ဂုဏ် သိက္ခာ။
Vol. 91 Ch. 1267
လင်းယွန်က လေထု အလယ် ရပ်လျက်၊ တောင်ပေါ်ရှိ လူ တစ်စုအား ငုံ့ကြည့် နေလေ သည်။
ပတ်ဝန်း ကျင်တွင် လူသေ အလောင်း များနှင့် သွေးများ မြစ်ကဲ့သို့ ခဏချင်း စီးဆင်း သွား၏။
သေဆုံး ကုန်သော ဂိုဏ်းကြီး များ၏ ထိုတပည့် များပိုင်၊ ရတနာ များ၊ သူတော်စင် ရှေးဟောင်း ပစ္စည်း များနှင့်၊ သိုလှောင်အိတ် များကို နဂါးလေးမှ သိမ်းဆည်း နေ၏။
“ ဟေး ... ။ ”
ဤမြင်ကွင်းကြောင့် တောင်ခြေရှိ လူအုပ်ကြီးက၊ သွေးများ ဆူပွက် လာကာ အော်ဟစ် လိုက် ကြ၏။
“ ပိုင်ရှင်မဲ့ ရတနာတွေ အတွက် ... မင်း တို့လို၊ လူတွေ ကတောင် ယှဉ်ပြိုင် နိုင်တာပဲ၊ ငါတို့က ဘာလို့ မလုပ်နိုင် ရမှာလဲ၊ ငါ့ လမ်းမှာ ရပ်ဖို့ သတ္တိ ရှိတဲ့ လူတိုင်းကို သတ်ပစ်ဖို့ တွန့်ဆုတ် နေမှာ မဟုတ်ဘူး။ ”
ကောင်းကင်မှ နေ၍ လင်းယွန်က အော်ဟစ် လိုက်သည်။ သူ့စကားက ဂိုဏ်းကြီးများ အပေါ်၊ စစ် ကြေငြာခြင်း မည်၏။
မီးနဂါး ဂိုဏ်းတွင် ရေနဂါး တစ်ကောင်ကို ထိန်းသိမ်း ထားပြီး၊ ၎င်းမှာ မဟာ သူတော်စင် အဆင့် နဂါး ဖြစ်သည်။
မိုးကြိုး ဂိုဏ်း တွင်မူ၊ နှစ်ထောင်ပေါင်း များစွာ ကြာအောင်၊ မငြိမ်း နိုင်သည့် လျှပ်စီးနှင့်၊ မီးလျှံများ တောက်လောင် နေသော လမင်း တစ်စင်း ရှိ၏။
ထို့ကြောင့် ၎င်းတို့၏ အုတ်မြစ်မှာ၊ များစွာ နက်ရှိုင်း ချေပြီ။ လူတိုင်း စော်ကား နိုင်သော အရာ မဟုတ်ချေ။
“ ဝှစ် ... ။ ”
သို့သော် အမည်မဲ့ ဓားသမား တစ်ဦးမှ၊ ယနေ့တွင် ၎င်းတို့အား စစ်ကြေငြာ ခဲ့လေသည်။ ပြီးနောက် အလင်းတန်း အသွင် ပြောင်းလဲကာ၊ နဂါးမောက် သီး မွေးဖွားရာ အရပ် ဆီသို့၊ လင်းယွန်က ဦးတည် သွား တော့၏။
တစ်နာရီ အကြာတွင် ခရမ်းငယ်က၊ ဓားသေတ္တာ ထဲမှ ပြေးထွက် လာခဲ့သည်။
“ ခဏ ရပ် ... ။ ”
သူတော်စင် မိုးရေမှာ တိတ်သွားပြီ ဖြစ်သော်လည်း၊ လေထုသည် စိုစွတ် နေဆဲ ဖြစ်၏။
သူတော်စင် အရည်ကို စုဆောင်း နေသော ဂိုဏ်းကြီး များ၏ တပည့်များကို ပတ်ဝန်းကျင်၌ မြင်နေ ရဆဲ ဖြစ်သည်။
“ မင်း ... ထွက်လာ ပြီလား။ ”
“ အင်း ဟုတ်တယ် ... ၊ လေကောင်း လေသန့် ရှူဖို့၊ ခဏ ထွက် လာတာ၊ စောစောက နင့်ရဲ့ ... ကြီးစိုး နိုင်တဲ့ အသွင် မျိုးကို၊ ငါ ကြိုက်တယ်။ ”
လင်းယွန်မှာ သူ့အား ကျေနပ်စေ သဖြင့်၊ ခရမ်းငယ်မှ ခေါင်းညိတ်ကာ ချီးကျူး လိုက်၏။ လင်းယွန်က ပြုံးရုံသာ ပြုံးနေ မိသည်။
နဂါး သခင် ထံမှ သူတော်စင် နဂါး ခန္ဓာ ဟူသော အမွေကို ရရှိ ထားပြီး၊ အခြားသော အခွင့် အရေး များစွာလည်း ရှိနေသည်။
သွေးမီးတောက် နဂါး သူတော်စင် ရူရ်၊ နတ်နဂါး ရောင်ဝါနှင့်၊ သွေးအဆီ အနှစ် ပိုင်ဆိုင် ထားလေရာ၊ ခရမ်းငယ် မရှိ လျှင်ပင်၊ ပျံသန်း နိုင်မည် ဖြစ်သည်။
ထို့ပြင် မိုးပြာ နဂါး ရောင်ဝါသည် အရိယာ ကောင်းကင်ဓားထက် အား မနည်းချေ။ တိတိ ပပ ဆိုရ ပါမူ၊ ၎င်းတို့မှာ ဓားသမုဒ္ဒရာ အတွင်းရှိ ရွှေလူသားနှင့်၊ နဂါး ဝိညာဉ် ကဲ့သို့၊ လုံးဝ ပေါင်းစပ် နေ၏။
“ သူတော်စင် အရည်က ထူးခြားတယ်။ ”
ခရမ်းငယ်က လေးနက်သော အမူ အရာနှင့်၊ သူတော်စင် မိုးရေ များထံ ကြည့်ကာ ပြောလာ သည်။
သူမ၏ စကားကြောင့် လင်းယွန်မှာ၊ အံ့အားသင့် သွားသည်။ ခရမ်းငယ် သည်ပင် ထုတ်ပြော လာပြီ ဖြစ်သဖြင့်၊ ဂရုစိုက်ဖို့ လိုချေပြီ။
“ ဒါပေမယ့် ... ဒီအတွက် နဲ့တော့ ငါ့ အချိန်ကို မဖြုန်းတီး ချင်ဖူး၊ နဂါးမောက် သီးက၊ ပို အရေး ကြီးတယ်။ ”
ထို့ကြောင့်ပင် တိုက်ပွဲကို တတ်နိုင် သမျှ မြန်မြန် အဆုံး သတ်လိုက်ခြင်း ဖြစ်သည်။ များ မကြာခင် နဂါးမောက်သီး မွေးဖွား တော့မည် ဖြစ်သဖြင့်၊ တည်နေရာကို အမြန် ရှာဖွေရန် လို၏။
ညအချိန် ဖြစ်၍ ဦးတည် ရာကို အကြမ်းဖျင်း ခန့်မှန်း နိုင် သော်လည်း၊ အချိန်မီ ရောက်ရှိရန် လိုသေးသည်။
“ ဒါဆို ... နင့် အတွက်၊ ငါ စုဆောင်း လိုက်မယ်၊ သိပ်တော့ မများ ပါဘူး၊ အိုး တစ်လုံး စာပဲ လုပ်မှာပါ၊ တခြား လူတွေရဲ့ သူတော်စင် အရည်က၊ ငါ စုဆောင်း လာမဲ့၊ သူတော်စင် အရည်ကို မမီ နိုင်ဘူး။ ”
ခရမ်းငယ်က ဂုဏ်ယူ စွာနှင့် ပြောလာသည်။
“ မင်း တကယ် ပြောနေ တာလား။ ”
“ ငါ့က ရူးနေတာ ... နင်မြင် လို့လား၊ စိတ်မပူနဲ့ ... ဒီဧကရီက သူတော်စင် အရည် အလုံ အလောက် စုဆောင်း ပြီးတဲ့ အခါ၊ နင့် ကိုယ်လုံး ကိုယ်ပေါက်ကို ...
... အဆင့်သစ် ရောက်အောင် ကူညီပေး နိုင်တယ်၊ ဒါက အနည်းဆုံး ရူရ် တစ်ထောင်ထိ ရလိမ့်မယ်။ ”
ထို့နောက် နဂါးလေးအား ခေါ်ကာ၊ မထွက်ခွာခင် ဦးတည်ရာ တစ်ရပ် ထံသို့ ညွှန်ပြ လိုက်ပြီး၊
“ အဲ့ဒီမှာ နဂါးမောက်သီး ရှိတယ်။ ”
-ဟု ပြောပြ လာခဲ့သည်။
နဂါး ရူရ် တစ်ထောင် ရရန် မလွယ် ကူကြောင်း၊ လင်းယွန် သိသည်။ ခရမ်းငယ်မှာ တစ်ခါ တစ်ရံတွင် ယုံကြည်ရ သဖြင့်၊ ထိုတစ်ခါ တစ်ရံ ဖြစ်စေရန်၊ ဆုတောင်း မိ၏။
ပြီးနောက် ခရမ်းငယ် ညွှန်ပြသည့် လမ်းအတိုင်း ပျံသန်း လာရာ၊ ဂိုဏ်းကြီး များ၏ တပည့် များကို တွေ့လာ ရသည်။
၎င်းတို့နှင့် ဝေးကွာလွန်း သောကြောင့် မည်သည့် အရာများ လုပ်နေကြ သည်ကို၊ မမြင် နိုင်သေးချေ။
ခဏ အကြာတွင် မြင့်မားသော တောင်ကြီး တစ်လုံးအား မြင်လာ ရသည်။ တောင်ကြီး ထံမှ နီမြန်းသော ရောင်ဝါများ ထွက်ပေါ် နေ၏။
“ အဲဒါ မင်းပဲ။ ”
လင်းယွန်က ရှေ့ဆက် ခါနီးတွင်၊ သူ့ရှေ့၌ လူရိပ် တစ်ရိပ် ပေါ်လာသည်။ ဤလူကို သူသိ သောကြောင့်၊ အံ့သြ သွား၏။
“ ကုန်း စွန်း ယန်။ ”
ဓားညီလာခံတွင် အင်ပါ ရီယန် နယ်ပယ်သို့ ရောက်ရှိ ပြီးနောက်၊ ထပ်မံ တိုက်ခိုက် မည်ဟု ပြောဆို ခဲ့သော လူ ဖြစ်သည်။
သို့သော် လက်ရှိ အချိန်၌ ဒဏ်ရာ များဖြင့် ဖုံးလွှမ်း နေပြီး၊ သူ့အသက် အတွက် ပြေးလာပုံ ရသည်။
ကုန်းစွန်းယန် သည်လည်း၊ တွေ့စ အချိန်တွင်၊ လန့်ဖြန့် သွားပြီး ထွက်ပြေးရန် ပြင်မိသည်။
လင်းယွန်မှန်း သိသွား မှသာ၊
“ လင်းယွန် ... မင်းဒီမှာ ဘာလုပ် နေတာလဲ။ ”
-ဟု မေးလာသည်။
“ မင်းလိုပဲ။ ”
လင်းယွန်က ပြန်ဖြေ၏။
“ မင်းက ငါနဲ့ မတူဘူး၊ ငါက အမည်ခံ သူတော်စင် သစ်သီး အတွက် ... ဒီကို လာတာ၊ မင်းလည်း ငါ့လို အရည် အချင်း ပြည့်မီ တယ်လို့ မပြောနဲ့။ ”
“ နဂါးမောက် သီးက မင်းနဲ့ အတူ ရှိနေ တာလား။ ”
လင်းယွန် မျက်လုံး များ၌ တိုက်ပွဲဝင် ဆန္ဒများ တောက်လောင် လာပြီး၊ ကုန်းစွန်းယန် ထံ စိုက်ကြည့် လိုက်သည်။
ယင်းကို ကုန်းစွန်းယန်မှ သတိ မထားဘဲ၊ လှောင်ပြောင် လိုသော အပြုံး ကိုသာ ထုတ်ပြ လာ၏။
“ အဲဒီ ဂိုဏ်းကြီး တွေရဲ့ ... တပည့် တွေနဲ့ ယှဉ်ပြိုင် နိုင်မယ်လို့ ထင်ခဲ့ မိတယ်၊ ငါ့ကိုယ်ငါ ဒီလောက် နုံအမှန်း မသိ ခဲ့ဘူး။ ”
စိတ်ပျက်ပြီး၊ နာကျင် နေပုံ ရသည်။ ကြီးမားသော ထိုးနှက်ချက် အဖြစ်၊ အရှက်ကွဲ လာပုံ ပေပင်။
“ နဂါးမောက်သီး မွေးလာ ပြီလား။ ”
“ ဟင့်အင်း ... ။ ”
“ ဒါဆို ... ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ။ ”
တစ်ဖက် လူနှင့် ခင်မင် ရင်းနှီးမှု မရှိ သောကြောင့်၊ စကား ဖြတ်ကာ ရှေ့ဆက်ရန် ပြင် လိုက်သည် ။
ဒဏ်ရာ အပြင်း အထန် ရထားသော ကုန်းစွန်းယန်မှာ၊ လင်းယွန်အား တိုက်ခိုက်ရန် ဆန္ဒ မရှိ သေးဘဲ၊ ကုစားရန် နေရာ အမြန်ရှာ လိုခဲ့သည်။
သို့သော် ရုတ်တရက် သတိဝင် လာပြီး၊
“ မင်း ... အဲ့ဒီ သစ်သီး နောက် ... လိုက်နေ တယ်လို့ မပြောနဲ့။ ”
-ဟု လှမ်းအော် လိုက်သည်။
“ မင်းတောင် ဖြစ်နိုင် သေးတာပဲ၊ ငါက ဘာလို့ မဖြစ်နိုင် ရမှာလဲ။ ”
လင်းယွန်က ဂရု မစိုက်ဘဲ၊ ပြန်လည် အော်ဟစ် လိုက်သည်။ ကုန်းစွန်းယန်မှာ ရှုံးနိမ့် ခဲ့ပြီ ဖြစ်သဖြင့်၊ သူ စိတ်မဝင် စားတော့ချေ။
“ ဟား ... ဟား ... ဟား ... ၊ ဓားညီလာခံမှာ ချန်ပီယံ ဖြစ်လာ တာနဲ့ပဲ၊ ထိပ်တန်း အဆင့်က ပါရမီရှင် တွေနဲ့ ယှဉ်ပြိုင် နိုင်မယ်လို့ ထင်နေ တယ်ပေါ့၊ ...
... အဲဒီတုန်းက ငါတို့ အားလုံးရဲ့ ကျင့်ကြံမှုကို၊ ကန့်သတ် ထားလို့သာ မင်းအနိုင် ရခဲ့ တာပါ၊ မဟုတ်ရင် မင်းကို လက် တစ်ဖက် တည်းနဲ့၊ အနိုင်ယူ နိုင်တယ်။ ”
“ သေ ချာ လား။ ”
လင်းယွန်က စိတ်ဆိုး စွာဖြင့် ပြန်လှည့်မေး လာသည်။
“ ငါ … ။ ”
ယင်းကို သတိထား မိလိုက်သော ကုန်းစွန်းယန်မှာ၊ ပါးစပ်ပိတ် လိုက်ရ၏။ လက်ရှိ အချိန်၌ လင်းယွန်ကို မတိုက်နိုင် သေးချေ။
“ ဒီအခြေ အနေနဲ့ မင်း ငါ့ကို တွေ့ရတာ၊ မင်းတကယ် ကံကောင်းတယ်၊ ဒါပေမယ့် ... ငါ ဒါဏ်ရာ ရခဲ့ ရင်တောင်၊ မင်း အရှက် ခွဲလို့ ရတဲ့ လူ မဟုတ်ဘူး။ ”
“ ဟား ... ဟား ... ဟား ... ။ ”
သို့သော် လင်းယွန်မှာ ရယ်သံ ဖြင့်သာ တုန့်ပြန် သွားသည်။ ကုန်းစွန်းယန်သည် အရှုံး သမား တစ်ယောက်သာ ဖြစ်ပြီး၊ ယခု အချိန်ထိ သူ့ကိုယ်သူ နဂါး လိုလို၊ ကျားလိုလို ထင်နေ ချေ၏။
ဤအခိုက် အတန့်တွင် ကုန်စွန်းယန်မှာ ခင်မင် စရာ ကောင်းသော၊ လူငယ် တစ်ယောက် ဖြစ်ကြောင်း၊ နားလည် လိုက်သည်။
“ မင်း ... ဘာရယ် တာလဲ။ ”
“ ကောင်းပြီ ... ဒါဆို မင်း ငါ့နောက်ကို လိုက်လာလို့ ရတယ်၊ ငါ စိတ်ကောင်း ဝင်ရင် နဂါးမောက် သီးရဲ့၊ အရွက်လေး တစ်ရွက်လောက်တော့ ပေးနိုင် ပါတယ်။ ”
“ မင်း ငါ့ကို အရှက်ခွဲ နေတာပဲ၊ ငါက ဓားဧကရာဇ် မျိုးရိုးကနေ တိုက်ရိုက် ဆင်းသက် လာသူ မဟုတ် ပေမယ့်၊ ကိုယ်ပိုင် အရည်အချင်း ရှိပါတယ်၊ မင်း ပေးကမ်း လာမဲ့ အရာကို ယူမယ်များ ထင်နေလား။ ”
“ အိုး ... ငါမင်းကို ... လျှော့တွက်မိ ပုံပဲ၊ မင်းမှာ ဂုဏ်သိက္ခာ ရှိတဲ့ အတွက်၊ မင်း ဆန္ဒ အတိုင်း လုပ်ပါ။ ”
သည်တစ်ကြိမ်၌ လှည့်မကြည့် တော့ဘဲ ပျောက်ကွယ် သွားတော့သည်။ ကုန်းစွန်းယန်မှ လင်းယွန် နောက်ကျောကို ကြည့်ကာ၊ ချောင်းဆိုး မိ၏။
“ အဟွတ် ဟွတ် ... ၊ ငါ လိုက် သွားပြီး၊ သူဘယ်လို သေမလဲ ဆိုတာ ကြည့်သင့်တယ်၊ မဟုတ်လား။ ”
အမည်ခံ သူတော်စင် သစ်သီး အတွက်၊ တိုက်ပွဲ ဝင်မည့် လင်းယွန် နောက်သို့ ပုန်းလျှိုး ကွယ်လျှိုး၊ လိုက်ပါ လာမိ တော့သည်။
***