← Chapters

ဓား တန်ခိုးရှင် တုကူယွင်။

Vol. 92 Ch. 1281

ဓား တန်ခိုးရှင် တုကူယွင်။

Vol. 92 Ch. 1281

ကောင်းကင် တခွင်လုံး ကျင့်ကြံသူ များနှင့်၊ ပြည့်နှက် သွားသည်။ ဤသွေ့ရော် ကျွန်းသည် သူတို့ အတွက်၊ စင်မြင့် တစ်ခု ဖြစ်ချေ၏။

တန်ခိုးကြီး ဂိုဏ်း ရှစ်ဂိုဏ်း၏ တပည့်များ ထွက်ခွာ သွားသည်နှင့်၊ ဂိုဏ်းကြီး များမှလည်း၊ သူတို့ ပါရမီရှင် များကို၊ စေလွှတ် လာသည်။

တစ်ဖက်တွင် မိစ္ဆာ ကျင့်ကြံသူ များမှာ၊ စုစည်းလျက်၊ ပျံသန်း လာ၏။

“ ငါ တို့လည်း သွားရအောင်၊ ဒါပေမယ့် မိုးကြိုး မုန်တိုင်း ရည်ရွယ် ချက်က တကယ်ကို ကြောက်စရာ ကောင်းတယ်၊ သတိ ထားပါ။ ”

ယဲ့ဇီလင်မှ လေးနက်သော အမူ အရာဖြင့် ပြောကြား လာသည်။ သူမ သည်လည်း သတိ လက်လွှတ် မနေ ဝံ့ချေ။

ကန့်သတ် ချက်သည် ပင်မ နတ်ဘုရား များကိုသာ ပစ်မှတ် ထားသည် မှန်သော်လည်း၊ မည်သည့် အမှား အယွင်းမျှ မလို ချင်ချေ။

လင်ယွန်က အလျင် စလို မ၀င် သေးဘဲ၊ လောဟွာ အနား တိုးကပ် လိုက်သည်။

( အဟက် ... ၊ မဟာ သူတော်စင် ဆန္ဒ ကသာ သူ့ကို ပစ်မှတ် ထားရင်၊ နင် ... ဘာမှ လုပ်လို့ မရ ပါဘူး။ )

ခရမ်းငယ်က ချက်ချင်း လှောင်ပြောင် လိုက်သည်။

( ထပ်ပြောရင် မင်းကို နှင်ထုတ်ဖို့ စဉ်းစားမယ်။ )

လင်းယွန်က သတိပေး လိုက်သည်။ ဤဖီးနစ်၏ ပါးစပ်မှ မကောင်းသော စကားလုံး တိုင်းသည်၊ အမှန် ဖြစ်လာ တတ် သဖြင့်၊ သူမ ပါးစပ်ကို အနည်းငယ် ကြောက်ပေသည်။

( ဟမ့် ... ၊ အကြင်နာ မဲ့တဲ့ကောင်။ )

ခရမ်းငယ်က အော်ဟစ်ပြီး၊ တိတ်ဆိတ် သွားတော့သည်။ သူတို့ အဖွဲ့၏ အရှိန်မှာ ပုံမှန် အတိုင်း၊ ရွေ့လျား နေ၏။

အက်ကွဲကြောင်း အတွင်း ဝင်လိုက်သော အခါ၊ မိုးကြိုး မုန်တိုင်းမှာ ထင်ထား သည်ထက် ပိုမို အားကောင်းကြောင်း၊ သိလာ ရသည်။

“ လေ ရည်ရွယ်ချက်က အားနည်း နေသလိုပဲ၊ အမှန်ဆို လျှပ်စီး ရည်ရွယ်ချက် ထက်၊ အားနည်း လှတာ မဟုတ်ဘူး … ။ ”

ဤနေရာရှိ လေထုမှာ မသက် မသာ ဖြစ်စေသည်။ သို့သော် သူနှင့် ရင်းနှီး သည်ဟု၊ လင်းယွန်က ခံစား ရ၏။

အဆုံးတွင် သူ၏ မွေးရာပါ သူတော်စင် မိုးပြာ နဂါး ခန္ဓာ ကိုယ်သည်၊ မိုးကြိုး မုန်တိုင်း များနှင့် ဆက်သွယ် တော့သည်။

“ ထန် ... ထန် ထန်။ ”

“ ဒီကောင်တွေ ... ။ ”

မကြာမီ စွမ်းအင် အတက် အကျ လှိုင်းများနှင့်၊ တိုက်ပွဲ ဖြစ်ပွားသံ များကို ရုတ်တရက် ကြားလိုက် ရသည်။

“ ကြည့်ရတာ ... လေပြေ တွေက သားကောင်ကို ရှာနေ သလိုပဲ။ ”

ရှေ့ပြေး လေပြေ များသည်၊ လေဆင် နှာမောင်းများ မတိုက်ခင်၊ ရောက်ရှိ လာတက် သဖြင့်၊ နိမိတ် မကောင်းသည့် လေများ ဖြစ်၏။

သာမာန် လေပြေတွင်၊ မည်သည့် အသိဉာဏ်မှ မပါ ရှိဘဲ၊ ဗီဇ အရ နီးစပ်သော မည်သည့် အရာကို မဆို၊ ဖြတ်ကျော် ရန်သာ သိကြ ပေသည်။

ဤလေပြေ ၌မူ၊ ပယင်း ကမ္ဘာရှိ မီးလျှံ သွေးကြောများ ကဲ့သို့၊ အသိ ဉာဏ်များ ပါရှိ နေ ချေ၏။

၎င်းတို့မှ သူတို့ လူစုအား အာရုံခံ မိကာ၊ လေဆင် နှာမောင်းကို စွဲခေါ် လာသော်၊ ရှောင်၍ ရနိုင်မည် မဟုတ်ချေ။

“ ဝှစ် ... ။ ”

ထို့ကြောင့် ယဲ့ဇီလင်နှင့် လောဟွာက အရှိန်ကို မြှင့်လိုက်ရာ၊ သွေ့ရော် ကျွန်းအား ပို၍ နီးကပ် လာခဲ့သည်။

ဂိုဏ်းကြီး များစွာက၊ ရှေ့ပြေး လေများ လက်တွဲကာ၊ သတ်ပစ် လိုက်ကြသည်။ ၎င်းတို့ သေလွန် ပြီးသော်၊ သူတို့၏ အနှစ် သာရများ ပါရှိသည့်၊ ပုံဆောင် ခဲများ ရရှိ လေသည်။

ထိုပုံဆောင်ခဲ များတွင် လေ ရည်ရွယ်ချက် ပါရှိပြီး၊ ပြင်ပ ကမ္ဘာ၌ ရှားပါးသော ရတနာများ ဖြစ်ချေ၏။

သွေ့ရော် ကျွန်းသို့ မဆင်း သက်မီ၊ ဤရိတ်သိမ်း နိုင်မှုကြောင့်၊ လူတိုင်းက ပို၍ စိတ် လှုပ်ရှား လာသည်။

အစောပိုင်း အချိန်၌ သေဆုံး သွားသော၊ ပင်မ နတ်ဘုရား နယ်ပယ် ကျွမ်းကျင် သူများ ကိုပင်၊ မေ့လျော့ သွား စေသည်။

“ ညီမလေး ... ၊ အပြာရောင် မိုးကြိုး ဂိုဏ်း။ ”

ကျန်းလိချန်က လူ တစ်စုကို မြင် သည်နှင့်၊ သတိပေး လိုက်သည်။ ၎င်းတို့၌ အမည်ခံ ပင်မ နတ်ဘုရားများ ပါရှိ နေ၏။

ထိုအမည်ခံ ပင်မ နတ်ဘုရား တိုင်းမှာ၊ ဆန္ဒ ရှိပါက၊ အောင်မြင်မှု တစ်ခုကို ရယူရန်၊ အရည် အချင်း ရှိနေ ကြသည်။

ယင်းနောက် ခိုင်မာသော အင်အားစု အဖြစ်သို့၊ ရောက်ရှိ သွားမည် ဖြစ်၏။ အခြေခံ အုတ်မြစ် အချို့ ရှိသည့်၊ ဂိုဏ်းတိုင်းမှ ဤနည်း လမ်းကို အသုံးပြု ကြပေမည်။

“ ဝှစ် ... ။ ”

ယဲ့ဇီလင်က မမြင်ဟန် ပြုကာ၊ ဖြတ်ကျော် သွားလိုခဲ့ သော်လည်း၊ ၎င်းတို့၏ ဝိုင်းရံ ခြင်းကို ခံလိုက် ရသည်။

“ လင်းယွန်က ဘယ်သူလဲ။ ”

အပြာရောင် မိုးကြိုး ဂိုဏ်း၏ တပည့်များ ခြံရံလျက် လူငယ် တစ်ယောက်က မေးမြန်းလာ လေသည်။

ခရမ်းရောင် အ၀တ် အစားကို သပ်ရပ်စွာ ဝတ်ဆင် ထားပြီး၊ ထက်ရှသော ဓားရောင်ဝါကို ထုတ်ဖော် ထားသည်။

၎င်းသည် အပြာရောင် မိုးကြိုး ဂိုဏ်း၏ ဓားတန်ခိုးရှင် တုကူယွင် ဖြစ်သည်။ သူတော်စင် အသီး အနှံ အတွက်၊ ယှဉ်ပြိုင်ရန် လာသည်ကို၊ အဝေးမှ လင်းယွန် မြင်ထား ဖူး၏။

“ ငါ့ကို ရှာနေ တာလား။ ”

လင်းယွန်က မကြောက် မရွံ့ ပြုံးကာ ပြန်ဖြေ လိုက်သည်။

“ မင်း ... တကယ် သတ္တိ ရှိတာပဲ။ ”

“ စီနီယာ အစ်ကို တုကူ၊ သူ့ကို လွှတ် မထားနဲ့၊ သူက ငါတို့ ဂိုဏ်းရဲ့ တပည့် တွေကို ရက်ရက် စက်စက် သတ်ဖြတ် ခဲ့တယ်။ ”

“ ဒီမှာ ... လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူတွေ မရှိဘူး၊ သူ့ကို သတ်တာ အကောင်း ဆုံးပဲ။ ”

“ သွေးကို သွေးနဲ့ပဲ ပေးဆပ် ရမယ်။ ”

အပြာရောင် မိုးကြိုး ဂိုဏ်း၏ တပည့် များစွာက၊ လင်းယွန်ကို မြင်သော အခါ၊ ဒေါသ ထွက်လာပြီး၊ အော်ဟစ် လိုက်ကြသည်။

သူတို့ အဖွဲ့တွင် ကနဦး ပင်မ နတ်ဘုရား အချို့ပင် ပါရှိ လာ၏။ ထို့ကြောင့် ကြောက်ရွံ့နေ စရာ မရှိချေ။

“ လင်းယွန်က လွဲပြီး၊ လူတိုင်း သွား နိုင်တယ်။ ”

တုကူယွင်က အေးစက်စွာ အမိန့်ပေး လိုက်သည်။ ဤလူများသည် သူ့မျက်လုံး ဖွင့်ရန် မထိုက်တန် သဖြင့် တစ်ချိန်လုံး၊ မျက်စိ မှိတ်ထား ခဲ့သည်။

သူ့တွင် တစ်ချက် ကြည့်ရုံဖြင့်၊ အသက် နှုတ်ယူ နိုင်သော အပြာရောင် မိုးကြိုး မျက်လုံး တစ်စုံ ရှိနေ ကြောင်း၊ လူတိုင်း သိ၏။

ထိုကျော်ကြားမှုက သူ့ကို ကြောက်စရာ ကောင်းလာ စေပြီး၊ ပြန်လည် မေးခွန်း မထုတ် ဝံ့သော၊ လွှမ်းမိုး မှုမျိုး ရရှိ စေသည်။

“ ငါ ... ငြင်းရင် ဘာဖြစ် မလဲ။ ”

ယဲ့ဇီလင်မှ ဓားရိုးပေါ် လက်တင်ကာ၊ ပြန်ပြော လိုက်သည်။ စေ့စပ် ညှိနှိုင်းရန် မဖြစ် နိုင်သော၊ တိုက်ပွဲ တစ်ခုက စောင့်ကြို နေ ပေ၏။

၎င်းက ပတ်ဝန်းကျင် လေထုကို ချက်ချင်း တင်းမာ သွားစေပြီး၊ လူတိုင်းမှ အာရုံစိုက် လာ တော့သည်။

သွေ့ရော် ကျွန်းသို့ မဆင်း သက်ခင်၊ တိုက်ပွဲ တစ်ခု စတင် ခြင်းသည်၊ ပညာ မဲ့သော လုပ်ရပ် ဖြစ်ချေပြီ။

သို့သော် လင်းယွန်နှင့် မိုးကြိုး ဂိုဏ်းမှန်း သိချိန်၌၊ အရာ အားလုံးကို ချက်ခြင်း နားလည် သွားကြ၏။

ဤလူငယ်သည် ဂိုဏ်းကြီး ရှစ်ဂိုဏ်းမှ တပည့် များကို သတ် ပြီးနောက်၊ သက်တံဓား သူတော်စင် တပည့်၏ အကူ အညီဖြင့်၊ အသက်ရှင် နေခဲ့သည်။

ထို့ကြောင့် သွေ့ရော် ကျွန်းသို့ ခိုးဝင် သင့်သည်ဟု လူတိုင်းက ယူဆ လိုက်ကြသည်။ သူတော်စင် အသီးအနှံ ပြိုင်ပွဲတွင်၊ လင်းယွန်ကို မတွေ့ ရသဖြင့်၊ ယင်းသို့ ရုပ်ဖျက်ကာ လှုပ်ရှား နေမည် ဖြစ်ကြောင်း၊ ယုံကြည်လာ ကုန်၏။

သက်တံဓား သူတော်စင် တပည့်၏ အကူ အညီမျှ မပါဘဲ၊ ဤသို့ ထွက်လာ ဝံ့ခြင်းသည်၊ သေမင်းကို စိန်ခေါ်ရာ ရောက်ပေမည်။

လူများစွာသည် လင်းယွန်ကို သဘောကျ နှစ်ခြိုက်ကြ သဖြင့်၊ ဤမြင်ကွင်းက သူတို့အား သက်ပြင်း ချကာ ခေါင်းယမ်း စေခဲ့သည်။

တိုက်ပွဲ တစ်ခု မကြာမီ ဖြစ်ပေါ် လာပေ တော့မည်။ ထို့ကြောင့် တုကူယွင်၏ မျက်လုံးမှာ၊ ကောလ ဟာလများ အတိုင်၊ အမှန် တကယ် အစွမ်း ထက်ခြင်း ရှိ-မရှိ သိချင် လာကြ၏။

“ အစ်မ ယဲ့ ... ။ ”

ထိုအချိန်တွင် နှုတ်ဆက်သံ ထွက်ပေါ် လာသဖြင့်၊ လှည့်ကြည့် လိုက်ရာ၊ ဓားသေတ္တာ ထမ်းထားသော လူ တစ်စုကို တွေ့လိုက် ရသည်။

“ ဓားဂိုဏ်း ... ။ ”

ရပ်ကြည့် နေသူများ အားလုံး၊ ကြောက်လန့် တကြား အော်ဟစ် လိုက်ကြ၏။ ဓားဂိုဏ်းသည်၊ ဓားသမား များကြား အသန်မာဆုံး ဖြစ်၏။

နှုတ်ဆက်လာ သူမှာ မူချင်းချင်း ဖြစ်ပြီး၊ အပြာရောင် မိုးကြိုး ဂိုဏ်းကို မမြင် ဟန်ဖြင့်၊ လျှောက်လှမ်း လာသည်။

“ အစ်ကိုကြီး … ။ ”

အားလုံးက တုကူယွင်ကို၊ လှည့်ကြည့် လိုက်သည်။ သို့သော် တုကူယွင်မှာ မျက်လုံးများ မှိတ်ထား လျက်မှ၊ အဖြူဝတ် လူငယ်ထံ မျက်နှာမူ လိုက်၏။

“ မင်း သူငယ်ချင်းလား။ ”

အဖြူဝတ် လူငယ်က မူချင်းချင်းထံ လှည့်ကြည့်ကာ မေးသည်။ မူချင်းချင်းမှ ခေါင်းညိတ် ပြပြီး၊

“ သူတို့ကို ကူညီ ပေးနိုင် မလား။ ”

“ အဆင်ပြေ ပါတယ်။ ”

အဖြူဝတ် လူငယ်မှာ၊ စစ်ခုန်ကျိုး ဖြစ်ပြီး၊ အင်ပါရီယန် စတုတ္ထ ဖြစ်၏။ သူက တုကူယွင်ကို မကြည့်ဘဲ ပေါ့ပေါ့ ပါးပါး ပြန်ဖြေသည်။ ထို့စဉ် တုကူယွင် ထံမှ ဓားရောင်ဝါများ ပေါက်ကွဲ လာသည်။

မမြင် နိုင်သော လက် တစ်စုံဖြင့် နှလုံးသားကို ဆုပ်ကိုင် ခံလိုက်ရ သကဲ့သို့၊ လူတိုင်း ခံစား လာရ၏။

သို့သော် ထိုအချိန်တွင်၊ လျှပ်စီးများ ထွက်လာပြီး၊ ထိုဓား ရောင်ဝါကို ပျောက်ကွယ် သွားစေ ခဲ့သည်။

တစ်ယောက်သည် ဓား တန်ခိုးရှင်ဟု လူသိများပြီး၊ တစ်ယောက်သည် ဓားဂိုဏ်းမှ ပါရမီရှင် ဖြစ်၏။ မည်သူ နိုင်မည်ကို သိချင် လာလေသည်။

တစ်ချိန်တည်း မှာပင် တုကူယွင်နှင့် စစ်ခုန်ကျိုးသည် သူ့အား လျစ်လျူ ရှုထား သဖြင့်၊ လင်းယွန်မှ ပြုံးလိုက် မိသည်။

“ ငါ ... မင်းကို သွေ့ရော် ကျွန်းမှာ စောင့်နေမယ်။ ”

နောက်ဆုံးတွင် တုကူယွင်က မျက်လုံး မဖွင့်ဘဲ လှည့်ထွက် သွားတော့သည်။ သို့မှသာ ကျန်းလိချန်နှင့် ကျန်လူ များက၊ စိတ်သက် သာရာ ရသွား၏။

တုကူယွင် တစ်ယောက် တည်း ကပင်၊ တိမ်လွှာ ဓားဂိုဏ်း တစ်ဂိုဏ်း လုံးနှင့်၊ ယှဉ်နိုင် ပေသည်။

“ အဟဲ ... အစ်မ ယဲ့ ငါတို့နဲ့ လိုက်ခဲ့။ ”

မူချင်းချင်းက ပြုံးကာ၊ ဖိတ်ခေါ် လိုက်၏။ ယဲ့ဇီလင်က ဓားကိုင် လက်အား သက်တောင့် သက်သာ ပြင်ယူ ပြီး၊

“ နင် ... ဓားဂိုဏ်း ထဲကို မြန်မြန် ဝင်ရမယ်။ ”

-ဟု လှည့်ကာ ပြော လိုက်သည်။

“ စီနီယာ အစ်မ၊ ဓားဂိုဏ်းနဲ့ ... တိုက်ပွဲတွေ စမှာ မကြောက် ဖူးလား၊ နောက်ဆုံးတော့ ငါက စိတ်ကောင်း ရှိတဲ့ လူအဖြစ် နာမည် ကြီးတယ်၊ ဒါကို မင်းလည်း သိပါတယ် … ။ ”

လင်းယွန်မှ ပြုံးကာ ဆို သော်လည်း၊ ယဲ့ဇီလင်မှာ ပြုံး မလာချေ။ မျက်လုံး မှေးစင်း လျက်၊ ပြန်ကြည့် နေခဲ့သည်။

“ သူတို့ကို ငါ ရှောင်လို့ မရဘူး … ။ ”

ချင်းတန်နှင့် ကျန့်တင်းကို တွေ့သော အခါတွင်၊ လင်းယွန်က သက်ပြင်း ချပြီး ရေရွတ် လိုက်သည်။

လွန်ခဲ့သည့် ရက်အနည်းငယ် ကပင် ၎င်းတို့နှင့် ပဋိပက္ခ ဖြစ်ခဲ့ သဖြင့်၊ ယခု အချိန်၌ ပါးစပ်ပိတ် နေကြမည် မဟုတ်ချေ။

ကံကောင်း သည်မှာ သူ့တွင်၊ စိတ်ကောင်း ရှိနေြခင်း ဖြစ်သည်။ ယင်းကြောင့် ယဲ့ဇီလင် နှင့် အတူ၊ ဓားဂိုဏ်း နောက်မှ လိုက်ပါ လာမိ၏။

***

All Chapters