← Chapters

ကျွန်းသို့ ဆင်းသက်ခြင်း - (၁)။

Vol. 92 Ch. 1282

ကျွန်းသို့ ဆင်းသက်ခြင်း - (၁)။

Vol. 92 Ch. 1282

ဓားဂိုဏ်းသည် ရှေးဟောင်း ပျက်သုဉ်း နယ်မြေရှိ၊ တန်ခိုးကြီး ဂိုဏ်း (၈)ဂိုဏ်း အနက် ထိပ်ဆုံး (၃) နေရာတွင်၊ အဆင့် သတ်မှတ် ခံထား ရသည်။

၎င်းတို့တွင် အမည်ခံ ပင်မ နတ်ဘုရား နယ်ပယ်၊ ကျွမ်းကျင်သူ တစ်ထောင် နီးပါးခန့် ပါရှိ ချေ၏။

ထိုသူ များသည် သွေ့ရော် ကျွန်းသို့ ဆင်းသက် ပြီးနောက်၊ ပင်မ နတ်ဘုရား အဆင့် သို့ ဝင်ရောက်ပြီး၊ ထိတ်လန့်ဖွယ် အင်အားစု အဖြစ်၊ ပြောင်းလဲ သွားမည် ဖြစ်သည်။

အဖွဲ့ ထဲတွင် ကနဦး ပင်မ နတ်ဘုရား ကျွမ်းကျင်သူ ငါးဦးလည်း ပါရှိ၏။ ဤသည်မှာ အင်အားကြီး ဂိုဏ်းများ၏ အုတ်မြစ် ဖြစ်ပြီး၊ သူတို့နှင့် ယှဉ်ပြိုင်ရန် ခက်ခဲလွန်း ပေသည်။

အထက်ပါ အခင်း အကျင်းကြောင့်၊ ကျွန်းပေါ်တွင် သာလွန် ပင်မ နတ်ဘုရား များနှင့်၊ ရင်ဆိုင်ရ နိုင်သည်ဟု တွေးမိ လာသည်။

ထို့ကြောင့် လင်းယွန် တစ်ယောက် အနည်းငယ် စိုးရိမ် လာမိ၏။ သူ့ နက္ခတ်ကို မြန်မြန် ဖွဲ့စည်းရန် လိုလာပြီ ဖြစ်သည်။

“ သခင်လေး လင်း ... ၊ ငါတို့ ပြန်တွေ့ ကြပြီနော်။ ”

မူချင်းချင်း၏ ပင်ကိုယ် စရိုက် အရ၊ တစ်စုံ တစ်ယောက် အပေါ်၊ ဤသို့ ဖော်ရွေပြ သည်မှာ ရှားပေသည်။

“ အင်း ... ၊ ငါတို့ ပြန်ဆုံ ကြပြန်ပြီ။ ”

လင်းယွန်မှ အလားတူ ပြုံးလျက် ပြန်၍ နှုတ်ဆက် လိုက်၏။ မူချင်းချင်းက ခေါင်းညိတ် လိုက်ပြီး၊ စစ်ခုန်ကျိုးနှင့် တိမ်လွှာဓား ဂိုဏ်းကို မိတ်ဆက် ပေးသည်။

“ မိန်းကလေး ယဲ့ ... ၊ ဓားဂိုဏ်းကို ရောက်တဲ့ အခါ၊ ကြက်သွေးရောင် တောင်ကုန်း ထံ၊ လာလည်ဖို့ မမေ့ ပါနဲ့၊ မင်းက အဖေတူ သမီးပဲ။ ”

စစ်ခုန်ကျိုးက လူတိုင်းကို ခေါင်းညိတ် ပြပြီးနောက်၊ ယဲ့ဇီလင်အား နှုတ်ဆက် စကားဆို သည်။

အထူး သဖြင့် ယဲ့ဇီလင်၏ ဖခင်ကို ရည်ညွှန်းချိန်၌၊ အလွန် လေးစား ဟန်များ ပြသ လာသည်။

“ အဲဒါကို နောက်မှ ပြောရအောင်။ ”

ယဲ့ဇီလင်က တည်ငြိမ်စွာ တုန့်ပြန် လိုက်၏။ စစ်ခုန်ကျိုးက ခေါင်းညိတ် လိုက်ပြီး၊

“ မင်း ... ၊ သူတော်စင် အသီး အနှံ ရသွားတယ် ဆိုတာ ငါ ကြားတယ်။ ”

-ဟု ဆိုကာ၊ လင်းယွန်ထံ လှည့်ကြည့် လိုက်သည်။

ဤအရာက လူတိုင်း၏ အာရုံ စိုက်စရာ ဖြစ်လာ စေ၏။ အဆုံးတွင် သူတော်စင် အသီး အနှံ ရရှိရန်၊ မည်မျှ ခက်ခဲ သည်ကို သူတို့ သိကြသည်။

“ ငါ ကံကောင်း ခဲ့တာပါ။ ”

“ ငါတို့ လောကမှာ၊ ကံကောင်းတယ် ဆိုတာ မရှိ ပါဘူး။ ”

စစ်ခုန်ကျိုးက ခေါင်းခါယမ်း လိုက်ပြီး၊

“ ဒါပေမယ့် တုကူယွင်က လွယ်ကူတဲ့ လူမဟုတ် သလို၊ မင်းက သူ့ ပြိုင်ဘက်လည်း မဟုတ် သေးဘူး၊ ဒါကြောင့် သွေ့ရော် ကျွန်းပေါ် ရောက်တဲ့ အခါ၊ သတိထား ရမယ်။ ”

“ စိုးရိမ် ပေးတဲ့ အတွက် ကျေးဇူး တင်ပါတယ်။ ”

လင်းယွန်က ပြန်ပြော လိုက်သည်။ သည့်နောက် စစ်ခုန်ကျိုးမှ ဦးဆောင်ကာ၊ ကျွန်းဆီသို့ ဆက်၍ ပျံသန်း သွားခဲ့သည်။

ချင်းတန်နှင့် အဖွဲ့မှာ လင်းယွန်ကို လှည့်ကြည့် လိုက်၏။

“ ဒါက တကယ် ကံကောင်း သွားတာ၊ မဟုတ်ရင် သူတော်စင် အသီး အနှံ မွေးဖွားတဲ့ အချိန်က၊ ဘာလို့လာ မကူညီ ရတာလဲ၊ ...

... တုကူယွင်နဲ့ တွေ့တော့ မှသာ ဓားဂိုဏ်းဆီ ကနေ အကူ အညီ တောင်းဝံ့တယ်၊ အရမ်း အရေ ထူတယ်။ ”

“ ငါ သာဆို သူတော်စင် အသီး အနှံကို လွှဲပေး လိုက်ပြီ၊ ဒီ ခွန်အား လောက်နဲ့ သွေ့ရော် ကျွန်းပေါ် ဆင်းမိရင် ရလဒ်က သေခြင်း ပါပဲ။ ”

“ ကျွတ် .... ကျွတ် တကယ် အရှက်မဲ့ လွန်းတယ်။ ”

အချင်းချင်း တီးတိုး စကားများ ပြောလာ ကြသည်။ လေသံမှာ ပုံမှန်ထက် တိုးညှင်း သည် ဆိုသော်လည်း၊ အင်ပါ ရီယန်များ ဖြစ်သဖြင့် လူတိုင်း ကြားနေ ရသည်။

“ မင်းတို့ကို ... ငါ ပါးရိုက်ထား တာတောင်၊ မမှတ်ကြ သေးဖူးလား။ ”

လင်းယွန်မှ နှာခေါင်းကို ပွတ်ပြီး၊ ပြန်ပြော လိုက်သည်။ ယင်းကြောင့် ချက်ချင်းပင် ဒေါသ ထွက်ကုန် ကြသည်။

“ ယင်ကောင် တစ်ကောင် အတွက်၊ စိတ်အနှောင့် အယှက် ဖြစ်နေ စရာ မလို ပါဘူး။ ”

ချင်းကန်က လျစ်လျူရှု စကား ဆို လိုက်သည်။ ဤလင်းယွန် ခမျာ မည်သို့ ဆက်၍ အသက်ရှင် နေမည်ကို ကြည့်ချင်၏။

“ ဒီလူ တွေက တကယ့်ကို စိတ် အနှောက် အယှက် ဖြစ်စရာပဲ။ ”

ယဲ့ဇီလင်က ဒေါသ ထွက်လာသည်။ ဤလူများသည် သူမ၌ ဒေါသ မရှိဟု၊ ထင်နေပုံ ရ၏။

“ ငါက ... ဓားဂိုဏ်းကို မကြာခင် ဝင်ရ တော့မယ်၊ ဘာပဲ ဖြစ်ဖြစ် အနည်း ဆုံးတော့၊ သူတို့ရဲ့ အရိပ် အောက်မှာ၊ ငါတို့က ပြဿနာ တွေကို ရှောင် နိုင်မယ် မဟုတ်လား။ ”

လင်းယွန်က ယဲ့ဇီလင် ပခုံးအား ပုတ်ကာ၊ ဆိုလိုက် တော့သည်။

“ အလို ... ၊ ဒီနေ့ အနောက်က နေထွက် လာတာ များလား။ ”

ကျန်းလိချန်က အံ့သြသော လေသံနှင့် ဝင်ပြောလာ တော့သည်။ ထို့ကြောင့် လင်းယွန် မှ၊ သူ့ကို ပြန်ကြည့်ကာ ပြုံးပြ သည်။

“ အစ်ကိုကျန်း ... ၊ မင်း ဘာတွေ ပြောနေ တာလဲ၊ ဒီညီလေးက ... သဘော ကောင်းတယ် ဆိုတာ မယုံ ဖူးလား၊ ဒီလောက် နဲ့တော့၊ ငါ ဘယ်လိုလုပ်၊ ဒေါသ ဖြစ်နိုင် မှာလဲ။ ”

“ ဟား ဟား ဟား ... ။ ”

လင်းယွန် အကြောင်းကို သိနေသော တိမ်လွှာဓား ဂိုဏ်း၏ တပည့် များက ရယ်မော မိကြသည်။ သူ့ စကားကို မည်သူမျှ မယုံ ကြောင်း၊ သိသာ ပေ၏။

“ ဘာမှား လို့လဲ၊ ငါ့ကို ဘယ်သူမှ မယုံဖူးလား။ ”

ဓားဂိုဏ်း နှင့်အတူ ခရီးစဉ် တစ်ခုလုံး ချောမွေ့ သွားသည်။ လေးနာရီကြာ ပြီးနောက် သူတို့ လမ်းကြောင်း၌၊ အတား အဆီး တစ်ခု ပိတ်ဆို့ နေသည်ကို မြင်လာ ရ၏။

ဤအတား အဆီးမှာ နောက်ဆုံး ဖြစ်ပြီး၊ ၎င်းကို ဖြတ်ကျော် ပြီးနောက်၊ သွေ့ရော် ကျွန်း ပေါ်သို့၊ ဆင်းသက် နိုင်ပြီ ဖြစ်သည်။

အတား အဆီးသည် လျင်မြန်စွာ အားနည်း လိုက်လာ သောကြောင့်၊ လူတိုင်း စောင့်ဆိုင်းနေ ကြလေသည်။

အချိန်ကြာ လာ သည်နှင့် အမျှ၊ အတား အဆီး အပြင် ဘက်၌၊ ကျင့်ကြံ သူများ စုဝေး လာတော့သည်။

“ ရှေးဟောင်း ပျက်သုဉ်း နယ်မြေရဲ့ ... ၊ ပါရမီရှင် အားလုံး ဒီမှာ စုဝေး နေကြပြီ။ ”

ယဲ့ဇီလင်က တစ်ချက် ကြည့်ကာ ပြောသည်။

“ ငါ ... သူတို့နဲ့ မရင်း နှီးဘူး ... ၊ မင်းက ငါ့ကို မိတ်ဆက် ပေးဖို့၊ စိတ်ကူး ရှိလား။ ”

လမ်းတလျှောက် တိတ်ဆိတ် နေသော လောဟွာမှ ရုတ်တရက် စကားစ လာသည်။ ယင်းကြောင့် ယဲ့ဇီလင်မှာ အံ့သြ သွား၏။

လောဟွာမှာ မောက်မာ လွန်းပြီး၊ မည်သူ့ ကိုမျှ၊ စိတ်ဝင်စား တတ်သူ တစ်ဦး မဟုတ်ချေ။ သို့သော် လင်းယွန်ထံ ကြည့်လိုက် ပြီးနောက်၊ သူမ၏ အတွေး များကို ယဲ့ဇီလင်မှ၊ ချက်ချင်း နားလည် သွားသည်။

သွေ့ရော် ကျွန်းသို့ ဝင်ရောက် ချိန်တွင်၊ လင်းယွန် တစ်ယောက် မည်သူကို သတိထား မည်အား၊ သိစေ လိုပုံ ရ၏။

“ ကြောက်စရာ အကောင်းဆုံး ... လူ ကတော့၊ သဘာဝ အတိုင်း ကောင်းကင်ယံ ဂိုဏ်းရဲ့ ပါရမီရှင် သုံးပါးပဲ၊ ‘ကောင်းကင်ယံ ဂိုဏ်းက သူတော်စင် သုံးပါး’ လို့လည်း ခေါ်ကြတယ် … ။ ”

ယဲ့ဇီလင်က ထိုဂိုဏ်း၏ လူငယ် သုံးဦထံ တစ်ချက် ကြည့် လိုက်သည်။ သုံးဦး စလုံး ထံမှ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါများ ထွက်ပေါ် နေ၏။

ယင်းက ၎င်းတို့သည် တစ်ချိန်တွင်၊ သူတော်စင်များ ဧကန် ဖြစ်လာ နိုင်မည် ဟူသော အဓိပ္ပါယ် ပေပင်။

အနာဂတ် ကောင်းကင်ယံ ဂိုဏ်းမှာ၊ သူတို့လက်၌၊ အဆင့် သစ်သို့ ရောက်ရှိ လာမည် ဖြစ်သည်။

“ သူတို့ သုံးယောက်မှာ၊ ချင်းကန်က အသန်မာဆုံးပဲ၊ လွန်ခဲ့တဲ့ နှစ်နှစ်က အင်ပါ ရီယန် ချန်ပီယံကို အနိုင် ယူဖို့၊ လှုပ်ရှားမှု သုံးကြိမ်ပဲ အသုံးပြု ခဲ့တယ်၊ ...

... အဲဒီ နောက် မှာတော့ သူက ချန်ပီယံ ဖြစ်လာပြီး၊ ဘယ်သူမှ စိန်မခေါ် ရဲခဲ့ဘူး၊ အခု သူ ဘယ်လောက် သန်မာ လာတယ် ဆိုတာ ၊ လူတိုင်း သိချင်တဲ့ အရာပဲ၊ ...

... သူတော်စင် အသီး အနှံ၊ မွေးဖွားလာ တုန်းက သူ မလှုပ် ခဲ့ဘူး၊ မဟုတ်ရင် ဆံပင်ဖြူ လူငယ် ယူသွား နိုင်မှာ မဟုတ် ဖူးလို့၊ သူ့ ဂိုဏ်းက ဆိုထားတယ်။ ”

“ သူက တကယ် သန်မာ တာပဲ။ ”

လောဟွာမှ မှတ်ချက်ချ လိုက်သည်။

“ ရွှမ်ရင်နဲ့ လဲ့ကြွယ် ကတော့ ... ၊ ချင်းကန်ထက် နည်းနည်း ပို အားနည်းတယ်၊ ဒါပေမယ့် ဒီနှစ်တွေ ထဲမှာ ချင်းကန်က သူ့ ခွန်အားကို မပြသ တော့လို့၊ ကျန် နှစ်ဦးက ကျော်ကြား လာတယ်။ ”

ယဲ့ဇီလင်မှ သက်ပြင်း ချကာ ဆိုလိုက် တော့သည်။ ချင်းကန် မဆိုနှင့်၊ ကျန်နှစ်ဦး၏ ခွန်အား သည်ပင်၊ ထိတ်လန့် စရာ ပေပင်။

***

All Chapters