ဝိညာဉ်ရေး ရေကန်။
Vol. 92 Ch. 1286
တန်ခိုးကြီး ဂိုဏ်း များ၏ ထက်မြက်သော ပါရမီ ရှင်များ မဆိုနှင့်၊ ဂိုဏ်းကြီး များမှ အထက် တန်းစား တပည့် များပင်၊ အကျိုး အမြတ်များ ရရှိ နေသည်။
သေွ့ရော် ကျွန်းအနှံ့ ဟိုမှ သည်မှ အလင်းရောင်များ ကောင်းကင်ပေါ် ပျံတက်နေလေသည်။ အင်ပါ ရီယန်မှ ပင်မ နတ်ဘုရား အဖြစ်သို့၊ လှမ်းတက် ကုန်ခြင်း ဖြစ်၏။
ဆယ်ရက် အတွင်း၊ အနည်းဆုံး လူ ထောင်ဂဏန်းခန့်၊ ပင်မ နတ်ဘုရားများ ဖြစ်လာ ခဲ့ကြသည်။
၎င်းတို့ အားလုံးသည် ထူးခြားသော ဉာဏ်ကြီး ရှင်များ ဖြစ်သဖြင့်၊ ပင်မ နတ်ဘုရား ဖြစ်လာ ပြီးနောက်၊ ပို၍ အားကောင်း လာ ပေသည်။
ထိုကြောင့် ကြယ်စင်စု အဆင့် ၌သာ ရှိသေးသော လင်းယွန် ခမျာ၊ အဆင် မပြေသော အနေ အထားသို့ ချက်ချင်း ရောက်ရှိ သွား၏။
မျက်စိ တစ်မှိတ် အတွင်း ဆယ်ရက်ခန့် ထပ်မံ ကုန်လွန် သွားပြန်သည်။ ယခု အချိန်ထိ တစ်စုံ တစ်ရာမျှ၊ မရရှိ သေးချေ။
သူတောင်းစား တစ်ယောက် ကဲ့သို့ ဖုန်မှုန့်များ ဖုံးလွှမ်း နေပြီး၊ စိတ်ပျက် လက်ပျက် ဖြစ်နေ ခဲ့သည်။
တစ်လ နီးပါး ကြာလာပြီ ဖြစ်သော်လည်း၊ အသုံးဝင်သည့် မည်သည့် ရတနာ ကိုမျှ မတွေ့ရ သဖြင့်၊ ဤအတိုင်း ဆက်သွားသော်၊ ကျဆုံး ရပေ လိမ့်မည်။
အသက် ပြင်းပြင်း ရှူရှိုက်ပြီး၊ အဝေးရှိ ဝိညာဉ် စွမ်းအင်များ ရစ်သိုင်း နေသော အရပ်ထံ မျှော်ကြည့် လိုက်သည်။
“ ဘယ်လောက် တောင် ... ၊ သိပ်သည်း လိုက်တဲ့၊ ဝိညာဉ် စွမ်းအင် တွေလဲ။ ”
မဆိုင်း မတွဘဲ ရွှေကျီးကန်း အသွင် ပြောင်းလဲခြင်း ကိုးမျိုးကို၊ ချက်ချင်း ထုတ်ဖော် လိုက်၏။ များ မကြာမီ ရေတံခွန် တစ်ခုထံ ရောက်ရှိ လာသည်။
ချောက်ကမ်းပါး အစွန်းတွင် ရပ်လျက်၊ ကြယ်အလင်းများ ဖုံးလွှမ်း နေသော၊ ရေတံခွန် အောက်ရှိ ကန်ကြီးကို၊ ငုံ့ကြည့် မိသည်။
“ ရှေးဟောင်း ဝိညာဉ်ရေး ရေကန်။ ”
“ ထွက် သွား စမ်း ... ။ ”
“ ဒီနေရာကို ငါတို့ရဲ့ ... ၊ မီးနဂါး ဂိုဏ်းက သိမ်းပိုက် လိုက်ပြီ။ ”
“ အိုး ... ဒီလူ ဘယ်က လာတာလဲ၊ သူက ကြယ်စင်စု အဆင့် မှာပဲ ရှိသေးတယ်။ ”
ကနဦး ပင်မ နတ်ဘုရား နယ်ပယ်တွင် ရှိသော၊ လူဆယ်ယောက် ပျံသန်း ဆင်းသက် လာသည်။
ရေကန် အနီး မည်သူမှ ချဉ်းကပ် လာခြင်း မရှိ စေရန်၊ ဤနေရာကို သူတို့က စောင့်ကြပ် နေခြင်း ဖြစ်သည်။
ကျွန်းတွင် အခွင့် အလမ်း များစွာ ရှိပြီး၊ နှစ် တစ်ထောင် သက်တမ်း ဝိညာဉ် ရေကန် များကို နေရာ တိုင်း၌၊ တွေ့ရှိ နိုင်၏။
အမည်ခံ သူတော်စင် အသီး အနှံ များပင် ရှားပါးသည် မဟုတ်ပေ။ ခွန်အားရှိ သူများသည် အရှိန် အဟုန် ပြင်းပြင်းနှင့်၊ သူတို့ကိုယ် သူတို့ မြှင့်တင် နိုင်မည် ဖြစ်သည်။
သူဖုန်းစား တစ်ယောက် အလား၊ ဖုန် အလိမ်းလိမ်း ပေကျံလျက်၊ ကြယ်စင်စု အဆင့် ၌သာ ရှိဆဲ၊ လူငယ် မျိုးအား မတွေ့ ဖူးချေ။
လင်းယွန် မှာမူ စိတ်လှုပ်ရှားပြီး၊ ပျော်ရွှင် နေခဲ့သည်။ ဤရေကန်သည် သာမန် မဟုတ် ကြောင်း ခံစား နိုင်၏။ ရေတံခွန် နောက်ရှိ လှိုဏ်ဂူ ထဲတွင်၊ ရှေးဟောင်း အပျက် အစီးများ ရှိနေပုံ ရသည်။
“ ဟား ဟား ဟား ... ၊ ကြည့်စမ်း ဘယ်လိုတောင် တောဆန် လိုက်လဲ၊ တကယ် သူ မသွား နိုင်ဖူး ဖြစ်နေတယ်။ ”
“ ထွက်သွား ... ၊ ငါတို့ မင်းကို မသတ် ချင်ဘူး။ ”
မီးနဂါး ဂိုဏ်း၏ တပည့်များ ကောင်းကင်မှ ထပ်မံ ဆင်းသက် လာပြီး၊ မောင်းထုတ် ကြလေ သည်။
ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များက ကြောက်မယ်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ်လျက် ခြိမ်းလာ ကုန်သည်။
သို့သော် လင်းယွန်က သူတို့ကို လျစ်လျူရှု ထား၏။ အရိယာ ဓားကြောင့် ရေကန် လျှို့ဝှက် ချက်ကို ခံစား နိုင်သည်။
“ ဒီကောင် သူ့ ဘ၀မှာ၊ ရတနာကို တစ်ခါမှ မမြင် ဖူးဘူး ထင်တယ်။ ”
မီးနဂါး ဂိုဏ်း၏ အထက် တန်းစား တပည့် တစ်ဦးက လင်းယွန်ကို တိုက်ခိုက်ရန် ဓားအား ထုတ်ယူ လိုက်သည်။
ထိုဓားက လင်းယွန်ပေါ် ကျရောက် သွားသော အခါတွင်၊ မီးပွား ပွင့်ထွက် လာကာ၊ ပြန်လည် ကန်ထွက် သွားသည်။ ဒဏ်ရာ ရအောင် မစွမ်းဆောင် နိုင်ခဲ့ချေ။
“ ချွမ် ... ။ ”
ယင်းကြောင့် လူအုပ် ထဲမှ၊ သန်မာသော တပည့် များက၊ ခေတ္တမျှ အံ့အား သင့် သွားပြီး၊ သူတို့၏ သူတော်စင် ရှေးဟောင်း ပစ္စည်း များကို ထုတ်ယူလိုက် ကြသည်။
သူတို့ အားလုံးမှာ၊ ပင်မ နတ်ဘုရား နယ်ပယ်တွင် ရှိနေ သောကြောင့်၊ သူတော်စင် လက်ရာ၏ စွမ်းအားကို ပို၍ ထုတ်လွှတ် နိုင်သည်။
ထို့နောက်တွင် မီးလျှံ ရေနဂါး သုံးကောင် နှင့်အတူ၊ လင်းယွန်ထံ ပြေးဝင် တိုက်ခိုက်လာ တော့သည်။
“ ဝှစ် ... ။ ”
သို့သော် လင်းယွန်မှာ ရေကန်ထံ၊ စူးစူး စိုက်စိုက် ကြည့်နေ လျက်မှ၊ လက် မြှောက်ပြီး ရေနဂါး သုံးကောင်ကို ဖမ်းဆွဲ လိုက်၏။
ချက်ချင်း ရေနဂါး သုံးကောင်မှာ၊ ပျက်စီး သွားသည်။ ယင်းကြောင့် ကြောက်မက် ဖွယ်ရာ၊ စွမ်းအင် အတက် အကျများ ပျံ့နှံ့ လာ၏။
“ မင်းတို့ တွေက၊ မီးနဂါး ဂိုဏ်း ကလား။ ”
ရုတ်တရက် လင်းယွန်က ရေတံခွန်ကို ကြည့်ကာ မေး လိုက်သည်။
“ မင်းက ဘယ်သူလဲ၊ ငါက ပိုင်လုလီပါ။ ”
ကောင်းကင်နှင့် မြေကြီးကို တုန်လှုပ် စေသော အသံ တစ်သံ၊ ရေတံခွန် ထဲမှ ထွက် လာ၏။ မီးနဂါး ဂိုဏ်း၏ အင်ပါ ရီယန် ပထမ တန်းစား ပါရမီရှင် ဖြစ်သည်။
ဤခရီးကို ဦးဆောင်လာ သူ ဖြစ်ပြီး၊ အင်ပါရီယန် အဆင့် (၄၇) တွင် ရပ်တည်ထား နိုင်လေသည်။ ထို့ကြောင့် သူ့အသံက ပတ်ဝန်း ကျင်ရှိ၊ ကျင့်ကြံသူ များကို စွဲဆောင် သွား၏။
ပိုင်လုလီကို စော်ကား ဝံ့သော လူအား သိချင်လာ ကြသည်။ ထို့နောက်တွင် လူရိပ်များ ကောင်းကင် ပေါ် ပျံတက်ကာ၊ အသံ လာရာ အရပ်သို့၊ လှမ်းကြည့် လိုက်၏။
“ ငါက ... တိမ်လွှာဓား ဂိုဏ်းကပဲ၊ ငါ့ နာမည်ကို မင်း သိလိမ့် မယ်လို့ ထင်ပါတယ်။ ”
လင်းယွန်မှ ပြန်ဖြေသည်။ ထိုအဖြေကြောင့် ရေတံခွန် နောက်ရှိ၊ ပိုင်လုလီ ခမျာ အနည်းငယ် အတွေးနက် သွား၏။
“ ရွှပ် ... ။ ”
များ မကြာခင် တစ်စုံ တစ်ယောက်ကို သတိရ သွားပြီး၊ လက်ဆန့်ကာ အလင်းတန်း များနှင့်၊ ချက်ချင်း ပစ်ခတ် လိုက်သည်။
“ ဝှစ် ... ။ ”
လင်းယွန်က လက်ဝှေ့ ယမ်းကာ၊ ထိုအလင်းကို ဖျက်ဆီး နေစဉ်၊ ပိုင်လုလီ တစ်ယောက် ရေတံခွန် အတွင်းမှ၊ ပျံထွက် လာပြီး၊ လူတိုင်း ရှေ့တွင် ရပ်လိုက်၏။
“ မင်း ပဲ ... ။ ”
မီးနဂါး ဂိုဏ်း၏ အထက် တန်းစား များက မမှတ်မိ သေးသဖြင့်၊ ခေတ္တမျှ အံ့အားသင့် နေခဲ့ ကြသည်။
သို့သော် နဂါး မောက်သီး အတွက်၊ ဂိုဏ်း (၈) ဂိုဏ်း၏ ပါရမီရှင် များကို သတ်ဖြတ်ခဲ့သော လူ တစ်ဦးအား၊ သတိရ လာမိ တော့သည်။
***