ကျွန်းသို့ ဆင်းသက်ခြင်း -(၂)။
Vol. 92 Ch. 1283
ထိုအချိန်တွင် သတ်ဖြတ်ခြင်း ရောင်ဝါကို ထုတ်ဖော်လျက်၊ ဓားကိုင် ထားသော အနက် ဝတ် လူတစ်စု ပေါ်လာသည်။
ထိုသူများထဲ လှမ်းကြည့်ပြီး၊
“ သူတို့က ကောင်းကင်ဘုံ ဓားမော့ ခန်းမကပဲ၊ ခေါင်းဆောင် အမည်က နန်းဂွန်းဇီ၊ ရှေးဟောင်း ပျက်သုဉ်း မြေမှာ၊ ဘယ်သူ့ဓား အထက် ဆုံးလဲ ဆိုတာ၊ အငြင်း ပွားမှုတွေ ရှိတယ်၊ ဒါပေမယ့် ...
... နန်းဂွန်းဇီရဲ့ ဓားမော့က အငယ်ဆုံး မျိုးဆက်တွေ ထဲမှာ၊ အသန်မာဆုံး ဆိုတာ အငြင်း ပွားစရာ မရှိ ပါဘူး။ ”
“ ဟမ့် ... ။ ”
ယဲ့ဇီလင်က ‘ဓားမော့’ ဟု ခေါင်းစဉ် တပ်လိုက် သဖြင့်၊ နန်းဂွန်းဇီမှာ နှာခေါင်း ရှုံ့ပြီး၊ လှည့်ကြည့် လာသည်။ အသံ ရှင်မှာ ဓားဂိုဏ်းမှ ဖြစ်မှန်း မြင်သော်၊ မျက်နှာ ပြန်လွှဲ သွား၏။
“ အဲ့ဒီ မိန်းမတွေ ကကော ... ။ ”
ကျန်းလိချန်က သတ္တိကို စုဆောင်းပြီး၊ မေးလိုက်သည်။ ထိုမိန်းကလေး များကို အချိန် အတော်ကြာ ကပင်၊ သတိထား မိခဲ့သည်။ ထုတ်မေးရန် ရှက်နေ ခဲ့ခြင်း ဖြစ်၏။
ထိုအမျိုးသမီး တစ်ဦး စီတိုင်းသည် တင့်တယ် လှပပြီး၊ ပလွေ၊ ဗျပ်စောင်းနှင့် အခြား တူရိယာ များစွာကို ကိုင်ဆောင် ထားသည်။
၀တ်စား ဆင်ယင်မှု တွင်လည်း၊ ခေတ်မီ လှလေသည်။ ထို့အပြင် ထူးခြားသော စိတ်နေ စိတ်ထား ရှိသည်ကို၊ မြင်ရုံဖြင့် သိနိုင်၏။
ခေါင်းဆောင် အမျိုး သမီးမှာ၊ လှပ သော်လည်း၊ ထူးထူး ခြားခြား စွဲမက် စရာ မကောင်း လှချေ။
သို့သော် သူမ ရောင်ဝါမှာ လူတိုင်းထက်၊ ထင်ရှား ပေါ်လွင် နေသည်။ ထို့ကြောင့် သူသာ မကဘဲ၊ လူတိုင်းက ထိုအမျိုး သမီးများ အပေါ်၊ အာရုံစိုက် နေကြသည်။
“ သူတို့က ကောင်းကင် မှတ်စု ဂိုဏ်းပဲ၊ ခေါင်းဆောင် အမျိုးသမီးက လောရှုရီ၊ အင်ပါ ရီယန် အဆင့်မှာ အဆင့် (၆)၊ နင် သူ့ကို သိမှာပါ။ ”
ယဲ့ဇီလင်က လောဟွာကို လှည့်ကြည့်ကာ၊ ပြောလိုက်သည်။
“ မ သိ ဘူး။ ”
“ ဟား ဟား ဟား ... ။ ”
သို့သော် လောဟွာက ချင်ချင်း ငြင်းဆန် လိုက်၏။ ယင်းကြောင့် လင်းယွန်က ရယ်မော မိလေသည်။
လောဟွာ၏ မျိုးရိုးမှာ၊ လော မဟုတ်ကြောင်း၊ အခြား သူများ မသိချေ။ သူမ အနေဖြင့်၊ ရှေးဟောင်း ပျက်သုဉ်း မြေရှိ၊ မည်သူ့ ကိုမျှ မသိ သည်မှာ၊ သဘာဝ ပေပင်။
“ ဒါပေမယ့် ... လင်းယွန် သိလိမ့်မယ်။ ”
လောဟွာက လင်းယွန်ထံ ပြန်လှည့် ကြည့်ကာ၊ ရုတ်တရက် ပြောသည်။ ထို့ကြောင့် ခိုးကြောင် ခိုးဝှက် လှမ်းကြည့် နေမိသည့်၊ သူ့ အကြည့် များကို၊ လင်းယွန်မှ ပြန်ရုတ် လိုက်ရ၏။
“ သူက သိချင် နေတာ ဖြစ်မှာပါ ... ၊ လောရှုရီက သူ့လို လူကို စိတ်တောင် ဝင်စားမှာ မဟုတ်ဘူး၊ ကောင်းကင်ဘုံ မှတ်စု ဂိုဏ်းရဲ့၊ အမျိုး သမီး တိုင်းက၊ ...
... နောက်ခံ ကောင်း ကြတယ်၊ မြင့်မြတ်မြေရဲ့ တပည့်တွေ နဲ့သာ လက်ထပ် ကြတဲ့ အတွက်၊ လင်းယွန်ကို မျက်လုံးထဲ မရှိ တာတော့ သေချာတယ်။ ”
ယဲ့ဇီလင်က ပြုံးကာ ပြောလိုက်သည်။
“ ငါ သူ့ကို မကြည့် ပါဘူး ... ၊ သူကပဲ ငါ့ကို အရင်ကြည့် နေတာပါ။ ”
လင်းယွန်က အဆင် မပြေသော အမူအရာနှင့်၊ အမြန် ရှင်းပြ လိုက်သည်။
“ နင်က တကယ်ပဲ ကိုယ့်ကိုယ်ကို အထင်ကြီး နေတာပဲ။ ”
ယဲ့ဇီလင်မှ လှောင်ပြောင် ၏။
“ မင်း သူ့ကို မကြည့်ဘဲ၊ သူ ... မင်းကို ကြည့်နေတာ ဘယ်လို သိမှာလဲ။ ”
လောဟွာက ထပ်ပြော လာသည်။ ထို့ကြောင့် လင်းယွန် ခမျာ ခေါင်း ကုတ်လိုက် မိ၏။ သူ လိမ်ပြော နေခြင်း မဟုတ်ချေ။
လောရှုရီမှ သူ့ထံ စိုက်ကြည့် နေသည်ကို၊ ခံစားလိုက် ရသဖြင့် မော့ကြည့် လိုက်ရာ၊ သူမ က ပြုံးပြ လာခြင်း ဖြစ်သည်။
ထို့ကြောင့် လောရှုရီအား ပြန်၍ ကြည့် လိုက်မိ၏။ လောရှုရီမှာ သူ့အား ပြုံးပြ နေဆဲ ဖြစ်သည်ကို အတည်ပြု နိုင်လိုက်သည်။
“ ဟမ့် ... ။ ”
လောဟွာက ဘေးမှ နေ၍ နှာခေါင်းရှုံ့ လေသည်။ ချက်ချင်းပင် မျက်နှာလွှဲ လိုက်ပြီး၊ ယဲ့ဇီလင်အား မလုံ မလဲနှင့် ပြန်ကြည့် မိ၏။
အလား တူပင် ယဲ့ဇီလင်မှ၊ နှာခေါင်း ရှုံ့ပြ လာသည်။ ယင်းက မည်သို့ပင် ရှင်းပြ စေကာမူ၊ ယုံတော့မည် မဟုတ်ကြောင်း၊ နားလည် လိုက်သည်။
သည့်နောက် မိုးကြိုး ဂိုဏ်း၊ နက်ရှိုင်း တောင်ကြား၊ မြကျောက်စိမ်း စံအိမ်နှင့်၊ မိုးကြိုး ကျောင်းတိုက် တို့၊ ထပ်မံ ရောက်ရှိ လာ၏။
တန်ခိုးကြီး ဂိုဏ်း ရှစ်ဂိုဏ်း စုံပြီ ဖြစ် လေသည်။ တစ်ချိန်တည်း မှာပင် အတား အဆီး သည်လည်း၊ အားနည်း လာ၏။
သို့သော် ကောင်းကင်ယံ ဂိုဏ်းသည် စိတ်မရှည် တော့ဘဲ၊ ဦးစွာ ဝင်ရောက် သွား တော့သည်။
“ သွား ရ အောင် ... ။ ”
စစ်ခုန်ကျိုးက လက်ချောင်း များဖြင့် ကျောက်စိမ်းရောင် ဓားရောင်ခြည်ကို ပစ်လွှတ် လိုက်ပြီး၊ အတား အဆီးအား ခွဲပစ် လိုက်သည်။
ပြီးသည်နှင့် ဓားဂိုဏ်း အဖွဲ့ဝင်များ အားလုံးက၊ ပျံသန်း ဝင်ရောက် လိုက်ကြ တော့၏။
တိမ်လွှာဓား ဂိုဏ်းမှ တပည့် တိုင်းက လေးနက်သော အမူအရာ များကို ထုတ်ဖော် ထား ကြသည်။
“ အထဲမှာ သတိထား။ ”
လူတိုင်းက စစ်ခုန်ကျိုး နောက်သို့ လိုက်မိ ကြသည်။ လင်းယွန်မှ လောဟွာထံ လှည့်ကြည့် လိုက်ရာ၊ အဆင် ပြေပြေ ဝင်လာ နိုင်သည်ကို၊ တွေ့လိုက် ရ၏။
ထို့ကြောင့် လေလှိုင်းကို နင်းကာ၊ ထက်ရှသော ဓားတစ်လက် ကဲ့သို့၊ သူမနောက် ပြေးလိုက် သွားခဲ့သည်။
“ ဝှစ် ... ။ ”
သို့သော် ချက်ချင်းပင် ရေစုပ်ဝဲ တစ်ခု၏၊ ဆွဲယူ ငင်ခြင်း ခံလိုက် ရသည်။ မှုန်ဝါး နေသော လူရိပ် များကိုသာ မြင်နိုင် ခဲ့သည်။
လောဟွာ အနား တိုးကပ်ရန် ကြိုးစား လိုက်သော်လည်း၊ မအောင်မြင် လိုက်ချေ။ သူ မသိသော နေရာသို့၊ ဆွဲခေါ်ခြင်း ခံလိုက် ရသည်။
ခဏ အကြာတွင် အရာ အားလုံး ပုံမှန် ပြန်ဖြစ် ပြီးနောက်၊ သူ့ ပတ်ဝန်းကျင်မှ လူများ စွာနှင့် အတူ၊ လေထု အလယ် သူ့ကိုယ်သူ တွေ့ရှိ လာသည်။
“ ငါ့ အမွေကို ... ၊ ကံ ပါတဲ့ လူတွေ ရလိမ့်မယ်၊ မင်းတို့မှာ အချိန် နှစ်လ ရှိတယ်၊ နှစ်လ ကြာလို့မှ အမွေကို ဘယ်သူမှ မရရင်၊ ဒီနေရာကို ပြန်ပိတ်ရ လိမ့်မယ်။ ”
သွေ့ရော် မဟာ သူတော်စင် အသံက ထွက်ပေါ် လာ၏။ ကျွန်းမှာ မယုံ နိုင်ဖွယ် ကျယ် ပြောလှပြီး၊ နေရာ တိုင်းအား သက်တံ အလင်း များဖြင့်၊ ဖုံးအုပ် ထားသည်။
“ အချိန်က အရမ်း နည်းတယ်၊ အရင်ဆုံး နတ်ကြယ် ပုလဲတွေ ရှာကြည့် ရမယ် ... ၊ မရှိရင် သူတော်စင် အသီး အနှံနောက် လိုက်ရ မှာပဲ။ ”
လင်းယွန်က တစ်ကိုယ်တည်း ရေရွတ် လိုက်မိသည်။ နက္ခတ်ကို ဖွဲ့စည်းရန် အလျင်လို လာပြီ ဖြစ်၏။
သူ၏ ကျင့်ကြံမှုသည်၊ ကြယ်စင်စု အဆင့် ၌သာ ပိတ်မိ နေပါက၊ ထက်မြက်သူ များနှင့် ယှဉ်ပြိုင်ရန် နည်းလမ်း မရှိချေ။
ထိုအချိန်တွင် အနက်ရောင် အလင်းများ တောက်ပ လာပြီး၊ နဂါးလေးက ဓားသေတ္တာ ထဲမှ ပြုံးလျက် ထွက်လာ တော့သည်။
“ ဧကရီ ... ၊ ငါတို့ ဘယ်သွား ရမလဲ။ ”
ဤနေရာသည် ခေျာင်ကျ လှပြီး၊ ထူးထူး ဆန်းဆန်း ပန်းမျိုး စုံဖြင့် ပြည့်နှက် နေကာ၊ ပန်း ရနံ့များ သင်းကြိုင် နေသည်။
သို့သော် ပန်းပွင့် များသည် တစ်ပွင့်နှင့် တစ်ပွင့် ဝေးကွာ လွန်းသဖြင့်၊ ကန္တာရ တစ်ခု သဖွယ် ဖြစ်နေ၏။
“ ဒီနေရာမှာ ... ရှေးဟောင်း အပျက် အစီးတွေ ရှိကောင်း ရှိနိုင်တယ်၊ နဂါးလေးနဲ့ ငါ လိုက်ကြည့် ဦးမယ်၊ နင် ကတော့ ရှင်သန် နိုင်အောင် နေပါ။ ”
ခရမ်းငယ်က ဓားသေတ္တာ ထဲမှ ထွက်လာပြီး၊ နဂါးလေးကို ခေါ်ကာ၊ ဦးတည်ရာ တစ်ရပ်ထံ၊ ပြေးထွက် သွားသည်။
“ မင်းတို့ နှစ်ယောက် … ။ ”
လင်းယွန်မှာ ကူကယ်ရာ မဲ့ သွား၏။ ခရမ်းငယ်သည် သွေ့ရော် ကျွန်းကို သဘောကျ နေပုံ ရသည်။ တစ်စုံ တစ်ခုကို စုံစမ်းရန် သွားချေပြီ။
သူမတွင် လျှို့ဝှက်ချက် များစွာ ရှိ၏။ သို့သော် သူအား မပြောလို သောကြောင့် မမေး မိချေ။
“ ဝှစ် ... ။ ”
များမကြာခင် လေထု အလယ် စုပုံ လာသော လူများမှာ၊ ဥက္ကာ ပျံများ ကဲ့သို့၊ အရပ် မျက်နှာ အသီး သီးသို့၊ ထပ်မံ လွင့်ထွက် သွားကြ တော့သည်။
***