မိစ္ဆာ ကောင်။
Vol. 91 Ch. 1272
“ ငါ ... ငါ့ကို ကယ်ပါ ... ။ ”
ခရမ်းရောင် ဝတ် လူငယ်သည် ကြောက်လန့် တကြားနှင့်၊ အော်ဟစ် အကူ အညီ တောင်းလာ ခဲ့သည်။
လင်းယွန်က ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးပါးကို ကန့်သတ် ချက်သို့၊ တွန်းထုတ် လိုက်ပြီး၊ ရွှေအတောင်ပံ တစ်စုံအား၊ ဆင့်ခေါ် လိုက်သည်။
“ ဝှစ် ... ။ ”
ထို့ကြောင့် သူ့ အရှိန်မှာ၊ မယုံနိုင် လောက်အောင် မြန်ဆန် သွားပြီး၊ ကျောက်ယန် နှင့် ကုန်းစွန်းယန်ကို စွဲထုတ် နိုင်ခဲ့သည်။
ခရမ်းရောင်ဝတ် လူငယ်မှာ၊ အဆိုပါ အနက်ရောင် အလင်း မြူ နွယ်ပင်၏ ချေမွခြင်း မခံရခင်၊ လင်းယွန်အား ကျိန်ဆဲ တော့သည်။
သည့်နောက် လူငယ်မှာ အရိုးစု အဖြစ်၊ ပြောင်းလဲ သွားပြီး၊ သွေးကန်ထဲ ပြုတ်ကျလာ ၏။ သည်မြင်ကွင်းကြောင့် ကျောက်ယန်တို့ နှစ်ဦးမှာ၊ ကျောချမ်း သွားလေသည်။
လင်းယွန်က ရွှေအတောင်ပံ တစ်စုံကို ပြန်သိမ်း လိုက်ပြီး၊ သွေးကန်ထံ တစ်ချက်ကြည့် မိ၏။
အစီရင်မှာ ဖြည်းညှင်းစွာ ပြိုပျက် လိုက် လာပြီး၊ နဂါးမောက် သီး အပင်က တရွေ့ရွေ့ တိုးထွက် လာသည်။
တစ်ချိန်တည်း မှာပင် သွေးကန် အတွင်းမှ ကြောက်မက်ဖွယ် စွမ်းအင်များ ခုန်ထွက် သဖြင့်၊ ထိတ်လန့် သွားမိသည်။
“ ငါ့ကို ကြည့်နေတယ်။ ”
လောဘ တကြီးနှင့်၊ သူ့အား စိုက်ကြည့် နေသည့် မျက်ဝန်း တစ်စုံကို ခံစားလာ မိသော ကြောင့်၊ လင်းယွန်မှ ရောင်ဝါ ပြန်ရုတ်ကာ မလှုပ်ရဲ တော့ချေ။
“ ဒီသစ်သီးက ဉာဏ်ရည် ဉာဏ်သွေး ရှိတယ်။ ”
ကျောက်ယန်က တုန်လှုပ် စွာနှင့် ပြောလာသည်။ ၎င်းက လင်းယွန်ကို စားချင် နေမှန်း သူ သိ၏။
“ ဒါက နည်းနည်းတော့ ထူးဆန်းတယ်၊ သူတော်စင် အဆင့် ရောက်သွားရင် ပိုဆိုးသွား လိမ့်မယ်။ ”
အဆင့် အတန်း မြင့်မားသော အသီး အနှံ များသည်၊ မွေးဖွား လာသော အခါ၌ ဉာဏ်ရည် ဉာဏ်သွေး ပါရှိပြီး၊ အန္တရာယ် ပေးနိုင်၏။
ထို့ပြင် သေဆုံး သွားသော ထိုလူငယ် ရှစ်ဦးမှ၊ အစီရင် တစ်ခုဖြင့်၊ လူသား ကျင့်ကြံသူ များ၏၊ သွေးသား စွမ်းအင်ကို ကျွေးမွေး ခဲ့ရာ၊ ပို၍ အရိုင်းစိတ် ဝင်သွားသည်။
သေဆုံးသွား သူများ ထံမှ ဒေါသနှင့် နာကျည်း မှုများက၊ ၎င်း၏ မွေးစ ဉာဏ်ရည် အပေါ်၊ ဖုံးလွှမ်း ကုန်၏။
စာရွက် အဖြူ အလွတ် တစ်ရွက်ကို၊ အနက်ရောင် ဖြစ်အောင် လုပ်လိုက် ခြင်းနှင့် တူသည်။ ထို့ကြောင့် မိစ္ဆာ ဆန်သော အငွေ့ အသက်များ ရှိနေ သည်မှာ၊ မဆန်းချေ။
“ သွားရအောင် … ဒါက ငါတို့ အသုံးပြု နိုင်တဲ့၊ သူတော်စင် သစ်သီး မဟုတ် တော့ဘူး၊ မိစ္ဆာ ကျင့်ကြံ သူတွေတောင် မထိ ဝံ့တဲ့၊ မိစ္ဆာ တစ်ကောင် ဖြစ်နေပြီ။ ”
ကုန်းစွန်းယန်က နှမျော တသ စွာဖြင့်၊ ပြောလိုက်သည်။
“ တကယ်တော့ မိစ္ဆာ ဖြစ်ဖြစ် ... ၊ သူတော်စင် ဖြစ်ဖြစ်၊ ဒါက စိတ်ဆန္ဒ တစ်ခု ပါပဲ၊ သူ့ရဲ့ မကောင်းမြင် စိတ်ကို လျစ်လျူရှု နိုင်ရင်၊ ဆေးဖက်ဝင် ပါသေးတယ်။ ”
( ဤနေရာ၌ သူတော်စင် ဟူသော စကားစုမှာ၊ အကောင်း မြင်စိတ် ရှိသူ များကို ရည်ရွယ် ပေသည်။ )
လင်းယွန်က ထွက်သွားရန် ရည်ရွယ်ချက် မရှိဘဲ၊ ခေါင်းယမ်းကာ ပြောလိုက်သည်။
“ ဖြစ်တော့ ဖြစ်နိုင် ပါတယ်၊ ဒါပမယ့် ... သတိ မထား မိရင် သူက ဝါးမျိုးသွား လိမ့်မယ်၊ ဒါကို မင်း နှိမ်နှင်း နိုင်မယ် ထင်လား။ ”
ကုန်းစွန်းယန်က လင်းယွန်ကို ကြည့်ကာ မေးလိုက်သည်။ ထို့ကြောင့် လင်းယွန်က သတိ တရဖြင့်၊ သူ့အား ပြန်လှည့် ကြည့်ပြီး၊
“ ဒါနဲ့ မင်းက ... ၊ ဘာလို့ ငါ့ နောက် လိုက်လာ တာလဲ၊ သူတို့ ရှစ်ယောက် ငါ့ အပေါ်၊ အရှက်ခွဲ တာကို၊ မြင်ချင်လို့ မဟုတ်လား။ ”
“ မဟုတ် ပါဘူး ... ၊ အဲလိုမျိုး ငါ တစ်ခါမှ မတွေး ဖူးဘူး၊ မစွပ်စွဲ ပါနဲ့၊ ငါ ကုန်းစွန်းယန်က အဲဒီလို လူလို့၊ မင်း ထင်နေလား၊ ငါက ဂုဏ် သိက္ခာကို တန်ဖိုး ထားတဲ့ လူပါ။ ”
ကုန်းစွန်းယန် မျက်နှာမှာ၊ ချက်ချင်း နီရဲ လာပြီး၊ လင်းယွန် စကားကို အမြန် ငြင်းဆန် တော့သည်။
“ သူက ငါနဲ့ ပူးပေါင်းခဲ့ သေးတယ်၊ ဒါပေမယ့် ... ငါတို့ ရှုံးတော့မယ့် အချိန်မှာ၊ အကူရှာ မယ်လို့ ပြောပြီး၊ ထွက်ပြေး သွားတယ်။ ”
ကျောက်ယန်မှ ဝင်ပြော လာသည်။
“ ငါက သူတို့ ရှစ်ယောက် ကိုမှ မနိုင်တာ။ ”
“ နှစ်ယောက်ပဲ ... ၊ ရင်ဆိုင် ရတာပါ။ ”
ကျောက်ယန်က ဘာသိ ဘာသာဖြင့်၊ လူအရည် အတွက် အမှန်ကို ထုတ်ပြော လိုက် သည်။
“ အခြား လူတွေက ... မလှုပ် ရှားဖူး ဆိုပေမယ့်၊ သူတို့ ရပ်ကြည့် နေသေး တာပဲ မဟုတ်လား၊ ငါက နှစ်ယောက်ကို ...
... ရင်ဆိုင် ရတယ် ဆိုပေမယ့်၊ ကျန်တဲ့ လူတွေ ကိုလည်း ... ၊ ထည့်တွက် ရမယ်လေ၊ ဒါကြောင့် သူတို့ ရှစ်ဦး စလုံးနဲ့၊ ရင်ဆိုင်နေ ရတယ်လို့၊ ငါပြောတာ မှားလို့လား။ ”
ကုန်းစွန်းယန်မှ အမြန် ပြန်၍ ရှင်းပြ လာသည်။
“ ဟား ဟား ဟား ... ။ ”
ကျောက်ယန်က မငြင်းခုန် တော့ဘဲ၊ ရယ်မော လိုက်သည်။ ထို့ကြောင့် ကုန်းစွန်းယန် ခမျာ၊ ရှက်ရွံ့ သွား၏။
“ သူ ပြောတာ မှန်တယ် လင်းယွန်၊ နဂါးမောက် သီးသာ၊ မင်းကို စားလိုက်ရင်၊ ပိုကြောက် စရာ ကောင်းလာ လိမ့်မယ်။ ”
နဂါးမောက် သီး ပင်ကို ကြည့်ကာ၊ ကျောက်ယန်မှ သတိပေး လိုက်သည်။ မျက်ဝန်း တစ်စုံမှ စောင့်ကြည့် နေသည်ဟု၊ ခံစားမိ သဖြင့်၊ မသက် မသာ ဖြစ်လာသည်။
“ ဒါဆို ... ၊ ငါ ဒီမှာ စောင့်နေတယ်၊ ဘယ်သူက ဘယ်သူ့ကို စားမလဲ ကြည့်ရ အောင်။ ”
လင်းယွန်မှ ပြုံးလျက် ပြန်ပြော လိုက်၏။
သူတော်စင် သစ်သီး အဆင့်သို့ ရောက် ပြီးနောက်၊ သူ့ကို စားချင် နေကြောင်း၊ ရှင်းရှင်း လင်းလင်း သိထားသည်။
ထို့ကြောင့် ကုန်းစွန်းယန်မှ၊ မိစ္ဆာ ကောင်ဟု ခေါ်သည်မှာ၊ လွန်အံ့ မဆို သာချေ။
“ မင်းတို့ အရင် သွားနှင့်ကြ ... ။ ”
သွေးကန် ဆီသို့ လျှောက်သွားလျက်မှ လင်းယွန်က ပြောလိုက်သည်။ သွေးကန် အနား ချဉ်းကပ် လာစဉ်၊ ပေါက်ကွဲ စွမ်းအား အချို့ စုစည်း နေသည်ကို၊ ခံစား မိ၏။
သွေးကန်အစပ် ရောက်သည်နှင့်၊ လင်းယွန်က ထိုင်ချကာ၊ မျက်လုံးများ မှိတ်ချ လိုက်သည်။
“ ဒီကောင် … ။ ”
ကုန်းစွန်းယန်၏ နှုတ်ခမ်းများ လှုပ်ယမ်း သွားသည်။ သူ ဟူသည် မာနကြီး သော်လည်း၊ လိုအပ် ပါက၊ သည်းခံရန် တွန့်ဆုတ် မနေချေ။
လင်းယွန် ကဲ့သို့ ကိုယ့်ကိုယ်ကို အန္တရာယ် ကျစေသည် အထိ၊ ပြုမူ မိမည် မဟုတ် သည်မှာ သေချာသည်။
နှစ်ယောက်သား သွေးကန် ထဲရှိ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ခံစားမိ သဖြင့်၊ နောက်ပြန် ဆုတ်မိသည်။
သူတော်စင် အဆင့်သို့ ရောက်ပြီးနောက်၊ မည်မျှ အစွမ်း ထက်လာ မည်ကို၊ သူတို့ စိတ်ကူး မယဉ်နိုင် ကြပေ။
“ မင်း မသွား ဖူးလား။ ”
ကုန်းစွန်းယန်မှ တံတွေး တစ်လုတ်ကို မြိုချလျက်၊ ကျောက်ယန်အား လှည့်မေးသည်။ နှင်းလွှာပေါ်၌ အလောင်းများ ပျံ့ကျဲ နေသဖြင့်၊ ခံစားချက် သိပ်မကောင်း လှချေ။
အထူး သဖြင့် မိုးကြိုး ဂိုဏ်းမှ ခရမ်းရောင် ၀တ် ထားသော လူငယ်၏ အရိုးစုမှာ၊ သွေးအိုင် ထဲတွင် မျောနေ ပေသည်။
“ စောင့် ကြည့် ဦးမယ်။ ”
ကျောက်ယန်မှ ပြန်ဖြေ၏။ အမှန် အတိုင်း ဝန်ခံ ရပါမူ၊ သူ သည်လည်း ကြောက်ချေသည်။ သို့သော် ၎င်းထက် လင်းယွန် အပေါ် စိုးရိမ်၏။
“ ဒါဆို ... ငါ အရင် သွားနှင့် လိုက်မယ်။ ”
ကုန်းစွန်းယန်မှ ခေါင်းခါယမ်း လိုက်ပြီး၊ လှည့်ထွက် လာမိသည်။ ဤနေရာမှာ အန္တရာယ် များလွန်း ပေ၏။
“ အရူးတွေ ... ။ ”
သို့သော် ခြေလှမ်း အနည်းငယ် လှမ်း ပြီးနောက်၊ အသိစိတ်မှ သူ့အား ဆွဲခေါ် ထား လေသည်။
လင်းယွန်မှ ယခုလေး တင်ပင်၊ သူ့အား ကယ်တင် ခဲ့သည်။ ထို့ကြောင့် ပြန်လှည့် မိပြီး၊ ကျောက်ယန် အနားတွင်၊ ဝင်ထိုင် လိုက်၏။
သည့်နောက် ကျွန်းတစ်ခုလုံး တိတ်ဆိတ် သွားသည်။ ယင်းက တောင်ခြေမှ နေ၍ စူးစမ်း နေသော လူအချို့ပေါ် သက်ရောက်မှု ရှိလာ၏။
ကျွန်းတဝိုက် ပြန့်ကျဲ နေသော ဂိုဏ်းကြီး များ၏ တပည့်များ မှလည်း၊ နှင်းတောင် ထိပ်ထံ မော့ကြည့်ကာ၊ အံကြိတ်လိုက် ကြသည်။
အမည်ခံ သူတော်စင် သစ်သီး အတွက်၊ လက်တွဲခဲ့ ကြသည်။ သို့သော် မိစ္ဆာ တစ်ကောင် ရောက်ရှိ လာပြီး၊ သူတို့ ခေါင်းဆောင် ရှစ်ဦးကို သတ်ပစ် လိုက်၏။
ထိုသတင်းသာ ပျံ့နှံ့ သွား ပါက၊ တုန်လှုပ် ချောက်ချား စရာ ဖြစ်မည်မှာ သေချာလေသည်။ သို့သော် အမည်ခံ သူတော်စင် အသီးအနှံ မျှသာ ဖြစ်သဖြင့်၊ အကြီးအကဲ များ၏ အကူအညီကို ရနိုင် စရာ အကြောင်း မရှိချေ။
ဤအရာက သူတို့ကို တွန့်ဆုတ် စေသည့် အကြောင်း ရင်းလည်း ဖြစ်သည်။ အကြီး အကဲ တစ်ဦး တစ်လေ မျှပင် မရှိဘဲ၊ တောင်ပေါ် တက်ကာ၊ သူရဲကောင်း မလုပ် ဝံ့ချေ။
“ အဲဒီ ကောင်က ဘယ်သူလဲ၊ လင်းယွန် ဆိုတဲ့ နာမည်က နည်းနည်း ရင်းနှီး နေပေမယ့်၊ သေချာ မသိဘူး။ ”
“ သူက တိမ်လွှာဓား ဂိုဏ်းရဲ့ ... ၊ အမာခံ တပည့် တစ်ဦးပါ၊ အပြာရောင် စံအိမ် နယ်မြေ မှာတော့၊ သူ့ကို လူတိုင်း သိတယ်။ ”
“ အရူး ... ၊ သူ့လို လူက ဘယ်လိုလုပ် တိမ်လွှာဓား ဂိုဏ်းက ဖြစ်နိုင် မှာလဲ၊ နောက်ခံ ကို ဖုံးကွယ် ချင်လို့၊ ဒီလို အမည်ခံ ထားတာ။ ”
“ ဘာပဲ ဖြစ်ဖြစ် ... ၊ သူက ဂိုဏ်းကြီး ရှစ်ဂိုဏ်းကို စော်ကား ပြီးပြီ၊ အခုတော့ သူ့ကို ဘယ်သူမှ မကယ်နိုင် တော့ဘူး။ ”
“ ဘာဖြစ်လဲ ... ၊ မင်းတို့က ငါ တို့ကို ပုရွက်ဆိတ်လို့ ခေါ်ပြီး၊ အခု အဲဒီ ပုရွက်ဆိတ်က မင်းတို့ ကောင်တွေကို သတ်နေပြီ မဟုတ်လား၊ ဟား ဟား ဟား ... ။ ”
ခေတ္တမျှ တိတ်ဆိတ် သွားပြီးနောက်၊ ကျွန်းပေါ်၌၊ အငြင်းပွား မှုများ ဖြစ်လာ ခဲ့သည်။ ဂိုဏ်းကြီး များ၏ တပည့် များမှာ၊ မျက်နှာများ ပျက်ယွင်း လာကြသည်။
လူအုပ်မှာ သူတို့ အပေါ်၊ မကြောက်ကြ တော့ဘဲ၊ အုပ်စု ဖွဲ့ရန် အရိပ် အယောင် များပင် ပြသ လာသည်။ ထို့ကြောင့် ပါးစပ် ပိတ်ကာ၊ ချက်ချင်း လှည့်ပြေးရန် ပြင်မိ တော့သည်။
“ မင်းတို့ စောင့်နေပါ ... ၊ အကြီး အကဲ တွေက၊ ဒါကို အနှေးနဲ့ အမြန် ဆိုသလို အရေး ယူကြ လိမ့်မယ်။ ”
နှင်းတောင် ထိပ်ကို မုန်းတီးမှု အပြည့်နှင့် မော့ကြည့်ကာ၊ တစ်ချိုးတည်း လစ်သွား တော့ သည်။
တစ်ချိန်တည်း မှာပင် နဂါးမောက် သီးမှာ၊ မွေးဖွား သင့်ပြီ ဖြစ်သောကြောင့်၊ လူတိုင်း စိတ် လှုပ်ရှား ကြီးစွာ၊ မော့ကြည့် လိုက်မိ ကြသည်။
သို့သော် ဒေသ တစ်ခုလုံး အမှောင်ဖုံး လာပြီး၊ အမည်ခံ သူတော်စင် အသီး အနှံသည်၊ မွေးဖွား လာမည့်၊ အရိပ် အယောင်မျှ မပြချေ။
“ ထူးဆန်းတယ်။ ”
သူတော်စင် အရည်များ စုဆောင်း နေသော ခရမ်းငယ်မှ နှင်းတောင်ထိပ်ကို မော့ကြည့်ကာ၊ ရေရွတ် လိုက်သည်။
တောင်ထိပ်မှ ပုံမှန် မဟုတ်သော ရောင်ဝါအား ခံစား မိ၏။ ထိုရောင်ဝါသည် ဆိုးဝါးပြီး၊ အမည်ခံ သူတော်စင် သစ်သီးထက်၊ များစွာ သိပ်သည်း ချေပြီ။
“ ဒါ ... သူတော်စင် သစ်သီးပဲ။ ”
ခရမ်းငယ်က အဖြေရှာ နိုင်ပြီ ဖြစ်သဖြင့်၊ ပေါ့ပေါ့ ပါးပါးပင် သူတော်စင် အရည် များကို၊ ဆက်၍ စုဆောင်း နေလိုက်သည်။
ထို့ကြောင့် နဂါးလေး ခမျာ၊ အိုးကြီး တစ်လုံးကို ပွေ့လျက်၊ တကောက် ကောက် လိုက်ပါ နေရ တော့၏။
လင်းယွန် တစ်ယောက် သွားလေရာ အရပ်တွင်၊ ရုတ်ရုတ် သဲသဲ ဖြစ်တတ် သည်မှာ၊ သဘာဝ ဖြစ်ပြီး၊ ယင်းက သူတို့ နှစ်ဦး အတွက် မထူးဆန်း တော့ချေ။
***