သွေ့ရော် ကျွန်း ဆီသို့။
Vol. 92 Ch. 1280
အဝတ် အစား အမြန်ဝတ် ပြီးနောက်၊ ခန္ဓာကိုယ် အသစ်၏ စွမ်းအားကို ထပ်မံကာ၊ စမ်းသပ် ကြည့်နေ မိသည်။
အထင်ရှား ဆုံးသော ပြောင်းလဲ မှုမှာ၊ နဂါးရူရ် တစ်ထောင်သို့ ရောက်ရှိ သွားခြင်း ဖြစ်သည်။ ထို့ကြောင့် သူတော်စင် ရူရ် တစ်ထောင်၊ ခန္ဓာကိုယ် အဖြစ်၊ ခေါ်ဆို နိုင်၏။
“ ဒါက သူတော်စင် နဂါး ကျင့်ကြံမှု ပညာရပ်ရဲ့ ... တကယ့် ခွန်အားပဲ၊ မိုးပြာ နဂါး အရိုးက၊ နဂါး သွေးကို ထုတ်နိုင်ရင်၊ အချိန် ကြာလာတာ နဲ့အမျှ၊ ဖြည်းဖြည်းချင်း ...
... အားကောင်း လာလိမ့်မယ်၊ ဒါက ... အရမ်း ကြာတယ်၊ ငါ့ နည်းလမ်းက သဘာဝ နည်းလမ်း ဖြစ်လို့၊ မြန်ပေမယ့် ... နည်းနည်း တော့ ပိုနာတယ်။ ”
မာန တရားနှင့် တောက်ပ နေသော ခရမ်းငယ်၏ မျက်ဝန်း များကို ကြည့်ကာ၊ လင်းယွန်က ပြုံးလိုက်သည်။
သည့်စဉ် သွေးရော် ကျွန်းကို ဖုံးအုပ် ထားသော၊ မိုးကြိုး မုန်တိုင်းများ အားပျော့ လာသည်ကို၊ သတိထား မိလိုက်၏။
အက်ကြောင်းမှာ ပို၍ ကျယ်လာပြီး၊ ကန့်သတ်ချက် ပျောက်ကွယ် လုနီးပါး ပေပင်။
“ အတား အဆီး ပျောက်တော့မယ်။
လင်းယွန်က မျှော်ကြည့်ကာ ဆိုသည်။
“ အနှေးနဲ့ အမြန်ပဲ။ ”
ခရမ်းငယ်မှ ခေါင်းညိတ် ထောက်ခံ၏။
“ ဒါနဲ့ ... ၊ သူတော်စင် အသီး အနှံကို ဘယ်သူ ရသွားလဲ။ ”
လင်းယွန်မှ မေးမိသည်။ ၎င်းသည် နဂါးမောက် သီး ကဲ့သို့၊ အစီရင်ဖြင့် မွေးဖွား လာသော အရာ မဟုတ်ချေ။
သဘာဝ အတိုင်း မူလ သူတော်စင် ဖြစ်သည်။ ထိုပြိုင်ပွဲသို့ ဝင်ရန် အချိန် မကျ သေးကြောင်း၊ သူ့ကိုယ်သူ သိခဲ့သည်။
“ ဆံပင် ဖြူဖြူနဲ့၊ အမည်မဲ့ လူငယ် တစ်ယောက် ရသွားတယ်။ ”
ခရမ်းငယ်က ဤအကြောင်း အရာကို စိတ်ဝင်စားပုံ မပြဘဲ၊
“ သူ့ကို တွေ့လိုက်တယ်၊ ရှေ့ဟောင်း ပျက်သုဉ်း မြေက မဟုတ် သလို၊ သူ့ နောက်ခံကို ဘယ်သူ မှလည်း မသိ ကြဘူး၊ ...
... ကြည့်ရတာ အင်ပါရီယန် အဆင့်ကို စိတ်မဝင် စားတဲ့၊ နင့်လို လူငယ်တွေ အများကြီး ရှိနေ ပုံပဲ။ ”
အင်ပါ ရီယန် အဆင့်၊ ပင်မ နတ်ဘုရား အဆင့်နှင့်၊ နဂါး သွေးလွှတ်ကြော အဆင့် တို့ကို၊ နတ်နဂါး အင်ပါယာမှ သတ်မှတ် ပေးခြင်း ဖြစ်၏။
မြို့တိုင်းတွင် ကျောက်တိုင် တစ်တိုင် ထားရှိကာ၊ အဆင့် ရှိသူ၏ အမည် များကို ရေးထွင်း ပေးထားသည်။
အများ စုသည် အဆင့် တစ်ခု ရယူရန် သို့မဟုတ် တိုက်ပွဲ အတွေ့ အကြုံများ ရရှိရန်၊ ၎င်းထံ သွား ကြ၏။
သူတော်စင် အသီး အနှံကို၊ အမည်မဲ့ တစ်ဦးမှ ယူသွား နိုင်သည်မှာ၊ စိတ်ဝင်စား စရာ ကောင်းလေသည်။
“ ဝှစ် ... ။ ”
သည့်စဉ် လျင်မြန် လွန်းသော အဟုန်နှင့်၊ အနက်ရောင် အလင်းတန်း ပြေးဝင် ရောက်ရှိ လာသည်။
ယင်းက ပါးစပ်တွင် အမည်ခံ သူတော်စင် အသီး အနှံ ပါသော သိုလှောင် အိတ်ကို၊ ကိုက် ထားသည့်၊ နဂါးလေး ဖြစ်၏။
နဂါးလေးက လင်းယွန်ကို ပြုံးပြပြီး၊ အိတ်ဆောင် အတွင်းမှ အမည်ခံ သူတော်စင် အသီး အနှံကို မျိုချ လိုက်သည်။
“ မင်း ... ထပ်ခိုး လာပြန် ပြီလား။ ”
“ ဟမ့် ... နင် နဂါးလေးကို၊ ဒီလို စွပ်စွဲ မနေနဲ့၊ နဂါးလေးရဲ့ ခွန်အားက တိုးတက် နေပြီ၊ သူက ငါ့ရဲ့ ကလေးပဲ။ ”
ခရမ်းငယ်က ချက်ချင်းပင် လင်းယွန်အား ရန်လို လာ၏။ သွေးကန်ထဲ ပစ်ချခံရ ပြီးနောက် နဂါးလေးမှာ၊ အားကောင်း လာပုံ ရသည်။
“ လောဟွာနဲ့ ... တိမ်လွှာဂိုဏ်း ဆီကို သွားရအောင်။ ”
လင်းယွန်မှ ပြောလိုက် သည်နှင့်၊ ခရမ်းငယ်မှာ ဓားသေတ္တာထဲ ဝင်ရောက် ပျောက်ကွယ် သွားလေသည်။
တစ်နာရီ ကြာ ပြီးနောက်၊ တိမ်လွှာဓား ဂိုဏ်း စခန်းချရာ အရပ်သို့၊ ရောက်ရှိ လာခဲ့ သည်။
မြေပြင်ပေါ် ဆင်းသက် လိုက်သည်နှင့်၊ တရားထိုင် နေသော လူတိုင်း မျက်လုံး ပွင့်လာ ကြ၏။
နှစ်ရက် အတွင်း လင်းယွန် တစ်ယောက်၊ သိသိ သာသာ ပြောင်းလဲ လာသည်ကို၊ ယဲ့ဇီလင် ခံစား မိသည်။
ကျင့်ကြံ မှုတွင် ပြောင်းလဲခြင်း မရှိ သော်လည်း၊ စိတ်နေ စိတ်ထားမှာ များစွာ တည်ကြည် လာပေ၏။
( မွေးရာပါ သူတော်စင် နဂါး ခန္ဓာကိုယ်။ )
လင်းယွန် ခန္ဓာ ကိုယ်သည် သူမ၏ နတ်နဂါးဓား ကိုယ်ထည်နှင့် ဆင်တူသော ခံစား ချက်ကြောင့်၊ ထိုအတွေး ဝင်လာ မိသည်။
ဤလင်းယွန်၌ လျှို့ဝှက်ချက် များစွာ ရှိနေပုံ ရ၏။
“ ညီလေ လင်း၊ မင်း တစ်ယောက်တည်း ဂိုဏ်းကြီး ရှစ်ဂိုဏ်းက ပါရမီရှင် တွေကို အနိုင် ယူခဲ့တာ၊ ငါ ကြားတယ်။ ”
ကျန်းလိချန်မှ ပြုံးပြီး နှုတ်ဆက် လာသည်။
“ သွေ့ရော် ကျွန်းကို သွားရမယ့် အချိန်ပဲ … ။ ”
ယဲ့ဇီလင်းက လူတိုင်း ကြားအောင် ပြောကြား လာသည်။ သူမနှင့် လောဟွာ တို့က အဖွဲ့ကို ဦးဆောင် လိုက်ကြ၏။
အပြာရောင် မိုးကြိုး ဂိုဏ်းမှ၊ သူ့အား လာရှာသဖြင့်၊ တိုက်ပွဲ ဖြစ်ပွား ခဲ့ကြောင်းကို ကြားသော အခါ၊ လင်းယွန်က အံ့အားသင့် သွားသည်။
ထိုလူများမှာ ကြောက်မက်ဖွယ် ကောင်း သော်လည်း၊ ရှုံးနိမ့် လိမ့်မည်ဟု၊ မှန်းဆ ထားပြီး ဖြစ်သည်။
သို့သော် ယဲ့ဇီလင်နှင့် လောဟွာမှ၊ ဤသို့ သတ်ပစ်လိမ့် မည်ဟု မမျှော်လင့် ထားသည်မှာ၊ အမှန် ပေပင်။
သွေ့ရော် ကျွန်း ထံသို့၊ လူအများ ဟိုမှ သည်မှ ဦးတည် လာနေ ကြသည်။ သို့သော် မည်သူ မျှ ကျွန်းပေါ် မတက် ဝံ့ချေ။
အင်ပါ ရီယန်များ အတွက်၊ ကန့်သတ်ချက် မရှိ တော့မှန်း သိသော်လည်း၊ ပင်မ နတ်ဘုရား များကို၊ ခေါ်ဆောင် လိုသဖြင့်၊ ထပ်မံ စောင့်မျှော် နေခြင်း ဖြစ်သည်။
“ အင်အားကြီး ဂိုဏ်းတွေက တကယ်ကို သန်မာကြ တာပဲ။ ”
ကျန်းလိချန်မှ သက်ပြင်းချကာ စကားဆို လာသည်။ ပင်မ နတ်ဘုရားများ အမှန် တကယ် ဝင်ရောက်လာ ပါက၊ ပြိုင်ဆိုင် မှုမှာ၊ ပြင်းထန် လာမည် ဖြစ်၏။
အင်ပါရီယန်များ အနေဖြင့်၊ သူတော်စင် ရူရ်ကို ရေးထွင်းပြီး၊ ကျွန်းပေါ်တွင် အောင်မြင်မှု ရယူနိုင် သော်လည်း၊ ကောင်းကင် အဆင့် ပင်မ နတ်ဘုရား များကို ရင်ဆိုင်ရန် မဖြစ် နိုင်ချေ။
“ အဲဒီလောက် မလွယ်ဘူး။ ”
လျှို့ဝှက် ပစ္စည်း များကို ကိုင်ဆောင်ကာ၊ သွေ့ရော် ကျွန်းဆီသို့ ပျံသန်း လာသော လူငယ် (၈) ဦးထံ ကြည့်ကာ၊ ယဲ့ဇီလင်မှ ပြောခြင်း ဖြစ်သည်။
“ ဝှစ် ... ။ ”
၎င်းတို့က လျင်မြန် လွန်းသော အဟုန်ဖြင့်၊ အက်ကြောင်း ထဲသို့ ဖြတ်ကျော် ဝင်ရောက်သွား ကြသည်။
“ သူတို့ ... ဝင်လို့ ရတာလား။ ”
အာမေဋိတ် သံများက ပတ်ဝန်းကျင်၌ ထွက်ပေါ် လာ၏။ ကောင်းကင် အဆင့် ပင်မ နတ်ဘုရားများ ဝင်ရောက် နိုင်ခြင်းသည်၊ သတင်းကောင်း မဟုတ်ချေ။
ကျွန်းပေါ် ရောက်သော်၊ ရတနာ မျိုးစုံကို ၎င်းတို့ လက်ဝါးကြီး အုပ်တော့ မည်မှာ သေချာ ချေပြီ။
သို့သော် သွေ့ရော် ကျွန်းတွင် ရှင်သန် နိုင်ပါက၊ ဆယ်စုနှစ် များစွာ ကျင့်ကြံ ခြင်းနှင့်၊ ညီမျှ သောကြောင့်၊ မည်သူမျှ လက် မလျှော့ လိုကြခေျ။
မဝင် ဝံ့သော်၊ ထိုလူ များကို၊ ဤတစ်သက် လိုက်မီနိုင် တော့မည် မဟုတ်မှန်း နားလည် ထား ကြသည်။
“ ဂျိန်း ... ။ ”
ထိုအချိန်တွင် မြကျောက်စိမ်း စံအိမ်မှ ကောင်းကင် အဆင့် ပင်မ နတ်ဘုရားသည်၊ ရုတ်တရက် မိုးကြိုး ပစ်ခံလိုက် ရ၏။
သူတော်စင် ချပ်ဝတ်မှာ၊ တစ်ချက်ပင် တောင့်မခံ နိုင်ဘဲ၊ အပိုင်းပိုင်း ကွဲအက် သွားကာ၊ အခိုး အငွေ့များ အဖြစ်၊ ပျောက်ကွယ် သွား စေသည်။ သူ့ လျှို့ဝှက် ရတနာကို အသုံး ပြုခွင့်ပင် မရ လိုက်ချေ။
“ ပြန် လာ ခဲ့ ... ။ ”
သူတို့ ဂိုဏ်းများမှ၊ လောက နိယာမ နယ်ပယ်၊ ကျွမ်းကျင်သူ များသည်၊ ၎င်းတို့အား ကယ်တင်ရန် လှုပ်ရှား လာကြသည်။
“ ဝှစ် ... ။ ”
၎င်းတို့ အသီးသီး၏ စွမ်းအင်ဖြင့်၊ အလွန် ကြီးမားသော လက်ကြီး တစ်ဖက် ဖန်တီးကာ၊ လှမ်းဆွဲ လိုက်၏။
သို့သော် အတား အဆီးမှာ၊ မဟာ သူတော်စင် တစ်ပါး၏ ဆန္ဒ ဖြစ်နေ သဖြင့်၊ အချည်းနှီး ပေပင်။
“ ဂျိန်း ... ။ ”
တစ်ချိန်တည်း မှာပင်၊ အခြားသော ကျွမ်းကျင်သူ ရှစ်ဦး သည်လည်း၊ တစ်ယောက် ပြီး တစ်ယောက်၊ မိုးကြိုး ထိမှန်ကာ ပျောက်ကွယ် သွားရ တော့၏။
“ ငါ့ ကောင်းကင် ... ။ ”
သို့သော် ဂိုဏ်းကြီး များက လက်မလျော့ သေးချေ။ သာလွန် ပင်မ နတ်ဘုရား များအား၊ ထပ်မံ စေလွှတ် လိုက်ပြန်သည်။
“ ဝှစ် ... ။ ”
ရလဒ် အနေဖြင့်၊ မိုးကြိုး မုန်တိုင်းက တိုက်စား သွား၏။ လွတ်မြောက် သူများ ၌ပင်၊ ဒဏ်ရာများ ရရှိသွား သောကြောင့်၊ အသက် ရှင်ရန် မဖြစ်နိုင် တော့ချေ။
ထို့ကြောင့် လင်းယွန်က စိုးရိမ် စွာဖြင့်၊ လောဟွာကို လှည့်ကြည့် မိသည်။
“ ငါ့ကို စိတ်ပူ နေတာလား၊ စိတ်မပူနဲ့ ... ၊ ဒီကို မလာခင် ထဲက ... ၊ ကြိုတင် ပြင်ဆင်မှု လုပ်ထား ပြီးပြီ။ ”
လောဟွာမှ ပြန်ပြော သည်။၊ သူမသည် အမှန်ပင် သာလွန် ပင်မ နတ်ဘုရား နယ်ပယ်၌ ရှိမည်ဟု၊ လင်းယွန် ထင်၏။
သည့်နောက် ဂိုဏ်းကြီး များက၊ ကနဦး ပင်မ နတ်ဘုရား များကို ထပ်မံ စေလွှတ် ကြ ပြန်သည်။
ဤတစ်ကြိမ်တွင် ၎င်းတို့မှာ ကျွန်းပေါ်သို့ ဆင်းသက် နိုင်လိုက် သော်လည်း၊ တစ်ဝက်ခန့် သေဆုံး ခဲ့ရ သေးသည်။
ဤမြင်ကွင်းကြောင့် လင်းယွန်မှာ၊ သက်ပြင်းချ လိုက်၏။ ပင်မ နတ်ဘုရား များကို စမ်းသပ်ခံ အဖြစ်၊ အသုံးချ နေသည်မှာ၊ ရူးချင် စရာ ပေပင်။
“ အချိန် ကျပြီ ... ၊ ကောင်းကင်ယံ ဂိုဏ်းရဲ့ တပည့်တွေ ဘယ်မှာလဲ။ ”
“ ရှိ ပါ တယ်။ ”
ချင်းကန်တို့ သုံးယောက်၏ ဦးဆောင်မှု နောက်သို့၊ လူပေါင်း ရာနှင့် ချီပြီး၊ လိုက်ပါသွား ကြသည်။
“ ကောင်းကင်ဘုံ ဓားမော့ ခန်းမရဲ့ တပည့်တွေ ငါ့ နောက်ကို လိုက်ခဲ့ကြ။ ”
“ မြကျောက်စိမ်း စံအိမ်ရဲ့ တပည့်တွေ ဘယ်မှာလဲ။ ”
“ နက်ရှိုင်း တောင်ကြားရဲ့ တပည့်တွေ ... ”
သြဇာ ကြီးမားသော ဂိုဏ်း ခေါင်းဆောင် များက၊ သူတို့၏ အင်ပါရီယန် ထူးချွန်သူ များကို ချက်ချင်း ခေါ်ငင် သွားကြသည်။
“ ဓားဂိုဏ်းရဲ့ တပည့်တွေ ... ။ ”
စစ်ခုန်ကျိုးက တပည့် တစ်စု နှင့်အတူ ကောင်းကင်ပေါ် ပျံတက် သွားသည်။ ယင်းက ဓားများ ပျံတက်သွား သကဲ့သို့၊ ထင်မှား လာစေ၏။
“ ဝှစ် ... ။ ”
ဤနည်းဖြင့် ရှေးဟောင်း ပျက်သုဉ်း နယ်မြေ၏ တန်ခိုးကြီး ဂိုဏ်း ရှစ်ဂိုဏ်းသည်၊ ဝင့်ကြွား လွန်းသော အသွင်များ ပြသကာ၊ ကျွန်းပေါ် ပျံသန်း သွားကြ တော့သည်။
***