← Chapters

ကြယ်ငါးပွင့် အဆင့် သတ်မှတ်ခြင်း။

Vol. 91 Ch. 1261

ကြယ်ငါးပွင့် အဆင့် သတ်မှတ်ခြင်း။

Vol. 91 Ch. 1261

နဂါးလေး ပြန်ရောက် လာချိန်၌ ဆေးဘက်ဝင် အပင် များမှာ၊ နူးအိ နေပြီ ဖြစ်သည်။ ငါး များကို ဆေးကြော သန့်စင် ပြီးနောက်၊ အိုးထဲသို့ ပစ်ထည့် လိုက်၏။

နာရီဝက် အကြာတွင်၊ ကျွန်း တစ်ကျွန်းလုံး မွှေးရနံ့ များဖြင့်၊ ဖုံးလွှမ်း လာသည်။

“ ဘယ်လို တောင် မွှေးလိုက်လဲ။ ”

“ ဒါက ဘာဟင်းလဲ၊ အရသာ ရှိမယ် ထင်တယ်။ ”

“ နှစ်ထောင်ကျော် သက်တမ်း ရှိတဲ့ အသီး အနှံ တွေကို သုံးထား တာပဲ၊ ဒီလောက်တော့ ရှိမှာပေါ့။ ”

ဤသည်မှာ ဖြုန်းတီးမှု တစ်ခုသာ ဖြစ်သည်။ မြင့်မြတ်မြေမှ လာသော တပည့် များပင် ထိုသို့ မစားသုံး နိုင်ချေ။

လင်းယွန် မှာမူ သူ လိုအပ်သည့် နတ်ကြယ် ပုလဲ ပမာဏမှာ အလွန် များပြား သောကြောင့်၊ ၎င်းကို ဖြုန်းတီး သည်ဟု မထင်ခေျ။

ထို့ကြောင့် သူ့ကိုယ်သူ အာဟာရ ဖြစ်စေသော မည်သည့် နည်းလမ်း မျိုးကို မဆို အသုံးပြု ရပေမည်။

ဟင်းချို အိုး ရသည်နှင့်၊ ပန်းကန် နှစ်လုံး ထုတ်ယူပြီး၊ နဂါးလေး နှင့်အတူ သောက်လိုက် သည်။

တစ်ကိုယ်လုံး နွေးထွေးမှု ပျံ့နှံ့ လာပြီး၊ တကျိုက် သောက်မိ ရုံဖြင့်၊ ချက်ချင်း အကျိုး သက်ရောက်မှု ရှိလာ၏။

“ အရမ်း ကောင်းတယ်။ ”

လင်းယွန်က ပြုံးလျက် ရေရွတ် မိသည်။ ထို့နောက် နဂါး ဝိုင်ကို ထုတ်ကာ၊ သောက်ယူ လိုက်သည်။

ကျေနပ်မှု အဟုန်မှာ၊ နောက် တစ်ဆင့်သို့ တက်ရောက် သွားပြီး၊ ကြက်သွေးရောင် သေွး သစ်သီး၏ စွမ်းအင်များ၊ တည်ငြိမ် သွားသည်။

“ ဟား ဟား ဟား ... ၊ မကြည့် မနေ ကြနဲ့၊ လာ လူတိုင်း အတွက်၊ ဟင်းရည်တွေ လောက် တယ်။ ”

လင်းယွန်က ရယ်မောကာ ဖိတ်ခေါ်လိုက် သဖြင့်၊ လူအုပ်က ရှေ့တိုး လာသည်။ ဟင်းရည် တစ်ငုံ မြည်းစမ်း ပြီးနောက်၊ မျက်နှာ နီရဲ လာပြီး၊ ချီးမွမ်း မိကြသည်။

“ အိုး ... ၊ ဒါက အစွမ်းထက် လွန်းတယ်၊ ငါတကယ်ပဲ အောင်မြင်မှု တစ်ခုကို ရသွားပြီ။ ”

“ ကျေးဇူး တင်ပါတယ် ... ၊ သခင်လေး လင်း။ ”

အိုးထဲတွင် နှစ်တစ်ထောင် အသီး အနှံ (၁၀)မျိုး ထည့်ထား သဖြင့်၊ ဟင်းချိုသည် သူတို့ ကျင့်ကြံမှု အပေါ်၊ များစွာ သက်ရောက်မှု ရှိ၏။

ရုတ်တရက် ဟင်းချို သောက် နေသော လူငယ် တစ်ယောက်မှာ၊ နှာခေါင်းမှ သွေးများ ထွက်ကျ လာသည်။

“ ဟား ဟား ဟား ... ၊ မင်းက အား အရမ်းနည်း နေပြီ။ ”

“ ဟုတ်တယ်၊ မင်း ... ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ၊ မဟုတ်ရင် အိပ်ယာဝင် စွမ်းရည်၊ ကျဆင်း နေမယ်။ ”

ထိုလူငယ်နှင့် ရင်းနှီးသော လူများက ရယ်မောလျက်၊ ပြက်လုံး ထုတ်လိုက် ကြသည်။ သူတို့ စကားကြောင့်၊ လူငယ် မျက်နှာမှာ နီရဲ လာပြီး၊

“ အကြာကြီး မစွမ်းဆောင် နိုင်ဖူးလို့ ဘယ်သူ ပြောလဲ။ ”

-ဟု ပြန်မေး လိုက်သည်။

“ ဟား ဟား ဟား ... ၊ ဘယ်သူ ... ပြောရ မှာလဲ မင်း ပဲလေ၊ ဟိုတုန်းက သုံးမိနစ်ပဲ ခံတယ် လို့၊ မင်းပဲ ပြောခဲ့တာ မဟုတ် ဖူးလား။ ”

“ ဟုတ်တယ် ... ၊ မင်း မြန်လွန်းလို့ မိန်းမက မင်းကို ကြယ် ငါးပွင့်တောင် ပေးချင် သေးတယ် လို့၊ မင်း ပြောခဲ့တာ ငါလည်း ကြားတယ်။ ”

ယောက်ျား အားလုံး ရယ်စ ပြုလာပြီး အမျိုး သမီး ကျင့်ကြံသူ အချို့က ပြုံးကာ၊ ထိုလူငယ်ထံ ခိုးကြည့် လိုက်ကြသည်။

“ မဟုတ်တာ မပြောနဲ့၊ ငါ အဲဒီလောက် မမြန်ဘူး။ ”

လူငယ် ခမျာ ရှက်ရွံ့ စွာဖြင့် ငြင်းဆန် လိုက်သည်။ ယင်းကပင် လူအုပ်ကို ပို၍ပင်၊ ရယ်မော လာစေ၏။

“ ဟား ဟား ဟား ... ။ ”

ထို့စဉ် အမည်ခံ သူတော်စင် အသီး အနှံများ သတင်းကို၊ သွားရောက် စုံစမ်း နေသော လူစုမှာ စိတ်လှုပ်ရှား စွာဖြင့်၊ ပြန်ရောက် လာသည်။

“ သခင်လေး လင်း၊ ငါတို့ သိလာပြီ။ ”

“ နှစ်ပေါင်း ငါးထောင် သက်တမ်း ရှိတဲ့၊ နဂါးမောက် သီးပဲ။ ”

“ ဂိုဏ်းကြီးတွေ အချင်းချင်း လက်တွဲပြီး၊ သူတို့က ကျွန်းပေါ်က လူတိုင်းကို နှင်ထုတ် နေ ကြတယ်၊ အရွက် တစ်ရွက် ကတင်၊ ကြက်သွေး ရောင် သွေး သစ်သီးနဲ့ ညီမျှတယ်။ ”

နဂါးသွေး ပါသော နဂါးမောက် သီး၏ သတင်းမှာ၊ လင်းယွန်ကို ရွှင်ပြလာ စေသည်။

“ ဘာတွေလဲ အရမ်း မွှေးတာပဲ။ ”

စကား စမြည် ပြောနေ ကြစဉ်၊ အိုးထဲမှ ထွက်လာသော ရနံ့ကို သတိထား မိကုန်သည်။ လူအုပ်မှ ငါး ဟင်းချို အကြောင်း ပြန်ပြောင်း ပြောပြ လိုက်သော အခါတွင်၊ နှမျော စိတ်ဖြင့် မျက်နှာများ ပြောင်းလဲ သွား၏။

အိုးထဲ၌ ဟင်းရည်မှာ ကုန်နေပြီ ဖြစ် သောကြောင့်၊ ပို၍ ငိုချင် သွားသည်။ သူတို့မှ အားစိုက် ပေးခဲ့ သော်လည်း၊ ဟင်းချို တစ်လုတ်ပင် မသောက် ရခေျ။

“ သခင်လေး လင်း၊ အမည်ခံ သူတော်စင် သစ်သီး အတွက်၊ ပြိုင်ဆိုင် မှုက သွေးလွှမ်းမှာ အမှန်ပဲ၊ သတိ ထားရမယ်။ ”

လင်းယွန် အကျင့် စရိုက်ကို၊ သဘောကျ သူအချို့က အန္တရာယ်များ လွန်းသဖြင့်၊ သတိ ပေးလာ ကြသည်။

“ မင်းတို့ရဲ့ စေတနာ အတွက်၊ ကျေးဇူး တင်ပါတယ်၊ ငါက ယှဉ်ပြိုင် မှာမို့ ကြောက်စိတ် မရှိတာ သဘာဝ ပါပဲ၊ မိုးကြိုး ဂိုဏ်းက တပည့် တွေနဲ့ တေွ့ရင်လည်း၊ ငါ သွားတဲ့ အရပ်ကို ညွှန်ပြ လိုက်ပါ။ ”

လင်းယွန်က ပြုံးပြီး၊ ပြောလိုက်သည်။ မီးကျွင်း မီးကျန် များကို ချန်ထား မိခဲ့ ပါက၊ လောဟွာ တစ်ယောက် ဒေါသ ထွက်မည်မှာ သေချာသည်။

သို့သော် ၎င်းတို့အား စောင့်နေရန် အချိန် မရှိသောကြောင့်၊ လူတိုင်းမှ သူ့ ဦးတည် ရာထံ ညွှန်ပြရန်၊ တောင်းဆို မိခြင်း ဖြစ်၏။

“ သွား ရအောင်၊ မင်းတို့ ငါ့ကို လမ်းပြ မလား။ ”

လင်းယွန်မှ စုံစမ်း ပေးလာသော လူအချို့ထံ မေးလိုက်သည်။

“ အဆင် သင့်ပဲ။ ”

ရဲရင့်သူ များက ရယ်မော လိုက် ကြပြီး၊ မြှောက်ပင့် ချီးကျူး လေသည်။ လင်းယွန်အား ဤလူ များမှ၊ အသုံးပြု နေခြင်း ဖြစ်သည်ကို မြင်မိသော၊ အခြား လူများက၊ ခေါင်းယမ်း လိုက်ကြ၏။

လင်းယွန် ထွက်သွားပြီး တစ်နာရီ အကြာတွင် မိုးကြိုး ဂိုဏ်း၏ တပည့်များ ပြန်ရောက် လာသည်။

ပင်လယ် ကြမ်းပြင် အောက်ရှိ အုပ်စိုးရှင် အဆင့်၊ သားရဲ တစ်ကောင်ကို သတ်ပြီး၊ နှစ် ရာကျော် သက်တမ်း ရှိသော သားရဲ အမြုတေအား၊ ရယူ နိုင်ခဲ့သည်။

“ ဂျူနီယာ ညီမလေး ငါတို့ ပြန်လာပြီ။ ”

ပြုံးရွှင် စွာဖြင့် အော်ဟစ်စဉ်၊ ရက်ရက် စက်စက် အသတ်ခံ ထားရသော အလောင်းကို တွေ့သွား၏။

အလောင်းကို မြင်ပြီးနောက်၊ တစ်ဖွဲ့လုံး ဒေါသ ပေါက်ကွဲ လာသည်။ လူသတ် လိုသော အငွေ့ အသက် များက၊ ကျွန်းတစ်ခု လုံးကို ချက်ချင်း ဖုံးလွှမ်း သွား၏။

များမကြာမီ လူ အချို့ကို ဖမ်းဆီး စစ်ဆေး လိုက်ရာ၊ လင်းယွန်နှင့် ပတ်သက်သည့် သတင်း အချက် အလတ် များ၊ ရရှိ လာသည်။

“ လင်းယွန် ... ၊ ဒီနာမည်ကို ငါ မကြား ဖူးဘူး၊ သူ ဘယ်က လာတာလဲ။ ”

“ လျှပ်စီး တိမ်လွှာ ဓားဂိုဏ်း ဟုတ်လား၊ အဲဒါက ချောင်ချို ချောင်ကြားက ကျေးလက် ဂိုဏ်းလေး မဟုတ်လား၊ သူတို့က တကယ်ကို သေချင် နေကြ တာပဲ။ ”

နဂါးမောက်သီး ရှိရာသို့၊ လင်းယွန် တစ်ယောက် သွား နေသည် ဟူသော သတင်း ကို သူတို့ မယုံချေ။

လမ်းလွှဲကာ၊ ဂိုဏ်းသို့ ပြန်ပြေးပြီး၊ ပုန်းအောင်း နေရ မည်ဟု၊ ယူဆ လိုက်ကြသည်။

“ စီနီယာ အစ်ကို လန်ခုန်း၊ ဒါကို ငါတို့ ငုံ့ခံနေလို့ မဖြစ်ဘူး ...၊ တိမ်လွှာ ဓားဂိုဏ်း ဆီကို သွားမှ ရမယ်။ ”

“ ဟုတ်တယ် ... ၊ သူတို့ အားလုံးကို မသတ်နဲ့၊ သေချင်တဲ့ စိတ်ပေါက် လာအောင် နှိပ်စက် ရမယ်၊ သွေးကြွေးကို သွေးနဲ့သာ ပေးချေ ခိုင်းမယ်။ ”

ဒေါသ တကြီးနှင့် တစ်ယောက် တစ်ပေါက် ပြောဆို လာကြသည်။ ဂျူနီယာ ညီမလေး ခမျာ၊ အမည်မဲ့ လူတစ်ယောက် လက်ချက်ဖြင့်၊ သေဆုံး ရလိမ့် မည်ဟု၊ မမျှော်လင့် ထားမိချေ။

ထို့ကြောင့် တိမ်လွှာဓား ဂိုဏ်းကို အမှုန့် ချေရ ပေမည်။ လန်ခုန်းက သူတော်စင် ဓားကျိုး များကို ကြည့်ကာ၊ အတွေးနက် သွားသည်။

ဤဓားကို လက်နှစ် ချောင်းဖြင့်၊ ချိုးပစ် နိုင်သော ထိုလင်းယွန် ဆိုသူမှာ၊ ရိုးရှင်းမည် မဟုတ်ကြောင်း၊ နားလည် လိုက်သည်။

“ အရင်ဆုံး တိမ်လွှာဓား ဂိုဏ်းကို ရှာ ရအောင် ... ၊ ဒီကောင်နဲ့ သူ့အဖော် တွေကို၊ ဂျူနီယာ ညီမ သေဆုံးမှု အတွက်၊ ပေးချေ ခိုင်းရမယ်။ ”

လန်ခုန်းက သူတော်စင် ဓား အပိုင်း အစ အချို့ကို ကောက် ကိုင်ကာ၊ အမှုန့် ဖြစ်အောင် ကြိတ်ချေ ပစ် လိုက်၏။

သူတော်စင် ရူရ်များ မရှိတော့ သော်လည်း၊ ဓားကျိုး အပိုင်း အစမှာ၊ မာကျော လှဆဲ ဖြစ်ပြီး၊ မည်သူ မဆို ဤသို့ လုပ်ဆောင် နိုင်မည် မဟုတ်ပေ။

သည်မြင်ကွင်းကို မျက်ကွယ် အရပ်မှ၊ စောင့်ကြည့် နေသူ များမှာ ထိတ်လန့် စွာဖြင့်၊ မျက်နှာများ ပြောင်းလဲ သွားသည်။

***

All Chapters