← Chapters

သတ်ပါ။

Vol. 91 Ch. 1266

သတ်ပါ။

Vol. 91 Ch. 1266

လင်းယွန်၏ အသံသည် ကျယ်လောင်စွာ ပဲ့တင်ထပ် နေခဲ့သည်။ သူ့ကိုယ်သူ ပုရွက်ဆိတ် ဟု ရည်ညွှန်း သော်လည်း၊ ဂိုဏ်းကြီး များကို လှောင်ပြောင် နေမှန်း၊ လူတိုင်း သိ၏။

“ မင်းက ... မိုးကြိုး ဂိုဏ်းရဲ့ တပည့် မကို သတ်တဲ့ လူပဲ။ ”

မိုးကြိုး ဂိုဏ်းနှင့် မီးနဂါး ဂိုဏ်း၏ တပည့်များ အသတ်ခံ ရသည့် သတင်းကို၊ ကြားထားပြီး ဖြစ်သဖြင့်၊ ဂိုဏ်းကြီး များမှ တပည့် များ၏ မျက်နှာများ၊ ပြောင်းလဲ သွားသည်။

သူတို့၏ သိုင်းညီ အစ်ကို များမှာ ကြောက်မက်ဖွယ် ကောင်းသော သေဆုံး မှုဖြင့် အဆုံးသတ် သွားကြသည်။

လူသတ် သမားသည် နောက်၌ ဓားသေတ္တာ တစ်လုံးကို ထမ်းပိုး ထားသည့် မိုးကြိုး မုန်တိုင်း ရည်ရွယ် ချက်အား ဆုပ်ကိုင် ထားသော အပြာဝတ် လူငယ် တစ်ဦး ဖြစ်သည်။

နဂါးဓား ရောင်ဝါကို ပိုင်ဆိုင်ထား ရုံသာမက ရှေးဟောင်း ခန္ဓာကိုယ် သန့်စင်သည့် နည်းစနစ် ကိုလည်း ဆုပ်ကိုင် ထားသည်။

အချက် အလက်များ အားလုံးမှာ လင်းယွန်ထံ ဦးတည် နေပေ၏။ သို့သော် ဤ လူငယ်သည် ကြယ်စင်စု အဆင့် ၌သာ ရှိသေး ကြောင်း၊ သိလိုက် ချိန်၌ အထင် မကြီး မိချေ။

ဤမြင်ကွင်းသည် ထိုနေရာရှိ အခြားသော ကျင့်ကြံသူ များကို သွေးဆူစေ ခဲ့သည်။ တစ်စုံ တစ်ဦးမှ ဂိုဏ်းကြီး များကို စိန်ခေါ် သည်မှာ၊ ပထမဆုံး အကြိမ် ဖြစ်၏။

ထိုဂိုဏ်းကြီး များ၏ တပည့် များသည် ရက်စက် ကြမ်းကြုတ် လှပြီး၊ ကျူးကျော်ဝံ့ သူတိုင်းကို သတ်ဖြတ် ခဲ့ကြသည်။

ထို့ကြောင့် လင်းယွန် ထွက်ပေါ် လာသော အခါတွင်၊ လူတိုင်း၏ သွေးများ ဆူပွက် လာပြီး၊ မျှော်လင့် ချက်များ ရှင်သန် လာခြင်း ဖြစ်သည်။

“ ဖျစ် ... ဖျစ် ဖျစ်။ ”

သူတော်စင် နဂါး ခန္ဓာ ကိုယ်အား ထုတ်ဖော် ထားသောကြောင့်၊ လျှပ်စီး များက လင်းယွန်ကို သိုင်းခြုံ ထားသည်။

အပြာရောင် နဂါး တစ်ကောင် ကဲ့သို့၊ တောင်ပေါ် ဖြည်းညှင်းစွာ တက်လှမ်း လာ၏။ ဤအရာက တောင်ပေါ်ရှိ လူတိုင်း၏ မျက်နှာကို ပြောင်းလဲ သွားစေသည်။

ဤလင်းယွန်မှာ ဒုက္ခပေး နိုင်လွန်း၏။

( ငါတို့ကို ကူညီ ပေးဖို့ ... ၊ တခြား ဂိုဏ်း တွေကို အကြောင်း ကြားပါ၊ ငါတို့ ... သူ့ကို ဒီမှာ သတ်ရမယ်၊ မဟုတ်ရင် နဂါးမောက် သီးကို လုယူ သွားလိမ့်မယ်။ )

မီးနဂါး ဂိုဏ်းမှ အမျိုး သမီးက သူ့ အဖော်များကို နှုတ်ခမ်း လှုပ်ရုံ ပြောကြားပြီး၊ လင်းယွန်ထံ လှမ်းပြော လိုက်သည်။

“ နားလည်မှု လွဲနေပြီ ထင်တယ်၊ နင့်ရဲ့ ခွန်အားနဲ့၊ ဂိုဏ်းကြီး တွေက မဟုတ် ရင်တောင် နဂါးမောက်သီး ရဖို့ ယှဉ်ပြိုင် နိုင်ပါတယ်၊ ...

... ငါတို့ နင့်ကို ရန်ပြုဖို့ ရည်ရွယ်ချက် မရှိပါဘူး၊ နင်ဆန္ဒ ရှိရင် နဂါးမောက် သီးသာ မဟုတ်ဘူး၊ သူတော်စင် အရည် ကိုလည်း စုဆောင်း နိုင်ပါတယ်။ ”

သို့သော် သူမ မျက်လုံး ထဲ၌ သတ်ပစ် လိုသည့် ရည်ရွယ် ချက်ကို နက်နက် ရှိုင်းရှိုင်း ဖုံးကွယ် ထားမှန်း၊ သတိပြု မိသည်။

ရှေးဟောင်း ပျက်သုဉ်း နယ်မြေသည် ကျယ်ပြောလွန်း သဖြင့်၊ ဂိုဏ်းကြီးမှ မဟုတ် သော လင်းယွန် ကဲ့သို့၊ ပါရမီရှင် များကို တွေ့ရှိ ရတက်သည်။

အမည်ခံ သူတော်စင် သစ်သီး များမှာ၊ ရှားပါး လှပြီး၊ ၎င်းတို့ အတွက်ပင် မလုံလောက် ချေ။ ထို့ကြောင့် လင်းယွန်အား ဝေမျှ ပေးမည် ဟူသော စကားမှာ၊ လိမ်ညာ ခြင်းသာ ဖြစ်သည်။

ထိုအမျိုး သမီး၏ စကားကို ကြားသော အခါတွင်၊ တောင်ခြေရှိ လူအုပ်မှာ၊ မျက်နှာများ မဲ့ရွဲ့ သွားကြသည်။ လင်းယွန် သန်မာ သည်ကို တွေ့မြင် ပြီးနောက်၊ သူမ အနားသို့ ဆွဲယူ ချင်နေသည်။

ထိုအချိန်တွင် သူမ၏ အဖော် တစ်ယောက်က သူ့ ရောင်ဝါအား ဖုံးကွယ်ကာ၊ အခြားသော မဟာမိတ် ဂိုဏ်းကြီး များကို၊ အကြောင်း ကြားရန် ပြင်သည်။

လင်းယွန်၏ အကြည့် များက သူ့ပေါ် ကျရောက် လာသဖြင့်၊ ထိုလူငယ်မှာ ကျောရိုး တစ်လျှောက်၊ အေးစိမ့် သွားလေသည်။

“ လမ်းညွှန်ချက် တစ်ခု ပေးဖို့၊ ငါ ပြောထားတယ် မဟုတ်လား၊ ဒါကြောင့် မင်းတို့ ဘယ်သူမှ ဒီက ထွက်သွားခွင့် မရှိဘူး။ ”

“ ဟမ့် ... မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ၊ မင်းလို အရိုင်း အစိုင်း တစ်ယောက် ကို၊ ငါတို့က လက်ခံ မယ်များ ထင်နေလား၊ ငါ သတင်း ပို့လိုက်ပြီ၊ မဟာမိတ် ဂိုဏ်းကြီး တွေက မင်းကို ဖြေရှင်းဖို့ လာလိမ့်မယ်။ ”

အကြည့်ခံ ရသည့် လူငယ်က ကြောက်ရွံ့ စိတ်ကို ဖုံးကွယ်ကာ၊ ခြိမ်းခြောက် စကားဆိုလာ လေသည်။

“ သူတို့ မလာခင် ... ၊ မင်း ဘယ်လို အသက်ရှင် မလဲ ငါ ကြည့်မယ်။ ”

“ မင်း စွမ်းရင် စမ်းကြည့် လို့ရတယ်။ ”

ထိုလူငယ်က လှောင်ပြောင် လိုက်၏။ သူတို့၏ ဂိုဏ်းများတွင် နဂါးသွေး လွှတ်ကြော နယ်ပယ်နှင့်၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ ရှိသည်။

ဂိုဏ်းကြီးများ အချင်းချင်း ကူညီရန် တိတ်တဆိတ် သဘော တူညီချက် ရယူထား လေသည်။

သို့သော် လင်းယွန် ကဲ့သို့၊ ပုရွက်ဆိတ် တစ်ယောက် အတွက် ဂရု မစိုက်ကြောင်း ကိုမူ၊ မည်သူမျှ ထုတ်မပြော ကြချေ။

လင်းယွန်က ရွှေကျီးကန်း ကဲ့သို့၊ လက်ကို ဆန့်ကာ ပျံသန်း လိုက်သည်။ အရှိန်မှာ မယုံနိုင် လောက်အောင် မြန်လှ သဖြင့်၊ လူတိုင်း မျက်လုံး ပြူးကုန်၏။

“ ဝှစ် ... ။ ”

လင်းယွန် လက်ဖဝါးမှ တောက်ပသော အလင်း နှင့်အတူ လျှပ်စီးများ ပေါက်ကွဲ ထွက် သွားသည်။ ၎င်းက နဂါး လက်ကြီး အသွင် ပြေးထွက် လာ၏။

“ အား ... ။ ”

ပစ်မှတ်ထား ခံရသော ထိုလူငယ်မှာ၊ သူ့ နက္ခတ်ကို ဆင့်ခေါ်ပြီး၊ စင်ကြယ်သော ဝိညာဉ် တော်အား၊ အသုံးပြု လိုက်သော်လည်း၊ အချည်း နှီးသာ ဖြစ်သွားသည်။

သူတော်စင် နဂါး ခန္ဓာမှာ၊ အလွန် အားကောင်း လွန်းသည်။ အထူး သဖြင့် သွေး မီးတောက် နဂါး အတွင်းရှိ သူတော်စင် ရူရ်၊ နတ်နဂါး ရောင်ဝါနှင့် ယဇ်ပလ္လင်ရှိ ရောင်ဝါ တို့ကို သန့်စင် ပြီးနောက်၊ အဆင့် သစ်သို့ ရောက်ရှိ လာသည်။

ထို့ကြောင့် သူ့ရှေ့ရှိ မိုးကြိုး ဂိုဏ်းမှ တပည့်ကို၊ စာရွက် တစ်ရွက် ကဲ့သို့၊ ခွဲထုတ် ပစ် တော့သည်။

ပြီးသည်နှင့် မူလ နေရာသို့ ပြန်သွား၏။ သတိမထား ပါက၊ လင်းယွန် တစ်ယောက် မလှုပ်ရှား ဟုပင်၊ ထင်မြင် စေသည်။

“ ငါ လင်းယွန် ... ၊ မင်းတို့ရဲ့ လမ်းညွှန်မှုကို ရယူ လိုတယ်။ ”

လင်းယွန် အသံက နောက်တစ်ကြိမ် ထွက်ပေါ် လာခဲ့သည်။ တောင်ပေါ် လှမ်းတက် ပြီး၊ တိုက်ပွဲဝင် ဆန္ဒ များကို၊ ထုတ်ဖော်ပြ လိုက်၏။

ဤမြင်ကွင်းက တောင်ပေါ်ရှိ သူတိုင်းကို မျက်နှာများ ဖြူဖပ် ဖြူရော် ဖြစ်လာ စေသည်။ သူတို့ အားလုံးမှာ၊ ဂိုဏ်းကြီး များ၏ အဆင့် အတန်း ရှိသော တပည့်များ ဖြစ်၏။ အရှက် ခွဲခြင်းကို မခံ လိုပေ။

“ မင်း ... ၊ သေချင် နေတာပဲ။ ”

မိုးကြိုး ဂိုဏ်း၏ ခရမ်းရောင် ဝတ် အမျိုးသားက၊ စိတ်မထိန်း နိုင်တော့ဘဲ၊ လျှပ်စီး လက်နေသော သူတော်စင် ဓား တစ်လက်ကို ဆွဲထုတ် လိုက်သည်။

ဤအရာသည် လျှပ်စီးနှင့် မီးတောက်ကို ပေါင်းစပ် သန့်စင် ထားသော သူတော်စင် ဓား ဖြစ်သည်။

ဓားရှိ မီးတောက် များသည် သက်ရှိ တစ်ကောင် အလား ယိမ်းနွဲ့ နေ၏။ ယင်းက ဘုရင် အဆင့် သူတော်စင် လက်ရာ ထက်၊ မနိမ့်ကျချေ။

“ ဟိတ် ... ။ ”

မီးနဂါး ဂိုဏ်းမှ အမျိုး သမီးသည် ထိုလူငယ်အား ကူညီရန်၊ တိုက်ပွဲ အတွင်း ဝင်ရောက် လာခဲ့ သည်။

“ သတ် ... ။ ”

ဂိုဏ်းကြီး များ၏ တပည့် တိုင်းက၊ လင်းယွန်အား သတ်ရန် လှုပ်ရှား လာ၏။ ထို့စဉ် နဂါး တစ်ကောင် ပေါ်လာပြီး၊ ခရမ်းရောင် ဝတ် လူငယ်၏ ဓားကို၊ ပိတ်ဆို့ လိုက်သည်။

တစ်ချိန် တည်းမှာပင်၊ နဂါး ရူရ် များကို လက်၌ စုစည်းပြီး၊ ကြာပွတ်အား ဖမ်းဆုပ်လေ သည်။

ဤသို့ဖြင့် ဂိုဏ်းကြီး နှစ်ဂိုဏ်းမှ ကျွမ်းကျင်သူ များနှင့်၊ လင်းယွန်ကြား တိုက်ပွဲမှာ စတင် လာခဲ့သည်။

သူတော်စင် လက်နက် မရှိသော ဂိုဏ်းကြီးများ၏ တပည့် များမှာ၊ လင်းယွန် ထံမှ တစ်ချက်ပင် မခံယူ နိုင်ချေ။

ဤမြင်ကွင်းက တောင်ခြေရှိ လူအုပ်ကို သွေးဆူ လာစေ၏။ သူတို့အား ပုရွက်ဆိတ်လို ဆက်ဆံ သူများ ဖြစ်သည်။

သို့သော် တရားမျှ တခြင်း ဟူသော ဝေါဟာရသည် ဤကမ္ဘာ ကြီး၌ မရှိ တော့ချေ။ သန်မာသူ သည်သာ၊ ဆုံးဖြတ် ပိုင်ခွင့် ရှိ၏။

သူတော်စင် နဂါး ခန္ဓာဖြင့်၊ ဘုရင် အဆင့် သူတော်စင် နလက်ရာ နှစ်ပါးကို မျက်နှာ မူကာ၊ ဓားသမား တစ်ဦမှ ထိုတရား မျှတ မှုအား ဆောင်ယူရန်၊ ကြိုးစားပေး နေသည်။

သူ့အား ခရမ်း- ရွှေရောင် အလင်းဖြင့်၊ ဖုံးအုပ် ထားပြီး၊ ဘုရင် အဆင့် သူတော်စင် လက်ရာ သည်ပင်၊ တိုးမပေါက် ခဲ့ချေ။

အမည်ခံ ပင်မ နတ်ဘုရား တစ်ပါး မဟုတ်ပါက၊ ဘုရင် အဆင့် သူတော်စင် ပစ္စည်း ကို၊ ရင်ဆိုင်ရန် မဖြစ် နိုင်သော်လည်း၊ လင်းယွန် မှ လုပ်ဆောင် ပြနေသည်။

ထို့နောက်တွင် လင်းယွန် လက်သီးမှာ၊ သူတော်စင် ဓားကို ဝှေ့ယမ်း နေသော ခရမ်း ရောင်ဝတ် လူငယ်အား ထိမှန် သွားသည်။

“ ဂျိန်း ... ။ ”

မိုးကြိုးပစ် လိုက် သကဲ့သို့၊ လျှပ်စီးများ ဖုံးလွှမ်းကာ၊ လွင့်စဉ် သွားစဉ်၊ မိုးခြိမ်းသံ ထွက် လာပြီး၊ ကြာပွတ်ဖြင့် ဖန်တီး ထားသည့် နဂါး ဝိညာဉ်၊ အပိုင်းပိုင်း ခွဲခံ လိုက်ရသည်။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

မီးနဂါး ဂိုဏ်း၏ အမျိုး သမီး မျက်နှာမှာ၊ ပြောင်းလဲ သွားပြီး၊ ကြာပွတ်အား အမြန် ပြန် ရုတ်လိုက်သည်။

သူမ၏ လက်နက်ကို ပြိုင်ဘက်မှ ထိန်းချုပ်နိုင်လု နီးပါး ဖြစ်နေ ပြီဟု၊ ခံစားလာ မိခြင်း ဖြစ်၏။

“ စခန်း ချတဲ့ ဆီကို ပြန်သွား ... ၊ သူ့ကို နှိမ်နှင်းဖို့ အကြီး အကဲ တွေဆီမှာ၊ အကူ အညီ တောင်း လာခဲ့၊ သူ ဘယ်လောက် ကြာကြာ မာနကြီး နိုင်မလဲ ဆိုတာ ငါ ကြည့်မယ်။ ”

အမိန့်ကြောင့် ဂိုဏ်းကြီး များ၏ တပည့် များက၊ လျင်မြန်စွာ ဆုတ်ခွာရန် ပြင်လိုက် ကြ လေသည်။

“ မင်း တို့က လင်းယုန်တွေ ဆိုတော့ ... ၊ ငါ့လို ပုရွက်ဆိတ် တစ်ကောင် လက် ကနေ ဘာလို့ ပြေးချင် နေရ တာလဲ၊ ပြန်လာခဲ့... ။ ”

လင်းယွန် အသံ ပဲ့တင်ထပ် လာစဉ်၊ နဂါး ထွက်သက်ကို ချက်ချင်း ထုတ်ဖော် လိုက်သည်။ ခရမ်း ရွှေရောင် နဂါး ရူရ်များ အားလုံး၊ သူ့ခန္ဓာ ကိုယ်၌ လောင်ကျွမ်း လာပြီး၊ လေစုပ် ဝဲကြီး တစ်ခု ပေါ်လာ၏။

ထိုစုပ်ဝဲ ကြီးက ထွက်ပြေး လာရန် ကြံရွယ် နေသော လူတိုင်းကို၊ ချက်ချင်း ပြန်လည် ဆွဲယူ လိုက် လေသည်။

“ မ ... မဟုတ်ဘူး။ ”

ပြန်ဆွဲ ခံရသော လူများက ကြောက်လန့် တကြား အော်ဟစ် လိုက်ကြသည်။ လင်းယွန်က လက်ဖဝါးကို ဆုပ်ကိုင် လိုက်သည်နှင့်၊ ၎င်းတို့၏ နက္ခတ်များ အားလုံး ပြိုကွဲ သွားသည်။

သည့်နောက် လက်ကို ဝှေ့ယမ်း ဖြန့်ထုတ် လိုက်သော အခါ၊ အလောင်း (၁၀) လောင်းမှာ၊ သွေးမြူ အဖြစ်သို့ ပြောင်းလဲ ပျောက်ကွယ် သွား တော့သည်။

***

All Chapters