တစ်ကိုယ်တည်း။
Vol. 92 Ch. 1278
လင်းယွန်၏ အသွင် ကြောင့်၊ ကျောက်ယန်နှင့် ကုန်းစွန်းယန်မှာ အံ့သြသွား လေသည်။
သူတို့ သိထားသော လင်းယွန်သည်၊ မည်သည့် ခံစားချက် ကိုမျှ မပြသ တတ်သော၊ အသက်မဲ့ မျက်ဝန်း ပိုင်ရှင် ဖြစ်၏။
သူ့ မျက်လုံး များသည် နက်နဲ လှပြီး၊ နားမလည် နိုင်အောင် ဖြစ်သည်။ ဓား ခန်းမ၌ အတား အဆီး သုံးရပ်ကို၊ ရင်ဆိုင်စဉ် ကပင်၊ အပြောင်း အလဲ တစ်စုံ တစ်ရာ မရှိချေ။
ထို့စဉ် ဓားဂိုဏ်း၏ ကျွန်းပေါ်သို့၊ ကြောက်မက်ဖွယ် ရောင်ဝါများ ထုတ်ဖော်လျက်၊ လူတစ်စု ရောက်ရှိ လာသည်။
ထိုလူစုမှာ ရာဂဏန်းခန့် ရှိပြီး၊ လူငယ် သုံးဦးမှ ဦးဆောင် လာသည်။ ထိုသုံး ဦးမှာ အမှောင် ထဲတွင်၊ လင်းလက် နေသော ကြယ်ပွင့် များ ကဲ့သို့၊ တောက်ပ နေ၏။
“ လက်ရှိ ကောင်းကင်ယံ ဂိုဏ်းက၊ တကယ်ကို ကြောက်စရာ ကောင်းတယ်။ ”
ကျောက်ယန်က လေးနက်သော အမူ အရာဖြင့် ပြောလာသည်။ သူတော်စင် မျိုးနွယ် စုများ အမြင် တွင်ပင်၊ ၎င်းတို့ကို ရင်ဆိုင် နိုင်သည့်၊ အင်အားစု များစွာ မရှိပေ။
“ သူတို့ရဲ့ ဂိုဏ်းချုပ် အမည်က ထျန်ရွှမ်ဇီပဲ၊ ကောင်းကင် မဟာ သူတော်စင် လို့လည်း၊ လူသိ များတယ်၊ သူက နှစ်ငါးရာ အတွင်း၊ ...
... ထူးခြားတဲ့ ပါရမီရှင် တစ်ယောက် ... ၊ လက်ရှိ သူ့ရဲ့ ခွန်အားက ... ၊ သက်တံဓား သူတော်စင်နဲ့ ယှဉ်နိုင်တယ်။ ”
ကုန်းစွန်းယန်က ရှင်းပြ လာသည်။ လင်းယွန် ခမျာ မျက်လုံးပြူး သွား၏။ ဤဘီလူး ထျန်ရွှမ်ဇီမှာ အသက် ငါးရာ မပြည့် သေးခေျ။
ကျင့်ကြံ သူများ သက်တမ်းသည်၊ လောက နိယာမ နယ်ပယ် ၌ပင်၊ နှစ်ငါးရာ သက်တမ်း သာ ရှိ၏။
အနှစ် ငါးရာ ပြည့်ပြီး မသေသော်၊ ခန္ဓာကိုယ်မှာ ဆုတ်ယုတ် လာပြီး၊ ခွန်အားများ ကျဆင်း သွားမည် ဖြစ်သည်။
သူတော်စင် များမှာ၊ နှစ်ထောင် ဂဏန်း ခန့်သာ ရှင်သန် နိုင်၏။ ထိုထက် ပို၍ အသက် ရှင်လိုသော်၊ နတ်ဘုရား အသွေးတော် သစ်သီး ကဲ့သို့၊ ရတနာ များ အပေါ်၊ မီခို ရပေမည်။
မဟာ သူတော်စင်နှင့်၊ ဧကရာဇ်များ အတွက်မူ၊ သူ မသိချေ။
“ သူတို့ သုံးယောက် ရောက်လာ မှတော့ သူတော်စင် အသီး အနှံ ရဖို့ ဆိုတာ၊ ဓားဂိုဏ်း အတွက် ခက်လိမ့်မယ်။ ”
ကျောက်ယန်က သက်ပြင်း ချကာ သုံးသပ် လိုက်သည်။
“ သူတို့က ဒီလောက်တောင် သန်မာနေလား။ ”
သူတို့ သုံးယောက်လုံး ကြောက်စရာ ကောင်းသည်ဟု ခံစားနိုင် သော်လည်း၊ မည်မျှ သန်မာ သည်ကို လင်းယွန် မသိချေ။
“ ဒါတော့ ... သေချာတယ်၊ သူတို့ သုံးယောက်က အင်ပါ ရီယန် အဆင့်မှာ၊ ပထမ (၃) နေရာကို ရယူ ထားနိုင်တယ်။ ”
ထိုစကားကြောင့် လင်းယွန် မျက်ဝန်းများ မှေးစင်း သွား၏။ ဂိုဏ်း တစ်ဂိုဏ်း ထဲမှ ပထမ (၃) နေရာကို ရယူထား နိုင်ခြင်းသည်၊ ၎င်းတို့၏ ခွန်အားကို ပြသရာ ရောက်သည်။
“ လဲ့ကြွယ်ကို လျှပ်စီး တစ်ထောင်လို့၊ ခေါ်ကြတယ်၊ သူက အင်ပါ ရီယန် နယ်ပယ်မှာ၊ တတိယ အဆင့်၊ သူရဲ့ လျှပ်စီး ရည်ရွယ် ချက်က၊ စတုတ္ထ တန်း ရောက်နေပြီ၊ ...
... ဟိုတစ်ယောက်က ရွှမ်ရင်၊ သူ့ရဲ့ မီးရည်ရွယ် ချက်က၊ မြင့်မားတဲ့ အောင်မြင်မှုကို ရောက်နေပြီ၊ သူက အင်ပါ ရီယန် ...
... ဒုတိယ အဆင့်၊ သူ ငယ်ငယ် တည်းက သူတော်စင် မီးတောက်ကို သန့်စင် ထားတယ် လို့၊ ကြားမိတယ်၊ ...
... သူတို့ နှစ်ဦးထက်၊ ပို ကြောက်စရာ ကောင်းတာက၊ ငရဲ နတ်ဘုရား မိသားစု က လာတဲ့ ချင်းကန်ပဲ၊ သူက အင်ပါ ရီယန် ချန်ပီယံ။ ”
ကုန်းစွန်းယန်က ချင်းကန်ကို ကြည့်စဉ်၊ တုန်လှုပ် နေခဲ့သည်။
“ ငရဲ နတ်ဘုရား မိသားစု ကလား၊ ငရဲ နတ်ဘုရား မိသားစုနဲ့၊ ငရဲ နတ်ဘုရား စက်မက် နယ်မြေက၊ ဘယ်လို ပတ်သတ်မှု ရှိလဲ။ ”
“ ဒါတော့ ... ၊ ကျောက်ယန်ကို မေးရ လိမ့်မယ်၊ သူတို့က သူတော်စင် မိသားစုတွေ၊ အချင်းချင်း ဆိုတော့၊ ငါ့ထက် ပိုသိတယ်။ ”
ကုန်းစွန်းယန်က ပြုံးပြီး ပြန်ဖြေသည်။ ယင်းကြောင့် ကျောက်ယန်က ကုန်းစွန်းယန်ကို စောင်းငဲ့ ကြည့်ကာ၊
“ ကောင်းကင် အလွှာ ... သုံးဆယ့် ခြောက်လွှာ အပြင်မှာ၊ အရင် ခေတ်က ကျန်ရစ် ခဲ့တဲ့၊ အပျက် အစီးတွေ အများ ကြီးတယ်၊ ...
... အဲဒီ အပျက် အစီး တချို့ဟာ၊ ကြယ်နယ်မြေ အဖြစ် ဖွဲ့တည် လာပြီး၊ ဒေသခံ တွေက၊ ရှေးကျသော အမွေကို ပိုင်ဆိုင်ခွင့် ရကြတယ်၊ အဲ့ဒီ နယ်မြေ တစ်လုံး ...
... ဝိညာဉ် စွမ်းအား တွေနဲ့၊ ပြည့်နှက် နေတော့၊ သူတော်စင် အမြောက် အများကို မွေးဖွား နိုင်တယ်။ ”
ကောင်းကင် အလွှာ (၃၆)လွှာ အပြင် ဘက်တွင်၊ လျှို့ဝှက် ဆန်းကြယ်သော နယ်မြေ အချို့ရှိ နေကြောင်း၊ လင်းယွန် သိပြီး ဖြစ်သည်။
တတိယ အလွှာ တွင်ပင်၊ သက်ရှိ များစွာ ရှိပြီး၊ ကျင့်ကြံ သူများ နေထိုင်သော ရှေးဟောင်း ဘုံဗိမာန် များကို၊ တွေ့မြင် ခဲ့ရသည်။
“ နတ်နဂါး အင်ပါယာက၊ အဲ့ဒီ ကြယ်နယ်မြေ တွေကို သိမ်းယူပြီး၊ သူတို့ကို အကျိုးဆောင် ပေးတဲ့၊ မျိုးနွယ်စု တွေထံ ပေးအပ် လိုက်တယ်၊ ...
... ခွန်လွန် မှာတော့ သူတို့ကို၊ စစ်မက် နယ်မြေ အဖြစ် လူသိ များပြီး၊ ချင်းကန် ဆိုတာ အဲ့ဒီ နယ်မြေ ထဲက လာတဲ့ ပါရမီရှင် တစ်ပါးပဲ၊ ...
... သူတို့က နတ်နဂါး အင်ပါယာရဲ့၊ အသိအမှတ် ပြုခြင်းကို ခံထား ရတဲ့ နယ်မြေ ဖြစ်တာကြောင့်၊ ယေဘူယျ အားဖြင့် သာမန် သူတော်စင် မျိုးနွယ်စု တွေထက်၊ သာလွန် သွားတယ်၊ ...
... ချင်းကန်ရဲ့ ... ၊ ငရဲ နတ်ဘုရား နယ်မြေကို၊ စစ်မက် နယ်မြေ တွေရဲ့၊ ဦးဆောင် နယ်မြေ အဖြစ်၊ သတ်မှတ် ပေးထားတယ်။ ”
ကျောက်ယန်က သက်ပြင်းချ လိုက်သည်။
“ ဒါဆို ... ဒီစစ်မက် နယ်မြေ တွေရဲ့၊ သခင်ငယ် တွေကို တစ်ယောက် ယောက်က၊ သတ်လိုက်ရင် ဘာဖြစ် နိုင်လဲ။ ”
လင်းယွန်က မေးလိုက်သည်။ ကုန်းစွန်းယန်နှင့် ကျောက်ယန်မှာ ထိုမေးခွန်း ကို၊ ကြားသော အခါတွင်၊ လင်းယွန်ထံ ပြိုင်တူ လှည့်ကြည့် လိုက်မိ၏။
“ ဒီလို အတွေးမျိုး မတွေးတာ အကောင်းဆုံး ပါပဲ။ ”
“ နဝမမြောက် ကောင်းကင် လမ်းမှာ ... ၊ စစ်မက် နယ်မြေ တွေရဲ့ ... ၊ သခင်ငယ် ငါးပါး အသတ် ခံရပြီး၊ ငါးပါးက ဒုက္ခိတ ဖြစ်သွား ခဲ့တယ်၊ ...
... အဲ့ဒီ သေတဲ့ ငါးပါး ထဲမှာ ... ၊ ငရဲ နတ်ဘုရား နယ်မြေရဲ့၊ ပါရမီရှင် တစ်ပါး ပါဝင် ခဲ့တယ်၊ ဒါကြောင့် လူသတ် သမားကို၊ နေရာ တိုင်းမှာ၊ ရှာဖွေ နေကြတယ်။ ”
ကျောက်ယန်မှ ရှင်းပြ လာသည်။
“ ငါလည်း ကြားတယ် ... ၊ အခု အချိန်ထိ သူ့ကို မတွေ့ကြ သေးဖူး မဟုတ်လား၊ ကျန်တဲ့ ကောင်းကင်လမ်း၊ ချန်ပီယံ အားလုံးက ခွန်လွန် မြေမှာ၊ တောက်ပ နေချိန်မှာ၊ အဲ့ဒီ နဝမမြောက် ချန်ပီယံက၊ ...
... ပေါ်မလာ သေးဘူး၊ သူ့မှာ အရည် အချင်းတွေ ရှိပေမယ့် ... ၊ အခုလို ပုန်းအောင်း နေတာက အချိန် ဖြုန်းတာ သက်သက် ပါပဲ။ ”
ကုန်းစွန်းယန်မှ ဝင်ပြော လာသည်။ ခြောက်လ ကျော်လာပြီ ဖြစ်သော်လည်း၊ နဝမ မြောက် ကောင်းကင် လမ်း၏၊ လှိုင်း များမှာ၊ ငြိမ်သက် ပုံ မရ သေးချေ။
သို့သော် သည်ခရီးစဉ်၌ နဝမမြောက် ကောင်းကင် လမ်း၏ ချန်ပီယံ အဖြစ်မှ၊ ဆက်၍ ဖုံးကွယ် ထားရန် မဖြစ်နိုင် တော့မှန်း၊ လင်းယွန် သိသည်။
သည့်နောက် ကျောက်ယန်နှင့် ကုန်းစွန်းယန်မှာ၊ လင်းယွန်အား နှုတ်ဆက်ပြီး၊ ထွက်ခွာ သွား ကြသည်။
သူတို့ နှစ်ယောက် လုံးတွင်၊ ဒဏ်ရာများ ရှိသဖြင့်၊ နဂါးမောက်သီး အရွက်ကို အမြန်ဆုံး သန့်စင်လို ကြသည်။
ဓားဂိုဏ်း ကျွန်းပေါ်ရှိ၊ သူတော်စင် အသီးအနှံ အတွက်မူ၊ ဤခွန်အားနှင့် စိတ်ကူး ပင် မရှှိချေ။
သူတို့ နှစ်ဦး ထွက်ခွာ သွား ပြီးနောက်၊ သူတော်စင် အသီး အနှံ ပေါ်ထွက်ရာ၊ ကျွန်းထံ ကြည့်လျက်၊ လင်းယွန် တစ်ယောက်၊ အတွေး ထဲ နစ်မြုပ် သွားသည်။
ယင်းက အင်ပါရီယန် ထိပ်ဆုံး ဆယ်ဦး၏ ပြိုင်ပွဲဟု ဆိုရ ပေမည်။ ဤအကွာ အဝေး မှပင် ၎င်းတို့၏ ကြောက်မက်ဖွယ် အစွမ်း သတ္တိကို ခံစား နိုင်၏။
လက်ရှိ သူသည် နက္ခတ် ကိုပင် မခေါ်နိုင် သေးသဖြင့်၊ ၎င်းတို့၏ ပြိုင်ဘက် အဆင့်၌ မရှိ သေးချေ။
“ ဟိုမှာ ... ၊ ရှုပ်နေ တာပဲ။ ”
ရတ်တရက် ခရမ်းငယ် ရောက်ရှိ လာသည်။
“ ဟုတ်လား ... ။ ”
ထိုနေရာ၌ စည်ကား နေ သော်လည်း၊ လက်ရှိ သူ့ ခွန်အားနှင့်၊ လုပ်နိုင်စရာ မရှိ သဖြင့်၊ မဆိုင် သလို ခံစား လိုက်ရသည်။
“ နင့် ... ကြည့်ရတာ စိတ်မချမ်းသာ လိုက်တာ။ ”
ခရမ်းငယ်မှ ပြောသည်။ တောင်ထိပ်တွင်၊ ရပ်ကာ၊ တိတ်ဆိတ် နေသော လင်းယွန် အသွင် သည်၊ ပုံမှန် မဟုတ်ကြောင်း သူမ သိသည်။
လွန်ခဲ့သည့် အခိုက်၌ အလတ် အလတ် တန်းစား ဂိုဏ်းကြီး (၈) ဂိုဏ်း ကို၊ နှိမ်နင်း ခဲ့ သော်လည်း၊ ယခု အချိန်တွင် လူတိုင်း သူ့အား မေ့လျော့ သွားပြီ ဖြစ်သည်။
“ ဒုန်း ... ။ ”
သူကိုယ် တိုင်ပင်၊ အဝေးမှ ရပ်ကြည့် နေရ၏။ နဂါးလေးက အိုးကြီး တစ်လုံးကို မြေပြင်ပေါ် ရုတ်တရက် ချလိုက် သဖြင့်၊ နှင်းခဲများ တုန်ခါ ကျကုန်သည်။
“ ငါ ... မင်းကို စောင့်နေတာ။ ”
လင်းယွန်က နဂါးလေးကို အသိ အမှတ် ပြုဟန် ပြုံးပြ လိုက်သည်။ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါ များက၊ အိုး အတွင်းမှ ထွက်ပေါ် နေ၏။
“ စိတ်ဝင် စားဖို့ ကောင်းလိုက်တာ၊ ဒီနေရာဟာ အစီရင်ကြောင့်၊ နဂါး သွေးကန်နဲ့ တူသွားပြီ။ ”
ခရမ်းငယ်က လက်နှစ်ဖက်ကို နောက်ပစ်ကာ၊ သွေးကန် အပေါ်၊ စူးစမ်းနေ လေသည်။
“ သွေးကန် ထဲမှာ ရှိတဲ့ စွမ်းအင်က ဒီအိုးထဲက သူတော်စင် အရည် ထက်တောင် ပိုအားကောင်း ပုံရတယ်။ ”
လင်းယွန်မှ ထောက်ခံ လိုက်သည်။
“ ဒါတော့ ... သေချာတယ်၊ ဒါပေမယ့် နင်အတွက် အသုံး မဝင်ဘူး၊ မိစ္ဆာ ရောင်ဝါက အရမ်း သိပ်သည်း နေတယ်။ ”
ခရမ်းငယ်က ချစ်စဖွယ် ပြုံး လိုက်ပြီး၊
“ နဂါးလေး အတွက်တော့ သင့်လျော်တယ်။ ”
-ဟု ဆိုကာ၊ နဂါး လေးကို ကောက်ယူပြီး၊ သွေးကန်ထဲ ချက်ချင်း ပစ်ချ လိုက်သည်။
“ ကောင်းပြီ ... ၊ အခု ... နင့် အလှည့်။ ”
ခရမ်းငယ် အကြည့်က၊ အိုးကြီးထံ ကျရောက် သွား၏။
“ ဒါဆို ... ငါ ဝင်ရတော့ မှာလား။ ”
“ နေဦး လိုသေးတယ်။ ”
“ ဘာလို တာလဲ။ ”
“ ငါ့ ထွက်သက်။ ”
နဖူး ပေါ်ရှိ ရူရ် နှစ်ခုလုံး လင်းလက် လာပြီး၊ ခရမ်းငယ်မှ ပြန်ဖြေသည်။ ထို့နောက် ဆံပင်များ လုံးဝ ငွေရောင် ပြောင်း သွား၏။
ဤအခိုက်တွင် သူမ အသွင်မှာ၊ အမှန်ပင် ကောင်းကင်ဘုံ တရား စီရင်ရေး၊ ဧကရီ တစ်ပါး အဖြစ်၊ ထင်မှား လာမိ စေသည်။
နှုတ်ခမ်း တစ်စုံအား ဆူပွ ဆူပွ လုပ်ကာ၊ ပါးကို ဖောင်းစေလျက်၊ ခရမ်းရောင် မီးလျှံအား၊ သူတော်စင် အရည် အိုးထဲ၊ မှုတ်ထည့် လိုက်၏။
“ ဖူး ... ။ ”
ရွှေရောင် အလင်းများ တောက်ပ လာပြီး၊ သူတော်စင် အရည် များမှာ၊ ပွက်ပွက်ဆူ လာခဲ့ လေသည်။
နောက်ဆုံး အနေဖြင့်၊ သူမ လက်ဖဝါးကို လှီးဖြတ်ကာ၊ သွေးများ အိုး ထဲသို့၊ ညှစ်ထည့်ပစ် လိုက်သည်။
“ ဒါကို သူတော်စင် အရည်လို့ ... ခေါ်မရ တော့ဘူး၊ အဲ့ဒီ အစား ... နတ်ဘုရား အရည်လို့ ခေါ်ရမယ်။ ”
“ ပေးရတဲ့ တန်ဖိုးက နည်းနည်း များတယ် မဟုတ်လား။ ”
လင်းယွန်က ခရမ်းငယ် မျက်နှာကို ကြည့်ကာ၊ ပြန်ပြော လိုက်သည်။
“ နင့်ရဲ့ နဂါး အရိုးကို၊ ငါ ယူခဲ့တယ် ... ၊ ရလဒ် အနေနဲ့၊ နင့်ရဲ့ သူတော်စင် နဂါး ခန္ဓာမှာ၊ ပြည့်စုံမှု မရနိုင် တော့ဘူး၊ ဒါကြောင့် ငါက သဘာဝ အတိုင်း ...
... လုပ်ပေး ရမယ်၊ အနည်း ဆုံးတော့ သူတော်စင် ရူရ်ကို၊ နတ်ဘုရား အဆင့် အထိ၊ မြှင့်တင် ပေးမယ်၊ မဟုတ်ရင် ... ငါ ညံ့ရာ ကျသွားမှာ။ ”
လင်းယွန် အတွက်၊ ပြင်ဆင် ပေးနေစဉ်၊ ပြေလျော့ သွားသော သူမ ဆံနွယ် များထံ ပြန် ကြည့်ကာ၊
“ ငါ့ကို ကျစ်ဆံမြီး၊ ပြန်ကျစ်ပေး။ ”
-ဟု ခိုင်းလာ တော့သည်။
ကျစ်ဆံမြီး ကျစ် နေစဉ်၊ ငွေေရောင် အရည် မှသည်၊ ရွှေရောင် အရည် အဖြစ် အသွင်ပြောင်း နေသော အိုးကြီးထံ ကြည့်မိကာ၊
“ မင်း ဘယ်သူလဲ။ ”
-ဟု မေးမြန်း လိုက်လေသည်။
“ ငါက ... သမုဒ္ဒရာ လေးစင်း၊ ပျက်သုဉ်း မြေ ရှစ်ပါး၊ ကောင်းကင် (၃၆) လွှာနဲ့၊ မြေ ကမ္ဘာ (၇၂) ထပ်ကို အစိုး ရတဲ့၊ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီပဲ။ ”
“ အဲဒါကို ခုထိ ငါ မယုံနိုင် သေးဘူး။ ”
ပြီးသည်နှင့် နဂါးမောက် သီးကို ထုတ်ယူ ကာ၊ နတ်ဘုရား အရည် အိုး ထဲသို့၊ ပြုံးလျက် ခုန်ဝင် လိုက်တော့သည်။
***