လူသတ်ပွဲ (၁)၊
Vol. 91 Ch. 1269
“ ဘယ်လိုလဲ ... ငါ့ အကြံကို မင်း ဘယ်လို ထင်လဲ။ ”
လင်ယွန်ကို ကြည့်ပြီး ဖက်တီးက ပြုံးကာ ထပ်မေးသည်။ ထွားကြိုင်း လွန်းသော ကြောင့်၊ ၎င်းအား ‘ဖော်ရွေ’ ပုံပေါက် စေ၏။
“ ငါ သဘော တူရင်၊ သူတော်စင် နဂါး ခန္ဓာကိုယ် နည်းစနစ်ကို၊ လွှဲပေး ရမှာ မဟုတ် လား၊ ပြီးတော့ ဒီနဂါး မောက်သီး အတွက်၊ ယှဉ်ပြိုင်ခွင့် မရှိဖူး ဆိုတဲ့ အဓိပ္ပါယ်လား။ ”
လင်းယွန်က သေချာအောင် ထပ်မေးသည်။
“ အမှန်ပဲ ... ၊ မင်းရဲ့ ခန္ဓာကိုယ် ကျင့်ကြံမှု နည်းစနစ်ကို ပြည့်စုံစေ ချင်တယ် ဆိုရင်တော့ ... ၊ ငါ့ရဲ့ သူတော်စင် အကြီးအကဲ တေွဆီ၊ လွှဲပြောင်း ပေး ရမယ်၊ ...
... ဆုလာဘ် အနေနဲ့ ... ၊ ပြည့်စုံတဲ့ နည်းစနစ်ကို မင်း ပြန်ရမယ်၊ အခုလည်း မင်း ငါ့နောက်ကို လိုက်တဲ့ အတွက်၊ အသက် ရှင်ခွင့် ရမှာပါ၊ ...
... ဒါပေမယ့် အမည်ခံ သူတော်စင် သစ်သီး ကိုတော့ ... ၊ ယှဉ်ပြိုင်ဖို့ အခွင့် အရေး ...၊ မင်းမှာ မရှိဘူး။ ”
“ အိုး ... စိတ်မကောင်း စရာပဲ၊ ငါက နဂါးမောက် သီးကို ရအောင် ယူဖို့၊ စိတ်ကူး ထားတယ်။ ”
လင်းယွန်က ပြန်ပြော လိုက်၏။ သို့သော် ဖက်တီးက အပြုံးနှင့်၊
“ ဝမ်းနည်း စရာ ကောင်းလိုက်တာ ... ၊ မင်းရဲ့ နောက်မှာ သူတော်စင် တစ်ပါး မရှိရင်၊ မင်းကို သတ်ရ လိမ့်မယ်၊ ငါတကယ် စိတ် မကောင်း ပါဘူး။ ”
-ဟု ပြောလာ တော့သည်။
“ ဟေ့ ဖက်တီး၊ မင်းက သူ့လို အမှိုက် တစ်စနဲ့ အချိန် အများကြီး ဖြုန်းမိ နေပြီး၊ သူ့ကို ဒူးထောက် ခိုင်းပြီး၊ မင်း လိုချင်တဲ့ နည်းစနစ်ကို ပါးရိုက် တောင်းလို့ ရတယ်၊ မင်း မလုပ် ချင်ရင် မင်းကိုယ်စား ငါ ကူညီ ပေးမယ်။ ”
ငွေရောင် ဆံနွယ် များနှင့် လူငယ်က ဝင်ပြော လာသည် ။
“ ငါ့ တာဝန်ထား။ ”
ချက်ချင်းပင် စောစောက လင်းယွန်ကို တိုက်ခိုက် ခဲ့သော အမျိုး သမီးက မတ်တပ် ထရပ် လာသည်။
တစ်ချိန်တည်း မှာပင် မီးတောက်များ ဖုံးလွှမ်း နေသည့်၊ မီးငှက် တစ်ကောင်က သူမ နောက်၌ ဖွဲ့တည် လာ၏။
“ ငါ ကိုယ်တိုင် လုပ် လိုက်မယ် ... ၊ သူတော်စင် နဂါး ခန္ဓာရဲ့ စွမ်းအားကို ခံစား ကြည့်ပါ ရစေ၊ သူ့ ယုံကြည်မှု ဘယ်က လာလဲ ဆိုတာ သိချင်သား။ ”
ဖက်တီးက လှောင်ပြုံးဖြင့် ပြန်ပြော လာသည်။
“ ငါ့ကို အနိုင်ကျင့် နိုင်မယ်လို့ ထင်နေ ကြတာလား။ ”
လင်းယွန်က စိတ်အနှောင့် အယှက် ဖြစ်လာ ဟန်နှင့် ညည်းတွား လိုက်သည်။
“ မင်းကို အနိုင်ကျင့် နေတာ မဟုတ်ဘူး၊ မင်းလို မာန ကြီးတဲ့ ပါရမီ ရှင်တွေ အများကြီး ငါတို့ သတ်ပစ်လိုက် ပြီးပြီ၊ မင်းရဲ့ သွေးသား စွမ်းအင်က နဂါးမောက် သီးကို၊ သူတော်စင် အဆင့်ထိ၊ မြှင့်တင် ပေးနိုင် မလား ဆိုတာ သိချင် ရုံပါ။ ”
စကားဆုံး သည်နှင့် ဖက်တီးက ရိပ်ခနဲ ကောင်းကင်ပေါ် ခုန်တက် လိုက်သည်။ သူ့ကိုယ် သူ အနက်ရောင် အလင်း များနှင့်၊ သိုင်းခြုံ ထားပြီး၊ ရှေးဟောင်း သားရဲ တစ်ကောင် အလား ထင်မှား လာစေ၏။
ခန္ဓာကိုယ် အတွင်းရှိ အကန့် အသတ် မရှိသော သွေးသား စွမ်းအင်မှ တက်ကြွ မှုသည် သမုဒ္ဒရာ တစ်စင်း အလား ဆူပွက် လာသည်။ ဤအရာက ကေျာက်ယန် မျက်နှာကို ချက်ချင်း ပြောင်းလဲ သွားစေ၏။
ဤဖက်တီး အမည်မှာ လောခွန် ဖြစ်ပြီး၊ မီးမိစ္ဆာ နွားသိုး တစ်ကောင်၏ သွေးနက်ကို ရရှိ ထားသော ပါရမီရှင် ဖြစ်သည်။
သူကိုယ်တိုင် လောခွန်နှင့် တိုက်ခိုက် ကြည့်မှသာ မည်မျှ သန်မာ သည်ကို၊ နားလည် လိုက်၏။
၎င်း၏ ရုပ်ခန္ဓာမှာ သူတော်စင် လက်ရာ နှင့်ပင်၊ ယှဉ်နိုင် သောကြောင့် ဓား ရည်ရွယ်ချက် မှာ၊ ထင်သလောက် အလုပ် မဖြစ် ခဲ့ချေ။
သူ့ ဓားရောင်ဝါကို တစ်ချက် ထိုးရုံဖြင့် အလွယ် တကူ ဖျက်ဆီး နိုင်ခဲ့သည်။ ဤဖက်တီး ကြောင့်သာ မဟုတ် ပါက၊ ရှုံးနိမ့် လိမ့်မည် မဟုတ်ပေ။
ကုန်းစွန်းယန် အကူ အညီဖြင့်၊ ၎င်းတို့ ရှစ်ဦးအား အနိုင် ယူရန်၊ အခွင့် အရေး အချို့ပင်၊ ရရှိ ခဲ့ဖူးသည်။
လောခွန်ကို ကြည့်ကာ၊ လင်းယွန် သည်လည်း အံ့သြ သွားသည်။ ခွန်လွန် ဘုံသို့ ရောက်ရှိ ပြီးနောက်၊ ဤမျှ ကြောက်စရာ ကောင်းသော ရုပ်ခန္ဓာ ပိုင်ရှင်မျိုး၊ မကြုံ ဖူးသေး ခေျ။
“ အဲဒီ လူမှာ ... ရှေးဟောင်း မီးမိစ္ဆာ နွားသိုးရဲ့ မျိုးဆက်သွေး ရှိတယ်၊ ဒါကြောင့် သူရဲ့ ခန္ဓာ ကိုယ်က ကြောက်စရာ ကောင်းတဲ့ အမြင့်ကို ရောက်နေပြီ။ ”
ကေျာက်ယန်က သတိ ပေး လာသည်။ ဖက်တီး လောခွန်က လက်သီး တစ်ချက် ထုတ် လိုက်သော အခါတွင်၊ ကောင်းကင် တစ်ခုလုံး ကြွေကျလာ တော့မည် သကဲ့သို့၊ တုန်ခါ လာသည်။
လင်းယွန်က လက်ဖဝါး ထဲသို့၊ နဂါး ရူရ် ရှစ်ရာကို သွန်းလောင်း လိုက်ပြီး၊ ပြန်လည် တွန်းလွှတ် လိုက်၏။
“ ဝှစ် ... ။ ”
လက်ဖဝါးမှ နဂါး လက်သည်း တစ်ဖက် ပြေးထွက် သွားပြီး၊ ကောင်းကင်မှ ကျလာသော လက်သီးထံ ဝင်ရောက် သွားသည်။
“ ဝုန်း ... ။ ”
ဤထိပ်တိုက် ရင်ဆိုင် မှုသည် အလွန် ကြောက်စရာ ကောင်းပြီး၊ အနီး ဝန်းကျင် ကိုပင် တုန်လှုပ် သွားစေ၏။
သည့်စဉ် လင်းယွန်က နှင်းများ ထူထပ်စွာ ကျဆင်း နေသော တောင်ကြီး တစ်ခုလုံး ကဲ့သို့၊ နဂါးဓား ရောင်ဝါကို ထုတ်ဖော် လိုက်သည်။
ခရမ်း ရွှေရောင် အလင်းများ တောက်ပ သွားပြီး၊ ဖက်တီး လောခွန် လက်၌ သွေးများ ရွှဲနစ်ကာ၊ နောက်သို့ ဆုတ်ခွာ သွား၏။
အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်၌ ရှိသော၊ ဖက်တီးကို လက်ဗလာနှင့် ထိပ်တိုက် ရင်ဆိုင် နိုင်သည့်၊ ကြယ်စင်စု အဆင့်မှ၊ တစ်စုံ တစ်ယောက်အား တွေ့ရှိ လိုက်သဖြင့်၊ ကျန် ခုနစ်ဦးမှာ အံ့အားသင့် ကုန်သည်။
“ အထင်ကြီး စရာပဲ၊ မင်း လက်က မသန်မစွမ်း ဖြစ်သွား ပေမယ့်၊ အသက်တော့ ရှင်နေ ပါသေးတယ်။ ”
လင်းယွန်က ဖက်တီး လောခွန်၏ ကျိုးသွားသော လက်မောင်းအား ကြည့်ကာ၊ လှောင်ပြောင် လိုက်သည်။
လင်းယွန် ခန္ဓာ ကိုယ်မှာ၊ အခွင့် အလမ်း များစွာကြောင့်၊ ကြောက်မက်ဖွယ် ကောင်းသော အမြင့်သို့ ရောက်ရှိ နေသည်။
ဤတိုက်ခိုက် မှုတွင် နဂါး အမှတ် အသားကိုပင် မဖွင့် ခဲ့ချေ။ သာမာန် အမည်ခံ ပင်မ နတ်ဘုရား တစ်ပါး သာဆိုသော်၊ ဘဝ တစ်ဝက် ပျက်စီး သွားမည် ဖြစ်သည်။
“ ဝေါ့ ... ။ ”
လင်ယွန် ပြောသော စကားကို ဖက်တီး ကြားသော အခါ၊ ဒေါသ အမျက် ထွက်လာပြီး၊ သွေး တစ်လုတ်ပင် အန်လိုက် ရသည်။
ငယ်ရွယ်စဉ် ကတည်း ကပင်၊ သူ့ကိုယ်လုံး ကိုယ်ထည်ကို ပြုပြင်ခဲ့ သူ ဖြစ်သဖြင့်၊ တစ်စုံ တစ်ဦးနှင့်၊ ထိပ်တိုက် ရင်ဆိုင် ရာ၌၊ ရှုံးနိမ့် ခဲ့သည်ကို မခံစား နိုင်ချေ။
“ မင်း ... သေချင် နေတာပဲ။ ”
ဖက်တီး လောခွန်က ဒေါသ တကြီး ဟိန်းဟောက် လိုက်ပြီး၊ သူ့ နက္ခတ်ကို ချက်ချင်း ဆင့်ခေါ်သည်။
“ ဟိတ် ... ။ ”
လင်းယွန် မှလည်း၊ နဂါး အမှတ် အသား ဖွင့်ကာ၊ သူတော်စင် ရူရ်အား အသက်သွင်းပြီး၊ နဂါး နှစ်ကောင် ကဲ့သို့၊ သူ့ လက်သီး နှစ်လုံးကို၊ စုံလိုက် ပစ်သွင်း လိုက်၏။
ခန္ဓာကိုယ် မျက်နှာပြင် ပေါ်ရှိ နဂါး ရူရ် များက၊ သူတော်စင် ရူရ်များ အဖြစ်သို့၊ ချက်ချင်း ပြောင်းလဲ သွားသည်။
နှင်း တောင်ကြီး တစ်လုံး ပျံတက် လာ သကဲ့သို့၊ မိုင်တစ်ရာ အတွင်း လွှမ်းမိုး နိုင်သော ရောင်ဝါများ ပျံ့နှံ့ သွားသည်။
သူတော်စင် အရည်ကို စုဆောင်း နေသူ တိုင်းက ဤရောင်ဝါကို ခံစား နိုင်ပြီး၊ ထိုအရပ် ဆီသို့၊ လှည့်ကြည့် လိုက်မိသည်။
အကြိမ် တစ်ရာ လှုပ်ရှား ပြီးနောက်တွင်၊ ဖက်တီး လောခွန် တစ်ယောက် ထပ်မံ လွင့်စဉ် သွားရ ပြန်၏။
ဤတစ်ကြိမ်တွင် ရင်ဘတ် ထံ၌ ကြီးမားသော အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ် လာကာ၊ သွေးများ စီးကျသွား လေသည်။
သူ့တွင် အစွမ်း ထက်သော ကိုယ်လုံး ကိုယ်ပေါက်သာ မရှိသော်၊ ပြိုင်ဘက် လက်သီး များက နှလုံးထံ၊ ဝင်ရောက် လာမည် ဖြစ်၏။
ငွေရောင် ဆံပင်နှင့် လူငယ်၏ မျက်နှာမှာ၊ လေးနက် လာသည်။
“ ဖက်တီးကို ကူညီ ရအောင် ... ၊ ဒီလူက ဓားဧကရာဇ် မျိုးရိုးက အမှိုက်ထက်၊ အများကြီး ပို သန်မာ ပါတယ်။ ”
သူတို့ ခုနစ်ယောက် ထဲတွင်၊ ဖက်တီး လောခွန်ထက် ပို၍ အားကောင်းသော လူများ ရှိလေသည်။
သို့သော် ၎င်းတို့မှာ လှုပ်ရှားမှု တစ်ရာ အတွင်း၊ ဖက်တီး လောခွန်ကို အလွယ် တကူ အနိုင် မယူ နိုင်ချေ။
တစ်ချိန်တည်း မှာပင် ငွေရောင် ဆံပင် လူငယ်၏ စကားကြောင့်၊ ကုန်းစွန်းယန် ခမျာ မျက်နှာ နီရဲ သွားသည်။
“ နဂါးမောက် သီးက မွေးဖွားဖို့ အချိန် တန်ပြီ ... ၊ ဒီလူရဲ့ သေွးကို ... သောက်ပြီးရင် အဆင် ပြေမှာပါ။ ”
ကြာပွတ်ကိုင် အမျိုး သမီးမှ ဆိုသည်။ နဂါးမောက် သီးမှာ၊ မွေးဖွား တော့မည် ဖြစ်၏။ သို့သော် သူတော်စင် အဆင့်ထိ မြှင့်တင်လို သဖြင့်၊ အစီရင်နှင့် ဟန့်တား ထားခြင်း ဖြစ်သည်။
“ ဝှစ် ... ။ ”
ထို့နောက်တွင် ဒဏ်ရာ ရရှိ သွားသော ဖက်တီး လောခွန် နှင့်အတူ၊ ခုနစ် ဦးသား လေထဲ ပျံတက် လိုက်သည်။
“ ရတယ် ... မလိုဘူး ... ၊ ငါ တစ်ယောက် တည်းနဲ့ အဆင်ပြေတယ်။ ”
သူ့အား ကူညီ လိုသော ကျောက်ယန်ကို ကုန်းစွန်းယန် အနားသို့၊ လင်းယွန်မှ ညင်သာစွာ တွန်းထုတ် လိုက်သည်။
ရုတ်တရက် ရောက်ရှိ လာသော ကျောက်ယန်ကြောင့်၊ ကုန်းစွန်းယန် ခမျာ ကြောက်လန့် သွား၏။
ကျောက်ယန်၏ ဒဏ်ရာ များသည် ပြင်းထန်လှ သဖြင့်၊ သူ့အား အများကြီး မကူညီ နိုင်မည် မဟုတ်ကြောင်း၊ လင်းယွန် သိသည်။
ထို့အပြင် ဤလူ များကို သတ်ဖြတ်ရန်၊ စိတ်ပိုင်း ဖြတ်ထားပြီး ဖြစ်သဖြင့်၊ မည်သူ့ ကိုမျှ မပါဝင် စေလို သည်မှာ အမှန် ပေပင်။
***