← Chapters

သဲလွန်စများ။

Vol. 93 Ch. 1290

သဲလွန်စများ။

Vol. 93 Ch. 1290

မီးနဂါး ဂိုဏ်း၏ တပည့်များ အားလုံး ခြွင်းချက် မရှိ သေဆုံး သွားကြပြီး၊ ပိုင်လုလီမှာ ထွက်ပြေး သွားခဲ့သည်။

မြေပြင် ပေါ်တွင်၊ ကြောက်မက် ဖွယ်ရာ မီးလောင် ပေါက် များနှင့်၊ မီးနဂါး ဂိုဏ်းသား တို့၏၊ အလောင်းများ စုပုံ နေ၏။

လင်းယွန် မှာမူ မိုးပြာ နဂါးအား စီးနင်းလျက်၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်ဖော် ထားသည်။

သူ့နောက် ကျောရှိ ရွှေရောင် တောင်ပံ တစ်စုံမှာ၊ တဖျပ်ဖျပ် ခတ်နေစဉ်၊ ပိုင်လုလီမှာ ဖျော့တော့သော မျက်နှာဖြင့်၊ အသည်း အသန် ပြေးနေ ရသည်။

“ ဒီကောင်က ဘာလို့ ... ၊ သန်မာ နေရ တာလဲ။ ”

ပိုင်လုလီက လှည့် မကြည့် ဝံ့တော့ဘဲ၊ ထိတ်လန့် တကြားဖြင့် ကျိန်ဆဲ လိုက်တော့၏။ ယခု အချိန်တွင် အထွတ် အထိပ် ပါရမီရှင် တစ်ဦးနှင့်၊ မတူ တော့ချေ။

မိုးပြာ နဂါး ပေါ်တွင်၊ ခေတ္တ အနားယူ ပြီးနောက်၊ လင်းယွန်က အသက် ပြင်းပြင်းရှူ လိုက်သည်။

“ ဝှစ် ... ။ ”

ပြီးနောက် အတောင် ပံများ ခတ်ကာ၊ ပိုင်လုလီကို ဖြတ်ကျော်လျက်၊ မျက်နှာချင်း ဆိုင်ပစ် လိုက် လေသည်။

“ မင်း … ။ ”

ပိုင်လုလီက အံ့သြ နေစဉ်၊ လင်းယွန်မှ တိုက်ခိုက် လိုက်သည်။ လက်မောင်းကို နဂါး ရူရ် များ ဖုံးလာပြီး၊ ပိုင်လုလီ ခေါင်းထံ၊ လှမ်းကိုင် ၏။

သို့သော် ရုတ်တရက် အလင်းရောင် တစ်ချက် လက်လာ သဖြင့်၊ လွှတ်ပေး လိုက် ရသည်။

ထိုအချိန်တွင် ပိုင်လုလီ ခန္ဓာကိုယ် ပေါ်၌၊ သူတော်စင် ချပ်ဝတ် တစ်ထည် ပေါ်လာသည်။ ရူရ်များက သူ့ ဦးခေါင်းကို အပြည့် အ၀ ဖုံးအုပ် ပေးလာခြင်း ဖြစ်၏။

“ မင်း ... ၊ ငါ့ကို သတ်ဖို့ နည်းလမ်း မရှိဘူး။ ”

ပိုင်လုလီက ရယ်မော လိုက်သည်။ မသေ သရွေ့၊ ကလဲ့စား ချေရန် နည်းလမ်း များစွာ ရှိ ပေမည်။

“ ဒီနေ့ ရခဲ့တဲ့ ... ၊ အရှက် တရားတွေ အတွက်၊ ငါ ... သေချာပေါက် ပြန်ဆပ်မယ်။ ”

“ သူတော်စင် ချပ်ဝတ်။ ”

သို့သော် လင်းယွန်မှာ၊ သိပ်ပြီး မစဉ်းစား တော့ဘဲ၊ သူတော်စင် မိုးပြာ နဂါး ခန္ဓာ ကိုယ်ကို၊ ကန့်သတ်ချက် အထိ၊ တွန်းပို့ လိုက်သည်။

“ ဘုန်း ... ဘုန်း ဘုန်း။ ”

“ အွတ် ... ။ ”

အသက် တစ်ရှိုက်စာ အတွင်း၊ လက်သီး ချက်ပေါင်း တစ်ရာခန့်၊ ပိုင်လုလီ ရင်ဘတ်သို့ ပစ်လွှတ် လိုက်သည်။

လက်သီး များက၊ နဂါး ရူရ် များကို၊ ပေါက်ကွဲသွား စေ၏။ လက်သီး ထောင်ချီ ထိမှန် ပြီးနောက်၊ နံရိုးများ အားလုံး ကျိုးကုန်သည်။

သူတော်စင် ချပ်ဝတ်က မကွဲ သေး သော်လည်း၊ ပိုင်လုလီ ခန္ဓာမှာ၊ ကြေမွှလု နီးပါး ဖြစ် လာ၏။

“ ရပ် ... ။ ”

“ ဒီလောက် လေးနဲ့ ... ၊ မင်းကိုယ်မင်း အထွတ်အထိပ် ပါရမီ ရှင်လို့ ခေါ်ဝံ့လား၊ မင်းက အမှိုက် တစ်စက လွဲလို့၊ ဘာကောင်မှ မဟုတ် ပါဘူး။ ”

ဓား ရည်ရွယ်ချက်ကို လက်သီး အတွင်း ပေါင်း ထည့်ကာ၊ နောက်ထပ် လက်သီးအား ထိုးချ လိုက်သည်။

“ ခရစ် ... ။ ”

ဤလက်သီး ချက်သည်၊ ပိုင်လုလီ၏ သူတော်စင် ချပ်ဝတ်ကို လျင်မြန်စွာ ကွဲကြေစေ ခဲ့သည်။

သူတော်စင် ချပ်ဝတ် ကွဲသည်နှင့်၊ ပိုင်လုလီ၏ ခန္ဓာ ကိုယ်မှာ၊ အပိုင်း ငါးပိုင်း ကွဲထွက် သွားသည်။

ထိုအစိတ် အပိုင်း များက၊ မီးနဂါး (၅) ကောင် အဖြစ် ပြောင်းလဲ ကုန်ကာ၊ အရပ် (၅) မျက်နှာသို့၊ ခွဲလျက် ပြေးလွှား တော့သည်။

“ ဘာလဲ ... မသေ ဖူးလား။ ”

ဤမြင်ကွင်းကြောင့် အလွန် အံ့အားသင့် သွားပြီး၊ သူ့ လှုပ်ရှားမှုများ ခေတ္တ ရပ် သွား၏။ ထိုသို့ ထွက်ပြေး နိုင်သော နည်းလမ်းကို ပထမဆုံး အကြိမ် မြင်ဖူးခြင်း ဖြစ်သည်။

သတိ ပြန်ဝင်လာ ချိန်၌၊ မီးနဂါး (၅) ကောင်မှာ၊ ပျောက်ကွယ် သွားပြီ ဖြစ်သည်။ သူ့ ရည်ရွယ် ချက်မှာ သတ်ရန် မဟုတ် သဖြင့်၊ ဤသို့ ထွက်ပြေးခွင့်၊ ရသွား ခြင်းလည်း ဖြစ်သည်။

ဆက်လိုက် နေပါက၊ သာလွန် ပင်မ နတ်ဘုရား များ၏ အာရုံကို စွဲဆောင် နိုင်မိမည် ဖြစ်ပြီး၊ အန္တရာယ် ရှိသော အခြေ အနေနှင့်၊ ကြုံလာ နိုင်ပေမည်။

ကောင်းကင် ပေါ်ရှိ ရလာဒ်ကို ကြည့်ကာ၊ လူတိုင်း မှင်တက် သွားသည်။ ပိုင်လုလီ ဟူသည် တန်ခိုးကြီး ဂိုဏ်းများ၏၊ ပါရမီ ရှင်များ ကိုပင်၊ လိုက်မီ နိုင်လု နီးပါး သန်မာ၏။

သို့သော် လင်းယွန် လက်မှ ဤသို့ ဆိုးရွားသော အခြေ အနေဖြင့်၊ ထွက်ပြေးရ လိမ့်မည်ဟု၊ မည်သူမျှ မထင် မိချေ။

“ ရိတ်သိမ်းချိန် တန်ပြီ။ ”

လင်းယွန်က ပြန်လှည့် လာပြီး၊ သိုလှောင်အိတ် နှင့် ရတနာများ အားလုံးကို၊ သိမ်းယူ လိုက်သည်။

ထို့နောက် ဝိညာဉ်ရေး ရေကန်ပေါ် ဆင်းသက် လိုက်၏။ ဤရေကန်သည် တန်ဖိုး ရှိသော်လည်း၊ ကန်အောက် ခြေရှိ နတ်ကြယ် ပုလဲ များကို မမီချေ။

“ နှမျော စရာပဲ။ ”

တိုက်ပွဲကြောင့် နတ်ကြယ် ပုလဲ တစ်သိန်းခန့် ပျက်စီး သွားသည်။ ဤပမာဏ သည် သူ့အား အလွန် အမင်း နာကျင် စေ၏။

အိုင်းရစ် ဓားသုတ္တန်ကို နောက်တစ်ကြိမ် လှည့်ပတ် လိုက်ရာ၊ ရေကန် မျက်နှာပြင် ပေါ်၌၊ ခရမ်း ငွေရောင် ပန်းတစ်ပွင့် ပွင့်လာ၏။

ယခု အချိန်တွင် အနှောက် အယှက် တစ်စုံတစ်ရာ မရှိဘဲ၊ ဓားသုတ္တန်အား ဖြန့်ကျက် နိုင်ချေပြီ။

များမကြာမီ ရေကန်မှ အလင်းများ ဖြာထွက် လာပြီး၊ ပတ်ဝန်းကျင်၌ နတ်ကြယ် ပုလဲများ ပေါ်လာသည်။

“ အို ... ၊ ဘုရားရေ။ ”

“ ဘယ်လောက် တောင် များလိုက်လဲ။ ”

“ ပိုင်လုလီက တကယ့် နေရာကို ရှာတွေ့ ထားတာပဲ၊ အရမ်း ကံကောင်းတယ်၊ ဒါ့ကြောင့် ကျူးကျော် လာတဲ့၊ လူတိုင်းကို သတ်ပစ် ခဲ့ တာကိုး။ ”

ကျန်ရှိ နေသော ပရိတ်သတ် များမှာ၊ မယုံ ကြည်နိုင် ဖြစ်လာ ကြသည်။ အရေ အတွက်မှာ တစ်သန်း နီးပါး ရှိ၏။

ပိုင်လုလီ ကံမှာ၊ မနာ လိုဖွယ် ကောင်းလှ သော်လည်း၊ လင်းယွန်မှ သိမ်းယူ သွား ခဲ့သည်။ လူတိုင်း တိတ်ဆိတ် သွားပြီး၊ လောဘ စိတ်များ ဝင်လာ၏။

သို့သော် ရက်စက် လွန်းသော ဤလင်းယွန်ကြောင့်၊ မည်သူမျှ လှုပ်ရှား ဝံ့ခြင်း မရှိ ခဲ့ချေ။

တစ်နာရီ အကြာတွင်၊ ရေကန် အောက်မှ၊ ကြောက်မက်ဖွယ် ကောင်းသော အငွေ့ အသက် များ ထွက်လာပြီး၊ လင်းယွန် မျက်လုံးများ ပွင့် လာသည်။

ထိုအချိန်တွင် ရေကန် အောက်ခြေရှိ၊ အလောင်းကောင် ထံမှ အဖျက် စွမ်းအားများ၊ ရုတ်တရက် ထွက်ပေါ် လာ၏။

၎င်းခန္ဓာကိုယ် ထဲတွင်၊ ကြောက်စရာ ကောင်းသော စွမ်းအားများ ရှိနေပြီး၊ ပေါက်ကွဲ သွားသော်၊ အဖျက် စွမ်းအားမှာ မှန်းဆ မရချေ။

“ မေ့လိုက် ရအောင်။ ”

သူ့ လက်ကို ဝှေ့ယမ်းကာ၊ လေထု ထဲရှိ နတ်ကြယ် ပုလဲများ အားလုံးကို၊ သိမ်းဆည်း လိုက် လေသည်။

“ ဒါက အနည်း ဆုံးတော့ နှစ်သန်းလောက် ရှိသင့်တယ် …။ ”

ဤတစ်ကြိမ် ကံကောင်းမှုသည်၊ သူ့အား ပျော်ရွှင်လာ စေ၏။ သူ့ ကဲ့သို့ပင်၊ အခြားသော ပါရမီရှင် များသည်၊ မူလ သူတော်စင် ရူရ်ကို၊ တွေ့ရှိ ကြပြီး၊ သင့်လျော်သည့် ရိတ်သိမ်းမှု ရရှိသည်။

ဤနေရာတွင် ကြာကြာ ဆက်နေ၍ မရကြောင်း၊ သတိရ လာသည်။ သတင်းများ ပြန့်နှံ သွား ပြီးနောက်၊ ဒုက္ခ ဖြစ်လာပေ လိမ့်မည်။

နက္ခတ် အဆင့်သို့ မရောက် ရှိမီ၊ သာလွန် ပင်မ နတ်ဘုရား များကို၊ ရင်ဆိုင် လိုခြင်း မရှိ သေးချေ။

“ ဒီမှာ တံဆိပ် တစ်ခု ရှိနေတယ် ... ၊ ကျန်တာ တွေကို အတင်း အကြပ် မယူဖို့၊ သတိ ထားကြပါ။ ”

လင်းယွန်က လူအုပ်ကို သတိပေး လိုက်ပြီးနောက်၊ ရွှေကျီးကန်း အသွင်ပြောင်း လဲခြင်း ကိုးမျိုးကို၊ ထုတ်ဖော် သည်။

သူ ထွက်ခွာ နေစဉ်၊ ဝိညာဉ်ရေး ရေကန် ထံသို့၊ ပျံသန်း လာသော လူအုပ်ကို၊ တွေ့မြင် လိုက် ရသည်။

လူ ဟူသည် လောဘ စိတ် ဝင်လာ ပါက၊ မမြင်နိုင် တော့ချေ။ ထို့ကြောင့် ခေါင်းယမ်းမိ လေသည်။

လေးနာရီ ကြာ ပြီးနောက် လင်းယွန်မှာ၊ မိုင်ပေါင်း များစွာ ဝေးကွာ လှသော အရပ်သို့၊ ရောက်ရှိ သွားပြီ ဖြစ်သည်။

“ ဝှစ် ... ။ ”

ပျံသန်း နေစဉ် ခရမ်းငယ်နှင့်၊ နဂါးလေး ရောင်ဝါကို ခံစားမိ သဖြင့်၊ ဆင်းသက် ရပ်နား လိုက်သည်။

မကြာခင် ခရမ်းငယ်နှင့် နဂါးလေးမှာ၊ ရောင်ဝါကို ရုတ်သိမ်းလျက်၊ လင်းယွန် ရှေ့သို့ ဆင်းသက် လာတော့၏။

“ နင် ... မဆိုးဘူး။ ”

ခရမ်းငယ်က လင်းယွန် အတွေ့ အကြုံ များကို နားထောင် ပြီးနောက် ပြောလိုက်သည်။ အဆုံးတွင် တန်ခိုးကြီး ဂိုဏ်းများ မှသာ၊ လိုချင်သည့် အရာကို ရှာဖွေ နိုင်၏။

သူတို့၌ သွေ့ရော် ကျွန်း၏ မြေပုံ ရှိနေ သောကြောင့် ဖြစ်သည်။ လင်းယွန် ကဲ့သို့ တစ်စုံ တစ်ယောက်သည်၊ လိုချင်သော အရာကို ရရှိ သည်မှာ၊ အမှန်ပင် ကံကောင်း မှုကြီး ဖြစ်၏။

ပိုင်လုလီသည် ဤရေကန်ကို မတော် တဆ တွေ့ရှိ ခဲ့ခြင်း မဟုတ်ချေ။ မူလ သူတော်စင် ရူရ် ရှိရာ အရပ်ကို၊ သူ မသိ သော်လည်း၊ အချို့သော အချက် အလက် များအား၊ ရရှိ ထားပုံ ရသည်။

“ ဘယ်လောက် တောင်လဲ ... ။ ”

“ နှစ်သန်း ... ။ ”

ထိုသို့ ပြန်ပြော ပြီးနောက်၊ လင်းယွန်၏ ဝမ်းမြောက် နေသော အမူ အရာမှာ၊ ချက်ချင်း ကွယ်ပျောက် သွားသည်။

“ ဒါနဲ့တော့ မဖြစ် နိုင်ဘူး၊ နင်သာ ပင်မ နတ်ဘုရား နယ်ပယ် မရောက်ရင် ... ၊ သူတို့နဲ့ ယှဉ်နိုင်မှာ မဟုတ်ဘူး၊ သူတို့ အားလုံးက မူလ သူတော်စင် ရူရ်တွေကို သန့်စင် လိုက်ကြလို့၊ အရင် ကထက် သန်မာ နေကြပြီ။ ”

“ အခွင့် အရေး လုံးဝ မရှိဖူးလား။ ”

“ ငါက ... လိမ်မယ်များ ထင်နေလား၊ ဒါပေမယ့် ကျန်တဲ့ နတ်ကြယ် ပုလဲ သုံးသန်းကို ရှာတွေ့ နိုင်မဲ့၊ နေရာ တစ်ခု၊ ငါ သိထားတယ်။ ”

“ ဘယ်မှာလဲ ... ။ ”

ခရမ်းငယ် စကားကြောင့်၊ လင်းယွန် မျက်လုံးများ ချက်ချင်း လင်းထိန် လာတော့ သည်။

***

All Chapters