ဝိညာဉ်- နဂါး သူတော်စင် ကျောက်စိမ်းပြား။
Vol. 91 Ch. 1264
လန်ခုန်းမှ လွဲပြီး၊ မိုးကြိုး ဂိုဏ်း၏ တပည့်များ အားလုံး သေဆုံး သွားသည်။ သူတို့ အားလုံးက တိမ်လွှာ ဓားဂိုဏ်းကို သွေးချောင်း စီးစေရန် အကြံ စည်ဖြင့်၊ လာရောက် ကြခြင်း ဖြစ်၏။
ယင်းအစား လန်ခုန်း ခမျာ မြေကြီး အတွင်းမှ တွားသွား ထွက်ကာ၊ လှည့်မကြည့် တမ်း ထွက်ပြေး သွားရသည်။
တိမ်လွှာဓား ဂိုဏ်း၏ ဤအမျိုး သမီး နှစ်ဦးသည်၊ အလွန် ကြောက်စရာ ကောင်းလှပြီး ၎င်းတို့တွင် ကြီးမားသော ဇစ်မြစ် ရှိရ ပေမည်။
အစောပိုင်း အချိန်၌ ယဲ့ဇီလင်၏ အလှကြောင့်၊ သေဆုံး သွား မည်ကို နှမေျာ နေ မိသည်။ သို့သော် ယခုမူ ဤနေရာမှ အမြန် ထွက်သွား ချင် ကြ၏။
ပတ်ဝန်းကျင် လေထုမှာ၊ တင်းကြပ် လာသဖြင့်၊ ကျန်းလိချန်နှင့် အဖွဲ့သည် စကား တစ်ခွန်းမျှ မပြောဝံ့ ကြတော့ချေ။
တစ်ယောက်ကို တစ်ယောက် စိုက်ကြည့် နေသော ယဲ့ဇီလင်နှင့် လောဟွာကို၊ မသိ မသာ ခိုးကြည့် လိုက်မိ၏။
အမျိုး သမီး နှစ်ဦး၏ မျက်လုံးများ ကြားတွင်၊ မီးပွားများ ပျံဝဲ နေသည် ဟုပင်၊ ထင်မြင် လာမိ၏။
လောဟွာက လန်ခုန်းကို လွတ်ပေးရန် ပြောလိုက် သော်လည်း၊ ယဲ့ဇီလင်မှ ဒဏ်ရာ ရအောင် လုပ်ဆောင် ခဲ့သည်။
ယဲ့ဇီလင်သည် လောဟွာနှင့် ပတ်သက်ပြီး၊ နှစ်သက်ဖွယ် ကောင်းသော သဘော ထားမျိုး မရှိ သဖြင့်၊ ယင်းက ပုံမှန် ဖြစ်၏။
သို့သော် ယဲ့ဇီလင်သည် ထိန်းထိန်း သိမ်းသိမ်း နေတက်သူ တစ်ဦး ဖြစ်ပြီး၊ ဤသို့ ဒေါသ ထွက်နေသည့် အသွင်မျိုး မရှိ ခဲ့ချေ။ ဤသည်မှာ လင်းယွန်ကြောင့် ဖြစ်မည် လောဟု၊ တွေးတော လာမိသည်။
လောဟွာနှင့် လင်းယွန်သည် တစ်ယောက်ကို တစ်ယောက် သိနေ သည်မှာ ကြာပြီမှန်း၊ မည်သူ မဆို ခံစား နိုင်၏။
ထိုအချက်က ယဲ့ဇီလင် တစ်ယောက်အား၊ မနာလို စိတ်များ ဝင်ရောက် လာစေပုံ ရသည်။ မည်သည့် နည်းနှင့် ဆင်ခြင် သုံးသပ် စေကာမူ၊ အလားတူ ကောက်ချက်သာ ရရှိ ပေ၏။
“ ဘာတွေ ဖြစ်ခဲ့ တာလဲ။ ”
ယဲ့ဇီလင်က ဦးစွာ မျက်နှာ လွှဲပြီးနောက်၊ လင်းယွန်း မည်သည့် အရာများ လုပ်ခဲ့ သည်ကို စုံစမ်းရန် လူအုပ်ဆီ လျှောက်လှမ်း သွားသည်။
လောဟွာ မှာမူ ယဲ့ဇီလင် ထွက်သွား ရာထံ တစ်ချက်သာ ကြည့်ပြီး၊ စိတ် မဝင်စား ဟန်ဖြင့် တစ်ဘက် လှည့် သွား၏။
လင်းယွန် အတွက် စိုးရိမ်ပုံ မပြဘဲ၊ တည်ငြိမ်နေ ပေသည်။ များ မကြာခင် ယဲ့ဇီလင် က၊ သတင်း တစ်ခု နှင့်အတူ၊ ပြန်လာ ခဲ့သည်။
မိုးကြိုး ဂိုဏ်း၏ တပည့်မ တစ်ဦးသည် တိမ်လွှာဓား ဂိုဏ်းနှင့် ခြိမ်းခြောက်လာ သဖြင့်၊ လင်းယွန်မှ သတ်ပစ် လိုက်ခြင်း ဖြစ်၏။
ထို့သို့ မသတ်ခင် သူတော်စင် ဓား တစ်လက်ကို လက် နှစ်ချောင်းနှင့် ညှပ်ကာ ချိုးပစ် ခဲ့သည်။ ဤသတင်းကို ကြားချိန်၌ ကျန်းလိချန်တို့ သုံးဦးမှာ အံသြ သွားသည်။
“ လက်နှစ်ချောင်း တည်းနဲ့ သူတော်စင် ဓားကို ချိုးလိုက် တာလား။ ”
“ ညီလေး လင်းက ဒီလောက်တောင် သန်မာ နေပြီလား။ ”
“ ဒါဆို ... သူ အခု ဘယ်မှာလဲ။ ”
ကျန်းလိချန်မှ မေးသည်။
“ အမည်ခံ သူတော်စင် အသီး အနှံ နောက်ကို လိုက်သွားတယ်။ ”
ယဲ့ဇီလင်မှ လောဟွာထံ စောင်းငဲ့ ကြည့်ကာ ပြန်ဖြေ လိုက်၏။
ကောင်းကင် ယံတွင် တောက်ပသော ကြယ်အလင်း များနှင့် ပြည့်နှက်ပြီး၊ သွေ့ရော် ပင်လယ်ကို ချစ်စရာ ကောင်းလာ စေသည်။
“ ဝှစ် ... ။ ”
ထိုအလှ တရားကို ဂရု မစိုက် အားဘဲ၊ လင်းယွန်က ကျွန်း တစ်ကျွန်းပေါ် ဆင်းသက် လိုက်၏။
ဤကျွန်း၏ အကျယ် အဝန်းသည် အင်အားကြီး ဂိုဏ်းများမှ သိမ်းပိုက် ထားသည့် ကျွန်းများနှင့် ယှဉ်၍ မရနိုင် သော်လည်း၊ တိမ်လွှာဓား ဂိုဏ်းထက် များစွာ ကျယ် လေသည်။
ထို့အပြင် သွေ့ရော် ကျွန်းနှင့် မဝေးချေ။ ကျွန်းပေါ် ဖုံးလွှမ်း နေသော သက်တံ အလင်း ကြောင့်၊ သစ်ပင်များ လျင်မြန်စွာ ကြီးထွား နေသည်။
မြေပြင် ပေါ်သို့ ဆင်းသက် လိုက်သော အခါတွင်၊ လေထု အတွင်း ပြည့်နှက် နေသော အသက် ဓာတ်ကို ခံစား နိုင်၏။
အသက် ဓာတ်မှာ သိပ်သည်းပြီး ရေခဲဖြင့်၊ ချိတ်ပိတ် ထားရာမှ၊ ဖြည်းညှင်းစွာ နိုးထလာ သကဲ့သို့၊ ခံစားရ စေသည်။
ယင်းက လင်းယွန်ကို နှလုံးခုန် မြန်လာ စေ၏။ သူတော်စင် နဂါး ခန္ဓာသည် ‘အစာ’ ရနံ့ ရသော သားရဲ ကဲ့သို့၊ လှုပ်ရှား လာ ပြန်သည်။
ဤ ခံစားချက် မျိုးမှာ၊ စတုတ္ထ အကြိမ် ခံစားရခြင်း ဖြစ်သည်။ ပထမ အကြိမ်တွင် သွေး မီးတောက် နဂါး ရူရ်ကြောင့် ဖြစ်ပြီး၊ ဒုတိယ အကြိမ်မှာ နတ်နဂါး ရောင်ဝါ ဖြစ်၏။
တတိယ အကြိမ်သည် ပုံရိပ်ယောင် (၉) ပါး နယ်မြေမှ ရရှိသော၊ ကြက်သွေးရောင် အလင်း ဖြစ် လေသည်။
ယခုတွင် နှစ်ပေါင်း ငါးထောင် သက်တမ်း ရှိသော နဂါးမောက် သီးကြောင့် ဖြစ်၏။ လွန်ခဲ့ သည့် သုံးကြိမ်လုံး ကြီးမားသော အကျိုး ကျေးဇူးများ ရရှိ ထားသည်။
ဆက်လျှောက် လာစဉ် ကျယ်လောင်စွာ အော်ဟစ် နေသည့်၊ အသံ များကို ကြားလာ ရသည်။
ဂိုဏ်းကြီး များက ကျွန်းကို ပိတ်ဆို့ ထားသော်လည်း၊ လူတော်တော် များများမှာ၊ ကြိုးစား နေဆဲ ဖြစ်သည်။
အဆုံးတွင် နှစ်ပေါင်း ငါးထောင် သက်တမ်းရှိသော နဂါးမောက် သီးသည် အလွန် စွဲမက်ဖွယ် ကောင်းပေ၏။
နဂါး မောက်သီးကို မရ လျှင်ပင်၊ ၎င်းနှင့် အတူ မွေးဖွား လာသော အသီး အနှံ အချို့ကို ရရှိ နိုင်ပေမည်။
“ ဒီကျွန်းကို ပိတ်ဆို့ လိုက်ပြီ၊ ဂိုဏ်းကြီး တေွရဲ့ တပည့် တွေက လွဲရင် ... ၊ ဘယ်သူမှ တောင်ပေါ် တက်ခွင့် မရှိဘူး။ ”
“ ထွက်သွား မဟုတ်ရင် ... ၊ ရက်စက်တဲ့ အတွက်၊ ငါ့တို့ကို အပြစ် မတင်နဲ့၊ ဂိုဏ်းကြီး တွေက မဟာမိတ် ဖွဲ့လိုက်ပြီ။ ”
ကျွန်း ပေါ်သို့ ဆင်းသက်လာ သူများနှင့်၊ နှိုင်းယှဉ် ပါက၊ ဂိုဏ်းကြီး များမှ တပည့် များမှာ၊ အရေ အတွက် အရ၊ နည်းပါး ချေသည်။
သို့သော် ၎င်းတို့က ကြောက်ရွံ့ခြင်း မရှိဘဲ၊ ကြယ်စွမ်းအင် များကို ထုတ်ဖော်ကာ၊ ပတ်ဝန်း ကျင်အား ပိတ်ဆို့ လိုက်ကြသည်။
ရုတ်တရက် ထိုတပည့်များ အနက် တစ်ယောက်သည် လင်းယွန် အပေါ်၊ အာရုံကျ သွားပြီး၊ လက်တွင် ကိုင်ထားသော သူတော်စင် ပစ္စည်းကို၊ အသက်သွင်း လိုက်သည်။
၎င်းမှာ နဂါး ဝိညာဉ် အကြွင်း အကျန် ပါရှိသော ကျောက်စိမ်းပြား တစ်ချပ် ဖြစ်၏။ ထို့ကြောင့် မီးနဂါး ကြီးက လေထု အလယ် ဖွဲ့တည် လာသည်။
“ ဟိတ် ... ။ ”
ထိုလူငယ်က မီးနဂါး ထွက်လာ သည်နှင့်၊ လင်းယွန် ထံသို့ ညွှန်ပြ လိုက်သည်။ လင်းယွန်မှ စကား တစ်ခွန်းမျှ မဆိုဘဲ၊ ကောင်းကင်ပေါ် ပျံတက်ကာ၊ ထိပ်တိုက် ရင်ဆိုင် လိုက်၏။
“ ဝုန်း ... ။ ”
နဂါး ရူရ် များကို အသက် သွင်းပြီး၊ မီးနဂါးအား လက်သီးနှင့် ထိုးချ ပစ်လေသည်။ လက်သီးက မီးနဂါး ဝိညာဉ်ကို ဖျက်ဆီးပြီး၊ ထိုလူငယ် ထံသို့ ဆက်ဝင် သွား၏။
“ အွတ် ... ။ ”
ယင်းကြောင့် လူငယ်မှာ သွေးများ ယိုစိမ့်လာပြီး၊ နာကျင်စွာ အော်ဟစ် လိုက်၏။ သို့သော် အသက် မသေ သဖြင့် လင်းယွန်မှ၊ အံ့အားသင့် သွားသည်။
သည့်နောက် လက်နှစ်ဖက်ကို ဆန့်ကာ၊ ရွှေကျီးကန်း တစ်ကောင်ကဲ့သို့၊ ကောင်းကင်ပေါ် ပျံတက် လိုက်သည်။ သူလျှောက် လှမ်းသော ခြေလှမ်း တိုင်းက၊ လေဟာနယ်ကို တုန်ခါ လာစေ၏။
ကျောက်စိမ်းပြား ထံမှ မီးလျှံများ ထပ်မံ တောက်ပ လာပြီး၊ မီးနဂါးက နောက် တစ်ကြိမ် ပျံထွက် လာသည်။ သည်တစ်ကြိမ်၌ မီးနဂါး သည် ထိုလူငယ်အား ရစ်ခွေ ထားသည်။
“ မင်းက ဘယ်သူလဲ၊ မင်း ဘယ်လိုတောင် သတ္တိ ရှိလဲ ... ။ ”
ထိုလူငယ်က ဒေါသ တကြီး ပြေးဝင်ရန် ကြိုးစား လိုက်စဉ်၊ သူ့ ပတ်ဝန်း ကျင်ရှိ မီးနဂါး က၊ ချက်ခြင်း ပျက်စီး သွားသည်။
မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်နှင့် အတူ၊ လျှပ်စီးများ လွှမ်းခြုံလျက်၊ လင်းယွန်က လူငယ် ခေါင်းထက်၌ ပေါ်လာသည်။
ယင်းကို မော့ကြည့်ပြီး လူငယ်၏ မျက်နှာမှာ၊ ပြောင်းလဲ သွားကာ၊
“ ဒါက နားလည်မှု လွဲတာပါ၊ မင်းက ဂိုဏ်းကြီး တစ်ဂိုဏ်းက ဖြစ်ရမယ်၊ ဟုတ်တယ် မဟုတ်လား၊ မင်းရဲ့ ဂိုဏ်း အမည်ကို ပြောပြရင် ဝင်လို့ ရပါတယ်၊ ...
... ဂိုဏ်းကြီးတွေ အချင်းချင်း ပဋိပက္ခ စတင်စရာ အကြောင်း မရှိ ပါဘူး၊ ပြီးတော့ အဲဒီ ပုရွက်ဆိတ် တွေကိုပဲ၊ ငါတို့က တားဆီး တာပါ။ ”
-ဟု ပြေရာ ပြေကြောင်း ပြောလိုက် တော့သည်။
“ မင်း ဘယ်သူလဲ။ ”
လင်းယွန်က မသိ မသာနှင့် ပြန်မေး လိုက်၏။ သူတွင် မည်သည့် နောက်ခံမှ မရှိပေ။ ရှိလျှင်ပင် ဤလူ များ၏ ပြုမူ ပုံကို မကြိုက် သဖြင့်၊ လက်တွဲ မိမည် မဟုတ် သည်မှာ သေချာသည်။
၎င်းတို့သည် သူသာ အားနည်း နေသော် အမြောက်စာ အဖြစ်၊ အသုံး ချမည့် လူစားမျိုး ဖြစ်သည်။
“ ညီအစ်ကို ... ၊ ငါက မီးနဂါး ဂိုဏ်းက တပည့် တစ်ယောက်ပါ၊ ဒါက နားလည်မှု လွဲနေ တာပဲ။ ”
လူငယ်က ပြုံးပြ သော်လည်း၊ သူ၏ ညီ အစ်ကို များထံသို့၊ သတင်း အချက် အလတ်များ တတိတ် တဆိတ် ပေးပို့ လိုက်သည်။
တစ်ချိန်တည်း မှာပင် သတ်ဖြတ်ရန် ရည်ရွယ် ချက်ကို၊ နက်နက် နဲနဲ ဖုံးကွယ် ထား ၏။
လင်းယွန်သည် ဂိုဏ်းကြီး တစ်ဂိုဏ်းမှ တပည့် တစ်ဦး မဟုတ်ကြောင်း၊ သိပြီး ဖြစ်၏။ ထိုသို့သော လူများ အပေါ်၊ သတိထား ရပေမည်။
အခြားသူ များမှာ ပူးပေါင်း လာနိုင် သော်လည်း၊ ဤလူ မျိုးသည် နဂါးမောက် သီး ကိုသာ၊ လုယူ နိုင်ခြေ မြင့်မား၏။
ထို့ကြောင့်မို့ ဂိုဏ်းကြီးများ လက်ချင်း ချိတ်ကာ၊ မတော် တဆ ဖြစ်နိုင် ခြေကို လျှော့ချ ရန်၊ ကြံရွယ် ကြခြင်း ဖြစ်သည်။
လင်းယွန် နှင့်အတူ လိုက်ပါ လာသော လူများမှာ၊ ထိုလူငယ်၏ ဂိုဏ်းအမည် ကြားချိန် ၌၊ တုန်လှုပ် သွားပြီး၊ ပို၍ပင် နောက်ပြန် ဆုတ်မိသည်။
မီးနဂါး ဂိုဏ်းသည် ကြောက်မက်ဖွယ် ကောင်းသော ဂိုဏ်း ဖြစ်၏။ မိုးကြိုး ဂိုဏ်းထက် အားနည်းခြင်း မရှိချေ။
၎င်းတို့တွင် ရှေးကျသော အမွေ အနှစ်များ ရှိပြီး၊ နှစ်ပေါင်း ထောင် ဂဏန်းခန့် သက်တမ်း ရှိသည့်၊ မီးလျှံ ရေနဂါး တစ်ကောင် ရှိနေ သည်ဟု ဆိုကြသည်။
“ မီးနဂါး ဂိုဏ်း ... ။ ”
လင်းယွန်က ရေရွတ် လိုက်သည်။
“ မှန်တယ် ... ၊ ငါက မီးနဂါး ဂိုဏ်းက လာတာ။ ”
လူငယ်က ရွှင်လန်းသော အပြုံးဖြင့် ခေါင်းညိတ် ပြသည်။
“ ငါ မသိဘူး။ ”
လင်းယွန်က နဂါး ရူရ် ရှစ်ရာကို၊ သူ့ လက်ဖဝါး ဆီသို့ ရောက်ရှိ စေပြီး၊ ခြေလှမ်း ကျဲကျဲနှင့် လှမ်းတက်ကာ၊ ထိုလူငယ်အား အပိုင်းပိုင်း ခွဲပစ် လိုက်တော့သည်။
ဤမြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေပြီး၊ ချက်ချင်းပင် လူစုကွဲ သွားသည်။ လင်းယွန်က လက်ဝှေ့ ယမ်းကာ ၎င်း၏ ကျောက်စိမ်း ပြားကို ဆင့်ခေါ် လိုက်၏။
ကေျာက်စိမ်းပြား ပေါ်ရှိ တံဆိပ်ကို ဖျက်ပစ်ကာ၊ ကိုယ်ပိုင် တံဆိပ် တစ်ခုအား ချက်ချင်း ရိုက်သွင်းပြီး၊ စစ်ဆေး ကြည့် လိုက်မိသည်။
ကျောက်စိမ်းပြား အတွင်းတွင်၊ အမှန် တကယ်ပင် မီးလျှံ ရေနဂါး တစ်ကောင်၏ သွေး တစ်စက် ရှိနေသည်။ ထိုသွေးသည် ကြမ်းတမ်း ပြင်းရှ သဖြင့်၊ မီးပင်လယ် အလား၊ ထင်ရ၏။
( မီးလျှံ ရေနဂါး ဆိုသည်မှာ တရုတ် ဒဏ္ဍာရီတွင်၊ ဦးချို မပါသော မီးသဘာဝ ရေနဂါး တစ်ကောင် ဖြစ်သည်။ )
သူတော်စင် ရူရ်မှာ၊ သေွးကို လုံးလုံး လျားလျား ပေါင်းစပ်နေ သောကြောင့်၊ ထိတ်လန့် သွားသည်။
ဤသွေး ပိုင်ရှင်သည် ကြောက်စရာ ကောင်းလှ ပေ၏။ ခွန်အားမှာ သူတော်စင် နယ်ပယ်၌ ရှိနိုင်ပြီး၊ မဟာ သူတော်စင် တစ်ပါးပင် ဖြစ်နိုင်ခြေ ရှိသည်။
ထို့ကြောင့် ဤလူငယ်သည် သူ၏ ပထမဆုံး လက်သီးချက်နှင့်၊ မသေဆုံး ရခြင်း ဖြစ်၏။
“ ဒါက ... အံ့သြ စရာတော့ ... မဟုတ် ပါဘူး၊ ငါ့အတွေ့ အကြုံက နည်းနေ သေးလို့ပါ ... ။ ”
စိတ်ထဲမှ ရေရွတ် လိုက်မိသည်။ တစ်စုံ တစ်ဦးကို သတ်ပြီးနောက်၊ စိတ်ဝင် စားဖွယ် ကောင်းသော သူတော်စင် ရတနာကို ရရှိ လိမ့်မည်ဟု၊ သူ မမျှော်လင့် ထားခေျ။
ဤအရာသည် မီးနဂါး ဂိုဏ်း၏ ကြောက်စရာ ကောင်းသော အခြေခံ အုတ်မြစ် ဖြစ်ချေသည်။
ကေျာက်စိမ်း ပြားရှိ၊ မီးလျှံ ရေနဂါး သွေးစက်၏ သုံးပုံ တစ်ပုံ စွမ်းအား ထုတ်လွှတ် နိုင်လျှင်ပင်၊ ထိုလူငယ်ကို အနိုင် ယူရန် ခက်ခဲ နိုင်ပေမည်။
“ ဖေးချောင် သေသွား ပြီလား။ ”
“ အိုး ... ဘုရားရေ ဒီနေရာကို ကာကွယ်ဖို့ အဲဒီ ကေျာက်စိမ်း ပြား၊ သူ့ စီနီယာ အစ်ကိုက ပေးခဲ့တာ မဟုတ် ဖူးလား။ ”
“ အနောက် တံခါး ပွင့်သွားပြီ၊ အားလုံး သွားကြ မယ်ဟေ့။ ”
ဂိုဏ်းကြီး များ၏ တပည့် များက လူစု ကွဲသွား သဖြင့်၊ တောင်ခြေရှိ လူအုပ် ကြီးမှာ၊ ပြေးတက် လာကြ တော့သည်။
လူအုပ် အတွင်းမှ အလင်းတန်း တစ်ခု ပြေးထွက် လာရာ၊ ဂိုဏ်းကြီး များ၏ တပည့် များက၊ ဟန့်တားရန် ပြင်လိုက် သော်လည်း၊ ရွှေကျီးကန်း တစ်ကောင် အလား၊ သူတို့ကို ဖြတ်ကျော် သွားတော့၏။
***