မိုပြာ နဂါး- (၂)။
Vol. 92 Ch. 1288
“ သူ့ကို သတ် ... ။ ”
ပိုင်လုလီ မျက်နှာ ပျက်ယွင်း သွား၏။ ဤသည်မှာ သူ၏ ကံကောင်း မှုကြီး ဖြစ်ပြီး၊ လျှို့ဝှက် ထားခြင်း ဖြစ်သည်။
ယင်းက တန်ခိုးကြီး ဂိုဏ်းများ ကိုပင်၊ ဆွဲဆောင် နိုင်သည်။ ဒေါသ အရမ်း ထွက်လာပြီး မျက်နှာ ဖြူဖျော့လျက်၊ သွေးများ ပါးစပ်ထဲမှ စိမ့်ထွက် လာသည်။
“ ကောင်းကင် နဂါး ကိုးကောင်။ ”
ထို့ကြောင့် ကြုံးဝါး သံပြုလျက်၊ ဦးစွာ တိုက်ခိုက် လိုက်သည်။ တစ်ချိန်တည်း မှာပင် မီးတောင် တစ်လုံး သူ့ နောက်၌၊ ပေါက်ကွဲ သွား၏။
ဤသည်မှာ လျှို့ဝှက် ပညာ ဖြစ်ပြီး၊ လင်းယွန်ကို ဗဟို ပြုလျက်ဦ မီးပင်လယ်ကြီး လွှမ်းခြုံ လာသည်။
သို့သော် လင်းယွန်က သူတော်စင် နဂါး ခန္ဓာကိုယ်ကို အသက် သွင်းကာ၊ မီးရည်ရွယ် ချက်အား၊ တားဆီး လိုက်သည်။
“ ဝှစ် ... ။ ”
သည့်နောက် ခရမ်း- ရွှေရောင် ရူရ်များ ပွင့်လာပြီး၊ ပိုင်လုလီ၏ တိုက်ခိုက်မှု များကို ရှောင်တိမ်း မိသည်။
“ ဟိတ် ... ။ ”
မီးနဂါး ဂိုဏ်း၏ တပည့်များ မှလည်း၊ လျှို့ဝှက် နည်းစနစ် မျိုးစုံကို ထုတ်ဖော်ကာ၊ နက္ခတ်များ နှင့်အတူ ဝင်ရောက် လာသည်။
“ လာ ... ငါ့ဆီ ... ။ ”
ရွှေတောင်ပံ တစ်စုံအား ဆင့်ခေါ်ကာ၊ လင်းယွန် တစ်ယောက် ရုတ်တရက် ပျောက် သွားသည်။ အရှိန်မှာ မယုံနိုင် လောက်အောင် မြန်ချေ၏။
ပင်မ နတ်ဘုရား များ၏၊ တိုက်ခိုက်မှု များမှာ၊ မည်သို့ပင် ကြောက်မက်ဖွယ် ကောင်း စေကာမူ၊ ပစ်မှတ်ကို မထိ ပါက၊ အသုံး မဝင်ချေ။
“ ဝှစ် ... ။ ”
လင်းယွန်က ပြန်ပေါ် လာ သည်နှင့်၊ မိုးကြိုး မုန်တိုင်း ရည်ရွယ်ချက်ကို လက်အတွင်း ပို့လွှတ် ကာ၊ မီးနဂါး ဂိုဏ်း၏ တပည့် များအား၊ ကုပ်ဆွဲ လိုက်သည်။
သို့သော် လက်ဖဝါးဖြင့်၊ ဖမ်းမိ လာသော ကျွမ်းကျင်သူ များမှာ၊ သူတို့ ခန္ဓာကိုယ် ပေါ်ရှိ ကြယ် စွမ်းအင် အလွှာသာ ကွဲသွားသည်။
“ ဟား ... ဟား ... ဟား ... ၊ မင်းက ကိုယ့်ကိုယ်ကို သန်မာတယ်လို့ ထင်နေတဲ့ ... ၊ ပုရွက်ဆိတ် တစ်ကောင် ပါပဲ။ ”
မီးနဂါး ဂိုဏ်း၏ တပည့် များက၊ သူတို့ ခန္ဓာကိုယ် ပေါ်ရှိ၊ အသေးစား ဒဏ်ရာ များထံ ကြည့်ပြီး၊ စိတ် သက်သာရာ ရသွားသည်။
ထို့နောက် ပင်မ နတ်ဘုရား တစ်ပါးက၊ ကြယ်စွမ်းအင်နှင့် ချပ်ဝတ် တစ်ထည် ဖွဲ့စည်း ကာ၊ ရှေ့လှမ်း ထွက် လာသည်။
၎င်းသည် ဂိုဏ်းကြီး တစ်ဂိုဏ်းမှ ပင်မ နတ်ဘုရား ကျွမ်းကျင်သူ ဖြစ်သဖြင့်၊ လင်းယွန် ကြုံတွေ့ ဖူးသော လူများထက်၊ သဘာဝ အားဖြင့် သန်မာ ချေပြီ။
“ အဟက် ... ၊ မင်း ... အခု သေလို့ ရပြီ။ ”
မီးနဂါး ဂိုဏ်း၏ ကျွမ်းကျင် သူက ရယ်မောလျက်၊ သူ့ နက္ခတ်ကို ဆင့်ခေါ်ကာ၊ ကြောက်စရာ ကောင်းသော ဖိအားများ ထုတ်လွှတ် လိုက်သည်။
“ လူစုခွဲ ... ၊ သူ့ကို ထိပ်တိုက် မတိုး စေနဲ့။ ”
ပိုင်လုလီက ဤမြင်ကွင်းကို အဝေးမှ မြင်သော အခါ၊ အန္တရာယ် အငွေ့ အသက်အား ခံစားမိ သဖြင့်၊ စိုးရိမ် တကြီး အော်ဟစ် သတိပေး လာသည်။
“ ဟား ... ဟား ... ဟား ... ၊ စိတ်မပူနဲ့ အစ်ကိုကြီး၊ ငါ သူ့ကို ထိန်းထား နိုင်တယ်။ ”
ထိုတပည့်က ယုံကြည်ချက် အပြည့်နှင့်၊ ရယ်မော လိုက်သည်။ ပြိုင်ဘက်မှာ၊ ကြယ်စင်စု အဆင့် ၌သာ ရှိသော၊ ပုရွက်ဆိတ် တစ်ကောင် ဖြစ်၏။
ကြံ့ခိုင်သော ကိုယ်လုံး ကိုယ်ပေါက် ရှိလျှင်ပင်၊ ဆယ်ကြိမ် အတွင်း ဒဏ်ရာ ပေးနိုင် မည်ဟု ယုံကြည်သည်။
“ ဝှစ် ... ။ ”
ထိုသို့ တွေး နေစဉ်၊ လင်းယွန်၏ တိုက်ခိုက်မှုသည် သူ့ညာဘက် ပခုံး ပေါ်သို့ ရုတ်တရက် ကျရောက် လာသည်။
လင်းယွန် မျက်လုံး ထဲရှိ၊ ဓား ရည်ရွယ် ချက်က၊ ပြိုင်ဘက်၏ အားနည်းချက် များကို၊ တစ်ချက်ချင်း ရှာဖွေ ပေးခဲ့သည်။
အကန့် အသတ်မဲ့ မိုးကြိုး မုန်တိုင်း စွမ်းအင်များ ဖြစ်ပေါ် လာကာ၊ နဂါး ရူရ် နှစ်ရာ တောက်ပ လာပြီး၊ အကြေး ခွံများ ပေါက်လာသည်။
လက်သည်း များက ထက်ရှသော ဓား တစ်လက် အလား၊ ကြောက်စရာ ကောင်း အောင် ရှည်ထွက် သွားသည်။
“ အား ... ။ ”
သည့်နောက်တွင် ပြိုင်ဘက်၏ ကြယ်စွမ်းအင် အကာ အကွယ်အား၊ အလွယ် တကူ စုတ်ပြဲကာ၊ လက်မောင်းကို ဖြုတ်ယူ ပစ်လိုက်သည်။
“ မင်းက သေချင် နေတာလဲ။ ”
ပိုင်လုလီမှာ ဒေါသ တကြီး ပြေးဝင် လာသည်။ သို့သော် လင်းယွန်မှ အပြုံး မပျက် ချေ။ ထိုပင်မ နတ်ဘုရားကို သတ်ပစ်လိုက် တော့သည်။
“ အား ... ။ ”
ပြီးနောက် အတောင်ပံ တစ်စုံကို ဖြန့်ကာ၊ ချက်ချင်း ဆိုသလို နေရာ ပြောင်းလိုက်သည်။ ပြန်ပေါ် လာ ချိန်တွင်၊ မီတာ ထောင်ဂဏန်း အကွာရှိ၊ မီးနဂါး ဂိုဏ်း၏ တပည့် တစ်ဦးကို ဖမ်းယူ သတ်ပစ် လိုက်ပြန်၏။
ဤပင်မ နတ်ဘုရား များသည် မရိုးရှင်း သောကြောင့်၊ မှားမည့် အချိန်ကို စောင့် မနေနိုင် ချေ။
သူတော်စင် နဂါး ခန္ဓာအား အသက် သွင်းကာ၊ ချို့ယွင်းချက် အနည်းငယ် တွေ့သည် နှင့်၊ အင်အားသုံး သတ်ပစ် လိုက်ရုံ ပေပင်။
ဤသို့ဖြင့် အတောင်ပံ တစ်ချက် ခတ်လိုက်တိုင်း၊ သွေးပန်း တစ်ပွင့် ပွင့်သွား သည်။ တစ်သက် တစ်ရှိုက်စာ အတွင်း လူ (၈)ဦး တိတိ၊ သတ်ပြီး ဖြစ်၏။
“ တိရိစ္ဆာန် မသား ... ၊ ငါနဲ့ ထိပ်တိုက် ရင်ဆိုင်စမ်း၊ မင်း ခေါင်းကို ဖရဲသီး တစ်လုံး လို ချေမွ ပစ်မယ်။ ”
ပိုင်လုလီက ကျိန်ဆဲ လိုက်သည်။ မီးနဂါး ဂိုဏ်း ဟူသည် ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်သဖြင့်၊ သမိုင်း တစ်လျှောက် ယခုကဲ့သို့၊ ကစား ခံရ ခြင်းမျိုး မရှိ ခဲ့ချေ။
“ မိစ္ဆာကောင်၊ မင်း ... ငါနဲ့ တိုက် ရဲလားလို့ မေးနေ တယ်လေ။ ”
ဤအတိုင်းသာ ဆိုက ယုန် တောင်ပြေး ခွေးမြောက်လိုက် ဖြစ်ကာ၊ မီးနဂါး ဂိုဏ်းသား များ ထပ်မံ အသတ်ခံ ရမည်ကို သိသဖြင့်၊ ပိုင်လုလီမှ ထပ်မေး လိုက်သည်။
“ ဝုန်း ... ။ ”
ဒေါသနှင့် မေးမြန်းခြင်း ဖြစ်ရာ၊ အသံ လှိုင်းက မိုင် ရာဂဏန်း အကွာမှ တောင်ကုန်း များ ကိုပင်၊ ပြိုပျက် သွားစေ ခဲ့သည်။
“ ကောင်းပြီ ... ၊ မင်း ဆန္ဒ အတိုင်းပဲ။ ”
ရွှေတောင်ပံ များကို ခတ်လျက်၊ လေထု အလယ် နတ်ဘုရား တစ်ပါး ကဲ့သို့၊ လင်းယွန်မှ ရပ် လိုက်သည်။
“ ဒါဆို ... မင်း ဘယ်လို သေမလဲ ဆိုတာ ကြည့်ရအောင်။ ”
နက္ခတ် ပွင့်လာပြီး၊ ရွှေမီးလျှံများ ဝန်းရံ နေသည့် ရေနဂါး တစ်ကောင်က ကောင်းကင်၌ ဖြစ်တည် လာသည်။
“ အစ်ကိုကြီး၊ သူ့ကို သတ်။ ”
ပိုင်လုလီက နက္ခတ်အား ဆင့်ခေါ် နေသည်ကို ကြည့်ကာ၊ မီးနဂါး ဂိုဏ်း၏ တပည့် များက၊ အော်ဟစ် လာကြသည်။
သူတို့၏ အစ်ကိုကြီး ပိုင်လုလီမှာ၊ အင်ပါ ရီယန် အဆင့်၌၊ နာမည် ရေးထွင်းထား နိုင်ပြီး၊ လက်ရှိ အချိန်တွင် ပင်မ နတ်ဘုရား တစ်ပါး ဖြစ်နေပြီ ဖြစ်သည်။
ထို့ကြောင့် နက္ခတ်ကို ထုတ်ဖော် ရုံနှင့်၊ ကြယ်စင်စု အဆင့် ၌သာ ရှိသော လင်းယွန်ကို သတ်နိုင် မည်ဟု ယုံကြည် ကြ၏။
“ ဘယ်လောက် တောင် အစွမ်းထက် လိုက်တဲ့ နက္ခတ်လဲ၊ မနာလို စရာ ကောင်း လိုက်တာ။ ”
ပိုင်လုလီ၏ နက္ခတ်ကို ကြည့်ကာ လင်းယွန်မှ ချီးကျူး လိုက်မိသည်။
“ ဒါဆို ... မင်းက ဘာလို့ ဒူးထောက် မတောင်းပန် သေးတာလဲ။ ”
မီးနဂါး ဂိုဏ်း၏ ရဲရင့်သော တပည့် တစ်ဦးက ပြုံးပြီး၊ ရေှ့လှမ်း တက်လာသည်။
“ မင်းကိုယ် မင်း ... ဘယ်သူလို့ ထင်နေလဲ၊ ဒီမှာ စကား ဝင်ပြောဖို့၊ အရည် အချင်း မရှိတာ မသိ ဖူးလား၊ ... ဟမ့်။ ”
မိုးကြိုး မုန်တိုင်းကို ဆင့်ခေါ်ကာ၊ တောင်ပံများ ခတ်လျက် လက်ဆန့် တန်းပြီး၊ ထိုတပည့် ရှေ့သို့ ရောက်ရှိ သွားသည်။
“ ဂျိန်း ... ။ ”
နဂါး ရူရ်များ လင်းလက် လာပြီး၊ ထိုတပည့်မှာ အပိုင်း အစများ အဖြစ်၊ ပေါက်ကွဲ သေဆုံး သွားသည်။ ဤမြင်ကွင်းက မီးနဂါး ဂိုဏ်း၏ တပည့် များကို တိတ်ကျ သွားစေ၏။
“ မင်း ... ခွေး မသား။ ”
မျက်စိ ရှေ့တွင်ပင်၊ တပည့် တစ်ဦးကို ထပ်မံ သတ်ဖြတ်လိုက် သဖြင့်၊ ပိုင်လုလီ ခမျာ မျက်လုံး ပေါက်ထွက် မတတ်၊ နီရဲ လာသည်။
သူ့အား ရှေ့ထားပြီး၊ ဤသို့သော မောက်မာသည့် အပြု အမူမျိုး၊ မည်သူမျှ မလုပ် ရဲချေ။ ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင် လာကာ၊
“ ဒီနေ့ ... မင်းကိုမှ မသတ် ရရင် ... ၊ ငါက အထွတ် အထိပ် ပါရမီရှင်၊ မဟုတ် တော့ဘူး။ ”
သူ့နောက်ရှိ မီးလျှံ ရေနဂါး ကြီးက ပြင်းထန်သော ဟောက်သံကို ထုတ်လွှတ်လျက်၊ မီးတောက် များဖြင့် မှုတ်လာ ခဲ့သည်။
တစ်ချိန်တည်း မှာပင် ကြောက်မက်ဖွယ် ကောင်းသော ၎င်းနဂါး၏ အငွေ့ အသက်က ကောင်းကင်ကို မှောင်မိုက်သွား စေ၏။
“ မြန်မြန် ပြေး ... ။ ”
“ တိုက်ပွဲ စတော့မယ်။ ”
လမ်းကြောင်း ပေါ်ရှိ လူအုပ်မှာ၊ တုန်လှုပ် ခြောက်ခြား သွားသည်။ သို့သော် ရှောင်တိမ်းရန် နောက်ကျ သွားပြီး၊ ပြာ အဖြစ် လောင်ကျွမ်းသူ အချို့၊ ရှိလာ တော့၏။
“ မင်း ... ငါ့ကို သတ်ချင် နေတာလား၊ စိတ်မကောင်း မပါဘူး၊ ငါက ကြယ်စင်စု အဆင့် မှာ ရှိနေ ပေမယ့်၊ မင်း သတ်နိုင်တဲ့ လူ မဟုတ် တာတော့ သေချာတယ်။ ”
လင်းယွန်က စကားဆုံး သည်နှင့်၊ သူတော်စင် ရူရ်ကို အသက်သွင်း လိုက်ရာ၊ နဂါး အကြေး ခွံများ အထပ်ထပ် ဖြစ်ပေါ် လာသည်။
“ ဂျိန်း ... ။ ”
ကျယ်လောင်သော မိုးခြိမ်းသံ တစ်သံ နှင့်အတူ၊ ပိုင်လုလီ နဂါး ထံမှ လာသည့် မီးလျှံ များကို၊ ခံယူ လိုက်တော့သည်။
ပြီးနောက် မိုးပြာ နဂါး တစ်ကောင်က လင်းယွန်အား လှည့်ပတ် လာ၏။ နဂါး အတွင်း အသွေး အသားများ ဖြစ်တည် စပြု နေရာ၊ ၎င်းမှ ကိုယ်ငွေ့ ကိုပင် ခံစားရ စေသည်။
“ ဘာလဲ ... ဒါက နဂါး အစစ်လား။ ”
လူတိုင်းက သွေးကြော မျှဉ်လေးများ အပြိုင်းပြိုင်း ယှက်သမ်း နေသော နဂါး ကြီးကို ကြည့်ကာ၊ မျက်လုံးပြူး ကုန်သည်။
“ တိမ်လွှာဓား ဂိုဏ်းရဲ့ ... ၊ ကောင်းကင် တပည့် လင်းယွန်က၊ မင်းရဲ့ စိန်ခေါ်မှုကို လက်ခံ ပါတယ်။ ”
ဆံပင်များ လေထဲ တဖျပ်ဖျပ် လွင့်ကာ၊ တိုက်ပွဲဝင် ဆန္ဒ များကို ကောင်းကင် အပြည့် ထုတ်ဖော် ပြသ လိုက်သည်။
ရန်သူသည် ဂိုဏ်းကြီး များမှ၊ အထွတ် အထိပ် ပါရမီရှင် ဖြစ်နေ လျှင်ပင်၊ ၎င်းတို့အား သတ်နိုင်ကြောင်း၊ လူတိုင်း သိအောင် ပြောပြ ရပေမည်။
***