← Chapters

လူသတ်ပွဲ (၂)။

Vol. 91 Ch. 1270

လူသတ်ပွဲ (၂)။

Vol. 91 Ch. 1270

“ မင်း တစ်ယောက် တည်းနဲ့၊ ငါတို့ ရှစ်ယောက်ကို တိုက်ခိုက် မို့လား၊ မင်းကိုယ်မင်း ဂိုဏ်းကြီး တစ်ဂိုဏ်းက ပါရမီရှင် တစ်ဦးများ ထင်နေ တာလား၊ ဟမ့် ... ။ ”

မီးငှက် တစ်ကောင်ကို နောက်ခံ ပြုလျက်၊ ကြာပွတ်ကိုင် အမျိုးသမီးက လှောင်ပြောင် လာ လေသည်။

မီးတောက် နေသော ငှက်သည် ဖီးနစ် သွေးကို ပိုင်ဆိုင် ထားသော စာငှက် ဖြစ်သည်။ မြင့်မြတ်သော စာကလေး ဟုလည်း ခေါ်၏။

“ ကျီး ... ။ ”

ဤသည်မှာ သူမ၏ နက္ခတ် ဖြစ်သည်။ မြင့်မြတ်သော စာကလေးက အတောင် ပံများ ခတ်ကာ၊ မီး ဥက္ကာပျံ များနှင့် လင်းယွန်ထံ ပစ်လွှတ် လာသည်။

“ သနား စရာ အကွက် လေးတွေ။ ”

လင်းယွန် ထံမှ အပြာရောင် နဂါးက မီးဥက္ကာခဲ များဆီသို့၊ ချက်ချင်း ပျံတက် သွား သည်။ ထို့နောက်တွင် အမျိုးသမီးအား လက်ဖြင့် လှမ်းကုပ် လိုက်၏။

လျှပ်စီးများ ဖုံးလွှမ်း နေသော နဂါး လက်သည်း တစ်ဖက် ပြေးထွက် လာသည်။ ဤလူများကို အသုံး ပြုပြီး၊ သူ့နာမည်အား လူတိုင်း သိအောင် ကြော်ငြာ ချင်သည်။

ထို့ကြောင့် ၎င်းတို့ ရှစ်ယောက် လုံးကို တစ်ယောက်တည်း ရင်ဆိုင်ကာ၊ အနိုင် ယူရန် ကြံရွယ် မိ၏။

အမျိုးသမီးက ထိတ်လန့်ခြင်း မရှိဘဲ၊ ကြာပွတ် အစား ဓားနှစ်လက်ကို ပြောင်းလဲ လိုက်သည်။ နှစ်လက် စလုံးမှာ၊ သူတော်စင် လက်ရာများ ဖြစ်၏။

“ ရွှပ် ... ။ ”

ဓားများကို ခုတ်ပိုင်း လိုက်သော အခါတွင် မီးတောက် နေသော လနှစ်စင်း ကောင်းကင်၌ ရုတ်တရက် ပေါ်လာ၏။

ထိုတိုက်ခိုက် မှုကို ရင်ဆိုင်ရန်၊ ရွှေကျီးကန်းနှင့် ငွေဖီးနစ်က ကောင်းကင်ပေါ် ပျံတက် လာသည်။

“ ကျီး ... ။ ”

အမျိုးသမီးမှ ထုတ်လွှတ်သော မီးတောက် များမှာ၊ ဤဝိညာဉ်တော် နှစ်ပါး၏ ဖျက်ဆီးခြင်း ခံလိုက် ရတော့၏။

ယင်းမှာ အဆုံးသတ် မဟုတ် သေးချေ။ မီးလျှံ လမင်း များကို ဖျက်ဆီးပြီး သည်နှင့်၊ ငှက် နှစ်ကောင်က အမျိုးသမီးထံ ဆက်၍ တိုး ဝင်သည်။

“ အွန့် ... ။ ”

အမျိုး သမီးမှာ၊ ရွှေ ချပ်ဝတ်ကြောင့် သွေးအန်ရုံနှင့်၊ အသက် ရှှင်လျက် လွတ်မြောက် သွားသည်။

သည့်နောက် လေထဲတွင် ဆံပင်များ တဖျပ်ဖျပ် လွင့်နေသည့်၊ လင်းယွန်ထံ ပြန်မော့ ကြည့် လိုက်ပြီး၊

“ နင် ဘယ်သူလဲ။ ”

-ဟု မေးမိ လေသည်။

“ လင်းယွန် ... ၊ တိမ်လွှာဓား ဂိုဏ်းက လင်းယွန်။ ”

လင်းယွန်က ခန္ဓာ ကိုယ်ကို စောင်းငဲ့ လိုက်ပြီး၊ နောက်ကွယ်မှ အလစ် ဝင်လာသော ရန်သူကို ပါးရိုက်ချ လိုက်သည်။

“ ဖြန်း ... ။ ”

မိုးကြိုး ဂိုဏ်းမှ ခရမ်းရောင် ဝတ် လူငယ် ခမျာ၊ လင်းယွန် ပါးရိုက် ချက်ကြောင့်၊ မျက်နှာ တစ်ခြမ်း ချက်ချင်း ရောင်ရမ်း သွား၏။

ဤလင်းယွန်မှာ အလွန် သန်မာ သဖြင့်၊ လွှတ်ထားရန် ဆန္ဒ မရှိ တော့ချေ။ ရှစ်ယောက် သား အလေး အနက် ထားလာ မိသည်။

“ ကောင်းပြီ ... ငါတို့ ရှစ်ယောက်ကို မင်း တစ်ယောက် တည်းနဲ့ ... ၊ ရင်ဆိုင်ချင် ရအောင် ဘယ်လောက် စွမ်း နိုင်မလဲ ကြည့်မယ်။ ”

ဖက်တီး လောခွန်က ဒဏ်ရာများ ကြားမှ နွားသိုးကြီး တစ်ကောင် ကဲ့သို့၊ မကြောက် မရွံ့ ပြေးဝင်ရန် ဟန်ပြင် လိုက်သည်။

“ ရွှန်း ... ။ ”

ကျန်သူများ ကလည်း၊ ဝှက်ဖဲ များကို ထုတ်ဖော်ရန် တုံ့ဆိုင်းခြင်း မရှှိ ကြချေ။ ပါးရိုက် ခံရသော လူငယ်က သူတော်စင် ဓား တစ်လက်ကို ထုတ်ယူ လိုက်သည်။

“ ဟိတ် ... ။ ”

သူ့အား ဓားဖြင့် ခုတ်ပိုင်းရန် ကြိုးပမ်း နေသည်ကို မြင်သည်နှင့်၊ လင်းယွန်က လေထဲ လှမ်းတက် လိုက်သည်။

“ ဂျိန်း ... ။ ”

ခြေလှမ်း တိုင်းတွင် လျှပ်စီးများ ခတ် လာပြီး၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်က၊ ရုတ်တရက် ပေါက်ကွဲ လာသည်။

လောခွန် မရောက်မီ သူတော်စင် ဓားနှင့် ခုတ်ပိုင်း လာသော ခရမ်းရောင်ဝတ် လူငယ်၏ ဓားကို ထိုးချ လိုက်၏။

ယင်းကြောင့် ဓားမှာ အလင်းများ ဖြာထွက်လျက် တုန်ခါ လာပြီး၊ သူတော်စင် ရူရ်များ ပြိုကျ လာရာ၊ ခရမ်းရောင် ဝတ် လူငယ်ကို၊ ထိတ်လန့် သွားစေ၏။

“ မင်း ... သေလိုက်စမ်း။ ”

ဓားကို ပြန်ဆွဲ လိုက်ပြီး၊ ရောင်ဝါအား အထွတ် အထိပ်ထိ စုရုန်း စေကာ၊ ခေါင်းထက်၌ အပြာရောင် လ အဖြစ်၊ ဖွဲ့တည် လိုက်သည်။

ယင်းက သူ့ဓား ရောင်ဝါကို ပို၍ပင် ကြောက်စရာ ကောင်းသော အမြင့်သို့ ရောက်ရှိ သွားစေ၏။ သည့်နောက် လင်းယွန်ကို ခုတ်ပိုင်း ချလိုက်သည်။

“ ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။ ”

ဆင့်ခေါ် လိုက်သော ဝိညာဉ်တော် နှစ်ပါးသည် ကောင်းကင်နှင့် မြေကြီး ကဲ့သို့ ပေါ်လွင် လာစဉ်၊ လင်းယွန်က လက်သီးကို ဆုပ်ထား၏။

“ ဘုန်း ... ။ ”

ထို့နောက် ခရမ်းရောင် ဝတ် လူငယ်မှ၊ ဖွဲ့စည်း ထားသော အပြာရောင် လမင်းကို ချက်ခြင်း ထိုးခွဲ ပစ်သည်။

ဖြစ်ပေါ် လာသည့်၊ စွမ်းအင် လှိုင်း များက ပြေးဝင် လာသော ပြိုင်ဘက် (၇)ဦးကို၊ နောက် တွန်းထုတ် လိုက်၏။

ဤတိုက်ပွဲတွင် သူတို့ အသာစီး မရ နိုင်မှန်း သိလိုက် သဖြင့်၊ ရှစ်ယောက်သား မျက်နှာများ ကြည့် မကောင်း လောက်အောင်၊ ပျက်ယွင်း သွားလေသည်။

“ သေ စမ်း ... ။ ”

ထိုအချိန်တွင် ရွှေချပ်ဝတ် အမျိုး သမီးက၊ မြင့်မြတ်သော စာကလေးနှင့် ဓားကို ပေါင်းစပ် ကာ၊ ပြေးဝင် လာသည်။

မီးတောက် များက အလွန် ပြင်းပျ သဖြင့်၊ ကောင်းကင် တစ်ခုလုံး နီရဲ လာပြီး လေထုကို ပူလောင် လာစေ၏။

“ ဖီးနစ် မီးလျှံ ဂိုဏ်းရဲ့ ... လျှို့ဝှက် နည်းစနစ်။ ”

ပုန်းအောင်း နေသော ကုန်းစွန်းယန်နှင့် ကျောက်ယန် တို့မှာ အဆိုပါ မြင်ကွင်းကြောင့်၊ ထိတ်လန့် သွားသည်။

ဖီးနစ် မီးလျှံ ဂိုဏ်းတွင် ကျော်ကြားသော လျှို့ဝှက် နည်းစနစ် တစ်ရပ် ရှိကြောင်း၊ သူတို့မှ ကြားသိ ထား၏။

၎င်းသည် အလွန် ကြောက်စရာ ကောင်း ချေသည်။ သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင် သူ တစ်ဦးကိုပင်၊ ပြင်းစွာ ဒဏ်ရာ ရစေ နိုင်၏။

ကနဦး ပင်မ နတ်ဘုရားများ ကိုမူ၊ ချက်ချင်း လောင်ကျွမ်း ပြာချ ပစ်နိုင်မည်။ ထိုခြိမ်းခြောက် မှုကြောင့်၊ လင်းယွန်၏ နှလုံးခုန် သံများ မြန်လာသည်။

သို့သော် ထိတ်လန့်ခြင်း မရှိဘဲ၊ ကြယ် စွမ်းအင်များ လှည့်ပတ်ကာ၊ ကြယ်မိစ္ဆာ ပန်း များကို ဆင့်ခေါ် လိုက်သည်။

ကြယ်မိစ္ဆာ ပန်းများ လောင်ကျွမ်း လာသည်နှင့်၊ ပတ်ဝန်းကျင် လေဟာနယ် တစ်ခုလုံး၊ ကမောက် ကမ ဖြစ်လာသည်။

ဤသည်မှာ ကောင်းကင် ဝိညာဉ် ကန့်သတ်ချက်သို့၊ ရောက်ရှိ ခဲ့သော အကျိုး ကျေးဇူး ဖြစ်၏။

ဆိုလိုသည်မှာ ကြယ်မိစ္ဆာ ပန်းများဖြင့် ဖန်တီးထားသော နယ်မြေဟု အဓိပ္ပါယ် ရသည်။ ထိုနယ်မြေ အတွင်း သူ့အား ကာကွယ် နိုင်ကာ၊ ဝိညာဉ် စွမ်းအင် များကို၊ စုပ်ယူ နိုင်ပေ၏။

သို့သော် အခြား သူများ အမြင်တွင်၊ မြင့်မြတ်သော စာကလေးသည် လင်းယွန်ကို ဝါးမျို ခါနီး၌၊ မမြင် နိုင်သော နံရံ တစ်ခုဖြင့်၊ တားဆီး လိုက်သည် ဟုသာ မြင်၏။

ကြယ်မိစ္ဆာ နယ်မြေကို မမြင်နိုင် ကြချေ။ ထိုအခိုက်ကို အခွင့် အရေး ယူပြီး၊ လက်ဖဝါးသို့ နဂါး ရူရ်များ ပို့လွှတ်ကာ၊ အမျိုး သမီး၏ လည်မျိုအား ဆုပ်ကိုင် လိုက်သည်။

“ ကျီး ... ။ ”

ယင်းကြောင့် မြင့်မြတ်သော စာကလေးမှာ၊ နာကျင်စွာ အော်ဟစ်လျက်၊ ပျောက်ကွယ် သွား ပြီး၊ အသက်ရှူ ကြပ်နေသော အသွင်နှင့်၊ အမျိုး သမီးက၊ ချက်ချင်း တောင်းပန် လာသည်။

“ ငါ … ၊ ငါ အရှုံး ... ထွီ ... ။ ”

ထို့ကြောင့် လင်းယွန်မှ လက်အား အနည်းငယ် ပြေလျော့ ပေးလိုက်ရာ၊ အမျိုး သမီးက မျက်နှာကို မီးတောက် တစ်ခုဖြင့်၊ ထွေးလာ တော့သည်။

“ သွား သေ လိုက် တော့ ... ။ ”

ဤသည်မှာ သာမန် သူတော်စင် လက်ရာ များကိုပင်၊ အရည်ပျော် သွားစေ နိုင်သည့်၊ သူမ ၏၊ မွေးရာပါ မီးတောက် ဖြစ်၏။

သို့သော် မည်သူမှ ထင်မှတ် ထားသော အပြုအမူကို လင်းယွန်က ပြုမူ လာ၏။ နီးကပ် လွန်းသဖြင့်၊ ရှောင်တိမ်းရန် အချိန် မရှိ တော့ရာ၊ ပါးစပ် ဟပြီး၊ မီးတောက်ကို မျိုချ လိုက်ခြင်း ဖြစ်သည်။ ဝမ်းဗိုက် အတွင်း ပူလောင်သော ခံစား ချက်များ၊ ဖြစ်ပေါ် လာ၏။

“ နင် … ။ ”

အမျိုးသမီးမှာ လုံးဝ အံသြ သွားသည်။ တစ်ဖက် လူ၏ ရုပ်ခန္ဓာသည် သူမ၏ မွေးရာပါ မီးတောက် ကိုပင်၊ ဝါးမျိုး နိုင်ပေ၏။

“ မိစ္ဆာကောင် ... ၊ ငါ့ရဲ့ မွေးရာပါ မီးတောက် ပြန်ပေးစမ်း။ ”

“ ဖြန်း ... ။ ”

သို့သော် လင်းယွန်က ပါးရိုက်ကာ၊ တုန့်ပြန်သည်။ ထို့ကြောင့် ဦးခေါင်းခွံ ပေါက်ကွဲ သွားပြီး၊ ခေါင်းပြတ် ခန္ဓာ ကိုယ်မှာ၊ မြေပြင်ပေါ် ပြုတ်ကျ လာတော့သည်။

“ အဆုံး သတ်ရအောင်။ ”

လင်းယွန် တစ်ကိုယ် လုံးတွင် မီးလျှံများ တောက်လောင် လာပြီး၊ သူ့အတွင်း အင်္ဂါများကို မီးတောက်က လောင်မြိုက် နေသည်။

ဤအခိုက်တွင် ထိုအမျိုး သမီးကြောင့်၊ အမှန်တကယ် ဒေါသ ထွက်လာ တော့သည်။ ထို့ကြောင့် ကျန်လူများကို သတ်ဖြတ် လိုသော အကြည့်နှင့် စိုက်ကြည့်ကာ၊

“ ဒီည မင်းတို့ ဘယ်သူမှ ထွက်သွားခွင့် မရှိဘူး။ ”

-ဟု အေးစက်စွာ ကြေငြာ လိုက်တော့၏။

***

All Chapters