← Chapters

မြေအောက် နန်းတော်။

Vol. 93 Ch. 1291

မြေအောက် နန်းတော်။

Vol. 93 Ch. 1291

သွေ့ရော် ကျွန်းရှိ ချိုင့်ဝှမ်း တစ်ခုတွင်၊ ဝိညာဉ် စွမ်းအင် များဖြင့် ပြည့်နှက် နေသည်။ ချိုင့်ဝှမ်း၏ ဗဟို၌ ခမ်းနားသော ဖြစ်စဉ်နှင့် အတူ၊ လူတစ်ယောက် ရှိသည်။

ထွက်ပြေး လာသော ပိုင်လုလီသည် ဤနေရာရှိ သူတော်စင် အသီး အနှံကို သန့်စင် လိုက် သဖြင့်၊ အသား အရေမှာ သွေးရောင် ပြန်လွှမ်း လာသည်။

သို့သော် ဒဏ်ရာမှ ချက်ချင်း ပြန်ကောင်း လာခြင်း၊ မရှိသေးချေ။ ယင်းက မည်မျှ ပြင်းထန် ခဲ့သည်ကို၊ သက်သေပြ နေ၏။

ထိုအချိန်တွင် အနီဝတ်၊ လူကြီး တစ်ဦးက မီးနဂါး ဂိုဏ်း၏ သင်းထောက်များ ခြံရံလျက်၊ ရောက်ရှိ လာသည်။

“ လင်းယွန်ကို ရှာတွေ့လား။ ”

ပိုင်လုလီက မျက်လုံးဖွင့် လာကာ၊ အံကြိတ်လျက် မေးမြန်း လိုက်သည်။ အနီဝတ် လူကြီးမှာ၊ သာလွန် ပင်မ နတ်ဘုရား တစ်ပါး ဖြစ်သည်။

သူ့ပတ်ဝန်း ကျင်ရှိ ရောင်ဝါသည် မီးလျှံ ချော်ရည်များ စီးကျ နေသည့်၊ နဂါး တစ်ကောင် ကဲ့သို့၊ ဖွဲ့တည် နေသည်။

သင်းထောက်များ အားလုံးသည် ကနဦး ပင်မ နတ်ဘုရား နယ်ပယ်တွင် ရှိကာ၊ ၎င်းတို့ အားလုံး ပေါင်း လျှင်ပင်၊ ထိုလူကြီး၏ ရောင်ဝါကို မယှဉ် နိုင်ချေ။

“ ရှေးဟောင်း ဝိညာဉ် ရေး ရေကန်က၊ ပေါက်ကွဲ သွားပြီ၊ အခု အဲ့ဒီ နေရာက လူတော် တော် များများ သေကုန်လို့၊ တားမြစ် နယ်မြေ ဖြစ်သွားတယ်။ ”

အနီဝတ် လူကြီးမှ ပြန်ဖြေသည်။

“ လင်းယွန်လည်း အဲဒီ ပေါက်ကွဲ မှုမှာ၊ သေသွား နိုင်တယ်၊ ရေကန် အောက်ခြေက ဒီ အလောင်း ဘယ်လောက်ထိ ကြောက်စရာ ကောင်းတယ် ဆိုတာ၊ သူ မသိ လောက်ဘူး။ ”

-ဟု သင်းထောက် တစ်ဦးမှ ဝင်ပြော လာသည်။ မည်သူ မဆို ထိုပေါက်ကွဲမှုမှ မလွတ် နိုင်မှန်း၊ သံသယ ဝင်စရာ မရှိချေ။

“ မဖြစ် နိုင်ဘူး၊ သူ မသေ လောက်ဘူး၊ မင်းတို့က သူ့နဲ့ ရင်ဆိုင် ဖူးတဲ့ လူမှ မဟုတ်တာ၊ သူ့ကိုယ်လုံး ကိုယ်ပေါက်က၊ အရမ်း သန်မာတယ်။ ”

ပိုင်လုလီက ဆိုးရွားသော အမူ အရာနှင့်၊ ထပ်ခါ ထပ်ခါ ပြောနေ သဖြင့်၊ ခံစား ချက်များ၊ ထိန်းရ ခက် နေကြောင်း၊ လူတိုင်း နားလည် လာ၏။

ယင်းကြောင့် သင်းထောက် များသည် လက်ရှိ ပိုင်လုလီကို ကြောက်ရ သောကြောင့်၊ ချက်ချင်း နှုတ်ဆိတ် သွားမိသည်။

“ သူ အသက်ရှင် လိမ့်မယ်၊ ဒီကောင်က မာနကြီး ပုံရ ပေမယ့် သတိ ရှိတယ်၊ ဒီလိုမှ မဟုတ်ရင်၊ သူ ဒီနေရာ အထိ ရောက်လာမှာ မဟုတ်ဘူး။ ”

ပိုင်လုလီက တစ်ကိုယ်တည်း ရေရွတ် နေသည်။ ထို့နောက် ငြိမ်သက် သွား ပြီး၊ ပုံမှန် အခြေ အနေ ပြန် ဖြစ်လာ၏။

“ ဒီသွေ့ရော် ကျွန်းက၊ ကျယ်ပြော လွန်းတယ် ... ၊ မဟာ သူတော်စင် မူလ ပုလဲ အတွက်၊ မထွက် လာရင်၊ သူ့ကို ရှာတွေ့ဖို့ ဆိုတာ မဖြစ် နိုင်ဘူး။ ”

အနီဝတ် လူကြီးက ဖြစ်နိုင် ချေကို ထောက်ပြ လာသည်။

“ ရှာဖို့ မဖြစ်နိုင် ဖူးလား။ ”

ပိုင်လုလီမှာ အတွေးနက် သွားပြီးနောက်၊

“ ဒီကောင်က တိမ်လွှာဓား ဂိုဏ်းက မဟုတ်လား၊ ထွက်လာအောင် လုပ်ဖို့၊ ငါ့မှာ နည်းလမ်း ရှိတယ်၊ ကျန်တဲ့ ဂိုဏ်းကြီး တွေနဲ့ ဆက်သွယ်ပါ၊ သူ့ ခေါင်းကို စိတ်ဝင်စား ကြ မယ်လို့၊ ငါ ယုံကြည်တယ်။ ”

လောက နိယာမ ကျွမ်းကျင်သူ (၈) ဦးမှ၊ ဖုန်းကျွယ်ကို တောင်းပန်ခဲ့ သည်မှာ၊ စည်းမျဉ်း များအား ချိုးဖောက် ခဲ့ခြင်းကြောင့် ဖြစ်၏။

သွေ့ရော် ကျွန်းတွင် လိုက်နာရန် စည်းမျဉ်း မရှိပေ။ ထို့ကြောင့် သူမှ ဦးဆောင် လိုသော်၊ ၎င်း တို့မှ၊ ကူညီရန် ဆန္ဒရှိ မည်ဟု ယုံကြည်သည်။

“ မင်း ... ၊ ဒီလို လုပ်ချင်တာ သေချာလား။ ”

သင်းထောက် တစ်ယောက်က၊ ပြန်မေး လာသည်။ ဤနည်းဖြင့် ဖုန်းကျွယ်အား လုံးလုံး လျားလျား စော်ကားရာ ရောက်ပြီး၊ ဂိုဏ်းကို ဒုက္ခရောက် စေနိုင်မည်။

“ သေချာတယ် ... ။ ”

ပိုင်လုလီက အံကြိတ်ပြီး ပြန်ပြော သည်။

“ တုကူယွင် ဘယ်မှာလဲ၊ ငါ သူနဲ့ တွေ့ဖို့ လိုလာပြီ။ ”

ဂိုဏ်းကြီး များ၏ တပည့် ကြီးများ အတွင်းတွင်၊ တုကူယွင်မှာ အသန်မာဆုံး ဖြစ်ပြီး တန်ခိုးကြီး ဂိုဏ်းများမှ ဘီလူးများ နှင့်ပင်၊ ယှဉ်နိုင်သော ဓား တန်ခိုးရှင် ဖြစ်သည်။

၎င်းသာ ကူညီချင် စိတ် ရှိသော်၊ လင်းယွန် တစ်ယောက် အသက် ရှင်ရန်၊ နည်းလမ်း မရှိနိုင် တော့ချေ။

ထိုအချိန်တွင် ခရမ်းငယ်၏ လမ်းညွှန်မှုဖြင့်၊ လင်းယွန်မှာ သူ့ အရှိန်ကို ကန့်သတ်ချက် ဆီသို့ တွန်းပို့ လိုက်သည်။

“ ဝှစ် ... ။ ”

ရွှေရောင် အလင်းတန်း အလား၊ မိုးကုပ် စက်ဝိုင်းကို ဖြတ်ကျော် ပျံသန်း နေသည်။ ထို့စဉ် လင်းယွန် ပါးစပ်မှ သွေးများ စီးထွက် သဖြင့်၊ ရပ်နား လိုက်ရ၏။

“ ကိုယ့်ကိုကိုယ် တန်ဖိုး မထားဘူး ... ၊ နင့်ရဲ့ နက္ခတ်ကို မဖွဲ့ နိုင်ခင်၊ သာလွန် ပင်မ နတ်ဘုရားနဲ့ ရင်ဆိုင်ရ တယ်လို့၊ သူတော်စင် နဂါး ခန္ဓာသာ၊ အသွင် မပြောင်း ခဲ့ရင်၊ နင် သေလိမ့်မယ်။ ”

ခရမ်းငယ်က လင်းယွန်၏ လက်ရှိ အခြေ အနေကို မြင်သော အခါတွင်၊ ဂရုဏာ ဒေါသနှင့် ပြောလိုက်သည်။

မီးနဂါး ဂိုဏ်းနှင့် ရင်ဆိုင်ရ ချိန်တွင်၊ ရရှိ ထားသော ဒဏ်ရာ များမှာ၊ ဝိညာဉ်ရေး ရေကန် ကြောင့်၊ ပြန်လည် ကောင်းမွန် လာခဲ့သည်။ သို့သော် မြုံနေသော ဒဏ်ရာ အချို့ ကျန်ရှိ နေသေး၏။

ယခု ကဲ့သို့ ပါးစပ်မှ သွေးထွက်၊ လာ ခြင်းသည် ကောင်းသော အခြေ အနေ ပေပင်။ တစ်နည်း အားဖြင့် ဆိုသော်၊ ပုန်းကွယ် နေသော ဒဏ်ရာများ၊ ကြွလာခြင်း ဖြစ်၏။

“ ငါ့မှာ ရွေးချယ်ခွင့် မရှိဘူး။ ”

လင်းယွန်မှ နှုတ်ခမ်း ပေါ်ရှိ၊ သွေးများကို သုတ်ပြီး၊ ပြုံးလိုက်သည်။

“ ဘာလို့ ... ၊ ဒီလောက် ကြိုးစား နေရ တာလဲ။ ”

“ ငါ လူ တစ်ယောက်ကို၊ ကတိ ပေး ထားတယ်၊ ဒီကတိကို ဖြည့်ဆည်း ပေးရမယ်၊ ပြီးတော့ ငါ ကာကွယ် ပေးချင်တဲ့၊ ...

... လူတွေ ရှိတယ် ... ၊ မင်းက အရမ်း ချစ်စရာ ကောင်းတယ်၊ ငါ မသန်မာ တော့ရင်၊ တစ်နေ့ နေ့မှာ၊ မင်းကို ခိုးယူ ခံရ လိမ့်မယ်၊ ...

... နဂါးလေး ကလည်း ... အရမ်း စော့တော့ သူ့ကို ကာကွယ် ရမယ်၊ မဟုတ်ရင် ဓားသမား လို့၊ ငါ့ကိုယ်ငါ ဘယ်လို ခေါ်မလဲ။ ”

ထိုစကားကြောင့် ခရမ်းငယ် မျက်နှာမှာ၊ နီရဲ သွားပြီး ဂုဏ်ယူ စွာဖြင့်၊

“ ဟမ့် ... ၊ ဒီဧကရီက ... ဘယ်သူ့ အကာအကွယ် မှ မလိုဘူး၊ မင်းက ဒီဧကရီရဲ့ ကျွန်ပဲ။ ”

-ဟု ပြောလိုက် တော့သည်။

“ ဟိတ် ... ။ ”

လင်းယွန်မှာ ပြန်လည် ငြင်းဆန်ခြင်း မရှိတော့ဘဲ၊ ပြုံးလျက် လက် နှစ်ဖက်ကို ဆန့် ကာ၊ ကောင်းကင်ပေါ် ခုန်တက် လိုက်၏။

များမကြာခင် ကျွန်း၏ အလယ်ဗဟို ဒေသသို့ ရောက်ရှိ လာသည်။ ခရမ်းငယ် ပြော သည်မှာ၊ မှန်၏။

ကံဆိုးခြင်း မဟုတ်ဘဲ၊ ကျွန်းမှာ အရမ်း ကျယ်လေသည်။ တိကျသော အချက် အလက် မရှိသော်၊ ကောက်ရိုး ပုံ၌ ‘အပ်’ ရှာခြင်းနှင့် တူ၏။

မီးနဂါး ဂိုဏ်းနှင့်သာ မတိုး ပါက၊ ယခု အချိန်ထိ လက်ဗလာ ဖြစ်နေ ပေမည်။ နှစ်ရက် အကြာတွင် ရှေးဟောင်း အပျက် အစီး နယ်မြေ တစ်ခုအား မြင်လိုက် ရသည်။

ဤအပျက် အစီး နယ်မြေ အရွယ် အစားသည် ထိတ်လန့်ဖွယ် ကောင်းပြီး၊ မျက်စိ အဆုံး ကျယ်ပြန့် လေသည်။

ထည်ဝါသော အဆောက် အအုံ ပျက်များ ရှေ့တွင်၊ သူ့ကိုယ်သူ ပုရွက်ဆိတ် တစ်ကောင် အလား၊ ထင်လာ မိ၏။

“ ဒီကျွန်းက အရမ်း ကျယ်တယ် ... ၊ သူတော်စင် မူလ ပုလဲကို၊ ဘယ်မှာ သွားရှာ ရမလဲ။ ”

လင်းယွန်က သက်ပြင်း ချကာ ပြော လိုက်သည်။

“ သူတော်စင် မူလ ပုလဲကို ... ၊ စဉ်းစား မနေနဲ့ဦး၊ နင့်ရဲ့ နက္ခတ်ကို မခေါ် နိုင်ရင်၊ မသေ ကံကောင်းမှတ်။ ”

ခရမ်းငယ်က ကျစ်ဆံမြီး များကို၊ ဝေှ့ယမ်း စော့ ကစား လိုက်ပြီး၊

“ ငါ ... ပြောတဲ့ နေရာကို သွားရအောင်၊ အဲဒါက မြေအောက် နန်းတော် တစ်ခုပဲ၊ သူ့ဆီ ကနေ ထွက်လာတဲ့ ရောင်ဝါက ကြောက်စရာ ကောင်းတယ်၊ ...

... ငါ့ အထင် လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူရဲ့၊ အလောင်း တစ်လောင်း ရှှိနိုင် လိမ့်မယ်။ ”

“ ကောင်းပြီ။ ”

လင်းယွန်က ခရမ်းငယ် စကား များကို သဘာဝ အတိုင်း ယုံကြည်သည်။ သူမ ဟူသည် ခေတ်ကာလ များစွာ၊ ရှင်သန် နေထိုင် ခဲ့သော နတ်ဘုရား ငှက် တစ်ကောင် ဖြစ်၏။

“ ဝှစ် ... ။ ”

တောင်ခြေ တစ်ခု ပေါ်သို့၊ လင်းယွန် ဆင်းသက် လိုက်သော အခါတွင်၊ အကြည့် များစွာက၊ သူ့ထံ ဦးတည် လာသည်။

ဤတောင်သည် သည်အပျက် အစီး နယ်မြေတွင်၊ သိသိ သာသာ ထင်ရှား နေပြီး၊ လူတိုင်းကို ဆွဲဆောင် နေပေ၏။

“ ဒီလူက ကြောက်စရာ ကောင်းတယ်။ ”

“ ကြယ်စင်စု အဆင့် ဆိုပေမယ့်၊ သူ့ဆီ ကနေ ခြိမ်းခြောက် မှုကို၊ ငါ တကယ် ခံစားနေ ရတယ်။ ”

“ အရင်က ဂိုဏ်းကြီး ရှစ်ဂိုဏ်းရဲ့ ... ၊ ပါရမီရှင် တွေကို၊ သတ်ခဲ့တဲ့ လူ မဟုတ် ဖူးလား။ ”

ဤနေရာ၌ ရတနာ ရှာဖွေ သူတိုင်းသည် ကျွမ်းကျင် ပညာ ရှင်များ ဖြစ်ပြီး၊ လင်းယွန်ကို သိသူ အချို့ ပါရှိ၏။

“ သူတို့က မလွယ်ဘူး … ။ ”

လင်းယွန်က ပတ်ဝန်း ကျင်မှ အကြည့် များကို သတိထား မိသည်။ သည်လူ များသည် အစောပိုင်း တွေ့သူ များထက်၊ ပို၍ သန်မာ လေရာ၊ သတိ ကြီးကြီး ထားရ ပေမည်။

သို့သော် အများ စုမှာ၊ အခွင့် အလမ်းများ ရှာဖွေရန် အလုပ်များ နေသဖြင့်၊ လင်းယွန်ကို ဂရု မစိုက် တော့ချေ။

နောက်ဆုံးတွင် ဤသည်မှာ သွေ့ရော် ကျွန်းဖြစ်ပြီး၊ ကျွမ်းကျင်သူ များစွာ ပေါများ လေသည်။

နှောင့်ယှက် မည့်သူ မရှိ သဖြင့်၊ ဓား ရောင်ဝါကို ရုတ်သိမ်းကာ၊ ခရမ်းငယ် ပြောသည့် အတိုင်း၊ ခရီး ဆက်လာ မိသည်။

တစ်နာရီ အကြာတွင်၊ မြေအောက် အတွင်းသို့၊ လျှိုဝင် သွားသော လိုဏ်ခေါင်း တစ်ခုအား မြင်လိုက် ရသည်။

ဝင်ပေါက်၌ သူတော်စင် ရူရ် အချို့ ပျက်စီး နေ၏။ ဤသည်မှာ ဝင်ပေါက်ကို ပိတ်ထားသော ရှေးဟောင်း တံဆိပ် ဖြစ်ပေမည်။

“ အရင် ရောက်နေတဲ့ လူတွေ ရှိတာလား။ ”

လင်းယွန် တစ်ယောက် စိတ်ပူ သွားသည်။ တန်ခိုးကြီး ဂိုဏ်းများ လက်တွင် မြေပုံ များသာ၊ ရှိသော်၊ ဤနေရာကို ရှာတွေ့ရန် ပြဿနာ မဟုတ် နိုင်ချေ။

မြေပြင်ကို ငုံ့ကြည့် လိုက်သည်နှင့်၊ ခြေရာ များစွာအား တွေ့မြင် လိုက်ရသည်။ ယင်းက လူ တစ်စု ထက် မကချေ။

“ ငါတို့ ဘာလုပ် သင့်လဲ၊ ဒီနေရာကို ရှာတွေ့တဲ့ လူတွေက တန်ခိုးကြီး ဂိုဏ်းတွေ ဖြစ်ဖို့ များတယ်။ ”

“ ဘာပဲ ဖြစ်ဖြစ် ... ၊ သွားကြည့် ရမယ်။ ”

လင်းယွန်က ပြတ်သားစွာ ပြောလိုက် လေသည်။ နက္ခတ် ဖွဲ့စည်းရန် အလျင်လို နေ သောကြောင့်၊ ယှဉ်ပြိုင်ရန် ဆုံးဖြတ် လိုက်၏။

လိုအပ် ပါက၊ အရိယာ ကောင်းကင်ဓား၊ ထုတ်ဖော် လိုက်ရုံ ပေပင်။ ထိုဘီလူး များသည်၊ မူလ သူတော်စင် ရူရ် များကို၊ သန့်စင် နေပြီဖြစ် သဖြင့်၊ သူ့တွင် အချိန်သိပ် မကျန် တော့ချေ။

“ ငါလည်း သဘော တူတယ် ... ၊ တကယ်တော့ ဦးရာလူ စနစ် ဆိုတာက အလုပ် မလုပ် ပါဘူး၊ ငါတို့ ယှဉ်ပြိုင် ရအောင်။ ”

“ ညောင် ... ။ ”

ခရမ်းငယ် စကားကြောင့်၊ နဂါးလေးက လက်သည်း များ ကုပ်ခြစ်ကာ၊ လင်းယွန် ပခုံး ပေါ်၌၊ မတ်တပ် ထရပ် လိုက်သည်။

“ ဒါဆို သွားရအောင်။ ”

လင်းယွန်က လှမ်းဝင် လိုက်သည်။ များမကြာခင် အဝင် လမ်းမှာ၊ ဝင်္ကပါ တစ်ခု ဖြစ်မှန်း၊ သတိထား မိလာ၏။

ကံကောင်း ထောက်မ စွာဖြင့်၊ သူ့ဓား ရည်ရွယ် ချက်မှာ၊ ဝင်္ကပါအား ဖြတ်မြင် နိုင် လေသည်။

***

All Chapters