← Chapters

ကံဆိုး သူ။

Vol. 92 Ch. 1285

ကံဆိုး သူ။

Vol. 92 Ch. 1285

လေးနာရီ ကြာ ပြီးနောက် ရုတ်တရက် တစ်စုံ တစ်ခုကို တွေးမိ လာကာ၊ ရပ်တန့် လိုက် မိသည်။

သို့သော် ချက်ချင်း ခေါင်းယမ်းလျက်၊ ထိုအတွေးကို မေ့ပစ် လိုက်၏။ နောက်ဆုံးတွင် သာယာသော ည၌ မူလ သူတော်စင် ရူရ် ရှိ ချေပြီ။

၎င်းသည် သွေးမီးတောက် မှော်နဂါး သတ္တု ထက်ပင်၊ သန်မာသော ခံစား ချက်မျိုး ပေးစွမ်း နေ၏။

သူ့ ဓားရည်ရွယ် ချက်မှာ၊ ဝါးမျိုခြင်း မခံရအောင် တားဆီး နိုင်ခြင်း မရှိ ခဲ့ချေ။ စွန့် သင့်ပေ၏။ ဤ အချိန်တွင် သွေ့ရော် ကျွန်းမှာ၊ ခေတ္တမျှ ငြိမ်သက် နေခဲ့သည်။

ပါရမီရှင် များသည် နေရာ တိုင်း၌၊ တိုက်ပွဲများ ဖြစ်ပွား နေကြသည်။ တန်ခိုးကြီး ဂိုဏ်း ရှစ်ဂိုဏ်းမှ တပည့်များ မဆိုနှင့်၊ ဂိုဏ်းကြီး များ၏ တပည့် များပင်၊ လွှမ်းမိုးမှု အပြည့် ရှိနေ၏။

၎င်းတို့သည် အခြားသူ များထက်၊ ပို၍ အားကောင်း ကြပြီး၊ တူညီသော နယ်ပယ်ရှိ ပြိုင်ဘက် (၁၀) ဦးကို၊ အလွယ် တကူ နှိမ်နင်း နိုင်ကြသည်။

ထို့ကြောင့် ကျွန်းတွင် ရတနာများ ပေါ် လာတိုင်း၊ အဆိုပါ ဒေသသည် သား သတ်ရုံ အဖြစ်သို့၊ ပြောင်းလဲ သွားတက်၏။

သွေ့ရော် ကျွန်း တစ်နေရာတွင်၊ ဝိညာဉ် စွမ်းအင်များ ဖုံးလွှမ်း နေသော ဒေသ တစ်ခု ရှိသည်။

မြေပြင်၌ သွေးသား စွမ်းအင်များ ခန်းခြောက်ကာ၊ သေဆုံး နေသော သားရဲ (၁၀) ကောင်၏ အလောင်းများ ရှိ၏။

အလောင်းများ အနားတွင်၊ ခန်းခြောက် နေသော ရေကန် တစ်ကန် ရှိ၏။ ထိုရေကန် အလယ်တွင် ကြာနက်ကြီး တစ်ပွင့် ရှိသည်။

ဂရု တစိုက် ကြည့်သော်၊ ပွင့်ချပ်များ ပေါ်တွင်၊ မီးလျှံ ရေနဂါး တစ်ကောင်၏ အသွင် ကောက်ကြောင်း ထင်နေ၏။ ယင်းက ကြာပန်း ကို၊ ပို၍ အသက်ဝင် စေသည်။

ဤသည်မှာ ‘မီး မိစ္ဆာ ကြာနက်၊’ ဖြစ်၏။ ပြင်ပ ကမ္ဘာတွင် ဆိုသော်၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ များပင်၊ လှုပ်ရှား လာမည် ဖြစ်သည်။

ရေကန် တစ်ဝိုက်တွင် ကောင်းကင်ယံ ဂိုဏ်းမှ ကျွမ်းကျင် သူများ ရာနှင့်ချီ ရှိနေသည်။ ပင်မ နတ်ဘုရား တစ်ရာကျော် ရှိပြီး၊ သာလွန် ပင်မ နတ်ဘုရား များပင် ပါရှိ ၏။

“ အဟဲ ... ၊ ဂိုဏ်းချုပ် ပြောတာ အမှန် ပါလား၊ မီးမိစ္ဆာ ကြာနက်က ... ဒီမှာ တကယ် ရှိနေ တာပဲ။ ”

သူတော်စင် သုံးပါး အနက်မှ၊ လဲ့ကြွယ်က ပြုံးကာ ပြောလိုက်သည်။

“ ဂုဏ်ယူ ပါတယ် အစ်ကိုကြီး။ ”

ရွှမ်ရင်က မနာလို စိတ်ဖြင့် ပြောလာသည်။ သူတို့ သုံးဦးတွင် တူညီသော ကျော်ကြား မှုများ ရှိ သော်လည်း၊ ဂိုဏ်းမှာ ချင်းကန် အပေါ်သာ၊ မျှော်လင့်ချက် ထားရှိ ပေ၏။

ချင်းကန် အနားတွင် သူနှင့် လဲ့ကြွယ်မှာ၊ တောက်ပခြင်း မရှိ တော့ချေ။ မီးမိစ္ဆာ ကြာနက် တွင်၊ မူလ သူတော်စင် ရူရ် ရှိပြီး၊ ၎င်းမှာ သာမာန် မဟုတ်ကြောင်း သိသည်။

သို့သော် ဤအရာကို ချင်းကန် အတွက် ကောင်းကင်ဘုံ မဟာ သူတော်စင်မှ သတ်မှတ် ပေးလိုက် သဖြင့်၊ သူတို့ နှစ်ဦး၌ ပြောအား မရှိ တော့ချေ။

“ ကောင်းပြီ ... ၊ မင်းတို့ အခု ထွက်သွား၊ ငါ ဒီမှာ ... ကျင့်ကြံ တော့မယ်၊ သွေ့ရော် နန်းတော် မပေါ်ခင်၊ ငါ့ကို မနှောင့်ယှက် ကြနဲ့။ ”

ချင်းကန်က ပြတ်သားစွာ အမိန့်ပေး လိုက်သည်။ သူ့ စကားကြောင့် လဲ့ကြွယ် နှင့် ရွှမ်ရင်မှာ၊ မျက်နှာများ ပြောင်းသွား၏။

“ မီးမိစ္ဆာ ကြာနက်ကို အနိုင် ယူဖို့ မလွယ် မှာကို ငါ ကြောက်တယ်။ ”

သာလွန် ပင်မ နတ်ဘုရား တစ်ဦးမှ၊ စိတ်ပူသော လေသံဖြင့် ပြောသည်။

“ မလိုဘူး၊ ငါ့မှာ သဘာဝ အတိုင်း နည်းလမ်းတွေ ရှိတယ်။ ”

ချင်းကန်က ထိုကျွမ်းကျင် သူကို လေးစားမှု မပြ ခဲ့ချေ။

“ ဒါဆို သွားရအောင်။ ”

လဲ့ကြွယ်က ရွှမ်ရင်ကို ခေါ်ကာ၊ လူတိုင်းကို ဦးဆောင် လိုက်မိသည်။ ထို့စဉ် ရေကန် အထက် ကောင်းကင်၌၊ ကြောက်စရာ ကောင်းသော အတက် အကျ လှိုင်းများ ဖြစ်ပေါ် လာ၏။

“ အကိုကြီးရဲ့ ခွန်အားက တကယ်ကို နားမလည် နိုင်အောင် ပါပဲ။ ”

ရွှမ်ရင်က လှည့်ကြည့်ကာ ဆိုသည်။ အင်ပါရီယန် ချန်ပီယံ ဖြစ်ပြီးနောက်၊ ချင်းကန် ခွန်အားကို မတိုင်းတာ နိုင်တော့ချေ။

“ ငါတို့ ဒီထက် ပိုပြီး၊ ကြိုးစား ရမယ်။ ”

သွေ့ရော် ကျွန်းသည် အခွင့် အလမ်း များစွာနှင့်၊ ပြည့်နှက်နေ သဖြင့်၊ ဤမီးမိစ္ဆာ ကြာနက်ထက်၊ သာလွန်သော ရတနာများ ရှိပေမည်။

တစ်ချိန်တည်း မှာပင်၊ အခြားသော တန်ခိုးကြီး ဂိုဏ်း(၇) ဂိုဏ်းမှ ထက်မြက် သူများ ကလည်း၊ မူလ သူတော်စင် ရူရ် များကို ရှာဖွေ နေကြသည်။

ထိုဂိုဏ်း (၇) ဂိုဏ်းသည်၊ နှစ်ပေါင်း (၃၀၀၀)ကျော် သက်တမ်း ရှိကြပြီး၊ သွေ့ရော် ကျွန်းကို မဟာ သူတော်စင်မှ မသိမ်းမီ အချိန်အား မီ၏။

ထို့ကြောင့် သူတို့၏ တပည့် များသည် တခြား သူများ မသိသော၊ ဤကျွန်း၏ အချက် အလက် အချို့ကို၊ ရရှိ ထားသည်။

ယင်းက ဂိုဏ်းကြီး များပင်၊ လက်လှမ်း မမီသော အရာ ဖြစ်သည်။ တုကူယွင် သည်ပင် မူလ သူတော်စင် ရူရ်ကို ရှာဖွေရန်၊ အချိန် များစွာ ပေးအပ် ရပေမည်။

သုံးရက် အကြာတွင် လက် ဗလာဖြင့်၊ စုတ်ပြတ်သတ် နေသော အပျက် အစီး နယ်မြေ တစ်ခု၌ လင်းယွန် ပေါ်လာသည်။

တလျှောက်လုံး သူ မည်သည့် အရာမျှ မရခဲ့ချေ။ ယင်းက ပုံမှန် မဟုတ် သကဲ့သို့၊ သူ့ကို အကူ အညီမဲ့ စေသည်။

နှစ်ရာ ဂဏန်းခန့် ရှိသော ဝိညာဉ်ရေး ရေကန် များကို၊ နေရာ တိုင်းတွင် တွေ့ရှိ နိုင်ပြီး၊ နှစ် တစ်ထောင် ရေကန် ကိုပင် ခလုတ်တိုက် မိခဲ့သည်။

သို့သော် အနှစ် တစ်ထောင်ကျော် သက်တမ်းရှိ၊ ဆေး ဘက်ဝင် အပင် များနှင့် ထိုရေကန် များမှာ၊ အသုံး မဝင်ချေ။

၎င်းတို့ကို သန့်စင် ခြင်းသည်၊ အချိန်ဖြုန်း ခြင်းသာ ဖြစ်သည်။ အမည်ခံ သူတော်စင် အသီး အနှံများ ကသာ၊ ထိမိ ၏။

သို့သော် လူများ လွန်း သောကြောင့်၊ ထိုရတနာ မျိုးကို ရရှိ ရန်မှာ၊ လွယ်ကူသော အရာ မဟုတ်ချေ။

ဤအခိုက်တွင်၊ ဖုန်းကျွယ်မှ သူတော်စင် အသီး အနှံ ရရှိရန်၊ မည်မျှ ခက်ခဲကြောင်း ပြော ခဲ့သည်အား၊ ပြန်၍ သတိ ရလာ မိသည်။

သွေ့ရော် ကျွန်း အပြင်၌၊ သူတော်စင် သစ်သီးကို ရရှိခဲ့ ခြင်းမှာ၊ မဟာ ကံကောင်းမှု ကြီး ဖြစ်၏။

“ ငါ့ရဲ့ ကံကြမ္မာကို၊ အသုံးချ မခံ ရဖို့ မျှော်လင့် ရတာပဲ။ ”

ရှေးဟောင်း အပျက် အစီး များထံ၊ တစ်ချက်ကြည့်ပြီး၊ သူ့ကိုယ်သူ လှောင်ပြောင် ရေရွတ် လိုက် မိသည်။

သူတော်စင် သစ်သီး မတွေ့ ခြင်းသည် ပြဿနာ မဟုတ် သော်လည်း၊ နတ်ကြယ် ပုလဲ အား ရှာမတွေ့ ပါက၊ ဆန့်ကျင်ဘက် ဖြစ်သည်။

ဤရက်များ အတွင်း ရရှိ ခဲ့သော သတင်း များအရ၊ ထိုဘီလူး များသည် မူလ သူတော်စင် ရူရ်များ ရှာတွေ့ကာ၊ သန့်စင် နေကြပြီ ဖြစ်သည်။

ဤသည်မှာ ၎င်းတို့ အတွက် ရှေးဟောင်း ပျက်သုဉ်း မြေကြီး တစ်ခုလုံး ကိုပင်၊ လှုပ်ခါစေ နိုင်သော အခွင့် အရေးမျိုး ဖြစ်ချေ၏။

***

All Chapters