ပုရွက်ဆိတ် လင်းယွန်။
Vol. 91 Ch. 1265
နဂါးမောက်သီး မွေးဖွားရာ ကျွန်းတွင် ဂိုဏ်းကြီး တစ်ဂိုဏ်းမှ စောင့်ကြပ် ထားသဖြင့်၊ နေရာ အနှံ့ သွေးလွှမ်းသော တိုက်ပွဲများ ဖြစ်ပွား လာသည်။
လင်းယွန်က အနက်ဝတ် လူငယ်ကို သတ်ပြီးနောက် မရပ် တန့်ဘဲ နဂါးမောက်သီး ထံသို့ ပြေးသွား ခဲ့သည်။
“ ဝှစ် ... ။ ”
သူ့ ခံယူချက်မှာ ရိုးရှင်း ပေ၏။ သူ့အား မစော်ကား သ၍၊ မြင်မြင် သမျှ သတ်ဖြတ် မှုကို လုပ်ပြ နေမည် မဟုတ်ချေ။
အလွန် လျင်မြန် စွာနှင့်၊ တိုက်ပွဲများ အတွင်းမှ၊ ထွက်ခွာ လာပြီး၊ တောင်ထိပ် တစ်ခု ပေါ်တွင် ရပ်နား မိသည်။
နေရာ တိုင်းတွင် တိုက်ပွဲ များကို၊ မြင်နေ ရပြီး၊ လူတိုင်းမှာ မာနကြီး သူများ ဖြစ်သဖြင့်၊ ဂိုဏ်းကြီး များကို မကြောက် ကြချေ။
ရှေးဟောင်း ပျက်သုဉ်း မြေသည် အလွန် ကျယ်ပြော လှသဖြင့်၊ လင်းယွန် ကဲ့သို့သော လူငယ် များစွာ ရှိသည်။
အမည်ခံ သူတော်စင် သစ်သီးသည် ရှားပါးပြီး၊ အနှစ် ငါးထောင် သက်တမ်း ရှိလေ ရာ၊ အသက်နှင့် ရင်းရအောင် ထိုက်တန် ပေ၏။
သို့သော် ဂိုဏ်းကြီး များ၏ တပည့် များမှာ၊ သန်မာလွန်း သဖြင့်၊ ၎င်းတို့ကို ဖြတ်ကျော်ရန် မလွယ် လှေချေ။
ယင်းကြောင့် နဂါးမောက်သီး ဦးတည် ရာသို့ သွားရာ လမ်း တစ်လျှောက်တွင် အလောင်းချင်း ထပ်လာ တော့သည်။
ဂိုဏ်းကြီး များ၏ တပည့် များတွင်၊ သူတော်စင် ရတနာများ ရှိ သော်လည်း၊ ဝိညာဉ် နဂါး သူတော်စင် ကျောက်ပြားနှင့် နှိုင်းယှဉ် ပါက၊ အလွန် အားနည်း လေသည်။
ဂိုဏ်းကြီး တစ်ဂိုဏ်း၏ အုတ်မြစ်မှာ၊ ထိတ်လန့်စရာ ကောင်းလွန်း သဖြင့်၊ လင်းယွန် တစ်ယောက်၊ အသက်ရှူ ကြပ်သွားသည်။
လေးနာရီ ကြာ ပြီးနောက်၊ လူတစ်စုနှင့် ပက်ပင်း တိုးမိသည်။ သူတို့ အားလုံးမှာ၊ မယုံနိုင် လောက်အောင် သန်မာ ပေ၏။
မီးနဂါး ဂိုဏ်းနှင့် မိုးကြိုး ဂိုဏ်း၏ တပည့်များ ဖြစ်ပြီး၊ ဤနေရာကို တာဝန်ယူ စောင့်ကြပ် နေခြင်း ဖြစ်သည်။
သူတို့ ခြေရင်း၌ အလောင်းများ စုပုံ နေသည်။ သူတို့နှင့် မဝေး ကွာသော အရပ်၌၊ နီရဲ နေသော နဂါးမောက် သီး၏ ရောင်ဝါကို ငေးကြည့် နေသော၊ လူ တစ်စုလည်း ရှိ၏။
အသက် ပြင်းပြင်းရှူ လိုက်ပြီးနောက်၊ လူတိုင်း၏ သွေးများ ပွက်ပွက်ဆူ လာကြသည်။
“ မိုးရွာ မို့လား။ ”
နဂါးမောက်သီး မွေးသည့် နေရာကို ကြည့်ပြီး၊ လင်းယွန် တစ်ယောက် မျက်မှောင် ကြုတ်လိုက် မိသည်။
ပတ်ဝန်းကျင် လေထု အတွင်း၊ စိုထိုင်းဆ များလာကာ၊ ကောင်ကင်၌ ကြက်သွေးရောင် တိမ်များ စုဖွဲ့ လာ၏။
လေထု အလယ်တွင်၊ ဂိုဏ်းကြီး များ၏ တပည့် အသီးသီး တို့က၊ ကျောက်စိမ်း ပုလင်း ငယ်များ၊ ထုတ်ယူ နေကြသည်။
ခဏ အကြာတွင် သွေးမိုးများ ရွာသွန်း လာ၏။ သွေးရေစက် တစ်စက် စီက သလင်း ကဲ့သို့၊ ကြည်လင် နေပြီး၊ မြင့်မြတ်သော ရောင်ဝါ တစ်ခု ပါရှိ လေသည်။
“ သူတော်စင် အရည်။ ”
“ ဒါ ... ၊ သူတော်စင် အသီး အနှံတွေ မွေးဖွားတဲ့ အခါ မှသာ တွေ့ရ တတ်တဲ့ ဖြစ်စဉ် ပဲ၊ ဒီနဂါးမောက် သီးက သူတော်စင် အရည်ကို ရွာစေ တာလား။ ”
“ နဂါးမောက် သီးရဲ့ ... ၊ သူတော်စင် အရည်မှာ၊ သူတော်စင် အရိပ် အာဝါသကို ခံစား မိတယ်။ ”
“ ငါတို့ အထဲ ဝင်ရအောင်၊ နဂါးမောက် သီးကို စိတ်မဝင် စားဘူး၊ သူ့ ပတ်ဝန်း ကျင်မှာ ပေါက်နေတဲ့၊ ဆေးဖက်ဝင် အပင် တွေနဲ့၊ သူတော်စင် အရည် ကိုပဲ လိုချင်တယ်။ ”
တောင်ခြေ ရင်းတွင် ရပ်နေ ရသော ကျင့်ကြံသူ များက ဒေါသ တကြီးနှင့်၊ ဂိုဏ်းကြီး များ၏ တပည့် များကို ပြောလိုက်သည်။
ဂိုဏ်းကြီး များ၏ တပည့် အချို့က၊ တောင်တန်း အတွင်း သူတော်စင် အရည်ကို စုဆောင်း နေသည်အား၊ သူတို့ ဆက်ပြီး မကြည့်နိုင် တော့ချေ။
“ ပါးစပ် ပိတ်ထား၊ သတ္တိ ရှိရင် တက်လာကြည့်၊ အကုန် သေသွားမယ်။ ”
မီးနဂါး ဂိုဏ်းမှ အမျိုးသမီး တစ်ဦးက အေးစက်စွာ ပြောလာသည်၊
“ မင်းတို့ တွေက ပုရွက်ဆိတ် တွေထက် နည်းနည်းလေး ပိုသန်မာ ရုံပဲ ရှိတယ်၊ ဒါပေမယ့် ပုရွက်ဆိတ်က ပုရွက်ဆိတ် ဖြစ်နေ တုန်းပဲ၊ သူတော်စင် အရိပ် အာဝါသကို ခံစားခွင့် ရတာနဲ့တင် ကျေနပ် သင့်ပြီ။ ”
“ တောက် ... ။ ”
ဂိုဏ်းကြီး များ၏ တပည့် များမှာ၊ သန်မာလွန်း သောကြောင့်၊ မည်သူမျှ စကား ထပ်ပြောရဲ တော့ချေ။
ထိုသူများ အားလုံးမှာ၊ အနည်းဆုံး အင်ပါရီယန် အဆင့် သုံးထောင် အတွင်းတွင်၊ ရှိနေ ကြသည်။
ယခင် ကျူးကျော်ရန် ကြိုးပမ်း ခဲ့သော၊ လူအချို့အား ရက်ရက် စက်စက် သတ်ပြပြီး၊ ခြိမ်းခြောက် လာခဲ့သည်။
ကျင့်ကြံမှု လမ်းမှာ၊ ရက်စက် ကြမ်းကြုတ် ပြီး၊ လက်တွေ့ ကျ၏။ သွေး မစွန်းဘဲ၊ အထွတ် အထိပ်၌ ရပ်တည်ရန်၊ မဖြစ် နိုင်ချေ။
လင်းယွန်က မျက်လုံး များကို မှိတ်ချ လိုက်ပြီး၊ ရောင်ဝါအား စတင် ခံစား လိုက်သည်။ သည်လူများမှာ သန်မာ သဖြင့်၊ ဝှက်ဖဲ များစွာ ရှိနိုင်၏။
“ မင်းတို့က လွန်လွန်းတယ်။ ”
တစ်စုံ တစ်ယောက်သည် သူတော်စင် အရည်များ စုဆောင်း နေသော ဂိုဏ်းကြီး၏ တပည့် များကို ကြည့်ရှု ပြီးနောက်၊ ထိန်းမနိုင် သိမ်းမနိုင် ဖြစ်လာသည်။
“ ငါတို့က လွန်နေတာ မဟုတ်ဖူး ... ၊ မင်းတို့တွေ ကသာ အသုံး မကျတာ၊ ပုရွက်ဆိတ် တွေက လင်းယုန် ငှက်ကို၊ ဘယ်လိုလုပ် တိုက်ခိုက် နိုင်မှာလဲ။ ”
မိုးကြိုး ဂိုဏ်းမှ လူငယ်က ပြန်ပြော လာသည်။ မိုးကြိုး ဂိုဏ်းသည် သက်တမ်း ရှည် လျားပြီး၊ ၎င်းတို့၌ လျှပ်စီးနှင့် မီးလျှံများ တောက်လောင် နေသည့်၊ လဝန်း တစ်စင်း ရှိ၏။
ယင်းက အင်အား ကြီးမားသော ဂိုဏ်း အချို့ကို ယှဉ်ပြိုင် နိုင်ရသည့် အကြောင်းရင်း ပေပင်။
သူ ပြောသော စကား များက၊ တောင်ခြေတွင် ရပ်နေ ရသည့် လူအုပ်ကို နာကျင် သွားစေသည်။
ထို့ကြောင့် သူတို့၏ ခံနိုင် ရည်မှာ၊ ကန့်သတ်ချက် ရောက်ရှိ သွားပြီး၊ အင်အားသုံး ဖြတ်ကျော်ရန် စိတ်ကူးများ ဝင်လာသည်။
တောင်ပေါ်မှ လူငယ်က ပြုံး၏။
“ မင်း တို့တွေ နောင်တ ရမယ့် ... ၊ အရာ တွေကို မလုပ် မိဖို့၊ ငါ အကြံ ပေးတယ်၊ မင်းတို့ သေရင် ဘယ်သူမှ သနားမှာ မဟုတ်ဘူး။ ”
“ ငါတို့က နဂါးမောက် သီးကို လုံးဝ မထိပါဘူး၊ သူနဲ့ အတူ မွေးလာမဲ့၊ ဆေးဖက်ဝင် အပင် တွေကိုပဲ ယူချင် တာပါ။ ”
လူငယ် တစ်ယောက်က ပြန်အော်သည်။
“ မင်းမှာ အရည် အချင်း မရှိလို့ တောင်းပန် ပါတယ်၊ ပြီးတော့ ... ဒါက သူတော်စင် အရည်ပဲ၊ မင်းနဲ့ မထိုက် တန်ဘူး။ ”
မိုးကြိုး ဂိုဏ်းမှ ထိုလူငယ်က အထင်သေး စွာဖြင့် ပြန်ပြော သည်။
“ ဒါက ... သူတော်စင် နဂါး သွေးရည် ကြည်ပဲ၊ ပုံမှန် အတိုင်းဆို ရှာတွေ့ဖို့ မဖြစ်နိုင် ပါဘူး။ ”
သူတော်စင် နဂါး သွေးရည် ကြည်သည် မည်မျှ တန်ဖိုးကြီး သည်ကို လူတိုင်း သိကြပြီး၊ အနှစ် တစ်ရာ ကုန်းရုန်း ရှာလျှင်ပင်၊ ဤမျှ စုဆောင်း နိုင်ရန် နည်းလမ်း မရှိချေ။
“ ဒါက နင်တို့နဲ့ ဘာဆိုင်လဲ ... ။ ”
မီးနဂါး ဂိုဏ်းမှ အမျိုး သမီးက လှောင်ပြုံးဖြင့်၊ ပြန်လည် မေးမြန်း လာသည်။
“ ဟုတ်တယ် ... ၊ တန်ဖိုး ကြီးတဲ့ အရာ တွေက ... ၊ မင်းတို့လို လူတေွ ပိုင်ဆိုင် သင့်တဲ့ အရာ မဟုတ်ဘူး။ ”
တောက်အောက်ရှိ လူငယ် အများ အပြားသည် အကြည့်ချင်း ဖလှယ်လိုက် ကြပြီး၊ အတင်း အဓမ္မ ကျူးကျော် ဝင်ရောက်ရန် ကြံရွယ် လိုက်ကြသည်။
“ ဘယ်လိုတောင် မိုက်မဲ လိုက်လဲ။ ”
တောင်ပေါ်ရှိ ဂိုဏ်းကြီး များ၏ တပည့် များက ကဲ့ရဲ့ လှောင်ပြောင် လိုက်ပြီး၊ ၎င်းတို့ကို ပြုံးပြီး စောင့်မျှော် နေ၏။
မီးနဂါး ဂိုဏ်းမှ အမာခံ တပည့် တစ်ဦးက၊ လက်ဖဝါးကို မီးလျှံများ တောက်ပ လာစေကာ၊ လှုပ်ရှား မှုကို ပြုလုပ် လာတော့သည်။
ဤသည်မှာ နဂါး ဝိညာဉ် ပါဝင်သော အရိုးလျှပ်စီး ကြာပွတ် ဖြစ်သည်။ ကြာပွတ်အား ထုတ်ဖော် လိုက်သည်နှင့်၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက်များ ပေါက်ကွဲ လာသည်။
“ ရွှပ် ... ။ ”
သည့်နောက် ဘုရင် ရောင်ဝါကို ထုတ်လွှတ် ထားသည့် မီးနဂါးကြီး တစ်ကောင် ပေါ်လာ၏။
“ ဘုရင် အဆင့်၊ သူတော်စင် ရှေးဟောင်း ပစ္စည်း။ ”
တောင်ခြေရှိ လူငယ် တစ်ယောက်မှ ထိတ်လန့်စွာ အသိ အမှတ် ပြုလာ လေသည်။ ဤအရာသည် ဘုရင် အဆင့် နတ်ဆိုး သားရဲ ဝိညာဉ်ကို၊ တံဆိပ်ခတ် ထားသော သူတော်စင် လက်ရာ ဖြစ်၏။
နတ်ဆိုး သားရဲ တစ်ကောင်၏ ဝိညာဉ်ကို သူတော်စင် လက်ရာ တစ်ခုတွင်၊ ချိပ်ပိတ် ထား ရန်မှာ လွယ်ကူသော အရာ မဟုတ်ချေ။
သာမန် နတ်ဆိုး သားရဲ များသည် သူတော်စင် ရူရ်၏ ဖိအားကို၊ ခံနိုင်ရည် မရှှိ သောကြောင့် ဖြစ်သည်။
အစွမ်းထက် မျိုးဆက်သွေး ပါရှိသည့်၊ နတ်ဆိုး သားရဲများ သည်သာ သူတော်စင် ရူရ် ကို၊ ခံနိုင်မည် ဖြစ်၏။
ထို့ကြောင့် ထိုအဆင့် လက်ရာ များမှာ၊ ရှားပါးပြီး ဂိုဏ်းကြီး များတွင်သာ ရှိနေတတ် ပေသည်။
“ ရွှပ် ... ။ ”
ကြာပွတ် တစ်ချက် လွှဲယမ်းပြီး သည်နှင့်၊ တောင်ခြေမှ ကျင့်ကြံသူ အများ အပြား သေဆုံး သွားသည်။
၎င်းတို့၏ စင်ကြယ်သော ဝိညာဉ်တော် များကို ကြာပွတ်မှ ချက်ချင်း ဖျက်ဆီးသွား ချေ၏။။
“ ရွှပ် ... ရွှပ် ရွှပ်။ ”
နဂါးသည် ဟောက်သံများ ညံလာပြီး၊ လူငယ်က ကြာပွတ်ကို အကြိမ်ကြိမ် လွှဲရိုက်ကာ ခြိမ်းခြောက်ရန် ကြိုးစား လာသည်။
သို့သော် ဤအခိုက်တွင် မိုးကြိုး မုန်တိုင်း များဖြင့်၊ ဖုံးအုပ် နေသော ခရမ်း-ရွှေရောင် ပုံရိပ် တစ်ရိပ်၊ ကောင်းကင်ပေါ် ပျံတက် လာသည်။
“ ဝှစ် ... ။ ”
ဤသည်မှာ လင်းယွန် ဖြစ်၏။ သူ့ ခြေလှမ်းတိုင်းသည် ကြာပွတ် ထံသို့ ဦးတည် နေလေ သည်။
“ ဘယ်သူလဲ။ ”
ဘုရင် အဆင့် သူတော်စင် လက်ရာကို ထိပ်တိုက် ရင်ဆိုင်ရန် လက်ဗလာနှင့် သွားနေ သည့်၊ သူ့ကို လူတိုင်း သတိထား မိသည်။
ယင်းက မယုံ နိုင်စရာ မြင်ကွင်း ပေပင်။ အင်ပါရီယန် တစ်ပါးသည် ထိုမျှ အစွမ်းထက် နေစရာ အကြောင်း မရှိချေ။
“ ရွှပ် ရွှပ် ရွှပ် ... ။ ”
မီးနဂါး ဂိုဏ်းမှ လူငယ် သည်လည်း၊ ကြာပွတ်ကို ခပ်သွက်သွက် ဝှေ့ယမ်း ကာ၊ လင်းယွန်၏ လမ်းကို လျှပ်စီး များဖြင့်၊ ပိတ်ဆို့ လိုက်သည်။
သို့သော် အလုံးစုံ မကာကွယ် နိုင်မီ၊ လင်းယွန်၏ အပြာရောင် နဂါးဓား ရောင်ဝါက ထွက်ပေါ် လာသည်။
ဓားရည်ရွယ် ချက်နှင့် အနားသပ် ထားသော၊ နဂါးကြီးက ကြာပွတ်အား အဝေးသို့ ပုတ်လွှတ် လိုက် တော့၏။
တစ်ဖက် လူမှာ သန်မာ လွန်းသဖြင့်၊ ကြာပွတ်ကိုင် လူငယ်က မျက်မှောင် ကြုတ်ပြီး၊
“ မင်း ဘယ်သူလဲ။ ”
-ဟု မေးမြန်း မိသည်။
သို့သော် လင်းယွန်မှ ပြန် မဖြေဘဲ လက်ညိုးနှင့် ချိန်ရွယ်ကာ၊ ဓား အလင်းကို တောက်ထုတ် လာသည်။
“ ရွှပ် ... ။ ”
သူ့ နောက်တွင် ခရမ်းရောင် ပန်းတစ်ပွင့် ပွင့်လာပြီး၊ ဓား အလင်း တစ်လက် ပြေးထွက် လာကာ၊ ကြာပွတ်ကိုင် လူငယ်၏ ဦးခေါင်းထဲ ဖောက်ဝင် သွားသည်။
“ ဖောင်း ... ။ ”
ဤမြင်ကွင်းသည် တောင်ကုန်း ပေါ်ရှိ လူတိုင်း၏ မျက်နှာကို ချက်ချင်း ပြောင်းလဲသွား စေပြီး၊ နက္ခတ်များ ဆင့်ခေါ် မိကြသည်။
တောင်ခြေတွင် စောင့်ကြည့် နေမိသော လူအုပ် အတွက်မူ၊ ပါးစပ် ဟောင်းလောင်း ပွင့် ကုန်၏။
“ နင် ... နင် မိစ္ဆာကောင်၊ နင်က ... ငါ့ရဲ့ စီနီယာ အစ်ကိုကို၊ တကယ် သတ်ရဲ တယ်ပေါ့၊ နင် ... ဘယ်သွားသွား မီးနဂါး ဂိုဏ်းက၊ နင့်ကို အလွတ် ပေးမှာ မဟုတ်ဘူး။ ”
အမျိုးသမီး တစ်ဦးက ထိုလူငယ် အသုံးပြု ခဲ့သော ကြာပွတ်ကို ကောက်ကိုင်ပြီး၊ ဒေါသနှင့် အော်ငေါက် လာသည်။
“ ငါ ... ထွက်ပြေး မယ်လို့ ... ၊ ဘယ်သူ ပြောလဲ၊ ဒီပုရွက်ဆိတ်က မင်းတို့လို လင်းယုန် ငှက်တွေရဲ့၊ လမ်းညွှန် ချက်ကို လိုချင်တယ်။ ”
လှောင်ပြောင် လိုသော အပြုံးနှင့်၊ လင်းယွန်က ပြန်ပြော လိုက်သည်။ ထိုစကား ကြောင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ် သွားတော့၏။
***