မိုးပြာ နဂါး- (၁)။
Vol. 92 Ch. 1287
“ မင်း ... မိစ္ဆာကောင်။ ”
“ လူယုတ်မာ ... ငါတို့ ရှေ့မှာ၊ ပေါ်လာ ရဲတယ်လား။ ”
“ သူ့ကို သတ် ... ။ ”
“ သတ်လိုက် တာက လွယ်လွန်းတယ်၊ ဒူးထောက်ပြီး သနားခံ ခိုင်းပါ။ ”
မီးနဂါး ဂိုဏ်း၏ အထက် တန်းစားများ ဒေါသတကြီး ဖြစ်လာပြီး၊ မျက်နှာများ အေးစက် ကုန်သည်။
သူတို့၏ အမုန်း တရားမှာ၊ နက်ရှိုင်း လွန်း သဖြင့်၊ လင်းယွန်ကို သတ်ရုံနှင့် မကေျနပ် ကြချေ။
လင်းယွန် လုပ်ရပ်သည်၊ သူတို့ ဂိုဏ်းကြီး များ၏၊ ဂုဏ် သိက္ခာကို အကြီး အကျယ် ထိခိုက် စေသည်။
သက်တံဓား သူတော်စင် အကူ အညီကို ရယူထား သောကြောင့်၊ မည်သည့် အရာမျှ မလုပ် နိုင် ခဲ့ချေ။
ထိုအချိန်က ဖုန်းကျွယ်မှာ၊ သူတို့၏ နဂါးသွေး လွှတ်ကြော နယ်ပယ် အကြီး အကဲ (၈) ဦးကို ဓားရောင်ခြည် တစ်လက်မ ခွဲနှင့်၊ သတ်ပစ် ခဲ့သည်။
ထို့အပြင် လျော်ကြေး အဖြစ်၊ လက်ဆောင်များ ပေးအပ် ခဲ့ရ၏။ ယင်းက မီးနဂါး ဂိုဏ်း အတွက်၊ တစ်ကြိမ်မျှ မခံစား ဖူးသော အရာ ဖြစ်သည်။
“ ဟမ့် ... မင်းတို့က၊ ငါ့ကို မိစ္ဆာလို့ ခေါ်နေ တာလား။ ”
ရယ်စရာ ကောင်းသော အသုံး အနှုန်းကြောင့်၊ လင်းယွန်က ပြုံး လိုက်သည်။ ဤလူ များသည် ‘နဂါး ကိုးကောင် ဝါးမျိုခြင်း’ အစီရင်ကို ချမှတ်ကာ၊ နဂါးမောက် သီးအား ကျွေးမွေး ခဲ့သည်။
ထိုသို့သော လူများက၊ သူ့အား မိစ္ဆာ ကောင်ဟု၊ ခေါ်နေ ခြင်းသည် မယုံ နိုင်စရာ ပေပင်။
“ မင်းက ... ၊ ငါတို့နဲ့ ယှဉ်ချင် တာလား။ ”
“ မင်းလို တိမ်လွှာဓား ဂိုဏ်းရဲ့ တပည့် တစ်ယောက်က၊ ငါတို့လို ဂိုဏ်းကြီး တွေကို၊ ဘယ်လိုလုပ် ယှဉ်နိုင် မှာလဲ။ ”
“ ဘာလို့ သူနဲ့ အချိန် ဖြုန်းနေရ တာလဲ၊ ဒီမိစ္ဆာက ကြယ်စင်စု အဆင့် မှာပဲ၊ ရှိသေးတာ အရမ်း ကံကောင်းတယ်။ ”
“ မင်းရဲ့ ခရီးစဉ်က ပြီးဆုံး သွားပြီ၊ အခု ချက်ချင်း ဒူးထောက်ပါ၊ မင်းကို လွယ်လွယ်နဲ့ သေဖို့ ငါ စဉ်းစား ပေးမယ်။ ”
လင်းယွန်မှာ သန်မာ သော်လည်း၊ သွေ့ရော်ကျွန်း ရောက်ပြီးနောက်၊ အရာ အားလုံး ပြောင်းလဲ သွားခဲ့သည်။
အထင် အမြင် သေးစွာနှင့်၊ ဆုတ်ခွာ သွားရာလမ်း အားလုံးကို ပိတ်ပစ်ရန်၊ အရှိန် အဝါအား၊ ထုတ်လွှတ် လိုက်ကြ၏။
“ တောင်းပန် ပါတယ်၊ ဒါပေမယ့် ... မင်းတို့တွေ စိတ်ပျက် သွားမှာကို ... ၊ ငါ ကြောက် မိတယ်။ ”
လင်းယွန်က ပြုံးကာ တုန့်ပြန်သည်။ မျက်ဝန်း၌ အေးစက်သော အလင်း ရောင်များ တောက်ပ လာပြီး၊ ရုတ်တရက် လှုပ်ရှား သွား၏။
ထိုအရှိန်ကြောင့်၊ မီးနဂါး ဂိုဏ်း၏ တပည့် များမှာ ထိတ်လန့် သွားသည်။ လင်းယွန် အား ရပ်တန့်ရန် ကြိုးစား လိုက်မိ၏။
“ ဖြန်း ... ။ ”
သို့သော် သူတို့ နောက်ကျ သွားသည်။ မျက်စိတစ်မှိတ် အတွင်း ကျယ်လောင်သော ပါးရိုက်သံ ထွက်လာပြီး၊ လူနှစ်ယောက် နောက်ပြန် ဆုတ်သွား ရသည်။
မူးဝေ လာပြီး ရှက်စိတ်ကြောင့်၊ ရင် တဒိတ်ဒိတ် ခုန်လာ၏။ ဖြစ်ပျက် သမျှကို သူတို့ နားမလည် နိုင်သေးချေ။
နောက်ဆုံးတွင် သူတို့ နှစ်ဦးမှာ၊ ပင်မ နတ်ဘုရားများ ဖြစ်ကြသည်။ တစ်ဖက် လူ၏ ပါးရိုက်ခြင်း ခံရ သည်မှာ၊ မယုံနိုင် စရာ ပေပင်။
ဝိုင်းရံ ထားသော အထက် တန်းစားများ မှာလည်း၊ အံသြ သွား၏။ ကြယ်စင်စု အဆင့်မှ တစ်စုံ တစ်ယောက်သည်၊ မီးနဂါး ဂိုဏ်း အပေါ်၊ ရန်စ ခြင်းဖြင့်၊ မိုက်မဲ မှုသာ ဖြစ်ကြောင်း၊ သူတို့ ထင်မိ ခဲ့သည်။
“ အကိုကြီး ... ၊ ငါ တာဝန်ယူ ပါရစေ။ ”
ပိုင်လုလီ အနားရှိ၊ မီးခိုး ရောင်ဝတ် လူငယ် တစ်ယောက်မှ တောင်းဆို လိုက်၏။ သူ့မျက်လုံး များ၌၊ မငြိမ်း နိုင်သော အမုန်း တရားများ တောက်လောင် နေသည်။
“ အိုး ... ၊ မင်းက ငါ ... သတ်ခဲ့တဲ့၊ မီးနဂါး ဂိုဏ်းက လူငယ် တစ်ယောက်နဲ့ တူ လိုက်တာ။ ”
ထိုလူငယ်ကို ကြည့်ပြီး၊ လင်းယွန်က ပြောလိုက်သည်။ နဂါး ဝိညာဉ် ကျောက်စိမ်းပြား ပိုင်ရှင် လူငယ်ကို ဆိုလိုခြင်း ဖြစ်၏။
ထိုရတနာသည် မီးနဂါး ဂိုဏ်း၏ လျှို့ဝှက် ပညာ ရပ်နှင့် တွဲဖက် အသုံးပြု ရခြင်း ဖြစ်သဖြင့် လင်းယွန် အတွက် အသုံး မဝင်ပေ။
“ သူက ငါ့ရဲ့ တတိယ ညီ။ ”
ထိုလူငယ်က သွားကြား ထဲမှ တိုးထွက် လာသော လေသံနှင့် ပြန်ဖြေသည်။
“ လူယုတ်မာ ... ၊ မင်းက ဂိုဏ်းကြီး ရှစ်ဂိုဏ်းကို စော်ကား ဝံ့တဲ့ အတွက်၊ အနှေးနဲ့ အမြန် ဆိုသလို၊ သတ်ခြင်း ခံရ လိမ့်မယ်။ ”
“ ဒါဆို ... ၊ ငါ အသတ် မခံ ရခင်၊ မင်းကို အရင် သတ်လိုက်မယ်။ ”
လင်းယွန် နောက်တွင် ရွှေတောင်ပံ တစ်စုံ ပွင့်လာပြီး၊ အလင်းတန်း အဖြစ် ပြောင်းလဲကာ၊ ထိုလူငယ်ထံ ဦးတည် လိုက်သည်။
“ မင်းက သေချင် နေတာပဲ။ ”
လူငယ်က အသိစိတ် လုံးဝ ဆုံးရှုံး သွားပြီး၊ အနက်ရောင် လှံ တစ်စင်းကို ထုတ်ယူ လိုက်၏။ သည့်နောက် မီးလျှံ ရေနဂါးကို ဆင့်ခေါ်ကာ၊ လင်းယွန်ထံ ထိုးချိန်သည်။
၎င်းသည် မီးနဂါး ဂိုဏ်းမှ၊ အမာခံ တပည့် များသာ အသုံး ပြုနိုင်သည့်၊ သူတော်စင် ပစ္စည်း နဂါး-ဝိညာဉ် လှံ ဖြစ်သည်။
၎င်းကို မီးလျှံ ရေနဂါး အရိုး များနှင့်၊ သန့်စင်ထား သောကြောင့်၊ ရှေးဟောင်း ပျက်သုဉ်း မြေ ၌ပင်၊ ကျော်ကြားသည်။
အချိန် အနည်းငယ် ကြာသည့် တိုင်အောင်၊ ဘုရင် အဆင့် သူတော်စင် လက်ရာကို ယှဉ်၍ တိုက်နိုင် ပေသည်။
လူငယ်က လှံကို ချိန်ရွယ်လျက်၊ ဥက္ကာပျံ တစ်စင်း ကဲ့သို့ ခုန်ထွက် လာခဲ့သည်။ သို့သော် နောက်ဆက်တွဲ အဖြစ် အပျက် များက၊ လူတိုင်းကို ထိတ်လန့် သွား စေ၏။
ထိုတိုက်ခိုက် မှုကို ဖြေရှင်းရန် လက်သီး ဆုပ်ကာ၊ လင်းယွန်မှ အပြာရောင် နဂါးအား ထုတ်လွှတ် လိုက်သည်။
“ ဝုန်း ... ။ ”
မျက်စိ တစ်မှိတ် အတွင်း၊ နဂါး ဝိညာဉ် သူတော်စင် လှံမှာ၊ ပျက်စီး သွား၏။ သူတော်စင် နဂါး ခန္ဓာ ကိုယ်ကြောင့်၊ ခရမ်း- ရွှေရောင် နဂါး ရူရ် တစ်ထောင်၊ အသက်ဝင် လာသည်။
ဤတိုက်ခိုက်မှု အောက်တွင်၊ ပြင်းထန်သော မိုးကြိုး မုန်တိုင်း စွမ်းအင်များ ရိုက်ခတ် သဖြင့်၊ လေဟာနယ် ပုံပျက် သွားသည်။
“ ဝှစ် ... ။ ”
ထို့စဉ် ပိုင်လုလီက ထိုလူငယ်၏ ပခုံးကို လှမ်းဆွဲကာ၊ လက်သီး နယ်မြေ အတွင်းမှ ခုန် ထွက် လိုက်သည်။
“ ဝုန်း ... ။ ”
မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက် များက၊ ပစ်မှတ် ပျောက်သွား သဖြင့်၊ ပတ်ဝန်း ကျင်ရှိ မီးနဂါး ဂိုဏ်း၏ တပည့်များ အပေါ်၊ ကျဆင်း ပေါက်ကွဲ ကုန်သည်။
ကျင့်ကြံ မှုတွင် တိုးတက်မှု တစ်စုံ တစ်ရာ မရှိခဲ့ သော်လည်း၊ နဂါး မောက်သီး အတွက်၊ ယှဉ်ပြိုင် သည့် အချိန် ကထက်၊ လင်းယွန်မှာ ပိုမို အားကောင်း နေပေသည်။
လင်းယွန်က ပိုင်လုလီ ရပ်နေသည့် နေရာ၌ ပေါ်လာပြီး၊ သူ့ နောက်သို့ ဆက် မလိုက်ချေ။ ဝိညာဉ် ရေကန်ကို လှည့်ကြည့်ကာ၊ အိုင်းရစ် ဓားသုတ္တန်အား ဖြန့်ဝေ လိုက်သည်။
ပြီးနောက် ရေကန်ပေါ် ဆင်းသက် လိုက်သည်နှင့်၊ ခရမ်း- ငွေရောင် ပန်းတစ်ပွင့် ထွက်ပေါ် လာပြီး၊ ဝိညာဉ်ရေး ရေကန် ထဲရှိ စွမ်းအင် များကို ဝါးမြို သွားသည်။
ရေကန်မှ အလင်း တန်းများ ဖြာထွက် လာကာ၊ ကောင်းကင်ရှိ ကြယ်ပွင့် များ ကဲ့သို့၊ တောက်ပ လင်းလက် ကုန်၏။
“ နတ်ကြယ် ပုလဲ ... ။ ”
သည်မြင်ကွင်းက လူတိုင်းကို ထိတ်လန့် သွားစေ၏။ အလင်းတန်း များအရ ပမာဏသည် ထိတ်လန့် ဖွယ်ရာ ဖြစ်သည်။
ဓား ရည်ရွယ် ချက်ကို မျက်လုံးထဲ လောင်းထည့်ကာ၊ ရေကန် အောက်ခြေသို့ စိုက်ကြည့် လိုက်သည်။
အသက် လက္ခဏာ မပြဘဲ၊ ရေကန် အောက်ခြေတွင် ထိုင်နေသော အဖိုးအို တစ်ဦး ကို တွေ့လိုက် ရ၏။ ထိုအဖိုး အောက်၌ များပြား လှသော နတ်ကြယ် ပုလဲ အပုံကြီး ရှိနေသည်။
ယင်းက ရေကန် ကြမ်းပြင် တစ်လုံး ပြည့်နေ၏။ ဤနေရာသည် အမှန် တကယ်ပင် ရှေးဦးခေတ်မှ၊ ကျွမ်းကျင် ပညာရှင် တစ်ဦး၏ ကျင့်ကြံရာ နေရာ ဖြစ်နိုင်သည်။
သို့မဟုတ် အဆင့် ချိုးဖြတ်ရန် ပြင်ဆင် နေစဉ်၊ သေဆုံး သွား ခြင်းလည်း ဖြစ်နိုင်သည်။ အဘိုးအို ပတ်ဝန်း ကျင်တွင်၊ အဖျက် စွမ်းအား အချို့၊ တောက်လောင် နေသဖြင့်၊ ဤကန်မှာ ထူးခြားကြောင်း သိရှိ လိုက်ပြန်သည်။
ဝိညာဉ် စွမ်းအင် ပါဝင်သော ရေတံခွန်သည် ဤရေကန် တစ်ခု လုံးကို အတား အဆီး သဖွယ် ပိတ်ဆို့ ထားခြင်း ဖြစ်သည်။
အကယ်၍ ရေတံခွန်သာ မရှိခဲ့ ပါက၊ အဘိုးအို၏ အလောင်း ပေါက်ကွဲသွား မည်မှာ၊ ကြာပြီ ဖြစ်၏။
“ ဟား ... ဟား ... ဟား ... ၊ ငါ့ ကံက ဒီတစ်ခါတော့ ကောင်းကင်ကို အံတု လွန်းတယ် မဟုတ်လား။ ”
လင်းယွန်က ပတ်ဝန်းကျင် တစ်ခုလုံး သူတစ်ယောက် တည်း ရှိနေခဲ့ သကဲ့သို့၊ ခေါင်းမော့လျက် ရယ်မော လိုက်တော့သည်။
***