← Chapters

ဓားရောင်ခြည် တစ်လက်မ ခွဲ။

Vol. 92 Ch. 1275

ဓားရောင်ခြည် တစ်လက်မ ခွဲ။

Vol. 92 Ch. 1275

“ လင်းယွန် ... ၊ ငါတို့ သွားရမယ့် အချိန် ရောက်ပြီ။ ”

ကျောက်ယန်က အရွက် သုံးရွက်ကို သိမ်းဆည်း ပြီးနောက်၊ လေးနက်သော အမူ အရာဖြင့် ပြောလိုက်သည်။

“ နေပါဦး ... သူတို့ကို၊ စောင့်ရအောင်။ ”

လင်းယွန် စကားကြောင့်၊ ကျောက်ယန် တို့နှစ်ဦးမှာ၊ နားမလည်နိုင် ဖြစ်သွားသည်။

“ မင်း ... သူတို့ ရှစ်ယောက်ကို သတ်လိုက်တယ် မဟုတ်လား၊ ခု မသွားရင် မင်း သေလိမ့်မယ်။ ”

ကုန်းစွန်းယန်မှ စိတ်လှုပ် ရှားစွာ ပြော လိုက်သည်။ လင်းယွန်တွင် ကျောက်ယန် ကဲ့သို့ နောက်ခံမျိုး မရှိချေ။

ယခု ခေတ်တွင်၊ သူတော်စင် ဟူသည် အဖွဲ့အစည်း များ၏ ထိပ်ဆုံး၌၊ ရပ်နိုင်သော တန်ခိုး ရှင်များ ဖြစ်ပြီး၊ ဂိုဏ်းကြီးများ မှပင်၊ ၎င်းတို့အား မျက်နှာ ပေးရ ပေမည်။

သို့သော် လင်းယွန်မှ ဂရု မစိုက်ချေ။ အလောင်း များရှိ၊ ရတနာ များကို သိမ်းဆည်း နေခဲ့သည်။

မိုးကြိုး ဂိုဏ်း၏ သူတော်စင် ဓားအား၊ ကောက်ကိုင် လိုက်ကာ၊ မျက်မှောင်ကြုတ် မိ၏။ ဤလက်ရာသည်၊ ဘုရင် အဆင့် ရတနာနှင့် ယှဉ်နိုင်၏။ ယင်းက မယုံနိုင် စရာ ပေပင်။

၎င်းသည် ရူရ် သုံးရာခန့်၊ ထွင်းထု ထားသော သူတော်စင် ရူရ် တစ်ရာ၊ လက်ရာ ဖြစ်သည်။

ထို့အပြင် ၎င်းတွင် ထွင်းထု ထားသည့် ရူရ် များမှာ၊ မိုးကြိုး ရူရ်မှ လွဲ၍ ထူးခြားသော အရာ မရှိချေ။ သည်မြင်ကွင်းကို မြင်သည်နှင့် ကျောက်ယန်က ပြုံးလိုက်သည်။

“ ဒီအရာက စစ်မှန်တဲ့ သူတော်စင် ရူရ်တစ်ရာ လက်ရာ မဟုတ်ဘူး၊ ပြီးတော့ သူ့ရဲ့ ဘုရင် အငွေ့ အသက် ကလည်း၊ ကြာရှည် မခံ ပါဘူး၊ ဒါက မီးနဂါး ဂိုဏ်းရဲ့ အုတ်မြစ်ပဲ၊ ...

... သူတို့မှာ မီးလျှံ ရေနဂါး တစ်ကောင် ရှိ နေတော့၊ သွေး တစ်စက်နဲ့၊ သူတော်စင် ပစ္စည်း အများ ကြီးကို၊ ရေးထွင်း နိုင်တယ်၊ ဒါပေမယ့် သွေးအဆီ အနှစ် မဟုတ် တာကြောင့်၊ ...

... စစ်မှန်သော နဂါး ဝိညာဉ်မျိုး မရဘူး၊ ဘာပဲ ဖြစ်ဖြစ်၊ ဘုရင် သူတော်စင် လက်ရာတွေ ကိုတော့ ... ၊ အမြောက် အများ ထုတ်ပေး နိုင်ပါတယ်။ ”

၎င်းသည် ဘုရင် အဆင့် သူတော်စင် လက်ရာ စစ်စစ် မဟုတ် လျှင်ပင်၊ အားကောင်း လှပြီး၊ အခြား ဂိုဏ်းများရှိ သူတော်စင် လက်ရာ များကို၊ ကောင်းစွာ ဖိနှိမ် နိုင်၏။

ဥပမာ အားဖြင့်၊ မိုးကြိုး ဂိုဏ်းတွင် သူတော်စင် ပစ္စည်း များကို အားကောင်း စေသော၊ အပြာရောင် လမင်း ရှိသည်။

မီးလျှံ ရေနဂါး ဝိညာဉ် သို့မဟုတ် အပြာရောင် လမင်း တို့အား ပိုင်ဆိုင် ထား ပါက၊ အဖိုး မဖြတ် နိုင်သော အကျိုး ကျေးဇူး များကို ရရှိ နိုင်၏။

၎င်းတို့၌ ထိုသို့သော အရင်းအမြစ်များ မရှိက၊ အင်အားကြီး ဂိုဏ်းများကို ရင်ပေါင်တန်း နိုင်မည် မဟုတ်ချေ။

“ မီးလျှံ ရေနဂါးကို သတ်လိုက်ရင်၊ ဘယ်လောက်တောင် အကျိုး အမြတ် ရလိုက် မလဲ၊ အခွင့် အရေး ရရင် အပြာရောင် လမင်း ကိုပါ သိမ်းယူ ရမယ်။ ”

လင်းယွန်က ပြုံးကာ ပြောသည်။ ထိုစကားကြောင့် ကုန်းစွန်းယန် တို့နှစ်ဦးမှာ၊ မျက်လုံးပြူး သွား၏။

ဤအခိုက် အတန့်တွင်၊ ကျွန်း ပေါ်ရှိ ကျင့်ကြံသူ များမှာ၊ သူတော်စင် သစ်သီးနှင့် လင်းယွန် တိုက်ပွဲကို ကြည့်ရှု ပြီးနောက်၊ ထိတ်လန့် ကုန်ကြ၏။

တိုက်ပွဲ အသေး စိတ်ကို မမြင်နိုင် သော်လည်း၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ခံစား မိသဖြင့်၊ မည်မျှ ပြင်းထန် မည်ကို တွက်နိုင် ကြသည်။

ထိုစွမ်းအားကို ထုတ်လွှတ် ပါက၊ ကျွန်း တစ်ခုလုံး ပြိုပျက် သွားနိုင် မည်ဟု၊ အများစုမှ ထင်ကြေး ပေးလာသည်။

“ သူတော်စင် သစ်သီးကို နှိမ်နင်း ပြီးတာတောင်၊ လင်းယွန်က ဘာလို့ မထွက်လာ ရတာလဲ၊ ဂိုဏ်းကြီး တွေရဲ့ အကြီး အကဲတွေ လာနေတာ သူ မသိ ဖူးလား။ ”

“ ဂိုဏ်းတွေရဲ့ အကြီး အကဲ တွေသာ ရောက်လာရင် ... ၊ သူ့ကို သတ်ပစ်မှာ သေချာ တယ်။ ”

“ မှန်တယ် ... ၊ ငါ့ မို့ကြိုး ဂိုဏ်းရဲ့ အကြီးအကဲတွေ ရောက်လာရင် သူ သေရ လိမ့်မယ်။ ”

“ နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ ဆိုတာ၊ မယုံနိုင် စရာ ကောင်း လောက်အောင် အားကောင်း တယ်၊ သူတို့က လက်ချောင်း တစ်ချောင်း တည်းနဲ့၊ ...

... ဒီလင်းယွန်ကို သတ်ပစ် နိုင်တယ်၊ ဒီကောင် သေသွားတဲ့ အခါ၊ မင်းတို့တွေ ပြုံးနိုင် ဦးမလား ငါ ကြည့်မယ်။ ”

ဂိုဏ်းကြီး များမှာ မာနကြီး ကြပြီး၊ သူတော်စင် အသီး အနှံသည် ၎င်းတို့၏ အာရုံကို သဘာဝ အတိုင်း ဆွဲဆောင် မည်မှာ သေချာ၏။

တခြား ပါရမီရှင် များက ကျေနပ်ခြင်း မရှိ သော်လည်း၊ ပြန်လည် ချေပရန် စကား မရှိချေ။ သွေ့ရော် ကျွန်းတွင် မဟာ သူတော်စင်၏ သူတော်စင် မူလ ပုလဲ ရှိသည်၊

ထို့ကြောင့် ဂိုဏ်း အသီး သီးက ၎င်းတို့၏ နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင်သူ များကို၊ စေလွှတ်ရုံ သာမက၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များပင်၊ လျှို့ဝှက် စေလွှတ် ခဲ့သည်။

“ ငါ့ တပည့် ဖက်တီး လောခွန်ကို ဘယ်သူ သတ်တာလဲ။ ”

လူတိုင်း မကျေ မနပ် ဖြစ်နေ ချိန်၌၊ ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ် စေသော၊ အဆုံးမဲ့ သတ်ပစ် လိုသည့် ရောင်ဝါများ နှင့် အတူ၊ အော်ငေါက်သံ တစ်သံ ထွက်ပေါ် လာသည်။

ထို့နောက်တွင် လူသတ် ငွေ့များ ဖုံးလွှမ်း နေသော၊ ကျွမ်းကျင် သူများ ကျွန်း အထက်၌ ပျံဝဲ ရောက်ရှိ လာ၏။

“ ငါ့ ဂိုဏ်းက အကြီးအကဲ ရောက်လာပြီ။ ”

ကျွန်း ပေါ်ရှိ အနန္တ သားရဲ တံခါး၏ တပည့်များက၊ အကြီးအကဲ များကို မြင်သော အခါတွင်၊ ဝမ်းသာ အားရဖြင့်၊ တောင်ပေါ် ပြေးတက် လိုက်ကြသည်။

လင်းယွန်မှာ မယုံနိုင် လောက်အောင် သန်မာ သဖြင့်၊ သူတော်စင် သစ်သီးကို ရယူနေ သည်အား၊ သည်းခံကာ ကြည့်နေခဲ့ ရသည်။ ယခု ထိုခံစားချက် များကို လက်စားချေ နိုင်တော့မည် ဖြစ်၏။

“ ဖီးနစ် မီးလျှံ ဂိုဏ်းရဲ့ တပည့်ကို ဘယ်သူ သတ်ဝံ့ တာလဲ၊ ဒီအကြွေး အတွက် ... ငါ ဒီမှာ ရှိတယ်။ ”

“ ငွေရောင် သွေးကမ္ဘာက တပည့်တွေ အတွက် ... ငါ ရှိတယ်။ ”

“ မီးနဂါး ဂိုဏ်း အတွက် ဒီမှာ ... ။ ”

“ မိုးကြိုးဂိုဏ်း အတွက် ... ။ ”

ဂိုဏ်းရှစ် ဂိုဏ်း၏ နဂါးသွေး လွှတ်ကြော နယ်ပယ် အကြီး အကဲ များက၊ နှင်းတောင်ထိပ် အပေါ်၊ ဆင်းသက် လာသည်။

နဂါးသွေး လွှတ်ကြော နယ်ပယ် ကျွမ်းကျင် သူများ၊ ဤမျှ စုဖွဲ့နေ ခြင်းကို မမြင်ဖူး ကြသော လူအများ စုမှာ၊ ထိတ်လန့် ကုန်သည်။

နေရာ စုံမှ ကျင့်ကြံ သူများ၊ အပြေး အလွှား ရောက်ရှိလာ ကြသည်။ သူတော်စင် အသီး အနှံ ၏ ဖြစ်စဉ် အစား၊ မရဏ အငွေ့ အသက်များ အစားထိုး လာသည်။

ဤအခိုက် အတန့်တွင်၊ လင်းယွန် ဘဝ ဆုံးခန်း တိုင်သွား ပြီဟု၊ လူတိုင်း ခံစား လာမိ သည်။ ကုန်းစွန်းယန် မျက်နှာမှာ၊ ဖြူဖျော့ လာပြီး၊

“ ဒီလောက် အထိ၊ ကြီးကြီး ကျယ်ကျယ် လုပ်ဖို့ လိုလို့လား။ ”

-ဟု ညည်းတွား လိုက်၏။

လင်းယွန်ထံ လှည့် ကြည့်ကာ၊ မည်သို့ တုံ့ပြန် မည်ကို အကဲခတ် လိုက်၏။ တောင်းပန် လျှင်ပင်၊ အရမ်း နောက်ကျ နေပြီ ဖြစ်သည်။

“ သေွးကြွေး အတွက် လာတာ ဆိုရင် ... ၊ ငါ့ဆီ ကိုလာ ... ။ ”

လင်းယွန်က ကြောက်ရွံ့မှု မရှိဘဲ၊ လှမ်းပြော၏။ သူ့ထံမှ တောက်ပသော ဓား အလင်းများ ဖြာထွက် နေသဖြင့်၊ အမှောင် ထဲတွင် ရှိနေသော မီးပြတိုက် တစ်လုံးလို ထင်ရှား လေပြီ။

“ ကျွတ်... ကျွတ် ... ၊ ကောင်လေး ... မင်း အရမ်း မာန ကြီးပြ မနေနဲ့ ... ၊ မင်း အသက်ကို ငါ ဘယ်လို ယူမလဲ ကြည့်ထား ... ။ ”

အနန္တ သားရဲ တံခါး၏ အကြီး အကဲက ရယ်မောလျက် သူ့ရောင်ဝါဖြင့်၊ လင်းယွန်ကို ကန့်သတ် လိုက်သည်။

ထိုဖိအား အောက်တွင် လေဟာနယ် တစ်ခုလုံး အက်ကွဲ လာ၏။ ကျန်ဂိုဏ်း များ၏ အကြီး အကဲများ အနေ နှင့်မူ၊ လင်းယွန် အသွင် မှာ၊ ထူးခြား ဖြစ်နေ သောကြောင့် သံသယ များဖြင့်၊ သင့်ပြင် ထား ကြသည်။

“ မင်း ... ၊ ဒူးမထောက် သေးဖူးလား။ ”

အနန္တ သားရဲ တံခါး၏ အကြီး အကဲက အော်ငေါက် လာသည်။

“ ဒူးထောက် ရမယ် ဟုတ်လား ... ၊ ခင်များမှာ အဲ့ဒီလို အရည် အချင်း မရှိလို့ စိတ် မကောင်း ပါဘူး။ ”

လင်းယွန်က တစိုး တစိမျှ ကြောက်ရွံ့မှု မရှိဘဲ၊ ထိုအကြီး အကဲကို မျက်နှာ မူကာ၊ ပြန်၍ ရှုံ့ချ လိုက်သည်။ ယင်းက ထိုအကြီး အကဲကို သံသယ များနှင့်၊ တုန့်ဆိုင်း သွားစေ၏။

“ အဖိုးကြီး ... ၊ မင်းက ပုရွက်ဆိတ် တစ်ကောင်ရဲ့ လှောင်ပြောင် တာကို ... ၊ ခံနေ တာလား။ ”

မိုးကြိုး ဂိုဏ်း၏ အကြီး အကဲက ပြုံးရယ်လျက် လှောင်ပြောင် လိုက်သည်။

“ ဂျူနီယာ ... တစ်ယောက် ကိုတောင် ...၊ မင်း ပါးမရိုက် ရဲရင် ... ၊ ငါ့ ရှေ့က ဖယ်ပါ။ ”

မီးနဂါး ဂိုဏ်း၏ အကြီး အကဲက၊ ဝင်ပြော လာသည်။ ထို့ကြောင် ကျန်ဂိုဏ်းမှ အကြီးအကဲ များ၏၊ စိတ်တို နေသော အပြစ်တင် သံများ ထွက်လာ တော့၏။

လင်းယွန်ကို စုံစမ်းရန် သူ့အား အသုံးပြု နေကြောင်း၊ အနန္တသားရဲ တံခါး ဂိုဏ်း၏ အကြီး အကဲမှ သိသည်။

သို့သော် နောက်ဆုတ်ရန် နည်းလမ်း ရှာမတွေ့ချေ။ အဆုံးတွင် လင်းယွန်အား ရိုက်နှက်ရန် လက်လှမ်း မိ၏။

လက်ကို လင်းယွန်ထံ ဦးတည် လိုက် သော်လည်း၊ စူးစမ်း လိုစိတ် ရှိနေဆဲ ဖြစ်သဖြင့်၊ ခွန်အား အပြည့် အဝ ထည့်သွင်းခြင်း မရှိ ခဲ့ချေ။

မည်သို့ပင် ဆိုစေ ကာမူ၊ ဤလုပ်ရပ်က လင်းယွန်ကိုချွေးပြန် လာစေ၏။ ယခုချိန် အထိ၊ ဖုန်းကျွယ်၏ အရိပ် အယောင်မျှ ကိုပင်၊ မတွေ့ ရသဖြင့်၊ စီနီယာ အစ်ကိုမှာ အားကိုး၍ မရကြောင်း၊ နားလည် လိုက်သည်။

“ မင်း ... ဆက်မလုပ်ဖို့ ... ၊ ငါ အကြံပေး ချင်တယ်။ ”

သို့သော် ထိုအချိန်တွင် တည်ငြိမ်သော အသံတစ်သံ ထွက်ပေါ် လာ၏။

“ ဘယ်သူလဲ ... ။ ”

ဂိုဏ်းပေါင်းစုံ အကြီးအကဲ များသည် သူတို့၏ သံသယ များ အမှန် ဖြစ်လာ သဖြင့်၊ ပတ်ဝန်း ကျင်အား လှည့်ပတ် ရှာဖွေ မိ၏။

လင်းယွန် မှာမူ စိတ် သက်သာရာ ရသွား လေသည်။ မဟုတ်သော် ကောင်းကင် ချပ်ဝတ် ကို ထုတ်ဖော် ရတော့မည် ဖြစ်၏။

“ ဘယ်သူလဲ ... ။ ”

အနန္တ သားရဲ တံခါး၏ အကြီး အကဲက၊ ဆဋ္ဌမမြောက် သွေးလွှတ်ကြော အရှိန် အဝါကို ထုတ်လွှတ်ကာ၊ အသံ ရှင်အား အာရုံခံ သည်။

သို့သော် မည်သည့် နေရာ တွင်မှ မတွေ့ လိုက်ရဘဲ၊ နဂါး ငွေ့တန်း ကဲ့သို့ ရောင်ဝါ တစ်ခု လွင့်ပျံ လာပြီး၊ ကျွန်းတစ်ခု လုံးကို လွှမ်းခြုံ သွားသည်။

လူများ စွာက ဖိအားကြောင့်၊ ချက်ချင်း ဒူးထောက် လိုက်ရ၏။ ဖီးနစ် မီးလျှံ ဂိုဏ်း၏ အကြီး အကဲက၊ စကား ဝင်ပြော လာသည်။

“ မင်း ဘယ်သူပဲ ဖြစ်ဖြစ် ... ၊ ငါတို့ ကိစ္စထဲကို ဝင်မစွက် ဖက်တာ ပိုကောင်းမယ်၊ ဒီကောင် ဒီနေ့ သေကို သေရမယ်၊ ဘယ်သူမှ သူ့ကို ကယ်တင် နိုင်မှာ မဟုတ်ဘူး။ ”

သူ့ တပည့်သည် လင်းယွန် လက်၌ အသက်ပေး ခဲ့ရ သဖြင့်၊ ခွင့်လွှတ် နိုင်စရာ အကြောင်း မရှိချေ။

“ ဘာလို့ ပုန်းနေသေး တာလဲ ... ၊ မျက်နှာတောင် မပြရဲ ဖူးလား။ ”

မီးနဂါး ဂိုဏ်း၏ အကြီး အကဲက၊ မီးလျှံ ရေနဂါး တစ်ကောင်ကို ထုတ်ဖော်ကာ၊ အသံ ရှင်အား ခေါ်ထုတ် လိုက်သည်။

သူတို့သာ လက်တွဲ ထားသော် ... ၊ မည်သူ့ ကိုမျှ ကြောက်စရာ မလိုချေ။ ရှစ်ယောက်သား ရောင်ဝါကို ချက်ချင်း ဖြန့်ကျက် လိုက်၏။

ထို့ကြောင့် ကျွန်းပေါ်ရှိ ကျင့်ကြံ သူများ အားလုံး ဒူးထောက်လျက်၊ စကား တစ်ခွန်းမျှ မပြောဝံ့ ကြ တော့ပေ။

“ မင်း ... ၊ ထွက်မလာဖူး ဆိုရင် ...၊ ဒီပုရွက်ဆိတ်ကို ငါ ... သတ်ပစ် ရလိမ့်မယ်။ ”

အနန္တ သားရဲ တံခါး ဂိုဏ်း၏ အကြီး အကဲက၊ ဒေါသဖြင့် ပြောလိုက်သည်။ ပုန်းကွယ် နေသော အသံ ရှင်၏ ခြိမ်းခြောက် မှုကို ခံရခြင်း အတွက်၊ မပျော် မရွှင် ဖြစ်လာ မိသည်။

“ အဟက် ... ဒါဆို လုပ်လေ။ ”

အသံ ရှင်က လှောင်ပြောင် လိုဟန်ဖြင့် ပြန်ပြော လာသည်။

“ ကောင်းပြီ ... ။ ”

အဆုံးတွင် အနန္တ သားရဲ တံခါး၏ အကြီး အကဲမှာ၊ ဒေါသ ထွက်လာပြီး၊ သူ့ လက်ဖဝါးကို လင်းယွန်ထံ ဦးတည် လိုက်၏။

လက်ဖဝါးက မိုးကြိုး မုန်တိုင်းများ ဖုံးအုပ် ထားသော ဝံပုလွေ လက်သည်း ကဲ့သို့ ထင်ရှား လာသည်။

“ ဝှစ် ... ။ ”

၎င်းဖြတ် သွားရာ လမ်းတစ်လျှောက် မြေပြင်၌ အက်ကွဲ ကြောင်းများ ပေါ်လာပြီး၊ နှင်းလွှာများ ပြိုကျ ကုန်သည်။

ထိုလက်ဖဝါးသာ ထိမှန် ပါက၊ လင်းယွန် တစ်ယောက် ချက်ချင်း သေဆုံး သွား နိုင်သည်။ သို့သော် ဤအခိုက်တွင် ဝံပုလွေ လက်သည်းမှာ အပိုင်းပိုင်း ကွဲပြီး ပျောက်ကွယ် သွားခဲ့သည်။ တစ်ချိန်တည်း မှာပင် လင်းယွန် ဘေး၌ လူတစ်ယောက် ပေါ်လာ၏။

“ နှစ်ပေါင်း ရှစ်ထောင် ကျော်ကြား လာပြီး၊ အာဏာကို နှစ်ကိုးထောင် တည်မြဲ စေ ခဲ့တယ်၊ ငါ ဓားဂိုဏ်းရဲ့ ဖုန်းကျွယ်။ ”

ထိုလူက အေးစက်သော အပြုံးဖြင့် ဂုဏ်ပုဒ်ကို ကြေငြာပြီး ညာလက်ကို ဓားရိုးပေါ် တင်လိုက်၏။

“ မင်း … ။ ”

အကြီး အကဲ တသိုက်မှာ ဖုန်းကျွယ်အား မြင်သော အခါတွင်၊ ကြောက်ရွံ့ လာကုန် ကြ၏။ ထို့ကြောင့် ချက်ချင်း တောင်းပန်ရန် ပြင်လိုက် သော်လည်း၊ ဖုန်းကျွယ်က သူ့ဓားကို လက်မ ဝက်ခန့်၊ ဆွဲထုတ် လိုက်ပြီ ဖြစ်သည်။

“ ရွှပ် ... ရွှပ် ရွှပ်။ ”

ဓား ရောင်ခြည်များ ပျံထွက် သွားပြီး၊ အကြီးအကဲ ရှစ်ဦးမှ ဆင့်ခေါ် ထားသည့် ဖြစ်စဉ် အားလုံးကို ချိုးဖြတ်ကာ၊ ခေါင်းများ ပြတ်သွား စေသည်။

ရုတ်တရက် ကောင်းကင်ပေါ် ပျံတက် လာသော၊ ဦးခေါင်း ရှစ်လုံးကြောင့်၊ လူတိုင်း အသက်ရန် မေ့လျော့ သွားတော့၏။

***

All Chapters