နတ်ဆိုး (၂)။
Vol. 91 Ch. 1263
“ ဒီနေရာမှာ သွေးချောင်း စီးတော့မယ် ထင်တယ်။ ”
“ သနား စရာပဲ၊ အိုး ... ဟိုမှာ ကြည့်စမ်း ... အဲဒီ မိန်းမ ကလေး နှစ်ယောက်က တကယ့်ကို လှလိုက်တာ။ ”
လန်ခုန်းတို့ နောက်မှ လိုက်ပါ လာသော လူအုပ်ကြီးက ခေါင်းယမ်းပြီး၊ သက်ပြင်းချ ကုန် သည်။
“ ငါတို့ ... မင်းတို့ အပေါ်၊ ကူညီ နိုင်တာ တစ်ခုခု ရှိလား၊ ငါ့ နာမည်က ကျန်းလိချန်ပါ၊ တိမ်လွှာဓား ဂိုဏ်းရဲ့ တပည့် ကြီးပဲ။ ”
“ ရှိတယ် ... ၊ မင်းတို့ ဒူးထောက်ပြီး သနား ခံလိုက်ပါ။ ”
အဖွဲ့ကို ဦးဆောင် လာသော အနက်ဝတ် လူငယ်မှ၊ ကျန်းလိချန် မေးခွန်းအား ပြန်ဖြေ လာသည်။ ထိုလူငယ်မှာ လန်ခုန်း ဖြစ်၏။
“ မင်းတို့ကို ... မစော်ကား ခဲ့ဖူးလို့ ငါ ထင်တယ်။ ”
ကျန်းလိချန်မှာ ဒေါသအား ထိန်းလျက် သေချာအောင်၊ ထပ်မေး လိုက်သည်။ ဤလူငယ် များသည်၊ သူ့အား စိတ်မသက် မသာ ဖြစ်စေ၏။
“ မင်းတို့ လုပ်ဝံ့ပြီး၊ ဝန်မခံ ရဲဖူးလား။ ”
လန်ခုန်းက ဒေါသဖြင့် ကျန်းလိချန်အား ကျော်ကြည့်ကာ၊
“ လင်းယွန် ဘယ်မှာလဲ၊ သူ ငါတို့ မိုးကြိုး ဂိုဏ်းရဲ့၊ အမာခံ တပည့်မ တစ်ဦးကို သတ်ပြီး၊ သူတော်စင် ဓားကို ချိုးသွားတယ်။ ”
“ အဲ့ဒီတော့ ... ၊ မင်းက ဘာဖြစ် ချင်လဲ။ ”
ကျန်းလိချန်မှ အကြောင်း ရင်းကို နားလည် သွားပြီး၊ ချက်ချင်း ပြန်မေး လိုက်၏။ ပြတ်သား လွန်းသော သူ့ လေသံကြောင့်၊ လန်ခုန်း ခမျာ ဆွံ့အ သွားသည်။
မည်သို့ ဆက်ပြော ရမည်ကို စဉ်စား နေစဉ်၊ အနီး နားတွင် စုရုံး နားထောင် နေသော လူအုပ် သည်လည်း၊ တိတ်ဆိတ် သွား၏။
လမ်း တစ်လျှောက် တိမ်လွှာဓား ဂိုဏ်းမှ တောင်းပန် လိမ့်မည်ဟု တွေးတော လာမိရာ၊ ကျန်းလိချန်၏ တုန့်ပြန် မှုကြောင့်၊ အိုးတိုး အမ်းတမ်း ဖြစ်သွား ကြသည်။
အဖြစ် အပျက် များကို၊ တစ်ချက် မျှပင်၊ ပြန်လည် မေးမြန်းခြင်း မရှိ ခဲ့ဘဲ၊ ရန်လိုသော အသွင်ကို၊ တိုက်ရိုက် ပြသ လာသည်။
ဤအရာက တိမ်လွှာဓား ဂိုဏ်း အပေါ်၊ အမြင် သစ်ဖြင့် ရှုမြင် လာစေ၏။ တွေဝေခြင်း မရှိ ဝန်ခံပြီး၊ ကြောက်လန့်ခြင်း မရှိ ခဲ့ချေ။
“ အမျိုး သမီး တွေကို မထိနဲ့၊ ကျန်တဲ့လူ အကုန်သတ်။ ”
နောက်ဆုံးတွင် လန်ခုန်းမှာ လိုရင်းအား တိုက်ရိုက် အမိန့်ပေး လိုက်သည်။
“ အတွေး တူတယ်၊ ဒီနေ့ ... ၊ မိုးကြိုး ဂိုဏ်းကို စော်ကား ခြင်းရဲ့၊ အကျိုး ဆက်ကို ... လင်းယွန် သိပါစေ။ ”
စကားဆုံး သည်နှင့်၊ လူငယ် တစ်ဦးက လက်ဖဝါးကို တွန်းထုတ် လာသည်။ လက်ဖဝါး နောက်ကွယ်မှ စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းပြီး၊ လျှပ်စီးနှင့် မီးများ ပါဝင်၏။
လျှပ်စီးနှင် မီး ရည်ရွယ်ချက် ပေါင်းစပ် လိုက်ပြီးနောက်၊ မရိုး ရှင်းသော လက်ဖဝါး ကြီး တစ်ဖက်၊ ဖြစ်ပေါ် လာသည်။
“ ဝှစ် ... ။ ”
သို့သော် ကျန်းလိချန်မှာ ထိတ်လန့်ခြင်း မရှိဘဲ၊ ကြယ်စွမ်းအင်ကို ဖြန့်ကျက်ပြီး၊ ထိုလက် ဖဝါးနှင့် ထိပ်တိုက် ရင်ဆိုင် လိုက်သည်။
“ ဘုန်း ... ။ ”
လက်ဖဝါး နှစ်ဖက် ရိုက်မိ သွားကာ၊ ကျယ်လောင်သော ပေါက်ကွဲ သံကြီး တစ်သံ ထွက်ပေါ် လာသည်။
ကျန်းလိချန် ဆံပင်များ လေထဲ ဟုတ်ခနဲ လွင့်ပျံ သွား သော်လည်း၊ ခြေ တစ်လှမ်း မျှပင် မဆုတ် လိုက်ရချေ။
အခြား တစ်ဖက်တွင် တိုက်ခိုက် လာသော လူငယ်မှာ၊ ခြေလှမ်း များစွာ နောက်ပြန် ဆုတ် သွားရသည်။
“ မင်း ... သေချင် နေတာပဲ။ ”
လူငယ်က ရှက်ရွံ့ သွားပြီး၊ နောက်ထပ် တိုက်ခိုက်မှု များကို ထုတ်ဖော် တော့၏။ ဤ တစ်ကြိမ်တွင် သူ့နက္ခတ် ကိုပင်၊ ဆင့်ခေါ် ထားပေသည်။
“ ငါ ... တာဝန် ယူလိုက်မယ်။ ”
ကျန်းလိချန်မှ လက်တုံ့ ပြန်တော့မည့် အချိန် မှာပင်၊ ယဲ့ဇီလင် တစ်ယောက် ရိပ်ခနဲ ပြေးတက် လာခဲ့သည်။
ခရမ်းရောင် မီးလျှံ များက ပန်း တစ်ပွင့် အဖြစ်၊ ထွက်ပေါ် လာပြီး၊ ပတ်ဝန်း ကျင်ကို နေ့ အလား၊ လင်းပ သွားစေ၏။
သူမ တိုက်ခိုက် လိုက်သော အခါတွင်၊ ခရမ်းရောင် ဝတ်ရုံမှာ၊ ရင်သပ် ရှုမောဖွယ် ခြေတံ အလှကို၊ ထင်ပေါ် လာစေသည်။
လက်ဖဝါးကို တွန်းထုတ်ပြီး၊ တိုက်ခိုက် လာသူ၏ နက္ခတ်အား၊ ချက်ချင်း ဖျက်ဆီး ပစ် လိုက်သည်။
“ ဝှစ် ... ။ ”
နောက်တစ် စက္ကန့်တွင် ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်း တစ်ခု ဖြစ်ပွား လာခဲ့၏။ မိုးကြိုး ဂိုဏ်းမှ လူငယ်၏ ညာလက်သည် ပခုံးမှ ပြတ်ထွက် သွားခြင်း ဖြစ်သည်။
“ အား ... ။ ”
ယင်းကြောင့် လူငယ်မှာ၊ မြေပြင်ပေါ် လဲကျ သွားပြီး၊ နာကျင် စွာဖြင့်၊ လူးလိမ့် အော်ဟစ်နေ ခဲ့သည်။
“ အား ... ငါ့လက် ... ။ ”
“ ညီလေး ချောင်။ ”
ကျန်တပည့် များက မျက်နှာ ပြောင်းလဲ သွားပြီး၊ ယဲ့ဇီလင် ထံသို့ ပြိုင်တူ ကြည့်လိုက် မိ လေသည်။
“ နင် ... ။ ”
ချက်ချင်းပင် အုပ်စုလိုက်၊ ယဲ့ဇီလင်ထံ ပြေးဝင် လိုက်ကြ၏။ သို့သော် ယဲ့ဇီလင်မှ နှင်း သူတော်စင်၊ မျိုးဆက် သွေးကို ဖြန့်ကျက်ကာ လက်တုန့် ပြန်လေသည်။
မျိုးဆက် သွေး အသက်ဝင် လာသည်နှင့်၊ သူမ မျက်ဝန်း အတွင်းရှိ နှင်းပန်း များက အေးခဲ သွားသည်။
သည့်နောက် ပန်းတစ်ပွင့် လေထု အလယ် ဖြစ်တည် လာပြီး၊ အလင်း ရောင်များ ဖြာထွက် လာတော့၏။
ထိုအလင်း လှိုင်းများက မိုးကြိုး ဂိုဏ်း၏ တပည့်များ အားလုံးကို ချက်ချင်း လွင့်စဉ် သွား စေသည်။
ထိုသူများ အားလုံး ဒဏ်ရာ များဖြင့်၊ ဖုံးလွှမ်းကုန်ပြီး၊ သွေးများ ချက်ချင်း ခဲကုန်ကာ၊ တိုက်ပွဲဝင် စွမ်းအားများ ဆုံးရှုံး သွားသည်။
ဤစွမ်းအားက ရပ်လျက် ကျန်ရှိ နေသော မိုးကြိုး ဂိုဏ်း၏ တပည့် နှစ်ဦးကို၊ ကြောက်ရွံ့ သွား စေ၏။
နောက်ပါး ထံမှ လိုက်ပါ ကြည့်ရှု နေကြသော လူအုပ်မှာ၊ သည်မြင်ကွင်း ကြောင့် ပါးစပ် အဟောင်းသား ဖြစ်ကုန်သည်။
ဤအမျိုး သမီး၏ စွမ်းအားမှာ၊ မယုံနိုင် စရာ ကောင်းလောက်အောင်၊ အားကောင်း နေသဖြင့် တိမ်လွှာ ဓားဂိုဏ်း၏ မူလအား၊ ပြန်လည် တွေးတော လာမိသည်။
လင်းယွန်မှ အမျိုး သမီး တစ်ဦး ကိုပင်၊ သတ်ပစ်ရန် တစ်ချက် မတွန့်ဆုတ် ခဲ့ကြောင်း၊ သူတို့ အားလုံး ကြားသိ ရသည်။
သို့သော် ဤမိန်းကလေးသည် ထိုလင်းယွန် ထက် ပို၍ ရက်စက် လှသဖြင့်၊ မကောင်း ဆိုးဝါး တစ်ကောင် အလား၊ ထင်မြင် လာမိ၏။
သူတို့ မဆိုနှင့်၊ ကျန်းလိချန်၊ ဖုန်ကျန်းနှင့် လျူချင်းယန် တို့သည်ပင်၊ နှုတ်ခမ်းများ တုန်ခါ ကုန်သည်။
သူတို့၏ စီနီယာ အစ်မသည် တိမ်လွှာဓား ဂိုဏ်းတစ်ခု လုံးကို သူမ ပုခုံးဖြင့်၊ တစ်ချိန်လုံး ထမ်းပိုး ထားရသူ တစ်ဦး ဖြစ်၏။
ထို့ကြောင့် သူမ၏ ဆုံးဖြတ်ချက်သည် မည်သည့် တပည့် များထက် မဆို၊ ပြတ်သား ပေသည်။
ယခုမူ ပို၍ ကြမ်းတမ်းကာ၊ ပို၍ ပြတ်သား လာ၏။ စစ်မြေ ပြင်တွင် ရောက်ရှိ နေသော၊ စစ်သူကြီး တစ်ဦးနှင့် တူလာသည်။
လန်ခုန်းမှာ လုံးဝ အံသြ သွားပြီး၊ မှင်တက်လာ မိသည်။ သည့်နောက် ဘေးတွင် ရပ်နေသည့်၊ တပည့်အား အချက်ပြ လိုက်သည်။
ထိုတပည့်က လောဟွာထံ ကျော်ကြည့် လေသည်။ အသွင် အပြင် အရ၊ ထိုမိန်းကလေး တွင်၊ မြင့်မားသော အဆင့် အတန်း ရှိရ မည်ကို၊ သူ ခံစား မိ၏။
ယင်းကြောင့် ၎င်းအား ဖမ်းနိုင် ပါက၊ ယဲ့ဇီလင်အား ထိန်းချုပ် နိုင်မည်ဟု ယုံကြည် လာသည်။
သို့သော် ခြေလှမ်း မလှမ်း နိုင်ခင် မှာပင်၊ လောဟွာက လှည့် မကြည့်ဘဲ၊ လက်ဖဝါးအား သူ့ထံ တွန်းထုတ် လာ၏။
“ ခ ရစ် ... ။ ”
ဤအရာက ထိုလူငယ်ကို ရှိနေသည့် အရပ်၌၊ ချက်ချင်း အေးခဲ သွားပြီး၊ ရေခဲ ရုပ်တု အလား၊ ကွဲအက် သေဆုံး သွားစေ တော့သည်။
သည်ဖြစ်စဉ်ကြောင့် လူအုပ် ကြီးမှာ နောက်တစ်လှမ်း အလိုလို ဆုတ်လိုက် မိ၏။ နှလုံးသားများ ပေါက်ထွက် လုနီးပါး၊ ခုန် လာသည်။
သတ်ရန် အရိပ် အယောင် မျှပင် မပြဘဲ၊ အသက် တစ်ချောင်းကို အလွယ် တကူ နှုတ်ယူ သွားပြန်သည်။
ဤမကောင်း ဆိုးရွား တသိုက်သည် မည်သည့် အရပ်မှ လာကြ သည်ကို၊ သိချင်လာ မိတော့၏။
အကြည့်များ သူ့ထံ ကျဆင်း လာသဖြင့်၊ လန်ခုန်း တစ်ယောက် တုန်ယင် သွားလေသည်။ ဤအခိုက်တွင် အမှား တစ်ခုကို ကျူးလွန်ခဲ့ မိကြောင်း၊ နားလည် လာသည်။
မဆိုင်း မတွဘဲ လှည့်ကာ ပြေးမိသည်။ ဤအရပ်သည် မကောင်း ဆိုးရွားများ နေထိုင် ရာ အရပ် ဖြစ်၏။ ပြေးနိုင်မှ လွတ်ပေမည်။
“ လွှတ်လိုက်ပါ ... ၊ ကိုယ့် အမှိုက် ကိုယ် မရှင်းဘဲ၊ ဘယ်လို ပြဿနာ ရှာရ မလဲပဲ၊ သိတဲ့ လူကို သင်ခန်းစာ ပေးဖို့ အချိန် ကျပြီ။ ”
လောဟွာမှ လှမ်းပြောသည်။ ယင်းက လင်းယွန်ကို ရည်ရွယ်ကာ ဒေါသ ထွက်နေမှန်း၊ ကျန်းလိချန်တို့ သုံးဦးမှ သိ၏။
“ ဒီလိုတော့ လွယ်လွယ်နဲ့ ပြန်မလွှတ် နိုင်ဘူး။ ”
ယဲ့ဇီလင်က ဓားကို ဆွဲထုတ်ကာ ပြန်ပြော လိုက်သည်။ ဓား အလင်းက နတ်နဂါး အလား ပြေးထွက် သွားပြီး၊ လန်ခုန်းကို ထိမှန် သွား၏။
“ အား ... ။ ”
နာကျင် လွန်းသော အော်သံနှင့် အတူ၊ လန်ခုန်း ခမျာ လွင့်သွားပြီး၊ တောင်ကုန်းငယ် တစ်ခု အတွင်း၊ ဖောက်ဝင် သွားသည်။
နောက်ကွယ်မှ စွမ်းအားကြောင့်၊ တောင်ကုန်းမှာ ချက်ချင်းပင် သူ့အပေါ် ပြိုကျ သွားလေသည်။
ယင်းကြောင့် မြေပြင်ပေါ် လဲလျောင်း နေသော မိုးကြိုး ဂိုဏ်း၏ တပည့် များမှာ၊ ပါးစပ် အဟောင်းသား ဖြစ်ကုန်၏။
သည့်နောက် ပြန်လည် သတိဝင် လာပြီး၊ မျက်နှာ ပြောင်းလဲ သွားကာ၊ ချက်ချင်း ထပြေး တော့သည်။
“ အား ... ။ ”
သို့သော် လက်ကျန် အလင်း လှိုင်းများက၊ သူတို့အား ရိုက်ခတ်ကာ အသေ သတ်ပစ် လိုက် တော့သည်။
ဤမိစ္ဆာမ နှစ်ပါးသည် လင်းယွန်၏ မိန်းကလေးများ ဖြစ်ကြောင်း၊ မသေခင် လုံးဝ နားလည် သွားကြသည်။
***