ဓားဧကရာဇ်၏ ဂုဏ်သိက္ခာ။
Vol. 91 Ch. 1274
မိုးကုပ် စက်ဝိုင်း အစပ်၌ အလင်းရောင် ရှစ်မျိုး လင်းထိန် လာသော အခါ၊ ကျောက်ယန် နှင့် ကုန်းစွန်းယန်၏ မျက်နှာများ ပြောင်းလဲ သွားသည်။
ရောင်ဝါ များမှာ၊ သူတို့နှင့် မဝေး လှချေ။
“ သူတို့က ငါ့ကို သတိထား မိသွားပြီ။ ”
လင်းယွန်က ရေရွတ် လိုက်သည်။ သူအား အာရုံစိုက် နေကြောင်း၊ အရိယာ ကောင်းကင် ဓားမှ အသိပေး ခဲ့သည်။
ထိုအကြည့် ပိုင်ရှင် များသည် စွမ်းအား ကြီးမားပြီး၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူများ ဖြစ်ချေ၏။
ဂိုဏ်းကြီး များစွာ အတွက် ထိုအဆင့် ကျင့်ကြံသူ များမှာ၊ အသန်မာဆုံး စာရင်း ဝင် ချေပြီ။
လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများမှာမူ၊ ၎င်းတို့၏ ထက်မြက်သော ပါရမီရှင် များကို ကာကွယ်ရန်၊ နောက်ကွယ်၌ ရှိနေ တတ်သည်။
သို့သော် လင်းယွန်မှာ မကြောက်ချေ။ အစ်ကို ဖုန်း သူ့နောက်၌ ရှိသဖြင့်၊ ဤမျှ ရဲတင်း မိခြင်း ဖြစ်သည်။
“ လင်းယွန် သတိထား။ ”
ကေျာက်ယန်က ရုတ်တရက် သတိပေး လာသည်။ လင်းယွန် လှည့်ကြည့် လိုက်ချိန်တွင်၊ ကြက်သွေးရောင် အလင်းများ ကိုသာ မြင်လိုက် ရ၏။
အာရုံ စိုက်ကြည့်မှ သာလျှင်၊ ကြက်သွေးရောင် သွေး နဂါးကြီးက သွေးအိုင်မှ ခုန်ထွက်ကာ၊ ကောင်းကင်ပေါ် ပျံတက် သွားမှန်း၊ သိလိုက် ရသည်။
ကြက်သွေးရောင် သေွးနဂါးသည် ကြောက်မက်ဖွယ် ကောင်းသော သွေး မြူကို မှုတ်ထုတ် လိုက်ရာ၊ ကောင်းကင် တစ်ခုလုံး အရောင် ပြောင်း သွား၏။
ကျယ်လောင်သော ဟောက်သံကို ထုတ်လွှတ်လျက်၊ လင်းယွန်းထံ လှည့်ကြည့်ပြီး၊ လျှပ်စီး သဖွယ် ခုန်ဆင်း လာသည်။
“ ဝုန်း ... ။ ”
လင်းယွန်က နောက်ပြန် ဆုတ် လျက်မှ ဓားကို ထုတ်လွှတ် လိုက်၏။ ရောင်ဝါ နှစ်မျိုး တိုက်မိ သွားပြီး၊ ပေါက်ကွဲ သံများ ထွက် လာသည်။
အကျိုးဆက် အနေဖြင့် နှုတ်ခမ်း ထောင့်မှ သွေးများ စီးကျ လာပြီး၊ မြေပြင်ပေါ် ဆင်းသက် လိုက်ကာ၊ ခြေနှစ်လှမ်း ဆုတ်လျက်၊ ဟန်ချက် ထိန်းလိုက် ရသည်။
ကြက်သွေးရောင် သွေး နဂါးက ဒေါသ တကြီး အော်ဟစ် လိုက်ပြီး၊ နောက်တစ်ကြိမ် ပြေးဝင် လာ ပြန်၏။
“ မင်း သေချင် နေတာပဲ။ ”
နဂါး အမှတ် အသားကို ဖွင့်ကာ၊ နဂါး ရောင်ဝါနှင့် ဓား ပေါင်းစပ် လိုက်၏။ ထို့နောက် ရွှေကျီးကန်း တံဆိပ်အား အသက် သွင်းပြီး၊ ရွှေတောင်ပံ များကို၊ ဖြန့်ထုတ် သည်။
အတောင်ပံ တစ်စုံ ပေါ်ရှိ၊ အမွေး အတောင် များသည်၊ သတ္တု ရောင်များ တဖျပ်ဖျပ် ခတ်နေ ကြသည်။
တစ်ချိန်တည်း မှာပင်၊ ခရမ်း- ရွှေရောင် အကြေး ခွံများ ပါရှိသည့်၊ နဂါး ကြီးက သူ့အား ရစ်ခွေ လှည့်ပတ်လာ တော့၏။
၎င်း၏ လက်သည်း များတွင်၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက် များဖြင့် ဖုံးအုပ် နေပြီး၊ မျက်ဝန်း များ၌၊ မငြိမ်း နိုင်သော ဓား မီးလျှံများ တောက်လောင် နေသည်။
သူ့ထံမှ ထွက်သော ရောင်ဝါသည် ကြက်သွေးရောင် သွေးနဂါးကို သိမ်ငယ်သွား စေ၏။
“ သေ လိုက် တော့ ... ။ ”
လင်းယွန်၏ လက်ငါး ချောင်းသည် ထက်ရှသော ဓားများ သဖွယ်၊ တိုးထွက် လာပြီး၊ ကြက်သွေးရောင် သွေးနဂါး၏ လည်ပင်းကို ဖမ်းဆုပ် ပစ်သည်။
သေွးနဂါး လည်ပင်းမှ သွေးစက်များ မိုးအဖြစ် ရွာကျ လာပြီး၊ မြေပြင်ပေါ် ကျရောက် သွားချိန်တွင်၊ ထူးဆန်းသော ဆေးဖက်ဝင် အပင်များ၊ ပေါက်လာ တော့သည်။
ကြက်သွေးရောင် သွေးနဂါးက ရုန်းကန် နေစဉ်၊ သွေးများ ဆက်၍ ရွာကျ နေဆဲ ဖြစ်ပြီး၊ ပတ်ဝန်းကျင် တစ်ခုလုံး အခိုး အငွေ့ များဖြင့် ဖုံးလွှမ်း သွားသည်။
နောက်ဆုံးတွင် ကြက်သွေးရောင် သွေးနဂါးမှာ၊ ချုပ်ကိုင် မှုမှ လွတ်မြောက် သွား လေသည်။ သို့သော် ရောင်ဝါများ လျော့ကျ လာပြီ ဖြစ်၏။
ထို့ကြောင့် ကောင်းကင်ပေါ် ပျံတက် သွားကာ၊ ပထမ အလွှာကို ခွဲလျက်၊ ထွက်ပြေး သွားတော့သည်။
ယင်းကို လင်းယွန်က စိတ်၀င်ပုံ မပြ တော့ဘဲ၊ ရွှေတောင်ပံ တစ်စုံအား ပြန်သိမ်း လိုက်သည်။
“ မင်း ... ဒဏ်ရာ ရသေးလား။ ”
ကေျာက်ယန်နှင့် ကုန်းစွန်းယန်က၊ သူ့ အနားသို့၊ ချက်ချင်း ပြေးလာ ကြသည်။ ၎င်းက လင်းယွန်ကို ကိုက်စားလု နီးပါး ပေပင်။
ထို့ထက် ပို၍ အရေး ကြီးသည်မှာ၊ နဂါးမောက် သီးကို လက်လွှတ် လိုက်ရခြင်း ဖြစ်သည်။
သို့သော် ဆုံးရှုံးမှု ကြီးကြီး မားမား မရှိချေ။ နဂါးမောက် သီး ထွက်ပြေး သွား သော်လည်း၊ သူ့သွေးမှ အဖိုးတန် ဆေးဘက်ဝင် အပင် များကို၊ မွေးဖွား ပေးခဲ့သည်။
၎င်းတို့ ထဲတွင် အလင်း ဖျော့ဖျော့ ထုတ်လွှတ် နေသည့်၊ အမည်ခံ သူတော်စင် အပင်နှင့်၊ သူတော်စင် အပင် အချို့ပင်၊ ပါရှိနေသည်။
လင်းယွန် တစ်ယောက် ဒဏ်ရာ ရခြင်း ရှိ-မရှိ မသိ သေးသည့် အတွက်၊ ကေျာက်ယန်မှ သစ်သီး နောက်သို့၊ မလိုက် ခဲ့ခြင်း ဖြစ်သည်။
တိုက်ပွဲက ပြင်းထန်ခြင်း မရှိ သော်လည်း၊ သတိ မထား ပါလျှင်၊ ဒဏ်ရာ ကြီးကြီး မားမား ရရှိ နိုင်ပေမည်။
“ ဒီကောင် သတ္တိ ရှိတယ် မပြေးဘူး။ ”
လင်းယွန်က ပြောသည်။ နဂါးမောက် သီးသည် သူနှင့် စိတ်ရှည် သည်းခံမှုချင်း၊ ပြိုင်လို ကာ၊ သွေးအိုင် ထဲတွင် ဆက်၍ ပုန်းအောင်း နေမြဲ ဖြစ်သည်။
၎င်းသည် အပင် တစ်ပင် မျှသာ ဖြစ် သောကြောင့်၊ သူ့အား သဘာဝ အတိုင်း အနိုင် ယူနိုင် စရာ နည်းလမ်း မရှိပေ။
မည်သည့် သူတော်စင် အသီး အနှံ မဆို၊ နှစ်ပေါင်း ထောင်သောင်း မက ရှင်သန် နေနိုင် သည်။ ထို့ကြောင့် သူတို့၏ စိတ်ရှည်မှုမှာ၊ သာမာန် လူများထက် မြင့်မား ပေ၏။
၎င်းက တစ်ချိန်လုံး ငြိမ်သက် နေ သောကြောင့်၊ နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များထံ၊ အာရုံ ရောက်သွား ဟန် ပြုမူ ပြလိုက်ခြင်း ဖြစ်သည်။
သို့မှသာ တွက်ဆထား သကဲ့သို့၊ သူ့အား အငိုက်ဖမ်း တိုက်ခိုက် လာတော့၏။
“ ဒါက အတုလား။ ”
ကျောက်ယန်နှင့် ကုန်းစွန်းယန် တို့မှာ၊ အံသြသွားသည်။ ထွက်ပြေး သွားသော သွေး နဂါးသည်၊ အတုသာ ဖြစ်ပါက၊ သူတော်စင် အရည်နှင့် သွေးများ အဘယ့်ကြောင့်၊ ထွက် လာကြ သည်ကို၊ နားမလည် နိုင်တော့ချေ။
အတု နှင့်ပင် သူတော်စင် ဆေးဘက်ဝင် အပင် အချို့ကို မွေးဖွားပေး နိုင်ရာ၊ အစစ်သာ ဆိုပါက မည်မျှ အစွမ်းထက် နိုင်မည်နည်း။
“ သေခြင်း တရားနဲ့ ရင်ဆိုင် နေရ တာတောင် ... ၊ မင်းက လှည့်စားချင် နေသေး တာလား။ ”
လင်းယွန်က သူတို့ နှစ်ဦးအား၊ အဖြေ ပြန်မပေး သေးဘဲ၊ ပန်းသင်္ချိုင်း ဓားကို ဆင့်ခေါ် လိုက်သည်။ ၎င်း လက်ထဲရောက် သည်နှင့်၊ သူ့ ခန္ဓာကိုယ် အတွင်းမှ၊ ဓားတစ်လက် တုန်ဟည်း လာ၏။
ထိုအချိန်တွင် အန္တရာယ် အငွေ့ အသက် ရသဖြင့်၊ သူတော်စင် သစ်သီးက ဆက်၍ ပုန်း မနေနိုင် တော့ချေ။
သွေးနွယ်ပင် ကိုးပင်က သွေးကန် ထဲမှ တိုးထွက် လာပြီး၊ လင်းယွန်အား မြွေဆိုးများ ကဲ့သို့ ရန်ပြု လာလေသည်။
“ ဝှစ် ... ။ ”
ဤမြင်ကွင်းကြောင့် ကျောက်ယန်နှင့် ကုန်းစွန်းယန်မှာ၊ မျက်နှာများ ပြောင်းလဲ ပြီး၊ ချက်ချင်း ဆုတ်ခွာ သည်။
“ ရွှပ် ... ၊ ရွှပ် ... ။ ”
ဆုတ်ခွာ နေစဉ်၊ နှစ်ယောက် စလုံးက၊ ကောင်းကင်ဓား ပါသော ဓားအလင်း များနှင့်၊ သွေးနွယ်ပင် များထံ၊ ပစ်ခတ် လိုက်သည်။
မီးပွားများ ပွင့်ထွက် လာပြီး၊ ထိခိုက် ပျက်စီးမှု အရိပ် အယောင်မျှ ဖြစ် မလာချေ။ နာကျင် ဟန်ဖြင့် တွန့်လိမ် ကုန်ကာ၊ နှာမောင်း များနှင့်၊ လှမ်းရိုက် တော့၏။
“ ဝေါ့ ... ။ ”
ထို့ကြောင့် သွေးအန်လျက် အဝေးသို့ လွင့်စဉ် သွားသည်။ ဤမြင်ကွင်းက လင်းယွန် မျက်ဝန်း များကို ပို၍ အေးစက် လာစေသည်။
၎င်းသည် သူတော်စင် သစ်သီး တစ်လုံး မျှသာ ဖြစ်ပြီး၊ လွန်လွန် ကြူးကြူး လုပ်ပြနေ စရာ အကြောင်း မရှိချေ။ စိတ် အနှောင့် အယှက် ဖြစ်စရာ ပေပင်။
သည့်နောက် ကောင်းကင် တစ်ခုလုံး လင်းထိန် သွားစေသော ဓားကို ထုတ်လွှတ် လိုက်သည်။ ယင်းမှာ အရိယာ ကောင်းကင် ဓားဖြစ်၏။
ဓားရောင်ခြည်သည် ၎င်း၏ လမ်းကြောင်း ပေါ်ရှိ သေွး နွယ်ပင်များ အားလုံးကို ဖျက်ဆီးပြီး အမှုန် အဖြစ်သို့ ပြောင်းလဲ လိုက်သည်။
သွေးကန် ပွက်ပွက်ဆူ လာပြီး၊ မိစ္ဆာမြူ များနှင့် ဖုံးလွှမ်း နေသော သူတော်စင် သစ်သီး တစ်လုံး၊ ပြေးထွက် လာ၏။
“ ဖျက်ဆီးခြင်း နတ်နဂါး။ ”
စိတ်ဝိညာဉ် နယ်မြေ အတွင်းမှ ဓား ပင်လယ်ကြီး တဝုန်းဝုန်း မြည်လာကာ၊ နဂါး တစ်ကောင် ထွက်ပေါ် လာသည်။
ထိုနဂါးမှာ အပြင် လောကသို့ ရောက် သည်နှင့်၊ ကမ္ဘာ ကြီးကို ဖျက်ဆီး လိုသော ရည်ရွယ် ချက်အား၊ ထုတ်ပြ လာသည်။
အဆိုပါ ရည်ရွယ် ချက်က ကောင်းကင်နှင့် မြေကြီးကို၊ ချက်ချင်း ကန့်သတ် ပစ်လိုက်သည်။ ထို့ကြောင့် ထွက်ပြေး လိုသော သူတော်စင် သစ်သီးမှာ၊ အခက် တွေ့ သွား၏။
သည့်စဉ် ရွှေလူသား ထပ်ပေါ် လာပြီး၊ နတ်နဂါးကို ထိန်းချုပ်ကာ၊ သူတော်စင် သစ်သီး ရှိ၊ အဆိုးမြင် ခံစားချက် များအား၊ အတင်း အကြပ် ဖယ်ရှား တော့သည်။
နဂါးမောက်သီး ထံမှ၊ နာကျင်ဖွယ် ညည်းညူနေ ကဲ့သို့ မြည်သံများ ပြုလာပြီး၊ အနက်ရောင် မြူများ ပျောက်ကွယ် သွား လေသည်။
အဆုံးတွင် ကြည်လင်သော ရွှေရောင် အဆင်းများ တောက်ပ နေသည့်၊ သစ်သီး တစ်လုံးကို မြင်လိုက် ရ၏။
ရွှေရောင် နဂါး ရူရ်များ ပါရှိသည့် အရွက် (၇)ရွက်က နဂါးမောက် သီးကို ဖုံးအုပ် ပေးထား သည်။ ဓားဝိညာဉ် နှစ်ပါးအား ချက်ချင်း ရုတ်သိမ်း လိုက်၏။
သည့်ထက် အချိန် ပိုကြာ လာပါက၊ နတ်နဂါး ဖျက်ဆီးခြင်း ရည်ရွယ်ချက် ကြောင့်၊ လေဟာနယ် တစ်ခုလုံး ကွဲရ ပေလိမ့်မည်။
သူ့ထံ၌ အရိယာ ကောင်းကင်ဓား မသုံးဘဲ၊ သူတော်စင် သစ်သီးကို ကိုင်တွယ် ဖြေရှင်းရန် နည်းလမ်း များစွာ ရှိသည်။
သို့သော် နဂါး သွေးလွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များက၊ လာနေ ကြပြီ ဖြစ်သဖြင့်၊ အချိန် မဆွဲလို သောကြောင့်၊ ဖျက်ဆီးခြင်း နတ်နဂါးကို အသုံးပြု ရခြင်း ဖြစ်သည်။
“ လှ လိုက် တာ ... ။ ”
ကုန်းစွန်းယန်နှင့် ကျောက်ယန်က ထရပ် လာပြီး၊ ရွှေရောင် အလင်းများ ထွက်နေသော သူတော်စင် သစ်သီးထံ မော့ကြည့် သည်။
ပတ်ဝန်းကျင်အား မွန်မြတ်သော ရောင်ဝါများနှင့် ဖုံးအုပ် ထားပေ၏။ ယင်းက သူတို့ နှစ်ယောက် စလုံးကို စိတ်လှုပ်ရှား သွားစေသည်။
“ ဒါ ... သူတော်စင် သစ်သီးပဲ။ ”
ကုန်းစွန်းယန်က နဂါးမောက် သီးကို ကြည့်ကာ ရေရွတ် လိုက်သည်။ သူ့ မျက်လုံး၌ အလင်းများ တောက်ပ လာပြီး၊ တံတွေး တစ်လုတ်အား မျိုချ လိုက်သည်။
လင်းယွန်မှ နဂါးမောက် သီးကို လှမ်းယူ လိုက်ချိန်တွင်၊ သူ့ နှလုံးသားက ခုန်ပေါက် လာ သည်ကို၊ သတိထား မိသည်။
သူတော်စင် နဂါး ခန္ဓာ ကိုယ်မှာ၊ သူ့ ထိန်းချုပ် မှုမှ လွတ်မြောက် လုနီးပါး ဖြစ်လာ ၏။ သွေးသား အတွင်းမှ လာသည့်၊ ဆာလောင် မွတ်သိပ် မှုကို ခံစား လာရသည်။
ဤသို့သော တောင့်တ မှုကို သူ တစ်ခါမှ မခံစား ဖူးချေ။ ယခင် မူလ သူတော်စင် ရူရ်ကို ဝါးမြိုချိန် ကထက်၊ ပိုမို ပြင်းထန်၏။
သို့သော် ယင်းက ပထမဆုံး အကြိမ် မဟုတ်လေရာ၊ သူ့ကိုယ်သူ ထိန်းနိုင် ခဲ့သည်။ ချက်ချင်းပင် အရွက် သုံးရွက်ကို ချွေပြီး၊ ကျောက်ယန်ထံ ကမ်းပေး၏။
အရွက် တစ်ရွက် စီကို ရွှေရောင် အဆင်း များဖြင့် ဖုံးအုပ် ထားပြီး၊ ရူရ် များတွင် စိတ်ကူး မယဉ် နိုင်သော၊ စွမ်းအားများ ပါရှိ လေသည်။
အရွက် သုံးရွက် မျှသာ ဖြစ်သော်လည်း၊ အလေး ချိန်မှာ၊ ကီလို ငါးထောင်မျှ ရှိချေပြီ။ ဤအရာက ကျောက်ယန်ကို အံ့အားသင့် လာစေ သော်လည်း၊ လက်ခံ လိုက်သည်။
သူ ဟူသည် စကား များများ မပြောတတ် သဖြင့်၊ ဤကျေးဇူးကို သူ့ တစ်သက်လုံး သတိရ နေမည်ဟု စိတ်ထဲမှ၊ ကတိပြု လိုက်သည်။
တစ်ဖက်တွင် ကုန်းစွန်းယန်မှာ တံတွေး မျိုချပြီး၊ ငံ့လင့် နေခဲ့သည်။ ပွင့်ပွင့် လင်းလင်း တောင်း ဆိုရန် အတွက်လည်း သတ္တိ မရှိချေ။
အဆုံးတွင် ဂုဏ်သိက္ခာ ရှိသော ဓား ဧကရာဇ်၏ မိသားစုဝင် တစ်ဦး ဖြစ်ကြောင်း၊ ဝါကြွား ခဲ့ မိသည် ။
“ အဟမ်း ... ၊ လင်းယွန် ... မင်းရဲ့ စကားက အခုချိန်မှာ သက်ရောက်မှု ရှိသေးလား။ ”
သို့သော် အရဲ စွန့်ကာ မေးလိုက်သည်။
“ အမ် ... ၊ မင်း ဘာတွေ ပြောနေ တာလဲ။ ”
ကျောက်ယန်မှ စိတ်ရှုပ် ထွေးစွာနှင့် ကုန်းစွန်းယန်ကို ပြန်ကြည့်သည်။ ယင်းကြောင့် ကုန်းစွန်းယန်မှာ ရှက်ကိုး ရှက်ကန်းဖြင့်၊ စိတ်ထဲမှ ကျိန်ဆဲ လိုက်၏။
“ လင်းယွန် ... ၊ ငါ ဘာကို ဆိုလို တာလဲ မင်း သိပါတယ်။ ”
လင်းယွန်က ပြန်မဖြေဘဲ ပြုံး လိုက်သည်။ ကုန်းစွန်ယန်အား ခက်ခဲ စေရန် ရည်ရွယ်ချက် မရှိပေ။ ထို့ကြောင့် အရွက် များကို ချွေကာ ကမ်းပေး လိုက်သည်။
“ ဟား ဟား ဟား ... ဒါပဲလေ။ ”
ကုန်းစွန်းယန် တစ်ယောက် လက်ဖဝါး အတွင်းရှိ အရွက် များကို ကြည့်ကာ၊ အောဟစ် ရယ်မော တော့၏။
“ ငါသာ မမှားရင် ... ၊ မင်းက ဂုဏ်သိက္ခာ ရှိတဲ့၊ ဓား ဧကရာဇ်ရဲ့ မိသားစုဝင် တစ်ယောက် မဟုတ်လား၊ ဂိုဏ်းကြီး တွေရဲ့ လက်မှာ ...
... သေရမယ် ဆိုရင်တောင်၊ ဒီတစ်သက် ငါ့ဆီက ဘာကိုမှ ယူမှာ မဟုတ် ဖူးလို့ ...၊ ပြောခဲ့ လားလို့ပါ။ ”
“ ဒါက … ။ ”
လင်းယွန်၏ ပြုံးစိစိ အမူ အရာကြောင့် ကုန်းစွန်းယန်မှာ မျက်နှာ ပျက်ယွင်း သွားသည်။ ထိုစကား များကို ပြန်လည် မချေပ နိုင်တော့ဘဲ၊
“ ဒီတော့ ဘာဖြစ်လဲ ... ၊ အဲဒါက ... ပြီး သွားပြီ၊ ဓားဧကရာဇ်က ငါ့ကို ခွင့်လွှတ် မယ်လို့ ယုံကြည်တယ်၊ သူလည်း ဓားသမားမို့၊ ငါ့ နှလုံး သားကို နားလည် မှာပါ။ ”
-ဟု မျက်နှာပြောင် တိုက်မိ တော့သည်။
“ ဟား ... ဟား ... ဟား ... ။ ”
ကျောက်ယန်နှင့် လင်းယွန်မှာ ထို အကြောင်း ပြချက်ကြောင့်၊ မရယ် မောဘဲ၊ မနေ နိုင်တော့ချေ။ ဓားဧကရာဇ်သာ ကြားပါက၊ သွေးအန် ရပေ လိမ့်မည်။
***