← Chapters

မကြောက် မရွံ့။

Vol. 90 Ch. 1260

မကြောက် မရွံ့။

Vol. 90 Ch. 1260

ဤအမျိုး သမီးသည် မိုးကြိုး ဂိုဏ်း၏ အမာခံ တပည့် ဖြစ်သော်လည်း၊ လင်းယွန်က တုန့်ဆိုင်းခြင်း မရှိ သတ်ပစ် လိုက်သည်။

ရဲရင့်သော လူငယ် များမှာ၊ ယင်းကို ဂရု မစိုက်ဘဲ၊ ပတ်ဝန်း ကျင်ရှိ ဆေးဘက်ဝင် အပင် များအား ခူးဆွတ်ရန်၊ လှုပ်ရှား လာကြ သည်။

၎င်းတို့သည် ကြက်သွေးရောင် သွေး သစ်သီးကို အားဖြည့် ပေးရန်၊ အတူ တကွ မွေးဖွား လာသော၊ ဖွားဘက် တော်များ ဖြစ် သဖြင့်၊ ယခင် နေရာ များမှ ရရှိ ခဲ့သော အသီး အနှံ များထက်၊ သဘာဝ အားဖြင့် များစွာ သာပေ၏။

လင်းယွန်က ကြက်သွေးရောင် သွေး သစ်သီးကို ကြည့်ကာ၊ ပတ်ဝန်းကျင်ရှိ အရာ ရာတိုင်း အပေါ်၊ လျစ်လျူရှု ထားသည်။

ဤသစ်သီး၏ အရည် အသွေးသည် သူ ယခင် ရရှိ ထားသော ဆေးဘက်ဝင် အပင် များထက်၊ များစွာ မြင့်မားသည်။

ထို့ကြောင့် သူ့ အတွေးမှာ၊ မှားယွင်းမှန်း သတိထား မိသည်။ အရည် အသွေးမှာ အရေ အတွက်ထက် များစွာ အသုံး ဝင်၏။ အမှိုက် ဟူသည် မည်မျှ များပြား စေကာမူ၊ အမှိုက် များသာ ဖြစ်မည်။ ရွှေဖြစ် မလာချေ။

“ ညီအစ်ကို ... ၊ မြန်မြန် သွားတော့၊ မိုးကြိုးဂိုဏ်းရဲ့ တပည့်တွေ ပြန်လာရင် အန္တရာယ် ရှိတယ်။ ”

လူအုပ် အတွင်းမှ တစ်စုံ တစ်ဦးက ပြောလာသည်။

“ သူတို့က ဘယ်မှာလဲ။ ”

ကြက်သွေးရောင် သွေး သစ်သီးကို သိမ်းဆည်း ပြီးနောက် မေးလိုက် မိသည်။ ဤအမျိုး သမီး တစ်ဦး တည်းဖြင့်၊ တားမြစ် ကျွန်းအဖြစ် သတ်မှတ် နိုင်စရာ အကြောင်း မရှိချေ။

“ ပင်လယ် အောက်ကို ... ၊ ဆင်းသွား ကြတယ်၊ အဲ့ဒီ မှာလည်း အခွင့် အလမ်းတွေ အများကြီး ရှိတယ်၊ နတ်ဆိုး သားရဲနဲ့ ...

... ဆေးဘက်ဝင် အပင် တွေက ဗီဇ ပြောင်းကုန်ပြီ၊ သူတို့ ပြန်လာရင် မင်း ဒုက္ခ ရောက်လိမ့်မယ်။ ”

“ သူတို့ကို ငါ မကြောက် ပါဘူး။ ”

လင်းယွန်က ပြန်ပြောသည်။ သူ့ စကားကြောင့် လူအုပ်မှာ တိတ်ဆိတ် သွား၏။ ဤလူငယ်သည် သူတော်စင် ဓား ကိုင်ထား သော အမျိုးသမီးကို၊ တစ်ချက် တည်းနှင့် သတ်ပစ် ခဲ့သည်။

ကျန်လူများ ရောက်လာ လျှင်ပင်၊ ၎င်းအား အနိုင်ယူ နိုင်မည် မဟုတ်ဟု ယူဆ လိုက်မိ၏။

“ ဒါပေမယ့် ... သူတို့ နောက်မှာ မိုးကြိုး ဂိုဏ်းက ဖြစ်လို့ ... ၊ မင်းရဲ့ နောက်ကို တစ်ဂိုဏ်း လုံး လိုက်လာ လိမ့်မယ်။ ”

နောက်ထပ် လူငယ် တစ်ဦးက ဝင်ရောက် သတိပေး လာသည်။ သို့သော် လင်းယွန်က ပြုံး လိုက်၏။

သူ့ ဂိုဏ်းကို ရှာခြင်းသည် သေမင်းကို ရှာခြင်းနှင့် အတူတူ ပေပင်။ နတ်နဂါး ရောင်ဝါ ကို သန့်စင် ထားသော ကျန်းလိချန်တို့ လူစုမှာ၊ ဓားဂိုဏ်း၏ တပည့် များထက် အားမနည်းချေ။

ထို့အပြင် ယဲ့ဇီလင်နှင့် လောဟွာ ရှိသည်။ ယဲ့ဇီလင်သည် နှင်းသူတော်စင် မျိုးဆက်သွေး နိုးထ နေပြီ ဖြစ်ရာ၊ သူပင် မမြင်နိုင် တော့ချေ။ ဓား ရည်ရွယ်ချက် တွင်လည်း၊ ကောင်းစွာ တိုးတက် နေသည်။

လောဟွာ အတွက်မူ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ ကိုပင်၊ ပြိုင်ဘက် အဖြစ် ရှုမြင် တက်သူ မဟုတ် သဖြင့်၊ စိတ်ပူစရာ မရှိချေ။

နောက်ခံချင်း ယှဉ်ရသော် ရှေးဟောင်း နှင်းသူတော်စင် မိသားစုမှ ဆင်းသက် လာသည့် ယဲ့ဇီလင် အနေဖြင့်၊ မိုးကြိုး ဂိုဏ်း အပေါ်၊ ကောင်းကောင်း ကိုင်တွယ် နိုင်မည်။

လင်းယွန် တစ်ယောက် လုံးဝ စိုးရိမ်ခြင်း မရှိသည်ကို မြင်သောကြောင့်၊

“ မိုးကြိုး ဂိုဏ်းက ... ၊ အဓိက ကျွန်းကြီး တွေကို သိမ်းပိုက် ထားတယ်၊ ဒါကြောင့် ဒီနေရာ အတွက်၊ ကျွမ်းကျင် သူတွေ အများကြီး မလွှတ် ထားဖူး၊ ...

... သူတို့ရဲ့ ခေါင်းဆောင် လူငယ်က တုကူးယွင်ပဲ၊ အင်ပါ ရီယန် အဆင့် ဝင်တဲ့ ပါရမီ ရှင်တွေကို ရင်ဆိုင် နိုင်စွမ်း ရှိတယ်၊ ပြီးတော့ သူ့က ဓား တန်ခိုးရှင်၊ မင်းကို သူသာ အာရုံ စိုက်လာရင် ဒုက္ခရောက် လိမ့်မယ်။ ”

-ဟု လူငယ်တစ်ဦးက သတိ ပေးလာ ပြန်သည်။

“ ဓား တန်ခိုးရှင်လား၊ ဘယ်လောက် တောင် ကြွားဝါ လိုက်လဲ။ ”

လင်းယွန်က လှောင်ပြုံးနှင့် ဆိုလိုက် သောကြောင့်၊ လူတိုင်း မျက်လုံးပြူး ကုန်သည်။ တုကူးယွင် ကိုပင် မကြောက်သော ဤလူငယ် သည်၊ မည်သည့် အရပ်မှ လာသည်ကို၊ တွေးတော လာမိသည်။

လင်းယွန် အနေဖြင့် သူ့ကိုယ်သူ၊ အင်ပါ ရီယန် နယ်ပယ်၌၊ ဓားသမား ပါရမီရှင် အဖြစ်၊ မခံယူ ဝံ့ချေ။

ထိုကြောင့် တုကူးယွင်မှာ မည်သည့် အားကိုးဖြင့်၊ ဓားတန်ခိုးရှင် ဘွဲ့ကို ခံယူထား သည်အား၊ သိချင် လာသည်။

“ သူတော်စင် အသီး အနှံတွေ ဘယ်မှာ ရနိုင် မလဲ သိလား။ ”

အနှစ် တစ်ထောင် သက်တမ်းရှိ၊ ဆေးဘက်ဝင် အသီး အနှံ များကို စိတ်မဝင်စား တော့ချေ။

ထို မေးခွန်းက လူတိုင်း၏ မျက်နှာကို ပြောင်းလဲ သွားစေသည်။ သူတို့ မျက်လုံး ထဲ၌၊ အနည်းငယ် မာနကြီး လွန်းနေ၏။

“ သူတော်စင် အသီးအနှံ တွေကို သြဇာ ကြီးမားတဲ့ ဂိုဏ်းတွေက၊ ထိန်းချုပ် ထားတဲ့ ကျွန်းတွေ မှာပဲ၊ တွေ့နိုင် ပါတယ်၊ ...

... သူတော်စင် သစ်သီး တွေက နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူများ အတွက်၊ အကောင်းဆုံး ရတနာပဲ၊ ဒါကြောင့် သူတော်စင် အသီး အနှံ ပေါ်လာရင်၊ ...

... နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူတေွ ထွက်လာ လိမ့်မယ်၊ အင်ပါ ရီယန်တေွ ရဖို့ ဆိုတာ မဖြစ် နိုင်ဘူး၊ ...

... ပြီးတော့ ရှားလွန်းတယ်၊ အခု အချိန် အထိ၊ သူတော်စင် အသီး အနှံ ခုနစ် မျိုးသာ ပေါ်လာ ဖူးတယ်၊ သူတို့ အားလုံးက အဆင့် နိမ့်တွေပဲ။ ”

သူတို့က လင်းယွန်ကို ရှင်းပြပြီး၊ နောက်ဆုတ်ရန် တိုက်တွန်း လာကြသည်။ ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၏ အင်အားကြီး ဂိုဏ်းများသည် အလွယ် တကူ အပြစ် ပြု၍ ရသော ဂိုဏ်းများ မဟုတ်ချေ။

ဓားဂိုဏ်း၏ ဖွဲ့စည်း ပုံနှင့်ပင်၊ ယင်းကို လင်းယွန်က နားလည် မိသဖြင့်၊ ငြိမ်သက် သွား လေသည်။

“ သခင်လေး လင်း ... ၊ သူတော်စင် သစ်သီးတွေကို ရဖို့ မလွယ် ပေမယ့်၊ အမည်ခံ သူတော်စင် အသီး အနှံတွေ ကိုတော့ စိတ်ကူး လို့ ရပါတယ်၊ လူငယ် ပါရမီရှင် တွေရဲ့ အဓိက ရည်ရွယ်ချက် ကလည်း၊ အမည်ခံ သူတော်စင် အသီး အနှံ ပါပဲ။ ”

“ အမှန်ပဲ ... ၊ သူတော်စင် အသီး အနှံ တွေက သန့်စင်ရ ခက်တယ်၊ ပင်မ နတ်ဘုရား နယ်ပယ်က ပါရမီရှင် တွေတောင် မလွယ်ဘူး၊ ဒါပေမယ့် အမည်ခံ သူတော်စင် အသီး အနှံ ကိုတော့၊ မင်း သန့်စင် နိုင်မှာပါ။ ”

လူငယ် အချို့က အကြံပေး လာခဲ့သည်။

အသီး အနှံ များသည် သူတော်စင် အဆင့်၊ အမည်ခံ သူတော်စင် အဆင့်နှင့်၊ ဝိညာဉ် အဆင့် ဟူ၍ ရှိသည်။

သူ့ရရှိ ထားသော ကြက်သွေးရောင် သွေး သစ်သီးသည် အဖိုးတန် သော်လည်း၊ ဝိညာဉ် အဆင့် ၌သာ ရှိ၏။

“ သူတို့ကို ဘယ်မှာ ရှာရ မလဲ။ ”

လင်းယွန်က မေးသည်။

“ အမည်ခံ သူတော်စင် အသီး အနှံ တွေက ရှားပါးတယ်၊ သူတို့ကို ဖြစ်စဉ် တစ်ခုနဲ့ အတူ မွေးဖွား လာလိမ့်မယ်၊ အဲ့ဒီ အချိန်ဆို ဂိုဏ်းကြီး တွေရဲ့ တပည့် တွေက လက်တွဲပြီး၊ တခြား လူတွေကို မောင်းထုတ် ကြတယ်။ ”

“ မင်း ဆန္ဒ ရှိရင် ... ၊ ငါတို့ ဒီဝန်းကျင်မှာ အမည်ခံ သူတော်စင် သစ်သီး ရှိ-မရှိ လိုက်ပြီး၊ စုံစမ်း ပေးနိုင်တယ်။ ”

“ ဟုတ်တယ် ... ၊ မင်းရဲ့ ခွန်အား အရဆို၊ အမည်ခံ သူတော်စင် အသီး အနှံ အတွက် ပြိုင် နိုင်တယ်။ ”

လူအချို့က စိတ်လှုပ်ရှား လာပြီး၊ လင်းယွန်ကို ကူညီ ပေးရန် ကမ်းလှမ်း လာခဲ့ သည်။

နောက်ဆုံးတွင် အမည်ခံ သူတော်စင် အသီးအနှံ မွေးဖွားရာ အရပ်၌၊ အလွန် အဖိုး တန်သော ဆေးဘက်ဝင် အပင်များ ရှိ လေသည်။

သူတို့ အတွေးကို လင်းယွန်က သိ သော်လည်း၊ အချိန် မဖြုန်းချင် သောကြောင့်၊ အကူ အညီအား လက်ခံ မိသည်။

“ ဆက်လုပ်ပါ ... ၊ ငါ အမည်ခံ သူတော်စင် အသီး အနှံ လိုတယ်။ ”

“ ဒါဆို ... ငါတို့ အခုပဲ သွား လိုက်မယ်။ ”

လင်းယွန်မှ ဂိုဏ်းကြီး များကို၊ ရင်ဆိုင်မည် ဖြစ်သဖြင့်၊ လူတိုင်း စိတ်ဝင်စား လာကြသည်။ လင်းယွန် မှာမူ၊ ကြက်သွေးရောင် သွေး သစ်သီးကို ထုတ်ယူပြီး၊ သန့်စင်ရန် ပြင်လိုက်၏။

သွေ့ရော် ကျွန်း မဖွင့်မီ၊ နဂါး ရူရ်ပေါင်း တစ်ထောင် အထိ၊ ရောက်ရှိရန် ရည်မှန်း မိ၏။ သူတော်စင် နဂါး ခန္ဓာကို ဖြန့်ကျက် လိုက်စဉ်၊ တက်ကြွ လန်းဆန်း မှုများ၊ ရုန်းကြွ လာသည်။

ပတ်ဝန်းကျင်၌ လျှပ်စီးနှင့် လေပြင်းများ တိုက်ခတ် လာသည်။

“ သူက နည်းနည်းတော့ မာနကြီး လွန်းတယ် မဟုတ်လား ... ၊ မိုးကြိုး ဂိုဏ်းရဲ့ တပည့်တွေ ပြန်လာ မှာကို မကြောက် ပုံပဲ။ ”

“ ဒီလူက အရည် အချင်း ရှိတယ်၊ နာမည်မဲ့ မဖြစ် သင့်ဘူး။ ”

လင်းယွန် ဓားမှာ အလွန် ကြောက်စရာ ကောင်းသဖြင့်၊ လူတိုင်းက ချီးမွမ်း လာကြ၏။ ဤနေရာ တွင်ပင်၊ အသီးအနှံကို သန့်စင်ဝံ့သည့် သတ္တိကြောင့်၊ လေးစား လာမိ ပြန်သည်။

ကြက်သွေးရောင် သွေး သစ်သီးမှာ၊ သာမန် မဟုတ် သော်လည်း၊ နတ်နဂါး ရောင်ဝါနှင့် ယှဉ် ရသော်၊ လင်းယွန် အတွက် များစွာ အားနည်း နေပေသည်။

ထို့ကြောင့် နာရီပိုင်း အတွင်း၊ ရူရ် (၈၀၀) ရရှိပြီးနောက်၊ သန့်စင်ခြင်း လုပ်ငန်းစဉ်၊ ပြီးဆုံး သွားသည်။

“ ညီလေး ... မင်း၊ အဲဒီ လူတွေ လှည့်စား တာကို မခံနဲ၊ မင်း သေတာကို သူတို့က မြင်ချင် နေကြတာ။ ”

“ အမည်ခံ သူတော်စင် အသီး အနှံကို ယှဉ်ပြိုင်တဲ့ လူတွေက ဂိုဏ်းကြီး တေွရဲ့ တပည့် တွေပဲ၊ သူတို့က အနည်းဆုံး အင်ပါ ရီယန် အဆင့် သုံးထောင်မှာ ရှိတယ်။ ”

လင်းယွန်ကို မြောက်ပေး သူများ ထွက်ခွာသွား ပြီးနောက်၊ ကြင်နာ တတ်သော ကျင့်ကြံသူ အချို့က လင်းယွန်ကို သတိ ပေးရန်၊ ရှေ့ထွက် လာခဲ့သည်။

သူတို့ အမြင်၌ လင်းယွန်မှာ ပြတ်သား လှ၏။ ကိုယ်ပိုင် စွမ်းရည်ဖြင့်၊ လူအများ အပေါ် အနိုင် ယူခဲ့သည်။ ထို့ကြောင့် အသက် ဆုံးရှုံး မည်ကို၊ မလို လားခေျ။

“ မင်းတို့ရဲ့ စေတနာ အတွက် ကျေးဇူး တင်ပါတယ်၊ ဒါပေမယ့် ငါ မကြောက် ပါဘူး။ ”

အဆုံးတွင် ခေါင်းသာ ခါယမ်းလိုက် ကြသည်။ ဤလင်းယွန်သည် သူ တစ်ယောက် တည်းဖြင့်၊ ဂိုဏ်းကြီး များကို ယှဉ်ပြိုင် လို နေ၏။

ကျင့်ကြံမှုမှာ ကြယ်စင်စု အဆင့် တွင်သာ ရှိသောကြောင့်၊ အမည်ခံ ပင်မ နတ်ဘုရား များနှင့် ဆုံသော်၊ ဒုက္ခ ရောက်ရ ပေလိမ့်မည်။

ကြက်သွေးရောင် သွေး သစ်သီးကို သန့်စင်ပြီး၊ သော်မှ ကောင်းကင် တစ်ခုလုံး မယုံနိုင် လောက်အောင်၊ နီရဲ နေဆဲ ဖြစ်သည်။

အမည်ခံ သူတော်စင် အသီး အနှံ များကို ရှာဖွေရန်၊ သွားသူများ ပြန်လာ ဦးမည့် အရိပ် အယောင် မပြ သေးချေ။

“ ပင်လယ်စာ ဟင်းကြို တစ်အိုးလောက် သောက်ရအောင်။ ”

ထို့ကြောင့် လမ်း တစ်လျှောက် စုဆောင်း လာသော၊ နှစ်တစ်ထောင် အသီး အနှံ များနှင့် ဟင်းချို တစ်အိုး ချက်ရန်၊ ကြံရွယ် လိုက်သည်။

အိုးကြီး တစ်လုံး ထုတ်ယူ လိုက်ပြီး၊ နဂါးလေးအား ငါး အချို့ ရှာရန် စေလွှတ် လိုက်၏။

ထိုလုပ်ရပ်ကို ကြည့်ပြီး၊ လူတိုင်း တံတွေး မျိုချမိ လေသည်။ ပွက်ပွက်ဆူ လာသော အခါ တွင်၊ ဆေးဘက်ဝင် အပင်များကို၊ ပစ်ထည့် လိုက်ရာ၊ သင်းပျံ့သော ရနံများ ထွက်ပေါ် လာတော့၏။

***

All Chapters