← Chapters

တုန်လှုပ်ဖွယ် သတင်း။

Vol. 91 Ch. 1273

တုန်လှုပ်ဖွယ် သတင်း။

Vol. 91 Ch. 1273

နှင်းများ ဖုံးလွှမ်း နေသော တောင်ထိပ်တွင်၊ ပို၍ ပို၍ ဆိတ်ညံ လာသည်။ ဤအရာက သူတို့ သုံးယောက်ကို စိတ်မသက် မသာ ဖြစ်လာ စေ၏။

နဂါးမောက် သီးမှ ထွက်ပြေး သွား သည်လော ဟုပင်၊ သံသယ ဝင်လာ မိသည်။ ၎င်းမှာ ယခု အချိန်၌ မွေးဖွား သင့်ပြီ ဖြစ်၏။ ရုတ်တရက် မြေပြင်မှ အလင်းတိုင် တစ်ခု ကောင်းကင်ပေါ် ထိုးတက် လာသည်။

နောက် ဆက်တွဲ အနေဖြင့် ကောင်းကင် ပထမ အလွှာပွင့် သွားကာ၊ ကြယ်အလင်းများ ဖြာကျ လာ၏။

များမကြာခင် အလင်းတိုင် ကိုးတိုင် ထွက်လာပြီး၊ ကောင်းကင် အက်ကွဲ ကြောင်း များ၊ ဟိုမှ သည်မှ ထွက်ပေါ် လာသည်။

“ ဒါ ... သူတော်စင် အသီး အနှံရဲ့ ဖြစ်စဉ် နိမိတ်ပဲ။ ”

“ အိုး ... နဂါးမောက် သီးက သူတော်စင် အဆင့် ရောက်သွား တာလား။ ”

ကျွန်းပေါ်ရှိ လူတိုင်း အံသြသွား ကြသည်။ တစ်ချိန်တည်း မှာပင်၊ ဤဖြစ်စဉ်က သွေ့ရော် ပင်လယ်ကြီး တစ်ခုလုံးကို မြင်လာ စေ၏။

“ တကယ့် သူတော်စင် သစ်သီးပဲ။ ”

“ အဲဒီမှာ ဘယ်လို မွေးလာ ရတာလဲ၊ အဓိပ်ပ္ပါယ် မရှိ လိုက်တာ။ ”

“ ထူးဆန်းတယ် သူတော်စင် သစ်သီး တွေက၊ ငါတို့ သိမ်းပိုက် ထားတဲ့ ကျွန်းတွေ ပေါ်မှာသာ၊ မေွးသင့်တာ မဟုတ်လား။ ”

အမည်ခံ သူတော်စင်နှင့်၊ သူတော်စင် သစ်သီးကြား၊ ကြီးမားသော ခြားနားချက် တစ်ခု ရှိသည်။ ထို့ကြောင့် အင်အားကြီး ဂိုဏ်းများ အားလုံးမှာ၊ မျက်မှောင်ကြုတ် မိ၏။

သူတို့ ကြားတွင် သဘော တူညီချက် များရှိ သဖြင့်၊ အလယ် အလတ် ဂိုဏ်း များကို အမည်ခံ သူတော်စင် သစ်သီး မွေးဖွားရာ ကျွန်းများ၊ ခွဲဝေ ပေးခဲ့သည်။

ထို့ကြောင့် သူတို့လို အင်အားကြီး ဂိုဏ်း များမှ သိမ်းယူ ထားသည့် ကျွန်းများ အပြင်တွင်၊ သူတော်စင် သစ်သီး မွေးဖွား လာ သည်မှာ၊ ဒေါသ ထွက်စရာ ပေပင်။

နောက်ဆုံးတွင် ၎င်းကို စွန့်လွှတ် ရန်သာ ရှိပေ တော့သည်။ စည်းမျဉ်း များကို ချမှတ်ရန် မလွယ်လှ သဖြင့်၊ လိုက်နာ ရပေမည်။

မဟုတ်သော် သွေ့ရော် ကျွန်း မဖွင့်ခင် သေွ့ရော် ပင်လယ်ကြီး တစ်ခုလုံး၊ ပရမ်း ပတာ ဖြစ်သွား ပေလိမ့်မည်။

ထိုကျွန်း ပေါ်တွင် သူတို့ ဂိုဏ်းကြီး များ၏ တပည့်များ ရှိလျှင်ပင်၊ သူတော်စင် သစ်သီးကို လုယူခွင့် မရှိချေ။

“ သူတော်စင် သစ်သီးလား။ ”

“ ဟား ဟား ဟား ... ၊ ဒါက တကယ့် ကံကောင်းမှု ကြီးပဲ။ ”

“ နဂါး ကိုးကောင် ဝါးမျိုခြင်း အစီရင်က တကယ် အလုပ် ဖြစ်တာပဲ။ ”

သေဆုံး သွားသော လူငယ် ရှစ်ဦး၏ အကြီးအကဲ များက၊ အဝေး တစ်နေရာမှ နေ၍ ဤမြင်ကွင်းကို ကြည့်ပြီး၊ စိတ်လှုပ်ရှား လာ ကြသည်။

“ ငါတို့ မိုးကြိုး ဂိုဏ်းရဲ့ တပည့်မှာ၊ သူတော်စင် ဓား ရှိတဲ့ အတွက်၊ ဒီသူတော်စင် သစ်သီးကို သေချာပေါက် ရယူနိုင် လိမ့်မယ်။ ”

“ ဒီလိုတော့ ... လွယ်လွယ် မပြောနဲ့၊ ငါ့ဂိုဏ်းက ဖက်တီး လောခွန်ကို ဘယ်သူ ယှဉ်နိုင် မှာလဲ။ ”

“ ဟား ဟား ဟား ... ၊ ငါ့ ဖီးနစ် မီးလျှံ ဂိုဏ်းရဲ့ လျှို့ဝှက်နည်း စနစ်က၊ မင်းတို့ တွေကို အပြတ် အသတ် အနိုင်ယူ နိုင်လိမ့်မယ်။ ”

“ ငွေရောင်သွေး ကမ္ဘာ ကိုလည်း မေ့မထား ကြနဲ့လေ။ ”

သူတို့ အားလုံးမှာ နဂါးသွေး လွှတ်ကြော နယ်ပယ်၌ ရှိပြီး၊ အချင်းချင်း ငြင်းခုံ နေမိ ကြ လေသည်။

သည်နေ့သည် သူတို့ အတွက်၊ ကံကောင်းသော နေ့ဖြစ်၏။ သူတော်စင် အသီး အနှံများ မွေးဖွားမည့် ကျွန်း များကို၊ ဂိုဏ်းကြီး များမှ လက်ဝါးကြီး အုပ်ထား ခဲ့သည်။

ထို့ကြောင့် သူတို့ အပိုင် ဖြစ်သော ကျွန်း၌ သူတော်စင် သစ်သီး မွေးဖွား လာချိန်တွင် သူတို့ နှင့် ယှဉ်ပြိုင် လာမည် မဟုတ်ချေ။

နောက်ဆုံးတွင် နှင်းတောင် ထိပ်၌၊ ဖြစ်ပျက်နေ သမျှကို ကြည့်ရှုရန် လျှို့ဝှက် ရတနာများ ထုတ်ယူ လိုက်ကြသည်။

နတ်မိစ္ဆာ မြေခွေး မျိုးဆက် သွေးကို ဆက်ခံထားသော အနန္တ သားရဲ တံခါး၏ အကြီး အကဲက၊ ငေွရောင် ဆံပင် များကို သပ်လျက်၊ အိုးတစ်လုံးကို ထုတ်ယူ လိုက်သည်။

ထိုအိုး ထံမှ အလင်းရောင် တစ်ချက် လက်လာစဉ်၊ နှင်းတောင် ထိပ်သို့ ချိန်ရွယ် လိုက်၏။

တစ်ချိန် တည်းမှာပင် အခြားသော ဂိုဏ်း များမှ အကြီးအကဲ များမှလည်း၊ ရတနာ များကို ထုတ်ယူကာ နှင်းတောင်ပေါ် ချိန်ရွယ် လာကြသည်။

“ ငါ့ ဂိုဏ်းက ဖက်တီး လောခွန်မှာ၊ အစွမ်းထက်တဲ့ သွေးလိုင်း ရှိတယ်၊ ထူးခြားတဲ့ ပါရမီရှင် တွေက လွဲပြီး၊ ဘယ်သူမှ အနိုင် မယူ နိုင်ဘူး၊ သေချာပေါက် သူရ လိမ့်မယ်။ ”

ထိုစကားကြောင့် သူနောက်ရှိ အကြီးအကဲ များနှင့်၊ သင်းထောက် အချို့က စိတ်လှုပ်ရှား သွားသည်။ သည့်စဉ် လေထု အလယ်၌ ပုံရိပ်များ ပေါ်လာ၏။

“ ဒုတ် ဒုတ် ... ဒုတ် ဒုတ်။ ”

ပုံရိပ်များ ကြည်လင်လာ သည်နှင့် အမျှ လူတိုင်း၏ နှလုံး ခုန်သံများ ကျယ်လောင်စွာ မြည်ဟည်း လာသည်။

လောက နိယာမ နယ်ပယ်သို့ မဝင်မီ၊ သူတော်စင် သစ်သီး ရရှိသော်၊ ခွန်အားကို များစွာ မြှင့်တင်နိုင် ပေမည် ။

“ မြန်မြန် ... ။ ”

“ အခြား ဂိုဏ်းတွေက ပါရမီရှင် တွေက၊ ငါတို့ရဲ့ စီနီယာ အစ်ကို လောခွန်ကို ဘယ်လို လုပ် ယှဉ်နိုင် မှာလဲ။ ”

သင်းထောက်များ နောက်ရှိ အနန္တ သားရဲ တံခါး ဂိုဏ်း၏ တပည့် များက၊ စိတ်လှုပ်ရှား စွာ အော်ဟစ် လာ ကြသည်။

မြင်ကွင်းများ ရှင်းလင်း သွားပြီး၊ လူသေ အလောင်း များနှင့် ပြည့်နေသော မြေပြင်အား မြင်လာ ရ၏။

ဤမြင်ကွင်းသည် အလွန် ရက်စက်လွန်း သောကြောင့်၊ မြင်ရ သူတိုင်းကို အသက်ရှူ ကြပ် သွားသေသည်။

ရုတ်တရက် ကြီးမား လှသော ဖက်တီး လောခွန် အလောင်းကို ဦးစွာ မြင်လိုက် ရသည်။ ဦးချိုများ တစ်ဝက်ခန့် ပြတ်နေပြီး၊ လည်ပင်း၌ အပေါက်ကြီး တစ်ပေါက် ရှိနေ၏။

၎င်းမြင် ကွင်းသည် အနန္တ သားရဲ တံခါး ဂိုဏ်းမှ လူတိုင်း၏ မျက်နှာ များကို မည်းကျ သွားစေသည်။ အထူး သဖြင့် နဂါး သေွးလွှတ် ကြော နယ်မြေ အကြီး အကဲ ဖြစ်၏။

“ မ ဟုတ် ဘူး ... ။ ”

တစ်ချိန် တည်း မှာပင်၊ နဂါး သေွး လွှတ်ကြော နယ်ပယ် ရောင်ဝါအား အထိန်း အကွပ် မရှိ၊ ထုတ်လွှတ် လိုက်ရာ၊ မိုင်(၁၀၀၀) အတွင်း လူတိုင်းကို ကြောက်ရွံ့ တုန်လှုပ် သွားစေ၏။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

“ ဒါက အနန္တ သားရဲ တံခါး ဂိုဏ်းရဲ့ နဂါးသွေး လွှတ်ကြော နယ်ပယ်၊ အကြီးအကဲ မဟုတ်လား၊ သူရူး သွားတာလား။ ”

ပတ်ဝန်းကျင် ကျွန်းများ ပေါ်ရှိ လူတိုင်းက ထိုရောင်ဝါကို ခံစားမိ သဖြင့် အံသြ သွားသည်။

“ မဟုတ်ဘူး ... ၊ ဒါ ... မဖြစ် နိုင်ဘူး။ ”

နောက်ထပ် စူးရှသော ဟောက်သံ တစ်သံနှင့် အတူ၊ ရောင်ဝါများ ထပ်မံ ပေါက်ကွဲ လာ ပြန်သည်။ ဤတစ်ကြိမ်တွင် ဖီးနစ် မီးလျှံ ဂိုဏ်း၏ အကြီး အကဲ ဖြစ်သည်။

“ ဘယ်သူလဲ ... ၊ ငါ့တပည့် ချင်းလန်ကို ဘယ်သူ သတ်ဝံ့ တာလဲ၊ သူ့ အသက်ကို ငါ ... လိုချင်တယ်။ ”

“ ငါ့ မိုးကြိုး ဂိုဏ်းရဲ့ တပည့်က ဘာလို့ သေသွား ရတာလဲ၊ သူ့မှာ သူတော်စင် ဓား ရှိ တယ်လေ။ ”

“ ငါ့ တပည့်ကို ... ဘယ်သူ သတ်တာလဲ။ ”

“ ဘယ်သူက ... ငါ့ တပည့်ကို သတ်ဖို့ သတ္တိ ရှိနေ တာလဲ။ ”

၎င်းတို့ စခန်း ချရာ ကျွန်း၌ ဒေါသနှင့် ပေါက်ကွဲ သံများ ညံလာပြီး၊ မြင်နေ ရသော သတင်းများ ချက်ချင်း ပျံ့နှံ့ သွားတော့သည်။

နှင်းတောင် ထိပ်သို့၊ သားသတ် သမား တစ်ဦး ရောက်ရှိ လာပြီး၊ သူတို့၏ ပါရမီရှင် (၈) ဦးကို ရက်ရက် စက်စက် သတ်ဖြတ် သွားသည့် သတင်းမှာ၊ လူတိုင်း အတွက် မယုံနိုင် စရာ ပေပင်။

“ ဒါ ... ဒါက ဘယ်လို ဖြစ်ရ တာလဲ။ ”

“ သေချာပေါက် သတင်း အမှန်ပဲ ... ၊ ဂိုဏ်းကြီး တေွရဲ့ တပည့် ရှစ်ဦးက၊ နဂါးမောက်သီးကို အဆင့် မြှင့်တင်ဖို၊ အစီရင် တစ်ခုကို ခင်းထား ကြတယ်၊ လာတဲ့ လူတိုင်းကို သတ်ပြီး ...

... သစ်သီး အတွက် ကျွေးမွေးတယ်၊ ဒါပေမယ့် ... သူတို့ကို သတ်ပြီး၊ ပြန်ကျွေးမွေး ခံရ လိမ့် မယ်လို့၊ တွက်ဆ မထား နိုင်ပုံပဲ။ ”

“ မင်း အပိုတွေ မပြောနဲ့။ ”

“ မပိုဘူး၊ အဲ့ဒီ တိုက်ပွဲကို ကောင်းကင်မှာ ငါကိုယ်တိုင် မြင်ခဲ့တာ၊ အသက် ရှင်လျက် ငရဲ ကျနေ သလိုပဲ။ ”

“ ဘယ်သူက ဒီလောက် စွမ်းတာလဲ။ ”

“ ဘယ်သိ မလဲ၊ ငါ သူ့နောက် ကျောကို မြင်တာနဲ့ ထွက်ပြေး လာလို့ မင်းတို့ကို အခုလို ပြန်ပြော ပြနိုင်တာ။ ”

ဤမြင်ကွင်းက သတင်း ဝေမျှ ပေးသော လူငယ်ကို ထိတ်လန့် စေဆဲ ဖြစ်၏။ အဆုံးတွင် ဂိုဏ်းကြီး များ၏ ပါရမီရှင် ရှစ်ဦးကို၊ သတ်ဖြတ် ခြင်းသည် ၎င်းဂိုဏ်း များကို စစ်ကြေငြာခြင်း မည်၏။

မည်သူသည် ဤသို့သော မောက်မာ လွန်းသည့် လုပ်ရပ်ကို ပြုမူဝံ့ သည်အား တွေးစ ပြုလာ မိသည်။

“ ဘယ်သူ ဖြစ်နိုင် မလဲ ... ။ ”

ဂိုဏ်း ရှစ်ဂိုဏ်းက ဒေါသ တကြီးဖြင့်၊ သွေးကန် ရှေ့တွင် ကျောခိုင်းကာ၊ ထိုင်နေသည့် အပြာရောင် ဝတ်စုံနှင့် လူထံ စိုက်ကြည့် မိ၏။

ဓားသေတ္တာ တစ်လုံးကို ထမ်းပိုးလျက် ငြိမ်သက် နေသော အသွင်မှာ၊ သူတို့နှင့် မရင်းနှီး လှချေ။ ၎င်းဝတ် ထားသော ဝတ်ရုံ ကိုပင်၊ မည်သူမျှ မသိ သည်မှာ အမှန် ပေပင်။

“ တိရိစ္ဆာန်လေး ... ၊ မင်း ... လှည့်ကြည့် ဝံ့သလား။ ”

အနန္တ သားရဲ တံခါး၏ အကြီး အကဲက တစ်ဖက်လူ မကြား နိုင်မှန်းသိ သော်လည်း၊ အော်ဟစ် လိုက်သည်။

သူတို့ စခန်း ချရာ ကျွန်းသည် နှင်းတောင်ထိပ်နှင့် ဝေးလွန်း သောကြောင့်၊ စိတ်ပျက် လက်ပျက် ဖြစ်လာ မိသည်။

သို့သော် အပြာရောင် ဝတ် ဓားသမားက ရုတ်တရက် နောက်လှည့်ကာ ခေါင်းမော့ ကြည့် လာသည်။

ထို့ကြောင့် ငယ်ရွယ် လွန်းသော မျက်နှာ တစ်ခုအား၊ ထင်ရှားစွာ မြင်လိုက် ရ၏။ နဖူးရှိ ရွမ်းဗက်ပုံ ခရမ်းရောင် အမှတ် အသားမှာ၊ မှော်ဆန် နေသည်။

ကြောက်ရွံ့မှု တစိုး တစ်စိမျှ မရှိဘဲ၊ ၎င်းက သူတို့အား ပြုံးပြလာ တော့သည်။

“ ဒီကောင် ဘယ်သူလဲ ... ။ ”

မျက်နှာကို မြင်သော်မှ သူတို့ မသိချေ။ ထိပ်တန်း ပါရမီ ရှင်များ အနက်၊ ဤသို့ အမှတ် အသားမျိုး ရှိသော လူငယ်မျိုး မရှိ သည်မှာ၊ သေချာ၏။

“ ရွှပ် ... ။ ”

ထိုအချိန်တွင် လင်းယွန်က ကောင်းကင်၌ လင်းနေသော ကွဲလွဲ နေသည့် လေဟာနယ်ကို ဓားရောင်ခြည်နှင့် ပစ်ကာ ဖျက်ဆီး ပစ်သည်။

“ တောက် ... ။ ”

ပုံရိပ်များ မပျောက် ကွယ်မီ လင်းယွန်၏ အပြုံးမှာ မထီ မဲ့မြင် နိုင်သော ကြောင့်၊ အကြီး အကဲ တစ်သိုက် ခမျာ၊ ပို၍ ပေါက်ကွဲ သွား တော့သည်။

“ ဒီကောင့်ကို သတ် ... ။ ”

သည့်နောက် သတ်ဖြတ် လိုသော ဆန္ဒ များကို ထုတ်ဖော် လိုက်ပြီး၊ ကောင်းကင်ပေါ် ခုန်တက် လာကြသည်။

သူတို့ ဦးတည်ရာ အရပ်သည် သူတော်စင် သစ်သီး မွေးဖွားရာ၊ နှင်းတောင် တန်းကြီး ထံသို့ ဖြစ်ချေ၏။

***

All Chapters