သူတော်စင် နဂါးမောက် သီး။
Vol. 91 Ch. 1271
ကြယ်မိစ္ဆာ ပန်း (၄၉) ပွင့် ပေါ်လာသော အခါတွင်၊ ကျွန်းတစ်ခုလုံး နေ့ခင်းဘက် အလား လင်းထိန် သွားသည်။
နှင်းများ ကျနေသော တောင်ထိပ်ရှိ ဖြစ်စဉ် များမှာ လင်းယွန်နှင့်၊ တပည့် (၈)ယောက် ကြား တိုက်ပွဲ ဖြစ်မှန်း၊ တောင်ခြေရှိ လူများ သိ၏။
သို့သော် ဝေးလွန်း သဖြင့်၊ တိုက်ပွဲကို မှုန်ဝါးဝါးသာ မြင်နိုင် ခဲ့သည်။ ယခုမူ လင်းယွန် ၏ ဒေါသထွက် နေသော အသံကို ကြားလိုက် ရလေရာ၊ ပို၍ စိတ်လှုပ်ရှား လာကြသည်။
လင်းယွန် အသက်ရှင်နေ သေးသည် သာမက၊ နဂါးမောက်သီး အတွက်ပါ ယှဉ်ပြိုင် နေကြောင်း၊ နားလည် လိုက်သည်။
ထို့ပြင် တပည့် ရှစ်ယောက်အား သတ်မည်ဟု ကြွေးကြော် နေခြင်းကြောင့်၊ အံ့သြ သွားသည်။
“ သူ သေသွား ပြီလား။ ”
ဦးခေါင်း မပါသော အမျိုး သမီး အလောင်းကို၊ ကျန်(၇) ဦးက မှင်တက်စွာ ငေးကြည့် နေမိ ကြသည်။
ဤအခိုက်တွင် လင်းယွန် ခန္ဓာ ကိုယ်မှ တောက်ပသော ရွှေရောင် အလင်း တန်းများ ဖြာထွက် လာ၏။
နဂါး အမှတ် အသား အတွင်းမှ၊ မူလ သူတော်စင် ရူရ် အသက်ဝင် လာကာ၊ ရုပ်ခန္ဓာ နောက်တစ်ဆင့် ရောက်ရှိ သွားသည်။
ဤလူ (၇)ဦးမှာ သန်မာ လွန်းပြီး၊ အင်ပါရီယန် အဆင့် တစ်ထောင် အတွင်း ဝင်နိုင်၏။
ထို့ကြောင့် ၎င်းတို့အား ဖိနှိပ်ရန်၊ သွေးမီးတောက် မှော်နဂါး ရူရ်နှင့်၊ နဂါး ရောင်ဝါ ကို ပေါင်းစပ် လိုက်ခြင်း ဖြစ်သည်။
ရှေးဟောင်း ရောင်ဝါ တစ်ခု ပျံ့နှံ့ လာ ပြီးနောက်၊ နှင်းဖုံး နေသော တောင်ထိပ်ကို ဖုံးလွှမ်း သွား၏။
“ မူလ သူတော်စင် ရူရ်။ ”
“ ဒီကောင်က သူတော်စင် ရူရ်ကို ... တကယ်ပဲ ဆုပ်ကိုင် ထားတာလား။ ”
(၇) ဦးသား လင်းယွန်ကို လျှော့တွက် ထားမိကြောင်း သိလိုက် ရသည်။ အစော ပိုင်း အချိန်၌ လင်းယွန်အား သတ်ပစ်ရန် ယုံကြည် ထားသည်။ ယခုမူ လွတ်မြောက် ရန်ပင်၊ အခက်အခဲ ရှိလာ တော့၏။
နဂါး ဟောက်သံ နှင့်အတူ၊ ကောင်းကင် တစ်ခုလုံး နီရဲ လာကာ၊ ဖိအားများ သူတို့ (၇)ဦး အပေါ်၊ ပြိုကျ လာသည်။
“ ငါတို့ သူ့ကို ... မထိန်းနိုင် တော့ဘူး ... ၊ ဒီအတိုင်းဆို အကုန် အသတ် ခံရ လိမ့်မယ်။ ”
ခရမ်း-ရွှေရောင် အလင်းတန်း များဖြင့်၊ ဖုံးအုပ် နေသော လင်းယွန်က သူတော်စင် ရူရ် ကို၊ ကန့်သတ် ချက်သို့ တွန်းပို့ နေသည်အား ကြည့်ကာ၊ အော်ဟစ် လိုက်သည်။
“ ဒီလူက မရိုး ရှင်းဘူး၊ သတိ ထားပါ၊ သူက အမည်မဲ့ တစ်ယောက် မဟုတ် လောက်ဘူး။ ”
ခရမ်းရောင် ဝတ် အမျိုး သားက လေးနက်သော အမူ အရာဖြင့် သတိပေး စကား ဆိုလေသည်။
“ မင်း ... ဘယ်သူလဲ၊ မင်းက ... တိမ်လွှာ ဓားဂိုဏ်းက၊ မဟုတ်တာ သေချာတယ်။ ”
လင်းယွန်သည် သူ ... မည်သူ မည်ဝါ ဖြစ်သည်ကို၊ ရည်ရွယ်ချက် ရှိရှိ ဖုံးကွယ်ထား သည်ဟု မြင်၏။
“ ငါက မင်းတို့ အမြင်မှာ၊ ပုရွက်ဆိတ် တစ်ကောင်ပဲ မဟုတ်လား၊ ဘာလို့ ... ထပ်မေး နေရ တာလဲ။ ”
လင်းယွန်က ပြန်ဖြေပြီး၊ ငွေရောင် ဆံပင် များနှင့်၊ လူငယ်ကို ပါးရိုက်ချ လိုက်လေသည်။ သို့သော် မထိချေ။
“ ငါ ... မင်းကို အဖော်ပြု ပေးမယ်။ ”
ဖက်တီး လောခွန်က၊ မျက်လုံးများ နီရဲလာကာ အော်ငေါက် လိုက်သည်။ သူ့နဖူးမှ နွားဦးချို နှစ်ချောင်း ပေါက်ထွက် လာပြီး၊ ခန္ဓာ ကိုယ် ချက်ချင်း ဖောင်းကား သွားသည်။
အရေပြား မှာလည်း သတ္တု ကဲ့သို့၊ မာကျောလာကာ အမည်းရောင် ပြောင်းသွားပြီး၊ ရှေးဟောင်း သားရဲ၏ ရောင်ဝါများ ဖြာထွက် လာသည်။
“ ဒုန်း ... ။ ”
ခြေဖဝါးကို မြေပြင်ပေါ် စောင့်နင်း လိုက်သော အခါ၊ လေဟာနယ် တုန်ခါ သွားပြီး၊ အက်ကွဲ ကုန်၏။
“ မင်းရဲ့ ... ခန္ဓာကိုယ် သန့်စင်တဲ့ နည်းစနစ်က စိတ်ဝင်စားဖို့ ကောင်းတယ်၊ ငါ့ လက်ထဲ အပ်ရင် မင်း အသက်ကို ချမ်းသာဖို့ စဉ်းစား ပေးမယ်။ ”
နွားသိုးကြီး တစ်ကောင် ကဲ့သို့ ဟန်ပြင် နေသော ဖက်တီး လောခွန်အား ကြည့်ကာ၊ လင်းယွန်မှ ပြောသည်။
“ သွား သေ လိုက် ... ။ ”
စကားဆုံး သည်နှင့်၊ ဖက်တီး လောခွန်က လင်းယွန်၏ ရင်ဘတ်အား လက်သီးဖြင့် ထိုးချ လိုက်သည်။ သူ့လက်သီး များက နဂါးရူရ် အမြောက် အများကို ဖြိုခွဲ ပစ်၏။
ထိုလက်သီးကြောင့်၊ လင်းယွန် ရင်ဘတ် ပေါ်ရှိ နဂါး ရူရ်များ မီးလောင် ကွဲအက် ကုန်ကာ၊ နှုတ်ခမ်းများ လှုပ်တုန်ခါ သွားသည်။
“ ကောင်းပြီ ... ၊ မင်းက ငါ့လက်ကို မအပ်ချင်တဲ့ အတွက်၊ သေနိုင်ပြီ ... ။ ”
မူလ သူတော်စင် ရူရ်၏ ရှေးကျသော ရောင်ဝါ ဖိအားကို ထုတ်လွှတ်ကာ၊ လောခွန်၏ နောက်ဆက်တွဲ လက်သီး များကို၊ ရင်ဆိုင် လိုက်သည်။
ကျန်လူများ မှလည်း ငြိမ်မနေ ကြချေ။ ကြယ်မိစ္ဆာ နယ်မြေ အတွင်း၊ အတင်း ဖြတ်ကာ ပြေးဝင် လာကြသည်။
“ ဟိတ် ... ။ ”
ငွေရောင် ဆံပင်နှင့် လူငယ်မှာ၊ အားလုံး ထဲတွင် ထူးထူး ဆန်းဆန်း ဖြစ်ပြီး၊ သူ့ ရုပ်ခန္ဓာ သည် ငွေရောင် ပြောင်းလဲ သွားသည်။
သည့်နောက် ကြယ်မိစ္ဆာ ပန်း ပေါက်ကွဲ ခြင်းကို၊ ခံနိုင်ရည် ရှိသွား လေသည်။ ထိုသို့နှင့် ဖက်တီး လောခွန်အား ကူညီပြီး၊ လင်းယွန်ကို ညှပ်ပူး ညှပ်ပိတ် တိုက်ခိုက် လာခဲ့၏။
နောက်ဆုံးတွင် ၎င်းတို့ လူအုပ်၏ ကြမ်းကြမ်း တမ်းတမ်း တိုက်ခိုက် လာခြင်း ကြောင့်၊ နောက်သို့ ဆုတ်ပေး လိုက်ရသည်။
“ ဝှစ် ... ။ ”
လေထု အလယ် ဟန်ချက် ထိန်းလိုက် ပြီးနောက်၊ မီးတောက်နှင့် လျှပ်စီးများ ဖုံးလွှမ်း နေသော ဓားအလင်းကို ရှောင်လိုက်သည်။
“ အံ့ဩ စရာ ပါပဲ ...၊ မင်းတို့ တွေက နဂါးမောက် သီးအတွက်၊ လူတွေကို သတ်ပြီး၊ အာဟာရ ဖြစ်စေ နိုင်တာ၊ နည်းနည်း နောနော အရည် အချင်းတော့ မဟုတ်ဘူး၊ ငါ မင်းတို့ကို၊ လျှော့တွက် မိပုံပဲ။ ”
လင်းယွန်က ကောင်းကင် ဓား၏ အပြည့်အ၀ ကျွမ်းကျင် မှုအား ထုတ်ကာ၊ နဂါး ရောင်ဝါနှင့် ပေါင်းစပ် လိုက်သည်။
ထိုအချိန်တွင် ပြိုင်ဘက်ကို သတ်ရန် ဓားတစ်ချက်သာ လိုသည် ဟူသော၊ နဝမ မြောက် ကောင်းကင် လမ်း၏ ချန်ပီယံ ပြန်ရောက် လာ၏။
“ မြန်မြန်၊ သူ့ကို တား ... ။ ”
လူတိုင်း ထိတ်လန့် သွား၏။ ဤအခင်း အကျင်း အရ၊ အနန္တ သားရဲ တံခါး၏ တပည့် ဖြစ်သည့်၊ လောခွန် သည်သာ၊ လင်းယွန်ကို တားဆီး နိုင် ပေမည်။
သို့သော် နဂါးဓား ရောင်ဝါ၏ ဖိအားကြောင့်၊ သူတို့ အားလုံးမှာ၊ လင်းယွန် ရှေ့၌ သိုးငယ်များ သဖွယ်၊ ခွန်အားမဲ့ လာသည်။
နဂါးဓား ရောင်ဝါ ဖြစ်ပေါ် လာသော အခါတွင်၊ ဖက်တီး လောခွန်က ရူးသွပ် စွာဖြင့်၊ သူ့ မျိုးဆက် သွေးကို နှိုးဆွ လိုက်သည်။
“ ဝူး ... ။ ”
ရှေးဟောင်း နွားသိုးကြီး တစ်ကောင် အသက် ပြန်ရှင်လာ သကဲ့သို့၊ အနက်ရောင် မြူများ ဖုံးအုပ် လာ၏။
“ ရွှပ် ... ရွှပ် ရွှပ် ... ။ ”
သို့သော် လင်းယွန် အနား၊ နီးကပ် လာ သည်နှင့် အမျှ၊ နဂါးဓား ရောင်ဝါကြောင့်၊ ပြတ်ရှ ရာများ၊ ပို၍ များပြား လာခဲ့သည်။
ခဏ အကြာတွင် ဒဏ်ရာ များဖြင့် ဖုံးလွှမ်း သွားပြီး၊ ဓားအလင်း များက ဦးချို နှစ်ချောင်းကို ဖြတ်ပစ် တော့သည်။
“ မဟုတ်ဘူး ... ။ ”
ယင်းကြောင့် ဖက်တီး လောခွန်၏ ရောင်ဝါမှာ၊ ကျဆင်း သွားပြီး၊ ထိတ်လန့် တကြား အော်ဟစ် လိုက်သည်။
“ ရွှပ် ... ။ ”
သည်အခွင့် အရေးကို လက်လွှတ် မခံလိုသော လင်းယွန်က၊ သတ်ဖြတ် လိုသော ရည်ရွယ် ချက်အား ထုတ်ဖော်လျက်၊ ဓား အလင်းဖြင့် တောက်ထုတ် လာခဲ့သည်။
ဓားအလင်းမှာ၊ ဖက်တီး လောခွန်၏ လည်မျိုသို့ ဖေါက်ဝင် သွားပြီး၊ သွေးများ ပန်း ထွက်လာ တော့၏။
“ ဘုန်း ... ။ ”
ချက်ချင်းပင် တောင်ကြီး တစ်လုံး ကဲ့သို့၊ မြေပြင်ပေါ် လဲကျ သွားသည်။ တိတ်တဆိတ် ချဉ်းကပ် လာသော၊ ငွေရောင် ဆံပင်နှင့် လူက၊ လက်ထဲရှိ ဓားဖြင့်၊ လင်းယွန် နောက်ကျောကို ထိုးချ လိုက်သည်။
“ ထန် ... ။ ”
သို့သော် အရေပြားနှင့် ထိမိ ချိန်၌၊ ဓားဖျားတွင် မီးပွားများ ပေါ်လာပြီး၊ ရပ်တန့် သွား၏။ ဒဏ်ရာ မပေး နိုင်ခဲ့ချေ။
လင်းယွန်မှ ပြန်လှည့် ကြည့်ပြီး၊ လက်နှင့် ကုပ်ဖမ်း လာရာ၊ ချက်ချင်း နောက်ဆုတ်ရန် ပြင် လိုက်သည်။ သို့သော် နောက်ကျ သွား၏။
“ ဂျိန်း ... ။ ”
နဂါး ထွက်သက် ထံမှ စုပ်ဝဲက၊ သူ့အား ပြန်လည် ဆွဲခေါ်သည်။ မိုးကြိုး မုန်တိုင်းများ ဖြစ်ပေါ် လာကာ၊ သူ့ ဦးခေါင်းကို ချေမွ ပစ် တော့၏။
“ ဖောင်း ... ။ ”
ယင်းသည် နဂါး သခင်၏ လျှို့ဝှက် နည်းစနစ် ဖြစ်သောကြောင့်၊ ငွေရောင် ဆံပင်နှင့် လူငယ် ခမျာ၊ မလွတ်မြောက် နိုင်ခဲ့ချေ။
ထိုအချိန်တွင် ကျန်သုံးဦး မှလည်း၊ နက္ခတ် များ ဆင့်ခေါ်လျက်၊ အနား ရောက်နေပြီ ဖြစ်၏။ ထို့ကြောင့် တိုက်ခိုက် ရုံမှ တပါး၊ အခြား ရွေးချယ် စရာ၊ မရှိ တော့ချေ။
“ ဟိတ် ... ။ ”
လင်းယွန် မသေသော်၊ သူတို့ သေရမည် ဖြစ်သဖြင့်၊ အပြင်းထန် ဆုံးသော ဝှက်ဖဲ များကို ထုတ်ဖော် လိုက်ကြသည်။
လင်းယွန် နောက်၌ ဓားဖြင့် အနားသပ် ထားသော အပြာရောင် နဂါး ထပ်၍ ပေါ်လာ ပြန်သည်။ နဂါး၏ အကြေးခွံ များတွင်၊ ခရမ်း-ရွှေရောင် အလင်းများ လင်းလက် နေ၏။
အထူး သဖြင့် ကောင်းကင် ဓားနှင့်၊ ဖွဲ့စည်းထားသော နဂါး၏ မျက်ဝန်း တစ်စုံမှာ၊ စူးရှလွန်း ပေသည်။
“ ဟိတ် ... ။ ”
လက် နှစ်ဖက်အား ဆန့်ကာ၊ ကောင်းကင်ပေါ် ခုန်တက် လိုက်ပြီး၊ ကျန်ရှိ နေသော ပြိုင်ဘက် သုံးဦး၏ တိုက်ခိုက်မှုကို အလွတ်ရှောင် လိုက်သည်။
“ အား ... ။ ”
ရှောင်တိမ်း နေစဉ်၊ အလက်လှမ်း မီရာ လူငယ် နှစ်ဦးအား၊ ဆွဲကာ သတ်ပစ် လိုက်လေ သည်။
ထို့ကြောင့် မိုးကြိုး ဂိုဏ်းမှ ခရမ်းရောင် ဝတ်ရုံနှင့်၊ လူငယ် တစ်ဦးသာ အသက် ရှင်လျက် ကျန်ရှိ တော့၏။
ဤသို့ ကျန်ရစ်ခဲ့ သည်မှာ၊ သန်မာ၍ မဟုတ်ချေ။ သူတို့ ရှစ်ယောက် အနက်၊ ဖက်တီး လောခွန်သည် အကြမ်းဆုံး ဖြစ်ပြီး၊ ငွေရောင် ဆံပင်နှင့် လူငယ်မှာ၊ ဒုတိယ လိုက်၏။
သို့သော် သူသည်လည်း ဓားသမား တစ်ယောက် ဖြစ်သဖြင့်၊ ကောင်းကင် ဓားကို သဘာဝ အတိုင်း ခံစားမိ သောကြောင့်၊ နောက်ဆုတ် လိုက်ခြင်း ဖြစ်သည်။
“ မင်းက အရမ်း သန်မာတယ်။ ”
ခရမ်းရောင် ဝတ် လူငယ်က အသက် ပြင်းပြင်း ရှူလိုက်ပြီး၊ အေးစက်စွာ ပြောသည်။
“ ဒါပေမယ့် ... ငါ့ရဲ့ မိုးကြိုး ဂိုဏ်းက တုကူယွင်က ဓားတန်ခိုးရှင် တစ်ယောက်ပဲ၊ သူနဲ့ တွေ့ရင် မင်း သေမှာ သေချာတယ်။ ”
စကားဆုံး သည်နှင့် သူ့ဓား ပေါ်၊ တစ်စုံ တစ်ရာကို သုတ်လိမ်း ပစ်လိုက်ရာ၊ စူးရှသော အလင်းများ ဖြာထွက် လာလေသည်။
အလင်း ရောင်မှာ တောက်ပ လွန်း သောကြောင့်၊ လ်ငးယွန် ခမျာ မျက်လုံးများ ခဏ မှိတ်လိုက် ရ၏။
အလင်းများ ပြန်လည် ပျောက်ကွယ် သွားချိန်၌၊ ခရမ်းရောင် ဝတ် လူငယ်ကို၊ အစီရင် တစ်ခုနှင့် လွှမ်းခြုံထား သည်အား၊ တွေ့လိုက် ရသည်။
ယင်းမှာ တည်နေရာ ရွေ့ပြောင်း အစီရင် ဖြစ်ပေ၏။ အခြား တစ်နေရာသို့ ထွက်ပြေးရန် ကြိုးစား နေခြင်း ဖြစ်သည်။
သို့သော် အရိယာ ကောင်းကင် ဓားကို ထုတ်ကာ၊ အစီရင် ထဲမှ ဆွဲထုတ်ရန် လင်းယွန် မှ၊ ကြံရွယ် လိုက်သည်။
“ မင်းတို့ ... ဘယ်သူမှ အသက် ရှင်လျက် မလွတ်မြောက် နိုင်ဖူးလို့ ... ၊ ငါ ပြောထားတယ် မဟုတ်လား။ ”
ထို့စဉ် မြေပြင်မှ အနက်ရောင် အလင်းမြူ နွယ်ပင်များ ရုတ်တရက် ပေါက်လာပြီး၊ ၎င်း၏ အစီရင်ကို ဖျက်ဆီး ပစ်လိုက်သည်။
“ ဝုန်း ... ။ ”
၎င်းမှာ မြန်ဆန်လွန်း သောကြောင့် ခရမ်းရောင် ဝတ် လူငယ်အား၊ ချက်ချင်း တုပ်နှောင်မိ သွားသည်။
“ ဝှစ် ... ။ ”
တစ်ချိန်တည်း မှာပင်၊ ကျောက်ယန်နှင့်၊ ကုန်းစွန်းယန်တို့ နှစ်ဦး ကိုလည်း၊ အနက်ရောင် အလင်းမြူ နွယ်ပင် များက၊ ချုပ်နှောင်ရန် နှာမောင်းကို ဆန့်ထုတ် လာ၏။
ထိုစဉ် သွေးကန် ထဲမှ၊ ထူးဆန်းသော အငွေ့အသက်များ ထွက်လာပြီး၊ အလင်းမြူ နွယ်ပင် များကို၊ ခွန်အား ပေးလေသည်။
လူများ စွာ၏ သွေးသား စွမ်းအင် များက၊ အမည်ခံ သူတော်စင် သစ်သီးကို၊ သူတော်စင် အဆင့်သို့၊ ပြောင်းလဲ သွားစေ ပုံရသည်။
***