← Chapters

သာယာသော ည။

Vol. 92 Ch. 1284

သာယာသော ည။

Vol. 92 Ch. 1284

ဤနေရာရှိ အင်ပါ ရီယန် များ၏ အရေ အတွက်မှာ၊ များသည်ဟု ထင်ရ သော်လည်း၊ ရှေးဟောင်း ပျက်သုဉ်းမြေ တစ်ခုလုံးနှင့် ယှဉ် ပါက၊ နည်းပါး နေသေးသည်။

အပြာရောင် စံအိမ်နယ်မြေသည်၊ ထိုနယ်မြေ၏ အပိုင်းအစ မျှသာ ဖြစ်၏။ လူ အများ အမြင်တွင်၊ အပြာရောင် စံအိမ်သည်၊ ရှေးဟောင်း ပျက်သုဉ်း မြေနှင့် မဆိုင်ချေ။

ကျေးလက် တစ်ခု မျှသာ ဖြစ်နေသည်။ မည်သို့ပင် ဆိုစေ ကာမူ၊ ဤနေရာတွင် ရတနာ များစွာ ရှိသော်လည်း၊ အသက် ရှင်လျက် လွတ်မြောက်ရန် ခက်ချေ၏။

ကျွန်း မဖွင့်မီ ကပင်၊ အမည်ခံ သူတော်စင် အသီး အနှံ၏ ပြိုင်ပွဲ များမှာ အလွန် ရက်စက်လှ ချေပြီ။

ထို့ကြောင့် ကျွန်းပေါ် ရောက်ရှိ ပြီးနောက်တွင်၊ လူ တစ်ဝက်ခန့် အသက်ရှင် နိုင်လျှင်ပင်၊ အကောင်းဆုံး ဖြစ်၏။

“ ပတ်ဝန်းကျင်ကို အရင် လေ့လာ ရအောင် ။ ”

လင်းယွန်က ရေရွတ် လိုက်သည်။ ဤနေရာသည် ထူးထူး ဆန်းဆန်း ဖြစ်ပြီး၊ နှစ် ရာဂဏန်းခန့် ရှိသော ဆေးဖက်ဝင် အပင်များ ရှိသည်။

သူတို့ အားလုံးသည် မြေပြင်၌ ပေါက်နေသော ပေါင်းပင်များ ကဲ့သို့ ဖြစ်နေပြီး၊ လူတော်တော် များများက စိတ်မဝင် စားချေ။

အကြမ်းဖျင်း လေးနာရီ ကြာပြီးနောက်၊ အဖြေ တစ်ခု ရလာ ခဲ့သည်။ ဤနေရာသည် လွန်ခဲ့သော နှစ်ထောင်ပေါင်း များစွာက၊ ကျက်တီးမြေ ဖြစ်၏။

မဟာ သူတော်စင်၏ သက်တံ အလင်း များကြောင့်၊ တဖန် ပြန်၍ အသက် ဓာတ်များ ပြည့်ဝ လာခြင်း ဖြစ်လေသည်။

ယင်းက မဟာ သူတော်စင်၏ ဘဝ ရည်ရွယ်ချက်ရှိ အသက်နှင့် မရဏ အစွမ်း သတ္တိ ပေပင်။

ရံဖန် ရံခါတွင် အနှစ် တစ်ထောင် ဆေးဘက်ဝင် အပင် များကြောင့်၊ တိုက်ပွဲဝင် နေသူ များကို၊ မြင်လာ ရသည်။

၎င်းသည် ကျွန်း၏ အစွန်း ပိုင်းမျှသာ ဖြစ်သည်။ သန်မာသူ များသည် ဤနေရာတွင် အားနည်း သူများ လက်မှ လုယူ ကြ၏။

ယင်းက ကျင့်ကြံမှု လောက၏ စည်းမျဉ်း ဖြစ်သောကြောင့်၊ လင်းယွန်က မည်သူ့ ကိုမျှ ကူညီရန် စိတ်မဝင် စားချေ။

ယခု အနိုင်ကျင့် ခံရ သူများသည်၊ တစ်နေရာ ရာ၌ ၎င်းတို့ထက် အားနည်း သူများကို၊ ပြန်၍ အနိုင် ကျင့် ကြပေ လိမ့်မည် ။

“ နတ်ကြယ် ပုလဲကို ဘယ်မှာ ရှာရမလဲ။ ”

ဤနေရာတွင် နတ်ကြယ် ပုလဲများ ရှိနိုင်မည်ဟု မျှော်လင့်သည်။ ကောင်းမွန်သော အဆောက် အအုံ များကို ရှာတွေ့သော်၊ အခွင့် အလမ်း မြင့်မား ပေ၏။

ထိုကဲ့ သို့ပင် သုံးရက်ကြာ ပြီးနောက်၊ အမည်ခံ ပင်မ နတ်ဘုရား များသည် အဆင့်ချိုး ဖြတ်ရန် ပြင်ဆင် မှုများ ပြုလုပ် နေကြောင်း၊ သတင်း ရရှိ ခဲ့သည်။

တန်ခိုး ကြီးသော ဂိုဏ်းများသည် မူလ သူတော်စင် ရူရ်များ ရှာဖွေကာ၊ ၎င်းတို့ အတွက် ကြီးစွာသော မြှင့်တင် မှုများ ပြုလုပ် နေ၏။

မည်သူ မဆို မူလ သူတော်စင် ရူရ်၏ အချက်အလက် တစ်စုံ တစ်ရာ ရရှိနေ သရွေ့၊ အမည်ခံ သူတော်စင် အသီး အနှံနှင့်၊ အရောင်း အဝယ် ပြုလုပ် နိုင်သည်။

လင်ယွန် အတွက်မူ၊ သူတော်စင် ရူရ်ကို မလိုအပ် တော့သည့် အတွက်၊ တိုက်ပွဲ ဝင်စရာ မလို တော့ချေ။

“ ဘယ်လို တောင် ဒုက္ခများ လိုက်လဲ … ။ ”

သက်ပြင်း ချကာ၊ ညည်းတွား လိုက်သည်။ မဟာ သူတော်စင် မူလ ပုလဲကို ရယူ လိုသော်၊ ၎င်းတို့နှင့် ရင်ဆိုင် ရမည် ဖြစ်သည်။

အဆုံးတွင် အတွေးများ ဖြတ်ကာ၊ ကျက်တီးမြေ အတွင်း တိတ်ဆိတ်စွာ လှည့်ပတ် ကြည့်ရှု နေမိသည်။

လမ်းတလျှောက် အမည်ခံ သူတော်စင် တစ်လုံး မျှပင် မတွေ့ သဖြင့်၊ အံ့ဩ လာသည်။ သုံးရက် အတွင်း မည်သည့် အရာ ကိုမျှ၊ ရှာ မတွေ့သော် သည်နေရာမှ ထွက်သွားရန် ဆုံးဖြတ် လိုက်သည်။

နှစ်ရက် ကုန်လွန် ပြီးနောက်၊ ထူးခြားသော ရနံ့ အချို့ ရရှိ လာသည်။ နီးစပ်ရာ တောင်ကုန်း တစ်ပေါ် ခုန်တက် လိုက်ပြီး၊ ၎င်းကို ရှာဖွေ မိ၏။

“ အဲ့ဒါ ဘာလဲ ... ။ ”

မိုင် တစ်ရာ အကွာ၌ အပြာရောင် မီးတောက်များ လေထဲ လွင့်နေပြီး၊ မွှေး ရနံ့များ ထွက်ပေါ် နေသည်။

မီးတောက် များမှ၊ ပန်းတစ်ပွင့် မွေးဖွား လာခြင်း ဖြစ်ပေမည်။ မြေပြင်၌ ပန်းပင် တစ်ပင် ကြီးထွား လာနေသည်။

ထိုအပင်ကို မြင်သော အခါ၊ ညမွှေးပန်း တစ်ပင် ဖြစ်မှန်း သိလိုက်၏။ ဤပန်းပွင့်သည် ရှေးခေတ်က မျိုးသုဉ်း သွားခဲ့ပြီး၊ ပြင်ပ ကမ္ဘာ၌ ပျောက်ကွယ် သွားပြီ ဖြစ်သည်။

ပန်းများ၏ အဆင့်တွင်၊ (၁၀) အတွင်း ဝင်သော်လည်း၊ လွန်ခဲ့သည့် နှစ်ပေါင်း များစွာ ကပင်၊ ပျောက်ကွယ် နေခဲ့သည်။

တစ်ချိန်တည်း မှာပင်၊ ဤနေရာ၌ အမည်ခံ သူတော်စင် သစ်သီး မရှိ ရသည့် အကြောင်းရင်း ကိုလည်း၊ သိလိုက် ရ၏။

“ ဝှစ် ... ။ ”

စွမ်းအင် အများ စုသည် ၎င်းပန်း၏ စုပ်ယူခြင်းကို ခံထား ရပေသည်။ မဆိုင်း မတွဘဲ ထိုနေရာသို့၊ ပျံသန်း သွားမိ၏။

လက်ဖက်ရည် တစ်ခွက် သောက်ချိန်မျှ အကြာတွင်၊ မိုင်နှစ်ရာ ကျော်ကို ဖြတ်ကျော်ကာ၊ ပန်းပွင့် အနား ရောက်ရှိ လာသည်။

သို့သော် သာယာသော ညကို ဖမ်းယူ လိုက်သော အခါတွင်၊ ထူးထူး ခြားခြား မြင်ကွင်း တစ်ရပ်၊ ဖြစ်ပေါ် လာ၏။

ပန်းပွင့်၌ သေးငယ်သော နွယ်ပင်များ ပေါက်လာပြီး၊ မီတာဝက် အတွင်း မြေပြင်နှင့် ချိတ်ဆက် သွားသည်။

တစ်ချိန်တည်း မှာပင် မြေပြင် တုန်ခါပြီး၊ အက်ကွဲ ကြောင်းများ ဖြစ်ပေါ် လာ တော့၏။

အမြစ်များက မြေပြင်သို့ ဝင်ရောက် သွားသည်နှင့်၊ ပတ်ဝန်း ကျင်ရှိ အသက် ဓာတ် များ ပျောက်ကွယ် ကုန်ကာ၊ အပင် အချို့ ညှိုးနွမ်း သွားသည်။

ဤမျှ လှပသော ပန်း တစ်ပွင့်သည်၊ အဘယ့်ကြောင့် မိစ္ဆာ ပန်း အဖြစ်၊ သတ်မှတ်ကြ သည်ကို၊ နားမလည် တော့ချေ။

ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် များက လွင့်ပျံ လာကာ၊ ကောင်းကင် တစ်ခုလုံး မှောင်မိုက် သွား၏။

တစ်ချိန်တည်း မှာပင်၊ ရွှေရောင် အလင်းတန်းများ လင်းယွန်၏ ခန္ဓာကိုယ် ပေါ် ကျရောက် လာပြီး၊ သွေးသား စွမ်းအင် များကို လျင်မြန်စွာ ဝါးမျို တော့သည်။ သည့်နောက် ပန်းပင်က လျင်မြန်စွာ ကြီးထွား လာ၏။

လင်းယွန်၏ သွေးသား စွမ်းအင် များမှာလည်း၊ မယုံ နိုင်စရာ ကောင်းသော အမြန် နှုန်းနှင့်၊ စုပ်ယူခြင်း ခံနေ ရသည်။

“ သွေ့ရော် ကျွန်းက၊ ငါ့ကို ... တကယ်ပဲ၊ အမြင်ကျယ် ပါစေတယ်။ ”

လင်းယွန်က ပြုံးလိုက်သည်။ သူက စိတ်မပူချေ။ သူ မဟုတ်သော အခြား တစ်ဦး သာဆိုသော်၊ ဒုက္ခ ဖြစ်ပေမည်။

သူ၏ သွေးသား စွမ်းအင်မှာ၊ သမုဒ္ဒရာ တစ်စင်း အလား၊ များပြား လှသဖြင့်၊ သုံးရက် သုံးည တိတိ စုပ်ယူ လျှင်ပင်၊ ကုန်ဆုံးမည် မဟုတ်နိုင်။

သို့သော် သာယာသော ညမှာ စိတ်လှုပ်ရှား နေပုံ ရသည်။ ရှေးခေတ် ကတည်းက ကျန်ရစ် ခဲ့သည့်၊ မျိုးစေ့ တစ်စေ့ ဖြစ်ပြီး၊ ယခုမှ မွေးဖွား လာခြင်း ဖြစ်ချေ၏။

ထို့ကြောင့် ပင်လယ်ကြီး တစ်စင်း ကဲ့သို့သော သွေးသား စွမ်းအင် များကို ဝါးမျို ခွင့်ရ ချိန်တွင်၊ ရွှင်လန်း နေသည်။

“ ဒါဆို လုံလောက်ပြီ။ ”

လင်းယွန် မျက်လုံး၌ အေးစက်သော အလင်းများ တောက်ပ သွားသည်။ ပန်းကို လှမ်းယူ လိုက်သော အခါတွင်၊ ခန္ဓာ ကိုယ်ရှိ နဂါးရူရ် များမှာ၊ အနက်ရောင် မြူ များ၏ တိုက်စားခြင်း ခံလိုက် ရသည်။

ထို့ကြောင့် နဂါး ရူရ် များကို၊ ပို၍ ထုတ်ဖော်ကာ၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက် အား၊ လက်ဖဝါးထဲ လောင်းထည့် မိသည်။

“ ဝုန်း ... ။ ”

ကြီးမားသော ပေါက်ကွဲ မှုများ ဖြစ်ပေါ် လာခဲ့ပြီး၊ လက်ဖဝါး အား ပြတ်ရှ ဒဏ်ရာများ ရရှိ သွားစေ၏။

အံ့သြ နေစဉ်၊ ခံစားချက် မကောင်း တော့သဖြင့်၊ သူတော်စင် နဂါး ခန္ဓာ ကိုယ်အား ကန့်သတ် ချက်သို့ တွန်းထုတ် လိုက်သည်။

“ သေ လိုက် စမ်း ... ။ ”

အသက် တစ်ရှိုက်စာ အတွင်း၊ နဂါး လက်ကြီးက သာယာသော ညထံ ပြေးဝင် သွား ပြန်၏။

“ ဖောင်း ဖောင်း ... ။ ”

ပေါက်ကွဲ သံများ ဆက်တိုက် မြည်ပြီး၊ အနက်ရောင် မြူများ လွင့်ပါး ကုန်ကာ၊ အမြစ် (၅)ခု ပါသော ပန်း တစ်ပွင့်၊ ပေါ်လာသည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် ပုံရိပ် (၁၀) ရိပ်၊ ကောင်းကင်မှ ဆင်းသက် လာပြီး၊ သာယာသော ညထံသို့ လက်လှမ်း လိုက် ကြသည်။

လင်းယွန်ကြောင့် ဖြစ်ပေါ် လာသော တိုက်ပွဲသည် လူများစွာ၏ အာရုံကို၊ သဘာဝ အတိုင်း ဆွဲဆောင် နိုင်ပေသည်။

ထို့ကြောင့် အနက်ရောင် မြူများ ပေျာက်ကွယ် သည်နှင့်၊ သာယာသော ညကို သိမ်းယူရန်၊ ကြိုးစား လာခြင်း ဖြစ်သည်။

“ ဘုန်း ... ။ ”

သို့သော် သာယာသော ညကို ဖုံးလွှမ်း နေသည့်၊ မီးတောက်များ ရုတ်တရက် ပေါက်ကွဲ လာပြီး၊ စွန်ပလွံသီး အရွယ် ပန်းပွင့်သည် အရွယ် အစား ကြီးထွား လာတော့၏။

ပေ ရာဂဏန်း ကျော်သည် အထိ ချက်ချင်း ရောက်ရှိ လာကာ၊ ထူးဆန်းသော မွှေးရနံ့များ ထုတ်လွှတ် လေသည်။

ထိုလူ (၁၀) ဦးသည်၊ နယ်မြေ တစ်ခု အတွင်း၊ ကျဆင်းသွား သကဲ့သို့ ဝေဝါး လာကာ၊ မကြာခင် အရိုးစု အဖြစ်၊ ပြောင်းလဲ သွား လေသည်။

တစ်ချိန်တည်း မှာပင် ပန်းပွင့် မှသည် အမျိုးသမီး တစ်ဦး ထွက်ပေါ် လာသည်။ သူမ အရေ ပြားမှာ၊ အပြာရောင် ဖြစ်ပြီး၊ မှော်ဆန် နေ၏။

သူမ၏ ခန္ဓာကိုယ် အပေါ် ပိုင်းသည်၊ လူသားခန္ဓာကိုယ် ဖြစ်ကာ၊ အောက်ပိုင်းတွင် ပန်းပွင့်ကြီး ဖြစ်၏။

“ မင်း ... ၊ ငါ့ရဲ့ လက်ခံ ကောင်ကို သတ်လိုက်တဲ့ အတွက်၊ ငါ့ကို လက်ခံ ရမယ်။ ”

ပန်းပွင့်နှင့် ချိတ်ဆက် နေသော အမျိုးသမီးက လင်းယွန်ထံ လက်လှမ်းကာ၊ ဆိုလိုက်သည်။

သို့သော် သူမလက် မရောက်မီ ကပင်၊ လင်းယွန်မှာ မရှိ တော့ချေ။ ပုံရိပ် ယောင်အား ချန်ရစ်ကာ၊ မိုင် တစ်ရာ အကွာသို့၊ ရောက်ရှိ သွားပြီ ဖြစ်သည်။

အခြေ အနေ မမှန် သည်ကို မြင်သည်နှင့်၊ ထွက်ပြေးပြီး ဖြစ်၏။ တောင်ကုန်း တစ်ခုပေါ် ခုန်တက်လျက်၊ အမျိုး သမီး ခန္ဓာ တစ်ပိုင်း ဖြစ် နေသော၊ ပန်းပွင့်ထံ ပြန်ကြည့် မိသည်။

“ သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူတောင် ... ၊ သူ့ကို အနိုင်ယူ နိုင်မှာ မဟုတ်ဘူး။ ”

လင်းယွန်က မှတ်ချက် ပြု လိုက်သည်။ လက်ဖဝါးကို လှီးဖြတ် ခံရချိန် ၌ပင်၊ တစ်ခုခု မူ မမှန် သည်အား၊ သိပြီး ဖြစ်သည်။

မွေးကာစ ပန်းတစ်ပွင့်သည် သည်မျှ သန်မာ နေစရာ မရှိချေ။ သို့သော် ဤပန်းပွင့်ကို ရယူနိုင် ပါက၊ ပန်းသင်္ချိုင်း ဓားကို သူတော်စင် လက်ရာ အဖြစ်၊ အဆင့် မြှင့်တင် နိုင်ပေမည်။

သို့သော် ထိုအကြံကို ချက်ချင်း စွန့်လွှတ် လိုက်မိသည်။ သည်ပန်းမှာ ဆန်းကြယ်လွန်း ချေ ၏။

ရန်သူကို ပုံရိပ်ယောင် နယ်မြေဖြင့်၊ ပိတ်ဆို့နိုင် ရုံ သာမက၊ လူသား ခန္ဓာ ကိုယ်ပင် ဖန်ဆင်း နိုင်သည်။

ကောလ ဟာလများ အတိုင်း၊ ဤနယ်မြေသည် သွေ့ရော် မဟာ သူတော်စင် မသိမ်းပိုက် ခင်က၊ ရှေးဟောင်း တားမြစ် နယ်မြေ ဖြစ်ခဲ့ နိုင်ပေ၏။

“ ဝှစ် ... ။ ”

နောက်ကျော၌ ရွှေတောင်ပံ တစ်စုံ ပေါ်လာပြီး၊ ကောင်းကင်ပေါ် ခုန်တက်ကာ၊ ထိုနယ်မြေ အတွင်းမှ လျင်မြန်စွာ ထွက်ခွာ လာမိသည်။

သူ ထွက်သွား ပြီးနောက်၊ သာယာသော ညသည် မီးတောက်များ ဖုံးလွှမ်း နေသော ပန်း အသွင်သို့၊ ပြန်သွား လေသည်။

၎င်းက လင်းယွန် ရနံ့ကို အမှတ် ရနေ စေရန်၊ လေထု အတွင်း ယိမ်းထိုးလျက် ကြိုးစား နေချေ၏။

အမဲလိုက် ခွေး တစ်ကောင်မှ လေထု အတွင်းရှိ၊ သားကောင် ရနံ့ကို ရှူရှိုက် နေသော အသွင်နှင့် တူသည်။

***

All Chapters