← Chapters

ပါရမီရှင်များ စုဝေးခြင်း - (၁)။

Vol. 92 Ch. 1276

ပါရမီရှင်များ စုဝေးခြင်း - (၁)။

Vol. 92 Ch. 1276

နှင်းတောင် တစ်ခုလုံး၊ အချိန် အတော်ကြာ တိတ်ဆိတ် သွား၏။ ဖုန်းကျွယ် ဓား အလင်းက အကြီးအကဲ ရှစ်ဦးမှ လွဲ၍ မည်သူ့ ကိုမျှ မထိ ခဲ့ချေ။

“ ဝူး ... ။ ”

သင်းထောက် များနှင့် တပည့် တိုင်းမှာ၊ ၎င်းတို့ လည်တိုင်ကို ဖြတ်တိုက် သွားသော လေပြေ အချို့အား ခံစား လိုက်ရသည်။

ဆန္ဒရှိ သလို ထိန်းချုပ် နိုင်သော ဖုန်းကျွယ်၏ ဓားမှာ၊ ယုံနိုင် စရာ မရှိအောင် ကြောက်စရာ ကောင်းနေ ခဲ့၏။

ယင်းက လောက နိယာမ နယ်ပယ်တွင် ရှိနေကြောင်း၊ ချက်ချင်း သိလိုက် ကြပြီး၊ ကျန်ရှိ နေသာ ဂိုဏ်း ရှစ်ဂိုဏ်းမှ လူတိုင်း၊ မလှုပ်ရဲ တော့ချေ။

အဘယ့်ကြောင့် လင်းယွန် နောက်တွင် ဤအဆင့် ကျွမ်းကျင်သူ တစ်ဦး ရှိနေရ သည် နည်း။

လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးမှ ကာကွယ် ပေး နေသည့် နောက်တွင်၊ သူတို့ ဂိုဏ်း ရှစ်ဂိုဏ်းကို လင်းယွန် မကြောက် သည်မှာ လွန်အံ မထင်ချေ။

သို့သော် ထိုအဆင့် ကျွမ်းကျင်သူ များမှာ၊ သူတို့ ဂိုဏ်း၏ ထူးချွန် ထက်မြက်သော ဘီလူး များ ကိုသာ၊ ကာကွယ်ပေး ကြကြောင်း၊ လူတိုင်း သိထား၏။

သူတို့၏ ကာကွယ် မှုကို ရရှိသူ များမှာ၊ အင်ပါ ရီယန် အဆင့်၌ ထိပ်တန်း (၁၀)ဦး စာရင်း ဝင် ပေသည်။

ထိုဘီလူး များမှာ ကောင်းကင်၏ ကောင်းချီးကို ရရှိ ကြသည် သာမက၊ ဂိုဏ်း များ၏ မျှော်လင့်ချက် များလည်း ဖြစ်သည်။

ပင်မ နတ်ဘုရားသို့ ရောက်လျှင်ပင်၊ တောက်ပ လာမည့် ကြယ်ပွင့်များ ဖြစ်သည်။ ထို့ကြောင့် လင်းယွန်ကို ကာကွယ်ရန် လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တစ်ယောက် ရှိနေရန် မလို အပ်ချေ။

ယင်းက ‘မဖြစ် နိုင်ဘူး၊’ ဟူသော စကားစု ကိုသာ ထပ် တလဲလဲ ညည်းတွား မိစေသည်။

“ ဓားဂိုဏ်းက ဖုန်းကျွယ် ... ။ ”

၎င်းသည် အရှေ့ဘက် ပျက်သုန်းခြင်း နယ်မြေ၏ ဓား သူတော်စင် သုံးပါး အနက်၊ တစ်ပါး ဖြစ်သော သက်တံဓား သူတော်စင် တပည့် ဖြစ်၏။

“ ဝှစ် ... ။ ”

လူတိုင်း စိတ်မသက် မသာ ဖြစ်နေစဉ် ကောင်းကင် တစ်ခုလုံး လင်းလာပြီး၊ လူ(၈) ယောက် ပျံသန်း လာသည်။

၎င်းတို့ အားလုံးမှာ၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ ဖြစ်သဖြင့်၊ လူတိုင်း ၏ မျက်နှာများ ပြောင်းလဲ သွားသည်။

အဆုံးတွင် ဂိုဏ်းကြီး (၈) ဂိုဏ်းမှ၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များပင် ထွက်လာ ရပြီ ဖြစ်သည်။

ဤအဆင့် ကျွမ်းကျင် သူများ ရှေ့တွင် လူတိုင်းမှာ၊ အမှုန် များသာ ဖြစ် သောကြောင့်၊ ထွက်ပြေးရန် တွေးတော လာ မိသည်။

လင်းယွန် မှာမူ မျက်နှာ ပြောင်းလဲခြင်း မရှိဘဲ၊ သူ့စီနီယာ အစ်ကိုသည် ဤ(၈) ဦး၏ ဒေါသကို၊ ရင်ဆိုင် ရဲခြင်း ရှိ-မရှိ သိချင် လာသည်။

ထို့ကြောင့် သူ့အား ခေါ်ကာ ထွက်ပြေးရန် စိတ်ကူး နေသည် လောဟု သံသယဝင် လာပြီး၊ ခိုးကြည့် လိုက်ရာ၊ လှောင်ပြောင် လိုသော အသွင်နှင့်၊ ပြိုင်ဘက် ရှစ်ဦးကို ကြည့် နေကြောင်း၊ မြင်လိုက် ရသည်။

“ ဖုန်းကျွယ် ... ၊ ဒါက နားလည်မှု လွဲနေ တာလို့၊ ငါတို့ ယုံကြည်တယ်၊ ဒီကလေးက မင်း ကာကွယ်ပေး နေတဲ့၊ လူတစ်ယောက် ဆိုတာ ငါတို့ တကယ် မသိခဲ့ ပါဘူး။ ”

“ ဘာလို့ ဒီကိစ္စကို ဒီမှာပဲ မထား ရတာလဲ။ ”

“ ဂျူနီယာ တစ်ယောက် အပေါ်၊ အရှက် ခွဲချင်တဲ့ အဲဒီ အဖိုးကြီး တွေက သေဖို့ ထိုက်တန် ပါတယ်။ ”

“ ငါတို့ ပြန်သွားတဲ့ အခါ ... ၊ ဒီကိစ္စ ... အတွက်၊ ဂိုဏ်းက အကြီးအကဲ တေွကို သတိ ပေးလိုက် ပါ့မယ်။ ”

“ အဲဒီ အတွက် တောင်းပန် ပါတယ် ကောင်လေး၊ ဒါက ငါ့တို့ မိုးကြိုး ဂိုဏ်းရဲ့ လက်ဆောင်ပါ၊ တောင်းပန် ပါတယ်။ ”

သည့်နောက် ဂိုဏ်းကြီး ရှစ်ဂိုဏ်းက လက်ဆောင်များ အသီးသီး ပေးအပ် လာကာ၊ သူတို့၏ တပည့်သားချင်း များကို ပြန်လည် ခေါ်ငင်သွား ကြသည်။

“ ဝှစ် ... ။ ”

ယင်းမြင်ကွင်းက စိတ်ကူး ထားသော ဖြစ်စဉ်မျိုး မဟုတ် သဖြင့် လူတိုင်း မျက်လုံးပြူး ကုန်၏။ ဖုန်းကျွယ်က ပြုံးလျက် ထွက်ခွာ သွားသော ဂိုဏ်းများကို ကြည့်နေသည်။

ဤအခိုက်တွင် ဂိုဏ်းရှစ်ဂိုဏ်းမှာ စစ်ပွဲ စတင်ရန် မဟုတ်ဘဲ၊ သူတို့၏ တပည့် များကို ခေါ်ယူရန် ရောက်ရှိ လာမှန်း နားလည် လိုက်၏။

“ သူက ... ဘယ်သူလဲ။ ”

“ မင်း မကြား ဖူးလား၊ အဲဒါ သက်တံဓား သူတော်စင်ရဲ့ တပည့် ဖုန်းကျွယ်ပဲ။ ”

“ သက်တံဓား သူတော်စင် ဆိုတာ၊ ဓားသူတော်စင် သုံးပါး ထဲက အသန်မာဆုံး သူတော်စင်ကို ပြောတာ မဟုတ်လား။ ”

“ သူက လွဲရင် ... ၊ ဘယ်သူများ ရှိဦး မှာလဲ။ ”

ကျွန်း တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်သွားသည်။ လင်းယွန်သည် သက်တံဓား သူတော်စင်နှင့် ပတ်သတ်မှု ရှိသောကြောင့်၊ အနည်းငယ် မနာလို စရာကောင်း ချေ၏။

တိမ်လွှာ ဓားဂိုဏ်းမှ တပည့် တစ်ဦး ဖြစ်သော ဤလင်းယွန်မှာ ရိုးရှင်းမည် မဟုတ် ကြောင်း၊ ပြောဆို နေကြ သည်မှာ၊ အမှန် ဖြစ်လာပြီ ဖြစ်သည်။

လင်းယွန်က သန်းဂဏန်းခန့် ရှိသော နတ်ကြယ် ပုလဲ ပုံကြီးကို ကြည့်ကာ၊ ဝမ်းသာ အားရ လက်လှမ်း လိုက်သော်လည်း၊ ပျောက်ကွယ် သွားသည်။

“ ငါ့ အကူ အညီ အတွက် ... ၊ ဒါက အခကြေး ငွေပဲ။ ”

ဖုန်းကျွယ်က ပြုံးလျက် ပြောလာသည်။ သည့်နောက် သူ့ အကြည့်က ကုန်းစွန်းယန်ထံ ကျရောက် သွားပြီး၊

“ ဒီညီလေးက ဘာဖြစ် နေတာလဲ၊ ငါ့ကို မြင်တည်းက တုန်နေတာ၊ မင်း လောက နိယာမ နယ်ပယ်က၊ တစ်စုံ တစ်ဦးကို အခုမှ၊ ...

... ပထမဆုံး အကြိမ် တွေ့ဖူး တာမို့လား၊ ဟား ဟား ဟား၊ ဒီလောက် စိတ်လှုပ်ရှား နေဖို့ မလို ပါဘူး။ ”

-ဟု ရယ်မောလျက် ပြောလိုက်သည်။

“ သူဟာ ... ဓားဧကရာဇ်ရဲ့ မျိုးဆက်လို့ ကြွေးကြော် ထားတဲ့၊ အကြွင်းမဲ့ ကောင်းကင် မြို့တော်က တပည့် တစ်ဦးပါ။ ”

ကျောက်ယန်မှ ဝင်ပြော သည်။

“ ဓားဧကရာဇ် မိသားစု ကလား။ ”

ထို့ကြောင့် ဖုန်းကျွယ် အပြုံးမှာ ပျောက်ကွယ် သွားပြီး၊ သူ့အမူ အရာက လေးနက် လာ၏။

ယင်းက ကုန်းစွန်းယန်ကို ပို၍ တုန်လှုပ် သွားစေခဲ့သည်။ ကျောက်ယန်ကို ပြန်ကြည့်ပြီး၊ သူ့ကိုယ်သူ မည်သို့ ရှင်းပြရ မည်အား၊ တွေးတော နေမိသည်။

လင်းယွန် အနေဖြင့်၊ ဓား ဧကရာဇ်နှင့် ဓားဂိုဏ်း ကြားရှိ ရန်ငြိုး အကြောင်းကို သိခဲ့ပြီ ဖြစ်ရာ၊ ကုန်းစွန်းယန်ကို ပြန်ကြည့် မိသည်။

လွန်ခဲ့သည့် နှစ်ပေါင်း သုံးထောင်က ဓားဧကရာဇ် ယုချင်းဖန်မှာ၊ ဓားဂိုဏ်း ပိုင်သော တောင်ကုန်း ကိုးခု အနက်၊ နှစ်ခုကို ဖျက်ဆီး ခဲ့သည်။

ထိုအချိန်မှ စ၍ ဓားဂိုဏ်း ဟူသည် မြင့်မြတ်မြေ အဖြစ်မှ၊ လျော့ကျ သွားသည်။ ဤသည်မှာ ၎င်းတို့ အတွက် ကြီးစွာသော အရှက်ရ စရာ အဖြစ် အပျက် ဖြစ်၏။

ယခု အချိန်၌၊ သိက္ခာကို ဆက်၍ ထိန်းသိမ်းထား နိုင်သည်မှာ၊ သက်တံဓား သူတော်စင် ကြောင့် ဖြစ်သည်။

သက်တံဓား သူတော်စင်သာ မရှိ ပါက၊ ဓားဂိုဏ်း၏ အခြေ အနေမှာ၊ ပို၍ ဆိုးရွားသွား ဖွယ် ရှိသည်။

ဓားဂိုဏ်း၏ အမည်သည်၊ ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၌၊ အသန် မာဆုံး ဓားဂိုဏ်း အဖြစ်၊ ရပ်တည် နိုင်သေး သော်လည်း၊ မြင့်မြတ် မြေများ အောက်တွင်သာ၊ အဆင့် သတ်မှတ် ခံရသည်။

ထို့ကြောင့် ဓား ဧကရာဇ်နှင့် ဓားဂိုဏ်း တို့ကြား ရန်ငြိုးမှာ၊ မငြိမ်း နိုင်သော မီး ဖြစ်နေ လေသည်။

***

All Chapters