နဂါး စီးနင်းကာ၊ အနိုင် ယူခြင်း။
Vol. 93 Ch. 1289
လင်းယွန်မှာ ပိုင်လုလီကို စိန်ခေါ်လိမ့် မည်ဟု၊ မည်သူမျှ မမျှော်လင့် ထား သဖြင့်၊ လူတိုင်း စိတ်လှုပ်ရှား လာသည်။
ကနဦး ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များကို သတ်ဖြတ် နိုင်သည့်၊ ပထမ တန်းစား အင်ပါ ရီယန် ပါရမီရှင် များအား၊ မကြာ ခဏ ဆိုသလို၊ မြင်တွေ့ ရ တတ်သည်။
လင်းယွန်မှာ ထိုအဆင့် ပါရမီရှင်မျိုး ဖြစ်ပြီး၊ သူ့ ပြိုင်ဘက် ပိုင်လုလီ သည်လည်း၊ အလားတူ ကျွမ်းကျင်သူ ဖြစ်သည်။
ကျင့်ကြံ မှုတွင် ကြီးမားသော ကွာဟချက် ရှိနေကာ၊ နက္ခတ် မဖွဲ့စည်း နိုင်ခင်၊ ပိုင်လုလီကို ရင်ဆိုင် ခြင်းသည်၊ မယုံ နိုင်စရာ ပေပင်။
“ ဒါက အရမ်း မိုက်တယ်။ ”
“ ဒီနတ်ဆိုးက တိမ်လွှာ ဓားဂိုဏ်းရဲ့ တပည့် ဆိုတာ ငါ မယုံ နိုင်ဘူး။ ”
ထိုမြင်ကွင်းကြောင့် လူအုပ် ကြီးမှာ ပွက်လောရိုက် ကုန်သည်။
“ မင်း ... မီးနဲ့ ကစားချင် နေတာပဲ။ ”
ပိုင်လုလီ မျက်နှာ မည်းမှောင် သွားပြီး၊ လင်းယွန်ထံ ပြေးဝင် လိုက်သည်။ များမကြာခင် နှစ်ဦးသား လှုပ်ရှားမှု ဆယ်ကြိမ်ခန့်၊ ဖလှယ် လိုက် ကြ၏။
“ ဝှစ် ... ။ ”
မီးပွင့်များ ဖြာထွက် နေပြီး၊ ကောင်းကင် ပြိုကျလာ သလို ပေပင်။ ထိုအချိန်တွင် တိုက်ပွဲ အတွင်းမှ ပြေးထွက်လျက်၊ မီးနဂါး ဂိုဏ်း၏ တပည့် နောက် တစ်ဦးကို၊ လင်းယွန်က ချက်ချင်း သတ်ပစ် လိုက်သည်။
“ မင်း ... ဘယ်လို တောင် ... ၊ သတ္တိ ရှိလိုက်လဲ၊ မင်းရဲ့ ဂိုဏ်း တစ်ခု လုံးကို ... ၊ ငါ ဖျက်ဆီး ပစ်မယ်။ ”
ပိုင်လုလီက ဒေါသနှင့် ပြေးလိုက် လာပြီး၊ လင်းယွန်အား တိုက်ခိုက် လေသည်။ သို့သော် လင်းယွန်က ထပ်မံ ပြေးထွက် လာပြီး၊ မီးနဂါး ဂိုဏ်း၏ တပည့် တစ်ဦးကို၊ သတ်ပစ် ပြန်၏။
“ ဝှစ် ... ။ ”
ပြီးနောက် သူ့ကို ဦးစွာ ဝင်ရောက် တိုက်ခိုက်ခဲ့သော လူငယ် ထံသို့၊ ပျံသန်း သွား လိုက်သည်။
“ အစ်ကိုကြီး ... ၊ ငါ့ကို ကယ်ပါ။ ”
ထိုလူငယ်က ကြောက်လန့် တကြား အော်ဟစ်ကာ ရှောင်တိမ်းရန် ပြင်လိုက်သည်။
“ ရပ် စမ်း ... ။ ”
အကူ အညီ တောင်းသံနှင့် လင်းယွန်၏ လုပ်ရပ်ကြောင့်၊ ပိုင်လုလီ ခမျာ သွေးအန်လု နီးပါး ဖြစ်လာသည်။
ထို့စဉ် လင်းယွန်၏ နဂါး လက်သည်းဖြင့် ဖမ်းဆုပ် ခံလိုက ရသော ထိုလူငယ်မှာ ချက်ချင်း ကြေမွ သွားတော့သည်။
“ အား ... မ လုပ် နဲ့။ ”
ပိုင်လုလီမှာ ရူးသွပ် သွား၏။ သူ့ ပြိုင်ဘက်သည် လူကြီး လူကောင်း မပီ သချေ။ ယုတ်မာ ကောက်ကျစ် လွန်းပေ၏။
ထိုတိုက်ပွဲကို ကြည့်သော လူအုပ်မှာ၊ လင်းယွန် လုပ်ရပ်ကြောင့် ကျောချမ်း လာတော့ သည်။ ပိုင်လုလီကို ဂရု မစိုက်ဘဲ၊ လူတိုင်းကို သတ်ဖြတ်ရန် ကြံရွယ် နေပုံ ရသည်။
“ ငါ့ ဂိုဏ်းကို မင်းက ဖျက်ဆီးချင် နေတာလား၊ မင်းတို့ အရင် အသက် ရှင်အောင် ကြိုးစား လိုက်ပါဦး။ ”
လင်းယွန်က အေးစက်စွာ ပြောသည်။ သူ့လုပ်ရပ် များမှာ ရက်စက် လွန်းချေ၏။ မိစ္ဆာ ဟူသော အဓိပ္ပါယ်ကို၊ အပြည့် အဝ ပြသ နေမိသည်။
“ အစ်ကိုကြီး ငါ့ကို ကယ် ... ။ ”
“ အား ... ။ ”
“ မင်း ... ရပ်စမ်း။ ”
တစ်ယောက်ပြီး တစ်ယောက်၊ အကူ အညီ တောင်းလိုက်၊ ကြေမွ ပျောက်ကွယ် သွားလိုက် နှင့်၊ မီးနဂါး ဂိုဏ်းမှာ၊ ကူကယ်ရာ မဲ့လာ ကုန်သည်။
ဂိုဏ်းကြီးများ အနေဖြင့်၊ သူတို့ သွားရာ အရပ် များ၌၊ အခြား သူများ အပေါ် အမြဲတမ်း၊ အနိုင်ကျင့် ကြပေသည်။
ထို့ကြောင့် သူတို့အား ဤပုံစံဖြင့် အသတ် ခံရသည့် အခါ၊ ကြည့်နေ သူများက၊ ကျေနပ်လာ ကုန်၏။
“ ပိုင်လုလီကို ကြည့်ပါဦး ... ၊ ဘယ်လိုတောင် သနား စရာ ကောင်း လိုက်လဲ၊ သူ့ နေရာမှာ ငါသာ ဆိုရင်၊ ရူးလိမ့်မယ်။ ”
“ အမှန်ပဲ ... မီးနဂါး ဂိုဏ်းရဲ့ ... ၊ တပည့် တွေကို၊ ပုရွက်ဆိတ်လို သဘော ထားပြီး၊ သတ် ပစ် နေတာက၊ သူ့ကို ခံရခက် စေလိမ့်မယ်။ ”
လူတိုင်းက ပိုင်လုလီ အပေါ်၊ သနား လာသည်။ ထူးချွန် ထက်မြက်သော ပါရမီရှင် တစ်ဦး အနေဖြင့်၊ ဤရလာဒ်မှာ တစ်သက်တာ အရိပ် မည်းကြီး၊ ဖြစ်လာမည် ဖြစ်၏။
“ နဂါး ဝိညာဉ် ။ ”
မီးနဂါး ဂိုဏ်း၏ တပည့်များ အားလုံး အချိန်တို အတွင်း၊ အသတ် ခံလိုက် ရပြီး၊ တစ်ဦး တည်းသာ ကျန်တော့ သဖြင့်၊ ပိုင်လုလီမှ ဝှက်ဖဲ ကို ထုတ်ဖော် လိုက်သည်။
“ ဝှစ် ... ။ ”
မီးလျှံ ရေနဂါး ဝိညာဉ်က ရုတ်တရက် အရွယ် အစား ကြီးထွား လာပြီး၊ လင်းယွန် ထံသို့၊ မီးလျှံ သံကြိုး များနှင့် ပစ်ခတ် လိုက်သည်။
ထိုသံကြိုး များတွင် ရေနဂါး သွေးနှင့် ၊ ရေးထွင်း ထားသော သူတော်စင် ရူရ်များ ပါရှိ ချေ၏။
“ ချွင် ... ချွင် ချွင်။ ”
ထို့ကြောင့် လင်းယွန်ကို ရစ်ခွေ နေသော နဂါးကြီး၏ လက်၊ ဦးခေါင်းနှင့် အမြီး တို့အား ချက်ချင်း တုပ်နှောင် မိသွားသည်။
အဝေးမှ ကြည့်ပါက၊ မိုးပြာ နဂါးကြီးကို ဝါးမျိုရန်၊ ကြိုးစား နေသော မီးလျှံ ရေနဂါးအား၊ မြင်ရ ပေမည်။
ဤလျှို့ဝှက် နည်းပညာကို ထုတ်ဖော် ပြီးနောက်၊ ပိုင်လုလီ အသား အရေမှာ ချက်ချင်း မှိန်ဖျော့ သွား၏။
“ ဂျိန်း ... ။ ”
ထို့ကြောင့် မိုးပြာ နဂါးမှာ၊ ညည်းတွား သံပြုလျက် ရုန်းကန် တော့သည်။ ကောင်းကင် ကိုးပါးကို တုန်လှုပ် စေသော မိုးချုန်း သံကြီး ထွက်ပေါ် လာ၏။
“ သေ လိုက် စမ်း ... ။ ”
မိုးပြာ နဂါးကို ချည်နှောင် ပြီးနောက်၊ ပိုင်လုလီမှာ ပင်မ နတ်ဘုရား ရောင်ဝါအား ထုတ်လွှတ်လျက်၊ လင်းယွန်ကို ကန့်သတ် တော့သည်။
“ ဝှစ် ... ။ ”
သို့သော် လင်းယွန်မှာ အတောင်ပံ များ ခတ်၍၊ ဤတိုက်ခိုက် မှုကို အလွယ် တကူ ရှောင်ရှား သွားသည်။
ပစ်မှတ်ကို လွှဲသွား သဖြင့်၊ ပိုင်လုလီ၏ စွမ်းအားမှာ၊ တောင်ကြီး တစ်လုံးထံ ထိမှန်ကာ၊ ပြိုကျ သွားတော့သည်။
“ နဂါး ဟိန်းသံ။ ”
သည့်နောက် ပိုင်လုလီ နဖူး ပေါ်၌၊ ရူရ်များ မီးတောက် လောင် လာကာ၊ ထပ်မံ တိုက်ခိုက် ရန်၊ ကြုံးဝါး လိုက်သည်။
“ ..... ။ ”
သူ့ပါးစပ်ကို ဖွင့်ကာ အော်လိုက် သဖြင့်၊ အသံလှိုင်း လင်းယွန်ထံ ပြေးထွက် သွားသည်။ အသံလှိုင်း ရိုက်ခတ် မှုကြောင့်၊ တောင်များ ထပ်မံ ပြိုကျ လာ၏။
“ မင်းရဲ့ မိုးပြာ နဂါးကို၊ ချည်နှောင် ထား လိုက်ပြီ၊ ငါ့ကို ရင်ဆိုင်ဖို့၊ တခြား ဘာများ ရှိနေ သေးလဲ၊ ငါ ကြည့်မယ်။ ”
ပိုင်လုလီ တစ်ယောက် တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်း လာပြီး၊ ကောင်းကင်ပေါ် ပျံတက် သွားသည်။
“ မင်းက တကယ် စိတ်ရှုပ် စရာပဲ။ ”
လင်းယွန်မှ ပြန်ပြော လိုက်၏။ ထို့နောက် နေမင်းကြီး တစ်စင်း ကဲ့သို့၊ တောက်ပ နေသော ကြယ်မိစ္ဆာ ပန်း (၄၉) ပွင့်၊ သူ့ခန္ဓာ ကိုယ်မှ ထွက် လာသည်။
တစ်ချိန်တည်း မှာပင်၊ လင်းယွန်၏ ဓားရောင်ဝါ မြင့်တက် လာပြီး၊ ကန့်သတ်ချက် များကို ချိုးဖျက် သွားသည်။
သူ ဟူသည် ထောင်စုနှစ် တစ်ခု အတွင်း၊ တစ်ယောက်သာ ရှိသော ကောင်းကင် ဝိညာဉ် နယ်မြေသို့၊ ရောက်ရှိ နိုင်သည့်၊ ရှားပါး ပါရမီရှင် တစ်ဦး ဖြစ်၏။
ကောင်းကင် ဝိညာဉ် ကန့်သတ်ချက် ရောက်ရှိ ခဲ့သော ဤဖြစ်စဉ် များကို ကြည့်ကာ၊ လူတိုင်း ပါးစပ် အဟောင်းအား ဖြစ်ကုန်သည်။
“ မင်း ... သေလို့ ရပြီ။ ”
ပိုင်လုလီက ဟောက်လိုက်၏။ သူ့ နောက်တွင်၊ မီးလျှံ ရေနဂါး (၁၀)ကောင် ပေါ် လာပြီး၊ ပြေးထွက် လာသည်။
ရေနဂါး (၁၀) ကောင်မှ လင်းယွန်ကို ဝါးမြိုလို သောကြောင့်၊ မိုးကုပ် စက်ဝိုင်း အနှံ့ ရောင်ဝါအား ဖြန့်ကျက် လိုက်သည်။
“ ကျီး ... ။ ”
သည့်စဉ် လင်းယွန် ခန္ဓာ ကိုယ်မှ ရွှေကျီးကန်နှင့် ငွေဖီးနစ် ထွက်ပေါ် လာပြီး၊ မြေပြင်အား ငေွရောင် ပြောင်းလဲ စေကာ၊ ကောင်းကင် အနှံ့၊ ရွှေရောင်များ လင်းလာ စေတော့သည်။
“ နေလ လက်သီး — ကောင်းကင်နှင့် မြေကြီး တစ်သားတည်း။ ”
ရွှေတောင်ပံ တစ်စုံကို ဖြန့်ကျက်လိုက် သည်နှင့်၊ တိုက်ခိုက်မှု အချင်းချင်း၊ ထိပ်တိုက် တွေ့ သွားသည်။
ရေနဂါး (၁၀) ကောင်မှာ၊ ချက်ချင်း ပြိုပျက်သွား၏။ ပိုင်လုလီ ပါးစပ်မှ သွေးစီး ကျ လာပြီး၊ နေနှင့် လ၏ စွမ်းအားမှာ၊ သူ့အတွင်း အင်္ဂါ များကို၊ ဖျက်ဆီး တော့သည်။
တစ်ဖက်တွင် လင်းယွန် ခန္ဓာကိုယ် ပေါ်ရှိ၊ နဂါးရူရ်များ အက်ကွဲကုန်ပြီး၊ ဒဏ်ရာ အချို့ ရရှိ သွား၏။
“ ဒါက ... အထွတ် အထိပ် ပါရမီရှင် တဲ့လား၊ မင်းက မီးနဂါး ဂိုဏ်းရဲ့ တပည့်ကြီး ဖြစ်ပေမယ့်၊ တုကူယွင်နဲ့ ယှဉ်ရင်၊ အားနည်း နေသေးတယ်။ ”
လင်းယွန်က မှတ်ချက်ပြု လိုက်သည်။ ဤတိုက်ပွဲ အပေါ် ကျေနပ်သည့် ခံစားချက်များ ဖြစ် မလာချေ။
ဓားတန်ခိုးရှင် တုကူယွင်သည်၊ အနည်း ဆုံးတော့၊ ဤပိုင်လုလီထက် အများကြီး သန်မာ ပေမည်။
“ မင်း ... ၊ ဒီလို ပြောရအောင် စောပါ သေးတယ်။ ”
ပိုင်လုလီက အော်ငေါက် လိုက်သည်။ ကြယ်စင်စု အဆင့်မှ ပုရွက်ဆိတ် တစ်ကောင် သည်၊ သူ့အား အမှန် တကယ် နှိမ့်ချဝံ့ ချေ၏။
“ ခရစ် ... ။ ”
ထို့နောက် မိုးပြာ နဂါးအား မျိုချရန်၊ ရေနဂါးအား စေခိုင်း လိုက်သည်။ ယင်းမှာ လင်းယွန်ကို၊ မျက်မှောင်ကြုတ် မိစေ၏။
သူ့မိုးပြာ နဂါးမှာ၊ သွေးသား စွမ်းအင်များ ရှိသော်လည်း၊ နဂါး အစစ် မဟုတ် သေး သဖြင့်၊ အားနည်း ချက်များ ရှိနေ၏။
“ ကြည့်ရတာ အနာဂါတ်မှာ ... ၊ ဒါကို ပိုပြီး ပြည့်စုံအောင် လုပ်ရမယ့် ပုံပဲ။ ”
ထို စကားကြောင့် ပရိသတ်များ၊ မျက်လုံး ပြူးသွားသည်။ ကြယ်စင်စု အဆင့်မှ လူ တစ်ဦး မှာ၊ ကနဦး ပင်မ နတ်ဘုရား နယ်မြေရောက်၊ ပါရမီရှင် တစ်ဦးအား၊ အလုံးစုံ ဖိနှိပ်ချင် နေပေသည်။
“ ဒါနဲ့ လုံလောက် သင့် ... ပါပြီ။ ”
ရုတ်တရက် လင်းယွန် နဖူးမှ အလင်းများ ဖြာထွက် လာပြီး၊ ဓား ပင်လယ်ပြင် အတွင်း၌ ရွှေလူသား တစ်ယောက် ပေါ်လာသည်။
ထို့နောက် ဓား ရည်ရွယ် ချက်က၊ မိုးပြာ နဂါးထဲသို့ ဝင်ရောက် သွားတော့သည်။ သို့မှသာ ကျယ်လောင်သော ဟောက်သံ ပြုလာ နိုင်၏။
“ ဂျိန်း ... ။ ”
ဓား ရည်ရွယ်ချက်က၊ မိုးပြာ နဂါးအား၊ ဝိညာဉ် တစ်ခု ပေးလာ သဖြင့်၊ မျက်ဝန်း များမှ ဓားရောင်ခြည်များ တဟုန်ထိုး ထွက်လာပြီး၊ မိုးခြိမ်း သံများ ချက်ချင်း ဆူညံ သွားသည်။
ကောင်းကင် ဓားကြောင့်၊ မိုးပြာ နဂါးက သံကြိုး များမှ ရုန်းထွက်ပြီး၊ မီးလျှံ ရေနဂါးထံ ပျံသန်း သွားကာ၊ ချက်ချင်း မျိုချ လိုက်၏။
“ မ ... မလုပ် ... နဲ့ ... ။ ”
ပိုင်လုလီမှာ အထိတ် တလန့် ဖြင့်၊ သွေးအန်လျက် ကောင်းကင်မှ ပြုတ်ကျ သွား လေသည်။
မြေပြင်သို့ ရောက်သည်နှင့်၊ ကွဲကြေ သွားသော နက္ခတ် အပိုင်း အစ များမှာ၊ ခန္ဓာ ကိုယ်သို့ ပြန်ဝင် သွား၏။ ထို့နောက် ချက်ချင်း ထပြေး တော့သည်။
“ ဟမ့် ... ။ ”
လင်းယွန်က နှာခေါင်း ရှုံ့လိုက်ပြီး၊ မိုးပြာ နဂါးပေါ် ခုန်တက်ကာ၊ ပိုင်လုလီ နောက်လိုက် သွားရန်၊ စေခိုင်း မိသည်။
“ အိုး ... မိုးပြာ နဂါးက တကယ်ပဲ၊ မီးလျှံ ရေနဂါး ဝိညာဉ်ကို ဝါးမျို သွားတာလား၊ မယုံနိုင် စရာပဲ။ ”
“ ဒါက ... ဘယ်လို လုပ် ဖြစ်နိုင် မှာလဲ၊ ဒီမိုးပြာ နဂါးက နက္ခတ် တစ်စင်းကို ဘယ်လို များ၊ ဖြိုခွဲ နိုင်ခဲ့ တာလဲ … ။ ”
လာရောက် စူးစမ်း နေသော ပရိသတ် များမှာ၊ အံ့သြ ထိတ်လန့် စွာဖြင့်၊ ပွက်လော ရိုက်ပြီး၊ ကျန်ရစ် ခဲ့လေသည်။
***