မွေးရာပါ သူတော်စင် မိုးပြာ နဂါး ခန္ဓာ။
Vol. 92 Ch. 1279
ဓားဂိုဏ်း သိမ်းပိုက် ထားသော ကျွန်းသည် သွေ့ရော် ကျွန်းနှင့်၊ အနီးဆုံး ကျွန်းများ ထဲမှ တစ်ခု ဖြစ်၏။
၎င်းတွင် ဝိညာဉ် စွမ်းအင် များစွာ သိပ်သည်းလှ သဖြင့်၊ မြူခိုးများ အဖြစ် သို့ပင်၊ ရောက်ရှိ နေလေသည်။
ထိုကျွန်း ပေါ်ရှိ ဝေးကွာ လွန်းသော တောင်တန်း တစ်ခု ပေါ်တွင်၊ ကောင်းကင်နှင့် မြေကြီးကြား တစ်သားတည်း ဖြစ်တည်နေ သကဲ့သို့၊ လူနှစ်ဦး ရပ်နေ ခဲ့၏။
တစ်စုံ တစ်ယောက် အနားတွင် ရှိနေ လျှင်ပင်၊ သူတို့ နှစ်ဦးအား မြင်နိုင်မည် မဟုတ် ချေ။
၎င်းတို့ အနက်၊ တစ်ဦးသည် ဖုန်းကျွယ် ဖြစ်ပြီး၊ ကျန်တစ်ဦးမှာ သူ့ထက် မြင့်မားသော ရာထူးကို ပိုင်ဆိုင် ထားသည့်၊ လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ဦး ဖြစ်၏။
သူ့ အမည်မှာ လင်းကျန်း ဖြစ်ပြီး၊ ဓားဂိုဏ်း၏ ဓားထမ်း အကြီး အကဲ တစ်ဦး ဖြစ်သည်။
ထိုအဆင့် အကြီး အကဲ များသည်၊ အရိယာ ကောင်းကင် တောင်ထိပ်မှ လွဲ၍၊ အခြားသော တောင်ကုန်းများ အပေါ်၊ သြဇာ သက်ရောက် ပေသည်။
“ မင်း ... ကောင်လေး ကြောင့်၊ ဖြစ်ရတဲ့ ရုန်းရင်း ဆန်ခတ် မှုက မသေး ပါလား၊ အရိယာ ကောင်းကင် တောင်ကုန်းက၊ တပည့်တွေ အတိုင်းပဲ။ ”
လင်းကျန်းက ရယ်မော လိုသော အမူ အရာဖြင့် ပြောသည်။
“ ဒါတော့ ... အသေ အချာပဲ။ ”
လင်းကျန်း စကား နောက်ကွယ်ရှိ လေးနက်သော အဓိပ်ပ္ပါယ်ကို သိသဖြင့်၊ ဖုန်းကျွယ်က ဂုဏ်ယူစွာ ပြုံးသည်။
“ ဟား ဟား ဟား ... ဟုတ်ပါပြီ၊ ဒါနဲ့ ...၊ ကောင်းကင်ယံ ဂိုဏ်းက သူ့ကို သိသွား ပြီလား။ ”
“ မသိ သေးဘူး၊ ဒါပေမယ့် သွေ့ရော် ကျွန်း ပွင့်လာ ရင်တော့ သိနိုင်တယ်၊ နောက်ဆုံးတော့ ဒီလို နေ့ရက် တွေက ရောက်လာ မှာပဲ မဟုတ် လား၊ ပြီးတော့ ကောင်လေးမှာ၊ သူ့ ဒေါသကို ထိန်းချုပ် ထားဖို့၊ ဆန္ဒ မရှိဘူး။ ”
ဖုန်းကျွယ်မှ ပြန်ဖြေသည်။
“ သူက နဝမမြောက် ကောင်းကင် လမ်းရဲ့ ချန်ပီယံပဲ၊ ဘယ်လောက် ... ကြိုးစား ကြိုးစား ဒါကို အကြာကြီး ဖုံးကွယ် ထားလို့ မရဘူး၊ ဒါပေမယ့် ... အခုက စော သေးတယ်။ ”
လင်းကျန်းက သက်ပြင်း ချကာ ပြော လာသည်။ ထိုစကား များသည် အမှား မဟုတ် သောကြောင့်၊ ဖုန်းကျွယ်မှ မငြင်း ခဲ့ပေ။
လက်ရှိ လင်းယွန်းသည် ထိပ်တန်း ဆယ်ယောက်နှင့် နှိုင်းယှဉ် ပါက၊ ကွာဟချက် ရှိနေဆဲ ဖြစ်သည်။
မဟုတ်သော် သူ့ အမူ အကျင့် အရ၊ သူတော်စင် အသီးအနှံ အတွက်၊ ဤနေရာထံ ရောက်နေ မည်မှာ သေချာ၏။
ထိုအချိန်တွင် လေဟာနယ် အက်ကွဲ လာပြီး၊ သူတို့ အနား အသွင် အပြင်များ တစ်ခုပြီး တစ်ခု ပေါ်လာ၏။
၎င်းတို့မှာ အခြားသော အင်အားကြီး ဂိုဏ်းများမှ၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ ဖြစ်သည်။
ကောင်းကင် မှတ်စုဂိုဏ်း၊ ကောင်းကင် ဓားမော့ ခန်းမ၊ မိုးကြိုး ကျောင်းတိုက်နှင့်၊ မြ ကျောက်စိမ်း စံအိမ်တို့ ဖြစ်၏။
ရှေးဟောင်း ပျက်သုဉ်း နယ်မြေမှ၊ အင်အားကြီး ဂိုဏ်း (၈) ဂိုဏ်း အနက်မှ၊ (၄) ဂိုဏ်း ရောက်ရှိ လာခြင်း ဖြစ်သည်။
“ ကောင်းကင်ယံ ဂိုဏ်းက စေလွှတ် လိုက်တဲ့ လူက အရမ်း မောက်မာ လွန်းတယ်။ ”
ဓားမော့ တစ်လက် ကိုင်ထားသော ငွေရောင်ဝတ် လူကြီး တစ်ဦးက၊ စကား စပြော လာသည်။ ကျန်သူများ ကလည်း ခေါင်းညိတ် ပြီး၊ ထောက်ခံ၏။
ကောင်းကင်ယံ ဂိုဏ်း၏ အပြု အမူနှင့် ပတ်သတ်ပြီး၊ လူတိုင်း စိတ် မချမ်းသာ လှချေ။ သူတို့၏ ဂိုဏ်း များမှာ၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ကိုသာ စေလွှတ် နိုင်၏။
ကောင်းကင်ယံ ဂိုဏ်း သည်လည်း သူတို့ ကဲ့သို့ပင်၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူ၊ တစ်ဦး ကိုသာ၊ စေလွှတ် ခဲ့သည်။
ထို့ကြောင့် လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ နှစ်ဦး အထိ၊ စေလွှတ် ထားသော ဓားဂိုဏ်း မှာမူ၊ သူတော်စင် မူလ ပုလဲ ရယူရန်၊ စိတ်ပိုင်း ဖြတ်ထား ကြောင်း သိသာ၏။
“ ရောက်လာတဲ့ လူက ကျွားချင်ယွင်ပဲ။ ”
လင်းကျန်းက ပြောလိုက်သည်။ ထိုလူမှာ ထျန်ရွှမ်ဇီ၏ အထူး ချွန်ဆုံး တပည့် ဖြစ်မှန်းသိ ထားသဖြင့်၊ လူတိုင်း နှုတ်ဆိတ် သွားသည်။
“ ဒါက ... ငါ့ အစ်ကို ဒီမှာ မရှိ လို့ပါ၊ မဟုတ်ရင် ... သူ့ ဘာမှ လုပ်လို့ မရ ပါဘူး။ ”
ဖုန်းကျွယ်က အထင် အမြင် သေးသော ဟန်ဖြင့်၊ နှာခေါင်း ရှုံ့ကာ ပြောသည်။ သို့သော် လူတိုင်းက သူ့ စကားကို ဂရုမစိုက် ကြချေ။
ခဏ အကြာတွင် သက်လတ်ပိုင်း အရွယ် အမျိုး သမီး တစ်ဦးက၊
“ ငါတို့ ... အရင်က သဘော တူညီချက် အတိုင်းပဲ မဟုတ်လား၊ ကလေးတွေ ကြားက၊ ပြိုင်ဆိုင် မှုကို မစွက်ဖက် သင့်ဘူး၊ ဘယ်သူပဲ ရရ ဝိုင်းပြီး၊ ကာကွယ် စောင့်ရှောက် ပေးသင့် တယ်။
“ နှုတ် ကတိ ဆိုပေမယ့် လည်း၊ ငါရဲ့ မြကျောက်စိမ်း စံအိမ်က ဒါကို ဖောက်ဖျက်မှာ မဟုတ် ပါဘူး။ ”
“ ကောင်းကင်ဘုံ ဓားမော့ ခန်းမ ကလည်း အတူတူ ပါပဲ။ ”
“ ဘုန်းကြီး တွေက မလိမ် တတ်ဘူး။ ”
အားလုံးက အတည် ပြုလိုက် ပြီးနောက်၊ လင်းကျန်းထံ လှည့်ကြည့် ကြသည်။ ဓားဂိုဏ်း သည် သူတို့ထက် များစွာ အားကောင်းပြီး၊ လင်းကျန်း၏ သဘော တူညီမှု မပါ ပါက၊ မဟာမိတ် အဖွဲ့မှာ၊ အားနည်း သွားပေ လိမ့်မည်။
“ ဓားဂိုဏ်းက ကတိကို ဖျက်မှာ မဟုတ် ပါဘူး။ ”
“ ဒါဆို အရမ်း ကောင်းတယ်။ ”
လင်းကျန်း၏ စကားကို ကြားပြီးနောက်၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များက လုံးဝ မလာခဲ့ သကဲ့သို့၊ ချက်ချင်း ပျောက်ကွယ် သွားသည်။
သို့မှသာ လင်းကျန်းက ရှုပ်ထွေးသော အမူ အရာဖြင့်၊ သက်ပြင်း ချလိုက်၏။ ဤမြင်ကွင်းက ဖုန်းကျွယ်ကို ပြုံးမိ စေသည်။
“ အစ်ကို လင်း၊ မင်း ... ဘာတွေ ဖြစ်နေ တာလဲ၊ ဂိုဏ်း ငါးဂိုဏ်း မဟာမိတ် ဖွဲ့ပြီး မှတော့၊ ကောင်းကင်ယံ ဂိုဏ်းက ရသွားနိုင် စရာ အကြောင်း မရှိ ပါဘူး။ ”
သို့သော် လင်းကျန်းက ခေါင်းခါ လိုက်ပြီး၊
“ ဘယ်နှစ် နှစ် ရှိပြီလဲ၊ ကောင်းကင်ယံ ဂိုဏ်းကို ရင်ဆိုင်ဖို့၊ အင်အား စုတွေ ပေါင်းစည်း နေရတာ၊ အနာဂတ်မှာ သူတို့ ဘယ်လောက်ထိ ကြောက်စရာ ကောင်း လာမယ် ဆိုတာ၊ ငါ တွေးကြည့်လို့ မရနိုင် သေးဘူး။ ”
ကောင်းကင်ယံ ဂိုဏ်း၏ ထျန်ရွှမ်ဇီမှာ၊ သန်မာလွန်း သောကြောင့်၊ ဖုန်းကျွယ် မျက်နှာ ပေါ်ရှိ၊ အပြုံးများ ပျောက်ကွယ် သွားခဲ့သည်။ နှစ် ရာဂဏန်း မတွင်း၊ လက်ရှိ အဆင့်ထိ အောင်မြင်မှု ရယူ ထားနိုင်၏။
ဆရာ သခင်မှ လွဲ၍၊ ရှေးဟောင်း ပျက်သုန်း နယ်မြေတွင်၊ ထိုလူအား အနိုင်ယူ နိုင်သူ မည်သူ မျှ၊ မရှိချေ။
ထို့ကြောင့် နှစ်ပေါင်း ငါးရာ အတွင်း၊ ၎င်းတို့၏ အာဏာမှာ၊ အရှိန် အဟုန်နှင့် မြင့်မား လာပြီး၊ ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၊ တစ်ခု လုံးကို ချုပ်ကိုင် တော့သည့် အရိပ် အယောင်များ ပြသ နေသည်။
သက်တံဓား သူတော်စင်မှ မနှိမ်နှင်း နိုင်တော့ ပါက၊ သူ့အား မည်သူမျှ ထိန်းချုပ် နိုင်မည် မဟုတ် သည်မှာ၊ သေချာသည်။
“ နေထွက် လာပြီ။ ”
အလင် ရောင်များ ပျို့တက် လာသဖြင့် ဖုန်းကျွယ်မှ ပြော လိုက်သည်။ တစ်ချိန်တည်း မှာပင်၊ အမျိုး မျိုးသော ပါရမီရှင် များက ယှဉ်ပြိုင်ရန်၊ စုရုံးလာ ကြ၏။
“ ဒါပေမယ့် ... ကောင်လေး ဒီမှာ မရှိတာ စိတ်မကောင်း စရာ ပါပဲ။ ”
ဖုန်းကျွယ်မှ ခေါင်းယမ်းကာ ညည်းတွား လိုက်သည်။ စစ်ခုန်ကျိုးသည် ထူးထူး ခြားခြား ဖြစ်နေ သော်လည်း၊ လင်းယွန် မရှိသော ပွဲသည် တစ်ခုခု လိုနေ သကဲ့သို့၊ ခံစား ရစေ၏။
“ ဂျိန်း ... ။ ”
နှစ်ရက် အကြာတွင်၊ နှင်းတောင် ထိပ်၌ မိုးကြိုး မုန်တိုင်းများ ဖြစ်ပေါ် လာကာ၊ နဂါး ရောင်ဝါများ ဖုံးလွှမ်း သွားသည်။
ထိုရောင်ဝါ များက ရေဝဲ ကြီးများ အဖြစ်၊ ပေါင်းစပ် နေသည်။ လူတိုင်း ထွက်သွား ကြပြီ ဖြစ်သဖြင့်၊ ထိုဖြစ်စဉ်ကို မည်သူမျှ မမြင်နိုင် တော့ချေ။
လွန်ခဲ့သည့် နှစ်ရက်က မွေးဖွားရန် ပြင်နေသော သူတော်စင် အသီး အနှံ ပေါ်သာ၊ ပို၍ အာရုံစိုက် နေခဲ့ ကြသည်။
တစ်ယောက် ယောက်သာ တောင်ပေါ် တက်လာ မိပါက၊ ကြက်သွေးရောင် ပိုးအိမ် တစ်လုံးကို မြင်ရပေ လိမ့်မည်။
ပိုးအိမ်ကို ကြက်သွေးရောင် ချည်မျှဉ် များဖြင့် ပြုလုပ် ထားပြီး၊ မျက်နှာပြင်၌ နဂါး ရူရ်များ တောက်ပ နေ၏။
မြေပြင်၌ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာကာ၊ ပိုးအိမ်၏ အမြင့်သည် (၃) မီတာတိုင်၊ ရောက်ရှိ သွားသည်။
တစ်ချိန် တည်း မှာပင်၊ ကောင်းကင်ရှိ မိုးကြိုး မုန်တိုင်းများက ပိုးအိမ်နှင့် ချိတ်ဆက် ကာ၊ စွမ်းအင်များ ပို့လွှတ် လာသည်။
ထိုစွမ်းအင် များက၊ ပိုးအိမ် အတွင်းတွင်၊ သန္ဓေ တည်နေသော ကလေးငယ် တစ်ဦး ကဲ့သို့ ခွေခေါက် နေသည့်၊ လူထံ ဝင်ရောက် သွား၏။
ယင်းက အဝေးမှ လှမ်းကြည့် သော်၊ မကြာခင် နဂါး တစ်ကောင် မေွးဖွား တော့မည့် အလား၊ ထင်မှား လာစေသည်။
“ အချိန် တန်ပြီ။ ”
ခရမ်းငယ်က သူမ မေးစေ့ကို ကိုင်လျက် ရေရွတ် လိုက်သည်။ သွေ့ရောင် ကျွန်း ဖွင့်လှစ် နေပြီ ဖြစ်သဖြင့်၊ လင်းယွန်သာ ယခု မသွား ပါက ကျွန်းသို့ ဝင်ရောက်ရန်၊ အခွင့် အရေးကို လက်လွတ် ရပေ လိမ့်မည်။
သူမ အနေနှင့်၊ သွေ့ရော် မဟာ သူတော်စင်၏ အမွေကို စိတ်ဝင် စား၏။ ၎င်းတွင် ဘဝ-မရဏ ပန်ချီကား ရှိသည်။
လင်းယွန်၏ လက်ရှိ ပန်းချီကားသည် ဘဝ-မရဏ ပန်းချီ ကား၏ ပုံတူ မျှသာ ဖြစ်ပေသည်။ ယင်းက မယုံနိုင် စရာ ပေပင်။
ရှေးဦးခေတ် ၌ပင်၊ ဘဝ-မရဏ ပန်းချီ ကားနှင့် ပတ်သက်သော ကောလ ဟာလများ၊ များစွာ ရှိခဲ့ ဖူးသည်။။
အိုင်ရစ် ဓား သူတော်စင်၏ စကား အရ၊ ဘဝ- မရဏ ပန်းချီသည်၊ နတ်ဘုရား အဆင့် ရတနာ မဟုတ် သော်လည်း၊ ၎င်းအတွင်းတွင် ငရဲ တံခါး တစ်ချပ်ကို ဝှက်ထား လေသည်။
သို့သော် ထိုပန်းချီ ကားကို ၎င်း ဓား သူတော်စင်မှ၊ အဘယ်ကြောင့် ရှာဖွေ နေမှန်း၊ မမှတ်မိ တော့ချေ။
ထို့အပြင် တောင်ပိုင်း ဧကရာဇ် လက်သို့ ရေက်ရှိ နေရသည့် အကြောင်းရင်း ကိုလည်း၊ သိချင် သေးသည်။
“ ဧကရာဇ် ကိုးပါးက လွန်ခဲ့တဲ့၊ နှစ် သုံးထောင်က ပေါ်ထွန်း ခဲ့တယ် ဆိုတော့၊ သူတို့ အားလုံးက အိုင်ရစ် ဓားသူတော်စင် နဲ့များ ဆက်စပ် နေတာလား။ ”
ခရမ်းငယ်က မျက်မှောင်ကြုတ် သွား သောကြောင့်၊ ချစ်စရာ ကောင်းသော သူမ အသွင်ကို၊ ပို၍ ထင်ရှား လာစေသည်။
“ ခရစ် ... ။ ”
သည့်စဉ် ကြက်သွေးရောင် ပိုးအိမ် ပေါ်၌ အက်ကွဲ ကြောင်းများ ပေါ်လာတော့၏။ အလင်း ရောင်သည် ထိုအက်ကြောင်း အတွင်းမှ ထွက် လာပြီး၊ အဆုံး၌ ပေါက်ကွဲ သွားသည်။
သည့်နောက် လင်းယွန် တစ်ယောက်၊ ပေါက်ကွဲ သွားသော ပိုးအိမ် အတွင်းမှ ထရပ် လာသည်။
သူ့၌ အဝတ် အစား မပါ ရှိဘဲ၊ ခန္ဓာမှာ မွေးကင်းစ ကလေး ကဲ့သို့၊ ပုလဲနှစ် အရောင် ပြောင်းလဲ သွားသည်။
“ အ ... ။ ”
ရုတ်တရက် စူးရှသော နေရောင်ကြောင့် မျက်လုံးကို ချက်ချင်း ပြန်မှိတ်ပြီး၊ လိုက်လျော ညီထွေ ဖြစ်အောင်၊ ဖြည်းဖြည်းချင်း ဖွင့်ယူ လိုက်သည်။
“ ဘာဖြစ် သွားတာလဲ … ။ ”
သူ့ကိုယ်သူ စစ်ဆေး ကြည့် ပြီးနောက်၊ အံ့သြ သွား၏။ မွေးကင်းစ ကလေးငယ် ကဲ့သို့ ပြောင်းလဲ သွားပြီး၊ ကြွက်သား အတွင်း၊ မယုံ နိုင်စရာ စွမ်းအားများ ခိုအောင်း နေသည်။
လက်ရှိ သူသည် နဂါးမောက် သီးကို မသန့်စင်မီ ကထက်၊ အနည်းဆုံး နှစ်ဆ ပို၍ သန်မာ လာ၏။ အရေး အကြီး ဆုံးမှာ၊ သွေး ထဲရှိ နဂါး ရောင်ဝါ ဖြစ်သည်။
ရုတ်တရက် ‘မွေးရာပါ သူတော်စင် နဂါး ခန္ဓာ၊’ ဟူသော စကားလုံးက၊ ခေါင်းထဲ ပေါ်လာ ၏။
ယခု အချိန်၌ သူတော်စင် နဂါး ခန္ဓာ ကိုယ်သည် မွေးရာပါ ကိုယ်လုံး ကိုယ်ပေါက် အဖြစ်သို့၊ ပြောင်းလဲ သွားပုံ ပေပင်။
စကားစု နှစ်ခုကြား ခြားနား ချက်မှာ၊ မသိသာ လှ သော်လည်း၊ စွမ်းအားသည် အမှန် တကယ် ကြောက်စရာ ကောင်းပေ၏။
သည်အခွင့် အရေးမှာ၊ သူ့ အတွက် ခရမ်းငယ်မှ ပြင်ဆင်ပေး ခဲ့ခြင်း ဖြစ်သည်။ အိုးထဲ ဝင်စဉ်က သွေးနှင့် အသားများ ပူလောင် လာပြီး၊ အရိုးများ လောင်ကျွမ်း ကုန်သည်ကို သတိရ မိသည်။
သည့်နောက် သူ၏ အသွေး အသားသည် အိုးထဲတွင် ရှိသော သူတော်စင် အရည်နှင့် လုံး၀ ရောနှော သွားခဲ့၏။
ထိုစဉ် ခရမ်းငယ်၏ မီးလျှံက၊ အသက် ဓာတ်နှင့် စိတ် ဝိညာဉ်ကို ကာကွယ် ပေးခဲ့သည်။ သို့သော် သတိ လစ်ကာ၊ ငိုက်မျဉ်း သွားမြဲ ဖြစ်သည်။
“ ဒါက ... ။ ”
အကြည့် များက နဂါး အမှတ် အသားထံ ကျဆင်းသွားပြီး၊ သူတော်စင် ရူရ် အသွင်ပြောင်း နေသည်ကို ၊ မြင်လိုက် ရသည်။
“ နတ်ဘုရား ရူရ်ပဲ။ ”
ခရမ်း ရွှေရောင် နဂါး ရူရ်များ အရေပြား အောက်၌ ပေါ်လာပြီး၊ အလုံး တစ်ထောင် ပြည့် သွား၏။ ယင်းက သူ့အား အပြာရောင် နဂါးကြီး တစ်ကောင်နှင့် တူသွား စေသည်။
နတ်ဘုရား ရူရ် လောင်ကျွမ်း လာသော အခါတွင်၊ သူ့ခန္ဓာ ကိုယ်မှ နဂါး တစ်ကောင် ပျံထွက် သွားသည်။
နဂါးက လင်းယွန်အား လှည့်ပတ် နေစဉ်၊ ပျောက်ကွယ် သွားသော မိုးကြိုး မုန်တိုင်းမှာ၊ ကောင်းကင်၌ ပြန်လည် ဖြစ်တည် လာ၏။
လက်ချောင်းများ လှုပ်ရုံ မျှဖြင့်၊ ထိုမိုးကြိုး မုန်တိုင်း များက၊ ရုတ်ချည်း ပြင်းထန် လာသည် ကို၊ သတိ ပြုမိ လိုက်သည်။
မိုးကြိုး မုန်တိုင်းသည် သူ့ ထိန်းချုပ်မှု အောက်၌၊ လုံးလုံး လျားလျား ရှိနေပြီး၊ ၎င်းကို အသွေး အသား ထဲမှ မွေးဖွား လာပုံ ပေပင်။
နတ်ရူရ်ကို အသက် သွင်းကာ၊ အသွေး အသား ပါသော မိုးပြာ နဂါး တစ်ကောင်ကို ဆင့်ခေါ် နိုင် ခဲ့သည်။
နဂါး ဟောက်သံ ထွက်လာပြီး၊ တိမ်များ ပေါ်သို့ ပျံတက် နေစဉ်၊ ၎င်းမြင်မြင် သမျှသော အရာ ရာကို၊ သူ မြင်လာ နိုင်၏။
“ ပြန် လာ ... ။ ”
နဂါးကြီးက ခန္ဓာ ကိုယ်သို့၊ ပြန်လည် ဝင်ရောက် လိုက်ချိန်၌ သူ့ ခွန်အားများ ပို၍ မြင့်တက် လာသည်။ ထို့နောက် နဂါး ရူရ် တစ်ထောင် တောက်ပ လာ၏။
“ သူတော်စင် နဂါး ခန္ဓာ- အဋ္ဌမ အဆင့်ပဲ။ ”
သူ့ကိုယ်သူ ဆန်းစစ် ပြီးနောက် တုန်လှုပ် သွားလေသည်။
“ အဟမ်း ... ၊ နင် အဝတ် မဝတ်တော့ ဖူးလား။ ”
ရုတ်တရက် ခရမ်းငယ် အသံ ထွက်ပေါ် လာသည်။ ထို့ကြောင့် သတိရ သွားပြီး၊ အဆင် မပြေသည့် အမူ အရာနှင့် လှည့်ကြည့်ကာ၊
“ မင်း ... ဒီမှာ တစ်ချိန်လုံး ရှိနေ တာလား။ ”
-ဟု မေးလိုက် မိသည်။
“ နင် ... ဘယ်လို ထင်လဲ။ ”
ခရမ်းငယ်က ပြုံးပြီး မေးခွန်းကို မေးခွန်းနှင့် ပြန်ဖြေ၏။
“ တိတ် စမ်း ... ။ ”
လင်းယွန်က အဝတ်စား များကို ထုတ်ယူကာ၊ အမြန်ဝတ် လိုက်ရ တော့သည်။
***