အရှက် တရား။
Vol. 91 Ch. 1268
သူ့ နောက်သို့ တိတ်တဆိတ် လိုက်ပါ နေသော ကုန်းစွန်းယန်ကို လင်းယွန်မှ ချက်ချင်း သိရှိ လာသည်။
ရောင်ဝါကို ဆုတ်ခွာလျက် သတိကြီးစွာ တည်နေရာ ပြောင်းလဲ လိုက်ပါလာ သော်လည်း၊ အရိယာ ကောင်းကင်ဓား အောက်မှ မလွတ်ချေ။
လောက နိယာမ နတ်ပယ်တွင် ရှိသည့်၊ အစ်ကို ဖုန်းကျွယ်ပင် မလွတ် လေရာ၊ အင်ပါ ရီယန် တစ်ပါး ဖြစ်သော၊ ကုန်းစွန်းယန် အတွက်မူ၊ ဆိုဖွယ် မရှိချေ။
လမ်းခရီး တစ်လျှောက် ဂိုဏ်းကြီး များ၏ တပည့် များကို ရံဖန် ရံခါ ကြုံတွေ့ လာရသည်။ သို့သော် သူ့အား လူသေ တစ်ယောက် ကဲ့သို့ ကြည့်ကာ ဟန့်တားခြင်း မရှိ ခဲ့ချေ။
“ တောင်ပေါ်မှာ ရှိနေတဲ့ လူတွေက ကြောက်စရာ ကောင်းလောက်အောင် သန်မာ နေလို့လား၊ ဒါကြောင့်သာ သူတို့က ငါ့ကို တောင်ပေါ် တက်ခွင့်ပြု လိုက်တာ နေမယ်။ ”
များမကြာမီ ငွေရောင် နှင်းများ ဖုံးလွှမ်း နေသော တောင်ထိပ် ပေါ်သို့ ရောက်ရှိ လာခဲ့ သည်။
ပတ်ဝန်းကျင်တွင် ကြီးမားသော အစီရင် တစ်ခုကို ခင်းကျင်း ထားပြီး၊ နဂါးမောက် သီး မွေးဖွားမည့် အချိန်အား နှောက်နှေးအောင် စီမံထား လေသည်။
ဝိညာဉ် အဆင့် ဆေးဖက်ဝင် အပင် များစွာသည် မွေးဖွား နေပြီး၊ ၎င်းတို့ ထံမှ မြူများ ထွက်ပေါ် လာသည်။
သံသယ ဖြစ်စရာ တစ်စုံ တစ်ရာ ရှိပါက၊ နဂါးမောက် သီးမှာ ချက်ချင်း ထွက်ပြေး နိုင်ပြီး၊ လုံးဝ ပျောက်ကွယ် သွားနိုင်၏။
အစီရင်၏ အလယ်တွင် သွေးကန် တစ်ခု ရှိသည်။ သွေးကန် ပတ်ပတ် လည်တွင် လူရှစ်ဦး ထိုင်နေ ကြပြီး၊ နဂါးမောက် သီးအား စောင့်မျှော် နေပုံ ရ၏။
သူတို့ အားလုံးတွင် ကြောက်မက်ဖွယ် ကောင်းသော သိုင်း ရည်ရွယ်ချက်များ ရှိနေကာ၊ အသက်ရှူ ကြပ်စေသည့် ရောင်ဝါများ ယိုစိမ့် နေသည်။
၎င်းတို့ ရှစ်ဦး အနားတွင် အလောင်းများ တောင်လိုပုံ နေ၏။ အထက်ပါ သွေး ရေကန်မှာ ထိုအလောင်း များမှ၊ ထွက်နေခြင်း ဖြစ်သည်။
ထိုသွေး ရေကန်ကို နဂါးမောက် သီး အတွက်၊ အာဟာရ အဖြစ် အသုံးပြု ထားကြ သည်။
သို့သော် အလောင်းပုံ ကြားတွင်၊ လူ တစ်ယောက် ဒူးထောက်လျက် အသက်ရှင် ကျန်ရစ် နေသေးသည်။
လူ ရှစ်ယောက်က သူ့ကို အထင် အမြင် သေးစွာဖြင့် ကြည့်နေ၏။
“ ကျောက်ယန် ရုန်းကန် မနေ ပါနဲ့ ... ၊ အဲဒီမှာ ဒူးထောက်ပြီး ... ၊ နဂါးမောက် သီးကို ဘယ်သူ ရသွား မလဲ ဆိုတာ ကြည့်နေပါ။ ”
“ ကျောက် မိသားစုက အားကောင်းတဲ့ သူတော်စင် မိသားစုလို့ ယူဆနိုင် ပေမယ့်၊ ငါတို့ ဂိုဏ်းတွေနဲ့ ယှဉ်ရင် ဘာမှ ...
... မဟုတ် ပါဘူး ... ၊ ဒါပေမယ့် ... စိတ်မပူ ပါနဲ့၊ မင်းတို့မှာ သူတော်စင် တစ်ပါး ရှိလို့၊ ငါတို့ မင်းကို သတ်မှာ မဟုတ် ပါဘူး။ ”
ဂိုဏ်းကြီး၏ တပည့် များက လှောင်ပြောင် ရယ်မော လေသည်။ ကျောက်ယန် ကဲ့သို့ လူကို ဒူးထောက် ခိုင်းနိုင်ရုံ နှင့်ပင်၊ ဂုဏ်ယူ စရာ ဖြစ် နေ၏။
“ လူယုတ်မာတွေ ... ၊ မင်းတို့ ငါ့ကို တစ်ယောက်ချင်း တိုက်ဝံ့ သလား။ ”
ကျောက်ယန်မှ ဒေါသ ထွက်လာသည်။
“ ကျွတ် ... ကျွတ် ... ကျွတ် ... ၊ တစ်ယောက်ချင်း တိုက်ရ မှာလား၊ အဓိပ္ပါယ် မရှိတာ၊ ငါတို့ လက်တွဲ ရတဲ့ အကြောင်း ရင်းက၊ မင်းလို ‘ပါရမီရှင်’ တွေကို၊ အနိုင် ယူဖို့ ပါပဲ။ ”
ထိုအချိန်တွင် လင်းယွန်က သူတို့ ရှစ်ဦး ရှေ့၌ ထွက်ပေါ် လာ၏။ ငွေရောင် ဆံပင်များနှင့် လူငယ် တစ်ယောက်က လင်းယွန်ကို ကြည့်ပြီး၊
“ နောက် တစ်ယောက် သေဖို့ ရောက်လာပြီ။ ”
-ဟု ပြောလာ တော့သည်။
အနက်ဝတ် လူငယ် တစ်ယောက်က၊ ငွေရောင် ဆံပင်နှင့် လူငယ် စကားကြောင့် ပြုံး လိုက်ကာ၊
“ ဒီလူက မရိုး ရှင်းဘူး ... ၊ အရမ်း သန်မာတယ်၊ ရှေးဟောင်း ခန္ဓာကိုယ် သန့်စင် တဲ့ နည်းစနစ်ကို ကျင့်ကြံထား ရမယ်၊ ကျွတ် ကျွတ် ... နဂါးမောက် သီးကတော့ သူ့သွေးကို ဘယ်လောက် ကြိုက်လိုက် မလဲ။ ”
“ ဟား ဟား ဟား ... ၊ သူက အကောင်းဆုံး အာဟာရပေါ့၊ သူ့ သွေးကို သောက်ပြီးရင် နဂါး မောက်သီး မွေးလာ နိုင်တယ်။ ”
ရှစ်ယောက်သား လင်းယွန်ကို စိတ်လှုပ်ရှားစွာ ကြည့်လာ ကြသည်။ ဤလူ များသည် နဂါးမောက်သီး အတွက်၊ ရည်ရွယ် ကာ၊ လူသတ် ခဲ့မှန်း၊ နားလည် လိုက်၏။
“ လင်းယွန် ... ၊ မြန်မြန် ထွက်သွား၊ ဒီနေရာမှာ နဂါး (၉) ကောင် ဝါးမျိုခြင်း အစီရင် ကို ခင်းထားတယ်၊ ...
... ဒီအစီရင်က နဂါးမောက်သီး မွေးဖွား ချိန်ကို နှောက်နှေး စေတယ်၊ နဂါးမောက် သီး အတွက်၊ သူတို့က လူတိုင်းကို သတ်ပြီး၊ ကျွေးမွေး နေကြတာ။ ”
ကျောက်ယန်က လင်းယွန်အား တွေ့သော အခါ၊ အံ့အားသင့် သွား ပြီးနောက်၊ အော်ပြော လိုက်သည်။
“ နဂါး ကိုးကောင်ကို ဝါးမျိုခြင်း အစီရင်လား။ ”
လင်းယွန်က အံ့ဩ သွားပြီး၊ လေထု အတွင်းရှိ၊ ကြောက်မက်ဖွယ် ကောင်းသော ဝိညာဉ် ရေးရာ အတက် အကျ လှိုင်း များကို အာရုံခံ လိုက်၏။
“ မင်း ... အသိ နောက်ကျ သွားပြီ။ ”
လင်းယွန် နောက်သို့ လိုက်လာသည့်၊ ကုန်းစွန်းယန်က သက်ပြင်းချကာ ရေရွတ် လိုက် လေသည်။ သူ သည်လည်း သတိပေး ထားပြီး၊ လင်းယွန်မှ စကား နားမထောင် ခဲ့ပေ။
အမည်ခံ သူတော်စင် သစ်သီး ဟူသည်၊ လူတိုင်း ယှဉ်ပြိုင် နိုင်သော၊ အရာ မဟုတ် ကြောင်း၊ သိစေ ချင်သည်။
သူ့စိတ်ကူး၌ လင်းယွန် မည်သို့ သေဆုံး နိုင်မည်ကို ပုံဖော် မိသည်။ ကျောက်ယန် မှာမူ၊ သူ့ ောက်၌ သူတော်စင် တစ်ပါး ရှိသဖြင့်၊ မည်သူမျှ သူ့ကို မသတ်ဝံ့ ကြပေ။
ဤအရာက ကုန်းစွန်းယန်ကို အော်ဟစ် လှောင်ပြောင် ချင်စိတ် ဖြစ်လာ စေ သော်လည်း၊ ငြိမ်နေ လိုက်ရသည်။
“ နင် ... အခု ထွက်ပြေးချင် နေရင်တောင်၊ အရမ်း နောက်ကျ သွားပြီ။ ”
ရွှေရောင် ချပ်ဝတ် တစ်ထည်ကို ၀တ်ဆင် ထားသော အမျိုး သမီး တစ်ဦးက လင်းယွန်ကို အေးစက်စွာ ပြောလာ၏။
“ မတ်တပ် ရပ်ပါ။ ”
လင်းယွန်က အလင်း အသွင် ပြောင်းလဲ သွားကာ၊ ကျောက်ယန်ထံ ပြေးဝင် လိုက်သည်။ ဤလူသည် ကုန်းစွန်းယန်နှင့် မတူ သဖြင့်၊ ရပ်ကြည့် မနေ နိုင်ချေ။
“ ဘယ်လိုတောင် မိုက်မဲ လိုက်လဲ။ ”
ညာလက်ကို မြှောက်လိုက် သည်နှင့်၊ အမျိုးသမီး၏ မျက်လုံး များတွင်၊ အေးစက်သော အလင်း ရောင်များ၊ တောက်ပ လာသည်။
နောက်တစက္ကန့်တွင် သူမ လက်နောက်၌ ရွှေရောင် အရိပ်များ ပေါ်လာပြီး၊ လက်မောင်းမှ တဆင့်၊ ရွှေအလင်းများ အသွင် ပြေးထွက် လာသည်။
“ ရွှပ် ... ။ ”
ဤတိုက်ခိုက်မှုမှာ ကြောက်မက်ဖွယ် ကောင်းပြီး လေဟုန် ခွင်းကာ၊ ကောင်းကင် တခွင် လင်းထိန် သွားခဲ့၏။
သို့သော် လင်းယွန်က ထိုတိုက်ခိုက်မှုကို လျစ်လျူရှုပြီး၊ ကျောက်ယန် ဆီသို့ ဆက်လက် ပြေးလွှား လိုက်သည်။
ဓားရောင်ခြည်က သူ့ခန္ဓာ ကိုယ်ပေါ် ကျရောက် သော အခါတွင်၊ ကျယ်လောင်သော အသံများ ထွက်လာ၏။
ခရမ်း-ရွှေရောင် နဂါး ရူရ်များ တောက်ပ လာပြီး၊ အမျိုးသမီး၏ ဓား အလင်းကို ချေဖြတ် လိုက်သည်။
“ ထ ... ။ ”
လင်းယွန်က သူ့လက်ကို ဝှေ့ယမ်းကာ၊ ကျောက်ယန် အပေါ်မှ ဖိအားကို ဖြေရှင်းပေး လိုက်သည်။ ယင်းကြောင့် ကျောက်ယန်မှာ အသက်ရှု ချောင်သွား၏။
ထိုအချိန်တွင် လင်းယွန်၏ ကိုယ်လုံး ကိုယ်ပေါက်ကြောင့် လူငယ် ရှစ်ဦးမှာ ထိတ်လန့် သွားမိသည်။
အမျိုးသမီးက ပို၍ ဒေါသကြီး လာပြီး၊ နောက်ထပ် တိုက်ခိုက်မှုကို လုပ်ချင် လာ၏။ ထိုအချိန်တွင် အနက်ဝတ် ဖက်တီး တစ်ဦးက ရုတ်တရက် ပြုံးလိုက်သည်။
“ နေဦး ... ၊ သူငယ်ချင်း အဲဒါ သူတော်စင် နဂါး ခန္ဓာကိုယ် မဟုတ်လား။ ”
သူ့ခန္ဓာ ကိုယ်မှာ ကြီးမားလွန်း သဖြင့်၊ လူသားနှင့် မတူ တော့ချေ။ ထိုင်နေ ရုံ မျှနှင့် ကြီးစွာသော ဖိအား ပေးစွမ်း နိုင်သည်။
ဆိုလို သည်မှာ ခန္ဓာကိုယ် သန့်စင်ခြင်း ဆိုင်ရာ၊ ကျွမ်းကျင် ပညာရှင် တစ်ဦး ဖြစ်သည်။
“ မင်း ... ၊ အမြင် ကောင်းတယ်။ ”
သူတော်စင် နဂါး ခန္ဓာ ကိုယ်သည် ကျော်ကြားလှ သောကြောင့်၊ ၎င်းကို လူ အများ သိကြ သည်မှာ၊ အံ့သြ စရာ မဟုတ်ချေ။
“ အဟီး ... ၊ ဒါက ရှေးဦးခေတ်က ခန္ဓာကိုယ်ကို သန့်စင်တဲ့ နည်းစနစ် ဆယ်မျိုး ထဲက တစ်မျိုးပဲ၊ ငါတို့မှာ ရှိတဲ့ နည်းစနစ်က မပြည့် စုံဘူး၊ ...
... မင်းလည်း အတူတူ ပဲ မလား၊ အနည်း ဆုံးတော့ ပင်မ နတ်ဘုရား နယ်ပယ် ရောက်ရင် အသုံး မဝင် တော့ဘူး။ ”
ဖက်တီးက ပါးပြင်များ တုန်ခါ လာသည် အထိ၊ ပြုံးလိုက်သည်။ လင်းယွန်မှ စကား ပြန် မဆို တော့ချေ။
ဖက်တီးတွင် မည်သည့် ရည်ရွယ်ချက် ရှိမည်ကို သိချင်သည်။ သူ၏ သူတော်စင် နဂါး ခန္ဓာကိုယ် နည်းစနစ်မှာ၊ ပြီးပြည့်စုံ ချေ၏။
နဂါး သခင်မှ မိုးပြာ နဂါး အရိုး ကိုပင် ပေးအပ် ခဲ့သည်။ ဤခန္ဓာကိုယ် သန့်စင်မှုကို၊ မြင့်မားသော အဆင့်သို့ ရောက်ရှိ နိုင်မည်ဟု ဆိုက၊ သူမှ လွဲ၍ အခြားသူ မရှိချေ။
“ ဘယ်လိုလဲ ... ၊ ငါ့ရဲ့ အနန္တ သားရဲ တံခါး ဂိုဏ်းထဲကို ဝင်မလား ... ၊ ငါ့ဂိုဏ်းမှာ ရုပ်ခန္ဓာနဲ့ သူတော်စင် နယ်ပယ်ကို၊ ရောက်နေတဲ့ အကြီး အကဲတွေ ရှိတယ်၊ ...
... မင်းရဲ့ ခန္ဓာကိုယ် သန့်စင်မှု ဒီနည်းစနစ်ကို၊ လွှဲပြောင်း ပေးရင် အဲ့ဒီ အကြီး အကဲ တွေက၊ ပြည့်စုံအောင် ကြံဆ ပေးမှာ ...
... သေချာတယ်၊ ဒါက မပြည့်စုံတဲ့ အရာကို ဆုပ်ကိုင် ထားတာ ထက်တော့၊ ပိုကောင်းမယ် မဟုတ်လား။ ”
ဖက်တီးမှ ဆိုသည်။
“ လင်းယွန် ... ၊ သူ့ကို မယုံနဲ့၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်က ပြီးပြည့်စုံမှု မရှိ ရင်တောင်၊ သူ့ တန်ဖိုးက၊ အမည်ခံ သူတော်စင် သစ်သီးထက် မြင့်မားတယ်၊ ...
... အနန္တ သားရဲ တံခါး ဂိုဏ်းက၊ လူတော်တော် များများက၊ နတ်ဆိုး သားရဲရဲ့ အသွေး အသားတွေ ရှိကြပြီး၊ လူသား စင်စစ် မဟုတ် ကြဘူး။ ”
ကျောက်ယန်က လင်းယွန် တစ်ယောက် လှည့်စားခံ ရမည်ကို စိုးရိမ် သဖြင့် သူ့ အသံကို ပေးပို့ လာခဲ့သည်။
လင်းယွန် မျက်နှာမှာ ပြောင်းလဲမှု မရှိဘဲ၊ ပြုံးလိုက်ပြီး၊
“ မင်း တို့က ငါ့ကို ရန်လို နေတာ မဟုတ်ဖူးလား ... ၊ ငါ့သွေးကို နဂါးမောက် သီး အတွက်၊ အာဟာရ အဖြစ်၊ အသုံးချင် တယ်ဆို။ ”
“ ဟား ဟား ဟား၊ အဲဒါက နားလည်မှု လွဲနေတာပါ၊ မင်းသာ အနန္တ သားရဲ တံခါးကို ဝင်ရင်၊ ဘယ်သူမှ ထိရဲမှာ မဟုတ်ဘူး။ ”
ဖက်တီးက ပြုံးပြီး လွှမ်းမိုး နိုင်သော ရောင်ဝါကို ထုတ်ဖော်ကာ ပြောလိုက်သည်။ သူ့ စကားကြောင့်၊ ကျန်လူ ခုနစ် ယောက်က သူ့ကို မကျေ မနပ် စိုက်ကြည့် လာသည်။
သို့သော် စကား တစ်ခွန်းမျှ မပြော ဝံ့ချေ။
“ ကမ္ဘာ ပေါ်မှာ ပါရမီ ရှင်တွေ အများကြီး ရှိတယ်၊ ဒါကြောင့် နဂါးမောက် သီးအတွက် ပြိုင် နိုင်တဲ့ လူတွေကို ငါတို့ စောင့်နေတာ။ ”
ဖက်တီးမှ ရှင်းပြ လာသည်။ ထို့ကြောင့် လင်းယွန်က ပြုံးလိုက်၏။
“ ဘာလဲ ... ၊ မင်းက ငါတို့ရဲ့ ခွန်အားကို သံသယ ရှိလို့လား၊ ဟား ဟား ဟား မင်းရှေ့က ဒီအလောင်း တွေကို ကြည့်ပါ၊ သူတို့ ထဲက ...
... လူတိုင်း ပါရမီရှင် တွေပဲ၊ ဒါပေမယ့် ... ငါတို့ ရှေ့မှာတော့ ဘာကောင်မှ မဟုတ် ကြဘူး၊ စောစော ကတင် ဓား ဧကရာဇ် မျိုးဆက် ဆိုတဲ့ လူတစ်ဦး ရောက်လာ သေးတယ်၊ ဒါပေမယ့် ...
... အကြိမ် တစ်ရာ ပြည့်တဲ့ အချိန်မှာ၊ သူ့ကို ချမ်းသာပေးဖို့ တောင်းပန်ပြီး ... ၊ ထွက်ပြေးတာ တန်းနေ တာပဲ၊ ...
... သူ့နာမည် ကုန်းစွန်းယန်တဲ့၊ သနား ညှာတာ ပေးဖို့၊ တောင်းပန် လို့သာ မဟုတ်ရင်၊ အာဟာရ အဖြစ် အသုံးချ မိမှာ။ ”
ကျန်လူငယ် ခုနစ်ဦးက ဖက်တီး စကား အပေါ်၊ ထောက်ခံ ဟန်ဖြင့်၊ လင်းယွန်ကို သတိ ပေးလိုသော အကြည့်နှင့်၊ ကြည့်လာ ကြသည်။
ထိုစကားကို ကြားချိန်၌ ပုန်းအောင်း နေသော ကုန်းစွန်းယန်မှာ သွေးအန် မတက် နာကျင် သွားရသည်။
သကောင့်သား များသည်၊ တစ်စုံ တစ်ယောက်ကို ခြိမ်းခြောက် ရာ၌၊ သူ့အား အဘယ့်ကြောင့် ဥပမာ ပေးနေ ကြမှန်း၊ မသိ တော့ချေ။
***