို့၊ ဦးတည် ပျံသန်းသွား တော့သည်။ သည်မြင်ကွင်းက လူတိုင်းကို ရင် တထိတ် ထိတ်၊ ဖြစ်လာ စေ၏။
“ လိုက်ကြည့် ရအောင်။ ”
“ ကြက်သွေးရောင် သွေး သစ်သီး ... မွေးဖွားရာ နေရာ တိုင်းမှာ၊ အနှစ် တစ်ထောင် သက်တမ်း၊ ဆေးဖက်ဝင် အပင်တွေ ရှိတယ်။ ”
“ သူ သေမှာ မကြောက် ဖူးလား။ ”
“ တကယ် ရဲရင့်တယ်၊ သူ ဘယ်လို သေမလဲ လိုက်ကြည့် ရအောင်။ ”
“ အဲဒီ လူက မာနကြီး လွန်းတယ်၊ သူ့ မာနကြောင့် အနှေးနဲ့ အမြန် ဆိုသလို၊ သေဆုံး ရလိမ့်မယ်။ ”
လူအများ အပြားက၊ ခေါင်းယမ်း လိုက်ကြ သော်လည်း၊ လင်းယွန် နောက်မှ လိုက်ပါ ကြဆဲ ဖြစ်သည်။
သို့သော် သူတို့က ကျွန်းပေါ်သို့ မဆင်းဘဲ၊ အဝေးမှ ကြည့်ရန်သာ ဆုံးဖြတ် လိုက်ကြသည်။ ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးကို ထုတ်ဖော်ကာ၊ လင်းယွန်မှ ရွေ့လျား နေသည်။
ကျွန်း အနား မရောက်ခင် မှာပင်၊ သင်းပျံ့သော မွှေးရနံ့ကို ရရှိ လာပြီး၊ သွေးသား စွမ်းအင်များ ပွက်ပွက်ဆူ လာတော့၏။
“ တကယ်ပဲ ကြက်သွေးရောင် သွေး သစ်သီးပဲ။ ”
လင်းယွန်က ကျွန်းပေါ်သို့ ဆင်းသက် လိုက်၏။
“ သူ အရမ်း မြန်တယ်။ ”
“ ဘယ်လို ဘီလူး မျိုးလဲ၊ ငါတို့ လိုက်မမှီ တော့ဘူး။ ”
နောက်ပါးမှ လိုက်ပါ သူများမှာ၊ မောပန်း နွမ်းနယ် လာသဖြင့်၊ တစ်ယောက် တစ်ပေါက် ညည်းတွား လာကြသည်။
“ ဒီကျွန်းကို တားမြစ် ထားတယ် ဆိုတာ မင်းတို့ မသိ ကြဖူးလား၊ ဟမ့် ... ။ ”
အမျိုး သမီး တစ်ဦး၏ အသံက၊ ကျယ်လောင်စွာ ထွက်ပေါ် လာသည်။ လူ အချို့မှာ သူမရှေ့ မြေပြင်၌ အံကြိတ်ကာ ဒူးထောက် နေကြ၏။
“ ဒီကျွန်းကို ... ဘာလို့ တားမြစ် ထားရ တာလဲ၊ မင်းတို့က ငါတို့ကို ကြည့်ခွင့်တောင် မပေး ဖူးလား၊ ...
... ဒီနယ်မြေက အပြာရောင် စံအိမ် နယ်မြေရဲ့ ပိုင်နက်ထဲ မှာပါ၊ တကယ်ဆို မင်းတို့ ကသာ အပြင် လူတွေပဲ။ ”
ဒူးထောက် နေသူ တစ်ဦးက၊ မကျေ မနပ်ဖြင့်၊ ပြန်ပြော သည်။ သူတို့ အနေဖြင့် ယခုမှ ရောက်ရှိ လာခြင်း ဖြစ်ရာ၊ ဤစည်းကမ်း များကို မသိချေ။
ထို့ကြောင့် ကြက်သွေးရောင် သွေး သစ်သီး မွေးဖွား သည်ကို မြင်သည်နှင့်၊ အပြေး အလွှား လာမိ ကြခြင်း ဖြစ်သည်။
ကျွန်းပေါ် ရောက်ချိန်၌၊ တားမြစ် နယ်မြေဟု ဆိုကာ၊ သူတို့ကို ဤအမျိုး သမီးမှ ဒူးထောက် ခိုင်း ခဲ့သည်။
“ တိတ်စမ်း နားညီးတယ်၊ ဝေးလံ ခေါင်ဖျားတဲ့ အရပ်က ပုရွက်ဆိတ် တွေ၊ မင်းတို့ မမှားဘူး၊ မင်းတို့က ဒီရတနာ တွေကို ကြည့်ဖို့၊ အရည် အချင်းတောင် မရှိဘူး။ ”
အမျိုး သမီးက ဓားကိုင်လျက် ကျောက်တုံး ပေါ်တွင်ရပ် နေခဲ့သည်။ သူမ ထံမှ ထက်ရှသော ရောင်ဝါ တစ်ခု ထွက်ပေါ် နေ၏။
“ ဝှစ် ... ။ ”
သည့်နောက် လက်ကို ဝှေ့ယမ်း လိုက်ရာ၊ အလင်းတန်း တစ်ခု ပျံထွက် သွားပြီး၊ စကား ပြောသူ၏ ရင်ဘတ်ကို ထိမှန် သွားစေသည်။
“ အား ... ။ ”
အခြား သူများ သည်လည်း၊ သွေးများ စီးကျလျက် လွင့်စဉ် ကုန်၏။
“ မိုးကြိုး ဂိုဏ်းပဲ။ ”
လင်းယွန် နောက်မှ လိုက်လာသော သူများသည်၊ နာကျင်စွာ အော်ဟစ် သံများ ကြား သည်နှင့်၊ ချက်ချင်း ပုန်းကွယ် လိုက် ကြသည်။
“ အမှိုက်တွေ၊ ငါ့ဓား ကိုတောင် မဆွဲရ သေးဘူး။ ”
ထိုအမျိုး သမီးက လင်းယွန်ကို မြင်ချိန်၌ စကား ခဏ ရပ်သွားပြီး၊
“ နောက် တစ်ယောက် သေဖို့ လာပြန်ပြီ။ ”
-ဟု ဆိုကာ ရယ်မော လိုက်သည်။
“ ရွှပ် ... ။ ”
ချက်ချင်းပင် လက်ကို ဝှေ့ယမ်းပြီး ဓား ရောင်ခြည်နှင့်၊ လင်းယွန်ထံ ပစ်ခတ် လိုက်၏။ သို့သော် လင်းယွန်က မလှုပ် မယှက်ဖြင့်၊ ဓား အလင်းကို ခံယူ လေသည်။
“ ထန် ... ။ ”
“ ဘာလဲ ... ။ ”
အမျိုးသမီး ခမျာ အံ့သြ သွား၏။ လင်းယွန်သည် သူမ၏ တိုက်ခိုက် မှုအား၊ မူလ စွမ်းအင် ကိုပင် အသုံး ပြုခြင်း မရှိဘဲ၊ ခံယူ သည်။
ဤမြင်ကွင်းကြောင့် ကျောက်ဆောင် ပေါ်တွင်၊ ရပ်နေလျက်မှ တုန်လှုပ် သွားမိသည်။ သို့သော် တည်ငြိမ်အောင် ပြင်ယူ လိုက်ပြီး၊
“ နင်က ဒီပတ်ဝန်းကျင် ကျွန်းတွေမှာ၊ ရတနာတွေ လိုက်လံ ရိတ်သိမ်း နေတဲ့ သူလား။ ”
-ဟု မေးမြန်း လိုက်သည်။
နှစ်ထောင် ဂဏန်းခန့် ရှိသော ဆေးဖက်ဝင် အပင်များ ကိုသာ၊ ယူဆောင် နေသည့် လူငယ် တစ်ယောက် သတင်းအား၊ သူမ ကြားသိ ထားသည်။
သို့သော် လင်းယွန်မှ ပြန် မဖြေဘဲ၊ သူတော်စင် ရူရ် များကို တောက်ပစေ လိုက်၏။ လွင့်စဉ် သွားသူ အချို့က သူ့အား မော့ကြည့် ပြီးနောက် အံသြသွား ကြသည်။
“ တိမ်လွှာဓား ဂိုဏ်းက လင်းယွန်ပဲ။ ”
“ အပြာရောင် စံအိမ် နယ်မြေရဲ့၊ ပြိုင်ဘက်ကင်း ပါရမီရှင် လင်းယွန် မဟုတ် လား။ ”
-ဟု ခပ်တိုးတိုး အသိ အမှတ် ပြုလိုက် ကြသည်။
“ သူတို့ အတွက် ... ၊ နင်က လက်စားချေချင် တာလား။ ”
ထိုအမျိုး သမီးက သူမ ရိုက်နှက် လိုက်သူ များမှာ၊ လင်းယွန်အား သိနေ သည်ကို သတိ ထားမိ သဖြင့်၊ အေးစက်စွာ မေး၏။
“ အပြာရောင်စံအိမ်က လူတိုင်းကို ပုရွက်ဆိတ် တစ်ကောင်လို ရှုမြင်ပြီး၊ ကြည့်ရှု ဖို့တောင် အရည် အချင်း မပြည့်မီ သေးဖူးလို့၊ ဘယ်သူ ပြောခဲ့ တာလဲ။ ”
လင်းယွန်မှ ပြန် မဖြေဘဲ၊ မေးခွန်း ထုတ် လိုက်သည်။ ဤအမျိုး သမီးသည် ဂိုဏ်းကြီးမှ လာသည် ဟူသော အချက်ကို၊ အားကိုး အားထား ပြုချင် နေ၏။
သူမနှင့် ယှဉ်ရသော်၊ ဓားဂိုဏ်း တပည့် များမှာ၊ အနည်းငယ် ယဉ်ကျေးမှု ရှိနေ သည်ဟု ခံစား လာမိ၏။
သူမ ရိုက်ထုတ် လိုက်သော လူများကို မသိသဖြင့်၊ ၎င်းတို့ အတွက် မတ်တပ်ရပ် စရာ အကြောင်းလည်း မရှိချေ။
“ နင် ... ဘယ်သူလဲ။ ”
ထိုအမျိုး သမီးက စိတ်ရှုပ် လာဖြင့် စတင်စူးစမ်း လာသည်။ လင်းယွန်မှာ ထူးခြား လှပြီး၊ အပြာရောင် စံအိမ်မှ ဤလူ များနှင့်၊ မတူကြောင်း၊ သူမ ခံစားမိ သွားပုံ ရသည်။
သို့သော် သိပ်ဂရု မစိုက်ချေ။ သူမ သည်လည်း မျိုးဆက်သစ် လူငယ် များကြား ပါရမီရှင် တစ်ဦး ဖြစ်သောကြောင့်၊ သူတော်စင် ဓားတစ်လက် ကိုပင်၊ ဂိုဏ်းမှ ချီးမြှင့် ခဲ့သည်။
မိုးကြိုး ဂိုဏ်း ဟူသည် ဗုဒ္ဓ ဘာသာ အမွေအနှစ် များကို ဆက်ခံကာ၊ ခိုင်မာသော အခြေခံ အုတ်မြစ် ရှိ၏။
၎င်းတို့ ဂိုဏ်းမှ အစွမ်းထက် လွန်းသော ပါရမီရှင် များစွာကို မွေးထုတ် ပေးနိုင် ခဲ့သဖြင့်၊ ပထမ တန်းစား ဂိုဏ်း အဆင့်သို့၊ တက်ရောက် နိုင်မည့်၊ အရိပ် အယောင်များ ပြသ နေသည်။
လင်းယွန်က မေးခွန်းကို ပြန် မဖြေဘဲ၊ အေးစက်စက် စိုက်ကြည့် လိုက်သည်။ သူတပါး အပေါ် နောက်ခံနှင့်၊ အနိုင် ကျင့်သူ များကို ကျား-မ မရွေး မုန်းတီး ပေ၏။
သူတော်စင် နဂါး ခန္ဓာ ကိုယ်အား ထုတ်ဖော်လျက်၊ သူမထံ ဦးတည်ကာ ခြေလှမ်း စလှမ်း လိုက်သည်။ သည့်နောက် မိုးကြိုး မုန်တိုင်းများ သူ့အား လွှမ်းခြုံ လာ၏။
“ ရပ် ... ။ ”
မိုးကြိုး မုန်တိုင်း ရည်ရွယ် ချက်ကို ကြည့်ကာ၊ အမျိုး သမီးက ထိတ်လန့် သွား လေသည်။
“ ဂိုဏ်းကြီး တွေက ... ၊ နယ်မြေတွေ ခွဲဝေပြီး သိမ်းပိုက် ထားတယ်၊ သွေ့ရော် ကျွန်း မဖွင့် ခင်မှာ၊ ဒီကျွန်းကို ငါ့ရဲ့ မိုးကြိုး ဂိုဏ်းက ပိုင်တယ်၊ ...
... မင်းက ကျူးကျော် လိုက်ရင်၊ မိုးကြိုး ဂိုဏ်းတင် မဟုတ်ဖူး၊ ဂိုဏ်းကြီး တွေရဲ့ ဒေါသ ကိုပါ၊ ခံစားရ လိမ့်မယ်။ ”
အမျိုး သမီးက တည်ငြိမ်အောင် ပြင်ယူလျက်၊ လင်းယွန်အား ခြိမ်းခြောက် အသိပေး လိုက်သည်။
တစ်ဖက်လူ အနေဖြင့်၊ မည်မျှ သန်မာ စေကာမူ၊ မိုးကြိုး ဂိုဏ်း အစွမ်းကြောင့်၊ လှုပ်ရှား ဝံ့မည် မဟုတ်ဟု သူမ ယုံကြည်သည်။
ဤသို့ ဆိုပါက၊ သည်အမျိုး သမီးကို သတ်ခြင်းဖြင့် ဂိုဏ်းကြီး များကို စော်ကားရာ ရောက်ပေမည်။
ထို့ကြောင့် လင်းယွန်မှာ လှမ်းလက်စ ခြေလှမ်းကို ရပ်လိုက် သဖြင့်၊ အမျိုး သမီးက ပြုံးသည်။
“ ဒီကျွန်း တစ်ခု တည်းတင် မဟုတ်ဘူး၊ ဒီအနီး အနားက ကျွန်းတွေ အားလုံးကို ငါတို့က ထိန်းချုပ် ထားတယ်၊ ဒါကြောင့် လူတိုင်းက ရိတ်သိမ်း လာတဲ့ အသီး အနှံ တွေရဲ့၊ တဝက် တိတိကို ပေးဆောင် ရမယ်။ ”
“ ဒီလိုလား ဒါဆို ... ၊ ငါ မင်းကို တစ်ဝက် ပေးမယ်။ ”
လင်းယွန်က လှောင်ပြောင် လိုဟန်ဖြင့် ပြန်ပြောကာ၊ ခြေလှမ်းအား ကြက်သွေးရောင် သွေး သစ်သီးထံ၊ ပြောင်းလဲ လိုက်သည်။
“ ရပ်စမ်း ... ၊ နင် ... နောက်ထပ် ခြေ တစ်လှမ်း လှမ်းလိုက် တာနဲ့၊ မိုးကြိုး ဂိုဏ်းရဲ့ ရန်သူ ဖြစ်ပြီ။ ”
လင်းယွန်က သူမထံ မလာ တော့ဘဲ၊ ကြက်သွေးရောင် သွေး သစ်သီး ထံသို့ ဦးတည် သွားသဖြင့်၊ အမျိုး သမီးက အော်ငေါက် လိုက်သည်။
ထိုစဉ် လင်းယွန်က ရပ်ကာ၊ သူမထံ ပြန်လှည့် ကြည့်၏။
“ နင် ... ဘာလုပ်ဖို့ ကြိုးစား နေတာလဲ၊ ငါပြော တာကို မကြား ဖူးလား၊ အခု ပြန်လှည့် ရင်၊ အချိန်မီ သေးတယ်။ ”
“ တကယ် စကား များတဲ့ မိန်းမပဲ။ ”
လင်းယွန်မှာ၊ စိတ်ဆိုး လာပြီ ဖြစ်သည်။ သူမအား မသတ်ချင် သဖြင့်၊ လျစ်လျူရှု ခဲ့ခြင်း ဖြစ်သည်။
“ ဂျိန်း ... ။ ”
ခန္ဓာကိုယ် အတွင်း၌ အငွေ့ အသက်များ တဟုန်းဟုန်း တောက် လာပြီး၊ မိုးခြိမ်း သံများ ထွက်ပေါ် လာကာ၊ ကောင်းကင် တခွင်လုံး မှောင်မိုက် သွားသည်။
“ နင် ... နင် ငါ့ကို ဘာပြော တာလဲ။ ”
အမျိုး သမီး မျက်နှာမှာ၊ ဒေါသကြောင့် ရဲရဲနီသွား လေသည်။ အမည်မဲ့ လူ တစ်ယောက် မှ၊ ရှုတ်ချ ခြင်းကို ခံရ သည်မှာ၊ မယုံနိုင် စရာ ပေပင်။
သူမ၏ စိတ်နေ စိတ်ထား အရ၊ သွားလေရာ အာရုံစိုက် ခံရပြီး၊ အခြားသော ဂိုဏ်းကြီး များ၏ ပါရမီ ရှင်များ ပင်လျှင်၊ သူမ အပေါ်၊ ယဉ်ကျေး ပြူငှာစွာ၊ ဆက်ဆံ ကြရသည်။
“ မင်း ... စကား အရမ်း များတယ်လို့ ပြောတာ။ ”
စကားဆုံး သည်နှင့်၊ လင်းယွန်က လက် ဝှေ့ယမ်း လိုက်ရာ၊ လျှပ်စီးနှင့် အတူ မိုးသက် လေပြင်းများ ပြေးထွက် သွားသည်။
“ ပုရွက်ဆိတ် တစ်ကောင်က မိုးကြိုး ဂိုဏ်းကို ရန်စ နေတာပဲ။ ”
အမျိုး သမီးမှာ ဒေါသထွက် လာပြီး၊ သူတော်စင် ဓားကို ဆွဲထုတ် လိုက်၏။ စူးရှသော ဓား ရောင်ဝါများ တိုးထွက် လာ သော်လည်း၊ နောက်ကျ သွားသည်။
“ ဖြန်း ... ။ ”
ဓားကို အပြည့် မဆွဲ နိုင်မီ၊ ကျယ်လောင်သော ပါးရိုက်သံ ထွက်ပေါ် လာပြီး၊ အမျိုးသမီးမှာ လွင့်စဉ် သွားသည်။ ယင်းက ရပ်ကြည့် နေမိသော လူအုပ်ကို တိတ်ကျ သွားစေ၏။
***