← Chapters

နတ်ဆိုး။

Vol. 91 Ch. 1262

နတ်ဆိုး။

Vol. 91 Ch. 1262

မိုးကြိုး ဂိုဏ်း၏ တပည့် များမှ၊ ကလဲ့စား ချေရန် လာ သည်ကို၊ တွေ့လိုက် ရသော အခါ၊ အနားရှိ လူများ အားလုံးက၊ စိုးရိမ် သွားသည်။

“ လျှပ်စီး တိမ်လွှာဓား ဂိုဏ်းတော့ ... သွားပြီ၊ သူတို့ တစ်ယောက်မှ အသက် မရှင်မှာ စိုးမိ တယ်။ ”

“ လန်ခုန်း တစ်ယောက် တည်း နဲ့တင် ... ၊ သူတို့ အားလုံးကို အနိုင်ယူ ချေမှုန်း နိုင်မယ်လို့ ငါထင်တယ်။ ”

“ လင်းယွန်က ... မိုးကြိုး ဂိုဏ်းကို မစော် ကား သင့်ဘူး၊ အမည်ခံ သူတော်စင် သစ်သီးကို မရခင်၊ ဂိုဏ်းကြီး တွေကို ရန်စတာ ပညာ မဲ့ရာ ကျတယ်။ ”

သူတို့ အားလုံးသည် လင်းယွန်ကြောင့်၊ အကျိုး ကျေးဇူးများ ရရှိထား သဖြင့်၊ သူ့ဂိုဏ်း အနိုင်ကျင့် ခံရ ခြင်းကို မမြင်လို ကြပေ။

သို့သော် သူတို့၏ ခွန်အားမှာ၊ အကန့် အသတ်ရှိ သဖြင့် မကူညီ ဝံ့သည်မှာ၊ သဘာဝ ပေပင်။

“ လိုက် ကြည့် ရအောင်၊ လွန်လွန် ကျွံကျွံ မလုပ်ဖို့ မျှော်လင့် ရတာပဲ။ ”

လူ အများ စုမှာ၊ တုံ့ဆိုင်း နေကြ သော်လည်း၊ စူစမ်းလို စိတ်များ ရှိနေ ကြဆဲ ဖြစ်သည်။

မိုးကြိုး ဂိုဏ်းသာ အလွန် အကြူး လုပ်ဆောင်လာ ပါက၊ အရည် အတွက်နှင့်၊ ဟန့်တား ပေးရန်၊ ဆန္ဒ ရှိနေ ကြ၏။

မည်သူ မဆို မရသာ ရှိလွန်းသော လင်းယွန်၏ ဟင်းချိုမျိုး သောက်ပြီး ပါက၊ မျက်နှာ လွှဲနိုင်မည် မဟုတ်ချေ။

လန်ခုန်းနှင့် သူ့ အဖွဲ့သည် သတ်ဖြတ် လိုသော ရည်ရွယ်ချက် များကို ထုတ်ဖော် ထား ကြပြီး၊ ဟန့်တား လာသူတိုင်း အပေါ်၊ ချက်ချင်း တိုက်ခိုက်ရန် စိတ်ပိုင်း ဖြတ် ထား၏။

“ ထွက် သွား စမ်း ... ။ ”

လမ်း တစ်လျှောက် မြင်မြင် သမျှသော ကျင့်ကြံသူ တိုင်းကို၊ ရိုက်နှက် ကြိမ်းမောင်း ကြ လေသည်။

“ မိုးကြိုး ဂိုဏ်းရဲ့ တပည့်တွေ ရူးသွားပြီ။ ”

“ ဘယ်သူက ... သူတို့ကို စော်ကား လိုက်လို့လဲ၊ ဒီလောက် ဒေါသ ထွက်နေတာ တစ်ခါမှ၊ မမြင် ဖူးဘူး။ ”

အကြောင်း မသိ သေးသော လူများက၊ ကြောက်ရွံ့ မှုဖြင့် အချင်းချင်း ဆွေးနွေး မိကြ သည်။ ၎င်းတို့အား ကြည့်ရုံဖြင့် ယနေ့ သွေး ချောင်းစီး မည်ကို ပြောနိုင်၏။

များမကြာခင် လင်းယွန် အမည် ရသော ဓားသမားသည်၊ မိုးကြိုး ဂိုဏ်းမှ တပည့် တစ်ဦး ကို၊ သတ်ဖြတ် ခဲ့မှန်း သိလာသည်။

သို့သော် မိုကြိုး ဂိုဏ်း၏ ထိုတပည့် သည်သာ၊ ပြဿနာကို စတင် ခဲ့သူ ဖြစ်ကြောင်း၊ တစ်စုံ တစ်ဦးမှ၊ ချက်ချင်း ရှင်းပြ ပေ၏။။

လင်းယွန်အား ခိုးဝင် တိုက်ခိုက် ရာ၌ မအောင်မြင် သဖြင့်၊ သူ့ ဂိုဏ်းနှင့် ခြိမ်းခြောက် လိုက်ရာ၊ အသတ် ခံရခြင်း ဖြစ်သည်။

မည်သူ မည်ဝါပင် မသိသော ဓားသမား တစ်ယောက်သည်၊ သူတော်စင် ဓားကို ချိုးကာ၊ မိုးကြိုး ဂိုဏ်း၏ အမာခံ တပည့်မ တစ်ဦးအား သတ်ခြင်းသည်၊ မယုံ နိုင်ဖွယ် အမှု ပေပင်။

မိုးကြိုး ဂိုဏ်း ဟူသည်၊ ရှေးဟောင်း ပျက်သုဉ်း မြေ၌ပင်၊ အင်အားကြီး ဂိုဏ်း အဆင့် သို့၊ ဝင်ရောက် နိုင်လုလု ဖြစ်၏။

၎င်းတို့တွင် အင်ပါ ရီယန် အဆင့် အတွင်း ဝင်သော ပါရမီရှင် များကို ယှဉ်ပြိုင် နိုင်သည့်၊ တုကူယွင် ကဲ့သို့သော ပါရမီ ရှင်များ ရှိသည်။

သည့်အပြင် ထူးဆန်းသော တပည့် ဆယ်ယောက်ဖြင့်၊ ဤနယ်မြေ တစ်ခု လုံးကို သိမ်းပိုက် ခဲ့သည်မှာ၊ လေးစား စရာ ဖြစ်၏။

၎င်းတို့ ထိန်းချုပ်ရာ ကျွန်း၌ ရတနာ ရရှိ သူတိုင်း၊ လွှဲပြောင်း ပေးအပ် ရမည် ဟူသော အမိန့်ကို ချမှတ် ခဲ့သည်။

မလိုက်နာ သူ တိုင်းကို သတ်ဖြတ်ကာ၊ ကျွန်းအား တားမြစ် နယ်မြေ အဖြစ် ပြောင်းလဲ လိုက်၏။

ယခုမူ လင်းယွန်မှ ၎င်းတို့၏ အမာခံ တပည့်မ တစ်ဦးကို သတ်ခြင်းဖြင့်၊ တိမ်လွှာဓား ဂိုဏ်း အတွက် ကံဆိုး မိုးမှောင် ကျရပေ တော့မည်။

တိမ်လွှာ ဓားဂိုဏ်း စခန်းချရာ အရပ်၌၊ လောဟွာမှာ ကျောက်တုံး တစ်တုံး ပေါ်တွင်၊ ငြိမ်သက်စွာ ထိုင်နေသည်။

သူမ စိတ်နေ စိတ်ထားကြောင့်၊ မည်သူ တစ်ဦး တစ်ယောက်မျှ၊ အနား မကပ် ဝံ့ချေ။ တစ်ဖက်တွင် ခရမ်းရောင် ဝတ်ရုံစ တဖျပ်ဖျပ် လွင့်လျက်၊ ယဲ့ဇီလင်မှ အဝေးသို့ ငေးနေသည်။

ညာလက်တွင် ဓားတစ်လက် ကိုင်ထားပြီး၊ အေးစက်သော အလှက၊ သူရဲကောင်း ဆန်သော ရောင်ဝါကို တိုးပွား လာစေ၏။

အဝေးကို ငေးကြည့် နေသည့် သူမ အသွင်က၊ ပြီးပြည့်စုံသော ပန်းချီကား တစ်ချပ် အလား ပေပင်။

“ မှောင်နေပြီ ... ၊ ညီလေး လင်းလည်း မလာသေး ပါလား၊ ကြည့်ရတာ ... လောဘကို အတော မသတ် နိုင်ဖူး ထင်တယ်။ ”

“ ညီအစ်ကို လင်းကို၊ ငါ တကယ် မနာလို မိဘူး၊ သူ့လို ယုံကြည် မှုမျိုး ... ဘယ်တော့များ ရနိုင် မလဲ။ ”

“ ဟဲဟဲ ... ၊ ဘာတွေ ပြောနေ တာလဲ၊ မင်းတို့ နတ်နဂါး ရောင်ဝါကို သန့်စင်ပြီး ပြီလား၊ နတ်နဂါး ရောင်ဝါက တကယ်ပဲ အခြေခံ အုတ်မြစ်ကို ခိုင်ခံ့ စေတယ်။ ”

ကျန်းလိချန်၊ ဖုန်းကျွယ်နှင့်၊ လျူချင်းယန် တို့က ရောက်တက် ရာရာများ ပြောဆို နေကြ သည်။

“ အစ်ကို ကျန်း၊ တစ်ယောက် ယောက် လာနေတယ်၊ သွားကြည့် လိုက်ဦး။ ”

ထို့စဉ် ယဲ့ဇီလင်မှ မျက်မှောင် ကြုတ်လျက်၊ ရုတ်တရက် သတိပေး လာသည်။

“ ဘယ် သူ များ လဲ။ ”

ကျန်းလိချန်မှ မတ်တပ်ရပ် လိုက်သည်။ ရုတ်တရက် သိပ်သည်းသော သတ်ဖြတ် လိုခြင်း ရည်ရွယ် ချက်ကို၊ ခံစား လိုက်ရသည်။

သတ်ဖြတ်ခြင်း အရှိန် အဝါကို လွှမ်းခြုံ ထားသော လူတစ်စု အဝေးမှ ပျံသန်း လာနေ ၏။ ၎င်းတို့ နောက်တွင် လူအုပ် စုကြီး တစ်ခုလည်း၊ လိုက်ပါ လာသည်။

ဤမြင်ကွင်းက ကျန်းလိချန်ကို မျက်နှာ ပြောင်းလဲ သွားစေ တော့သည်။ လျူချင်းယန် နှင့် ဖုန်ကျန်းက သူ့ဘေးသို့၊ ချက်ချင်း လှမ်းတက် လာသည်။

“ ဘယ်သူ တွေလဲ။ ”

“ မသိဖူး ... ၊ သွားကြည့် ရအောင်။ ”

ကျန်းလိချန်မှ ခေါင်းယမ်း ပြကာ၊ လေးနက်သော အမူ အရာဖြင့်၊ ရှေ့လှမ်းတက် လိုက်သည်။

များမကြာခင် လန်ခုန်းနှင့် အဖွဲ့က အနား ရောက်ရှိ လာပြီး၊ ကျန်းလိချန် တို့အား ရန်လိုစွာ စိုက်ကြည့် လာ တော့၏။

***

All Chapters