← Chapters

မင်းတို့ ဆက် ဆွေးနွေး နေကြဦး ... ။

Vol. 93 Ch. 1292

မင်းတို့ ဆက် ဆွေးနွေး နေကြဦး ... ။

Vol. 93 Ch. 1292

နာရီဝက် အကြာတွင် လင်းယွန်က ရုတ်တရက် ရပ်တန့် သွားသည်။ မြေပြင်တွင် ခြေရာ များမှာ၊ များလွန်း ချေ၏။

“ တစ်ခု ခုတော့ မူ မမှန်ဘူး … ။ ”

ခြေရာ လက်ရာများ အရ၊ တိုက်ပွဲများ ဖြစ်ပွား ခဲ့သည့်၊ အရိပ် အယောင်များ ပေပင်။ တန်ခိုးကြီး ဂိုဏ်းများသာ ဆိုက၊ အချင်းချင်း တိုက်ခိုက် စရာ အကြောင်း မရှိချေ။

ဤအခိုက်တွင် မြေအောက် နန်းတော် တစ်ခုလုံး၊ ကြောက်မက်ဖွယ် အငွေ့ အသက် များ ဖုံးလွှမ်းပြီး၊ တုန်လှုပ် စပြု လာသည်။

သူ့ အဝတ် အစားများ၊ လေထဲ လွင့်ပျံ သွားအောင် အလင်းလှိုင်းများ၊ ဥမင်လိုဏ်ခေါင်း အတွင်းမှ၊ ထွက်ပေါ် လာသည်။

“ ရတနာ တစ်ခုခု မေွးလာ တာလား။ ”

ရွှေရောင် အလင်းတန်း အဖြစ်သို့ ပြောင်းလဲကာ၊ ပြေးဝင် လိုက်၏။ နဂါး ရူရ်များ တွင်၊ ကြီးမားသော စွမ်းအားများ ပါရှိပြီး၊ ရွေ့လျားမှု နည်းစနစ်ကို အသုံး မပြု လျှင်ပင်၊ လျင်မြန်စွာ ရွေ့လျား နိုင်သည်။

များ မကြာခင် အလင်းရောင် ဖြာထွက် နေသည့်၊ နန်းတော် ရှေ့သို့ ရောက်ရှိ လာ၏။ နန်းတော်တွင် မရေ မတွက် နိုင်သော၊ ပါရမီ ရှင်များ၊ စုဝေး နေခဲ့ ကြသည်။

၎င်းတို့ အားလုံးသည် ကနဦး ပင်မ နတ်ဘုရား နယ်ပယ်၌ ရှိ၏။ ဂိုဏ်းငယ် များ၏ တပည့်များ အပြင်၊ မိစ္ဆာ ကျင့်ကြံသူ များလည်း၊ လူအုပ်ထဲ ရောနှော နေသည်။

နန်းတော်၏ အလယ် ဗဟိုတွင် အလင်းရောင် ဖြာထွက် နေသည့် ယဇ်ပလ္လင် တစ်လုံး ရှိ၏။ ထိုပလ္လင် နောက်တွင်၊ အတွင်းသို့ ဆက်သွားရန်၊ လမ်းကြောင်း တစ်ခုအား မြင်နေ ရသည်။

ဆိုလို သည်မှာ ဤမြေအောက် နန်းတော် အောက်၌၊ နောက်ထပ် မြေအောက် ဝင်္ကပါလမ်း တစ်ခု ရှိနေခြင်း ဖြစ်သည် ။၏

“ ဟိုင်း ရား ... ။ ”

ဤနေရာ၌ စုဝေး ကြသော လူများသည်၊ ဂိုဏ်းအသီး သီးမှ ဖြစ်သဖြင့်၊ ထိုလမ်းသို့ ဝင်ရန် အချင်းချင်း တိုက်ခိုက် နေကြ၏။

ဤမြင်ကွင်းကို လင်းယွန်က တိတ်ဆိတ်စွာ ကြည့်နေ မိသည်။ နန်းတော်တွင် ကျွမ်းကျင်သူ များစွာရှိ သော်လည်း၊ ပိုင်လုလီ အဆင့် ပါရမီရှင် မျိုး မရှိပေ။

ဝင်ပေါက်ကို ကျောက်တံခါး တစ်ချပ်ဖြင့် ပိတ်ဆို့ ထားပြီး၊ ခွန်အား သုံးကာ မချိုးဖျက် နိုင်ချေ။ တံဆိပ် အတွင်းရှိ စွမ်းအင် များမှာ၊ အရမ်း ကြောက်စရာ ကောင်း လေသည်။

တန်ခိုးကြီး ဂိုဏ်းများ အဆင့်၌ မရှိဘဲ၊ ဖြတ်ကျော်ရန် မဖြစ်နိုင်။ သို့သော် သူ့ အတွက် သတင်း ကောင်း တစ်ပုဒ် ဖြစ်သဖြင့်၊ စောင့်ကြည့်ရန် ဆုံးဖြတ် လိုက်သည်။

တိုက်ပွဲ များကြောင့်၊ နန်းတော် အတွင်း၌၊ စွမ်းအင် အတက် အကျ များဖြင့် ပြည့်နေသည်။ ခဏ အကြာတွင် ငွေလမင်း မျက်နှာ ဖုံးကို တပ်လိုက်၏။

အနက်ရောင် ဆံပင် များက ငွေရောင် ပြောင်းလဲ လာကာ၊ အပြာရောင် အ၀တ် အစား သည်ပင်၊ ငွေရောင် ပြောင်းကုန်သည်။

ယင်းက ကိုယ်ပိုင် လက္ခဏာကို ဖုံးကွယ် လိုသောကြောင့် မဟုတ်ဘဲ၊ ထူးဆန်း သည့် ခံစားချက် အချို့ ရရှိခြင်း ဖြစ်မည်။

ငွေလမင်းသည် မို မိသားစုမှ သွန်းလုပ် ထားသော အစွမ်း ထက်သည့်၊ သူတော်စင် ရှေးဟောင်း ပစ္စည်း ဖြစ်ပြီး၊ သာလွန် ပင်မ နတ်ဘုရား များနှင့် ရင်ဆိုင် ရလျှင်ပင်၊ အသက်ကို ကာကွယ် နိုင်မည်။

ပြီးနောက် ယဇ်ပလ္လင် ပေါ်သို့ ခုန်တက် သွားသည်။ အတား အစီးမှာ ပိတ်ထား ဆဲဖြစ် သဖြင့်၊ မည်သူမျှ မဖြတ်ကျော် ရသေး သည်ကို၊ သိလိုက် ရသည်။

သို့သော် သူ ဆက်သွား တော့မည့် အချိန်တွင်၊ တိုက်ခိုက်နေ သူများ အားလုံးက ရပ်လျက်၊ ချာခနဲ လှည့်ကြည့် လာကြသည်။

“ ငါတို့ မင်းကို မမြင် ဖူးလို့ ... ၊ မင်း ထင်နေ တာလား။ ”

“ ဘာလို့ ... သူနဲ့ အချိန်ဖြုန်း နေတာလဲ၊ ငါတို့ တိုက်ခိုက် နေရတုန် အခွင့် အရေး ယူချင် နေတာ၊ အဲ့ဒီ လောက် မလွယ်ဘူး။ ”

“ သူ့ကို သတ်ရအောင် ... ။ ”

လူတိုင်း ဒေါသ ဖြစ်ကြ သည်မှာ၊ သဘာဝ ပေပင်။ အဆုံးတွင် အသက်နှင့် ရင်းပြီး တိုက်နေ မိစဉ်၊ တစ်စုံ တစ်ဦးမှ သူတို့၏ ဆုလာဘ်အား၊ သိမ်းယူချင် နေခဲ့သည်။

“ ဟား ... ဟား ... ဟား ... ။ ”

ဤမြင်ကွင်းကြောင့် လင်းယွန်မှ ရယ်မော လိုက်၏။ မလို အပ်ဘဲ သတ်ဖြတ် ခြင်းကို မပြု လိုသောကြောင့်၊ လူတိုင်းသည် စကားပြော ခွင့်ရှိ နေခြင်း ဖြစ်သည်။

သူတို့၏ ခွန်အားသည် သင့်လျော် သော်လည်း၊ မီးနဂါး ဂိုဏ်းနှင့် နှိုင်းယှဉ် ပါက၊ အားနည်း နေသေး၏။

“ ဟား ... ဟား ... ဟား ... ၊ တကယ်ပဲ ဒီလို နေရာ ရှိသေး တာလား။ ”

ထိုအချိန်တွင် ကျယ်လောင်သော ရယ်မောသံ ထွက်ပေါ် လာသဖြင့်၊ လူတိုင်း မျက်နှာ ပျက်ယွင်း သွားသည်။

“ ပုရွက်ဆိတ် တွေ စုံနေ ပြီလား ... ၊ ဒီအဆင့်ကို ရောက်လာ နိုင်တဲ့၊ ကံကြမ္မာက မနည်း ပါဘူး။ ”

အသံရှင်က ထပ်မံ ပြောဆို လိုက်စဉ်၊ လျှပ်စီး များက နန်းတော် တစ်ခုလုံး တောက်ပ သွားသည်။

“ ဝူး ... ။ ”

“ ဘုန်း ... ။ ”

နောက်ဆက်တွဲ အနေဖြင့်၊ လေဆင် နှာမောင်း တစ်စင်း ဖြစ်ပေါ် လာ၏။ လေဆင် နှာမောင်း သွားရာ လမ်းကြောင်းတွင်၊ လူတိုင်း ချေမှုန်းခံ လိုက်ရပြီး၊ အသက်ရှင် ကျန်ရစ်သူ များပင်၊ နံရံသို့ လွင့်စဉ် ကုန်သည်။

ထိုလူများမှာ ကနဦး ပင်မ နတ်ဘုရားများ ဖြစ်ပြီး၊ ပြင်းစွာ ဒဏ်ရာ ရရှိ သွားခဲ့၏။

“ ဘာ စွမ်းအားလဲ။ ”

လင်းယွန်မှ အံ့သြ သွားသည်။ ဤလူသည် မီးလျှံနှင့် လျှပ်စီး နှစ်မျိုး ကိုင်စွဲ ထား၏။ နှစ်မျိုး စလုံးတွင် တတိယ တန်းသို့ ရောက်ရှိ နေပြီ ဖြစ်သည်။

ထို့အပြင် ဤရည်ရွယ်ချက် နှစ်မျိုးကို၊ ပြည့်စုံစွာ ပေါင်းစပ် ထားသည်။ ပေါင်းစပ် မှုမှာ သူ၏ နဂါး ရောင်ဝါနှင့်၊ ဓားရည်ရွယ်ချက် တို့ထက်၊ အားနည်းမည် မဟုတ်ချေ။

လေထု အလယ် ရပ်နေစဉ် လျှပ်စီးနှင့် မီးတောက် များက၊ သူ့ ပတ်ဝန်း ကျင်၌ ပါးပါး ရစ်သိုင်း လာ၏။

“ မြင့်မြတ်သော လျှပ်စီး မီးတောက် မှော်ရတနာ မဟုတ်လား၊ ဒါ ... မိုးကြိုး ဂိုဏ်းက ရှယွင်ကျန်းပဲ။ ”

ဆူညံ နေသော နန်းတော်မှာ၊ ချက်ချင်း တိတ်ဆိတ် သွားသည်။ သွေ့ရော် ကျွန်းတွင် ခွန်အား သည်သာ အရာရာ ဖြစ်သည်။

ရှယွင်ကျန်း နောက်တွင် လူတစ်စု ရှိနေပြီး၊ ကြောက်မက်ဖွယ် လျှပ်စီး ရောင်ဝါများ သိုင်းခြုံ ထားသည့်၊ မီးခိုးရောင် ဝတ် အကြီး အကဲ တစ်ဦး၊ ပါရှိ၏။

ထိုအကြီး အကဲသည်၊ သာလွန် ပင်မ နတ်ဘုရား နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်သည်။

အထက်ပါ အချင်း အရာများ အရ၊ ရှယွင်ကျန်းသည် ပိုင်လုလီထက် ပို၍ ဩဇာ ရှိကြောင်း၊ နားလည် လိုက်သည်။

ရှယွင်ကျန်း အနားရှိ တပည့် များသည် ကနဦး ပင်မ နတ်ဘုရားများ ဖြစ်ပြီး၊ မီးနဂါး ဂိုဏ်းမှ၊ ယှဉ်နိုင်သော အရာ မဟုတ်ချေ။

နန်းတော်ရှိ လူအားလုံး နောက်ပြန် ဆုတ်သွားပြီး၊ ပျက်ယွင်း သော မျက်နှာဖြင့်၊ ရှယွင်ကျန်းထံ ကြည့်လိုက် ကြသည်။

၎င်းတို့တွင် ပင်မ နတ်ဘုရားများ ပါရှိ သော်လည်း၊ ရှယွင်ကျန်း၏ ကြယ် စွမ်းအင်မှာ သမုဒ္ဒရာ တစ်စင်းလို များပြား နေလေသည်။

ခွန်အား အရာ၌၊ မူချင်းချင်းနှင့် ယှဉ်နိုင်ပြီး မိုးကြိုး ဂိုဏ်းတွင်၊ ဒုတိယ အင်အား အကြီးဆုံး ဖြစ်၏။

တန်ခိုးကြီး ဂိုဏ်းများမှ တပည့် ကြီးများ အားလုံးသည်၊ မူလ သူတော်စင် ရူရ်ကို သန့်စင် နေကြ သောကြောင့်၊ လက်ရှိ အချိန်၌ သူတို့ သည်သာ၊ အသန်မာဆုံး ပေပင်။

“ သွား ရ အောင် ... ၊ ငါတို့ ဒီမှာ ဘာမှ ရမှာ၊ မဟုတ် တော့ဘူး။ ”

လူအုပ် ကြီးက ထွက်ခွာရန် ပြင်လိုက် ကြသည်။ ထို့စဉ် မြသားရောင် ဝတ်ရုံ များနှင့်၊ လူတစ်စု ထပ်မံ ရောက်ရှိ လာ၏။

“ မြကျောက်စိမ်း စံအိမ်။ ”

အဝတ် အစား များကို ကြည့်ကာ၊ အသိ အမှတ် ပြုမိသည်။ ၎င်းတို့မှာ တန်ခိုးကြီး ဂိုဏ်း ရှစ်ဂိုဏ်း အနက်၊ တစ်ဂိုဏ်း ဖြစ်၏။

“ ရှယွင်ကျန်း ... ၊ မင်း တကယ် စောတာပဲ။ ”

ဖော်ရွေသော အမူ အရာနှင့် လူငယ် တစ်ယောက်က ပြောလာသည်။ ထိုလူငယ်မှာ ဖန်းမူယန် ဖြစ်၏။

“ ဟမ့် ... ၊ မင်းလည်း နောက် မကျ ပါဘူး။ ”

ရှယွင်ကျန်းက အေးစက်စွာ ပြန်ပြော လိုက်သည်။ ဆိုရိုး စကားများ အတိုင်း ကျား နှစ်ကောင် တစ်ဂူတည်း မအောင်း နိုင်ချေ။

“ ဒီလို ပါပဲ ... ။ ”

ဖန်းမူယန်က ပြုံးပြ သည်။

“ အိုး ... ၊ လူစုံ နေပြီလား ... ၊ ငါ့ရဲ့ ကောင်းကင် ဓားမော့ ဂိုဏ်းက၊ နောက်ကျ နေပုံ ရတယ်။ ”

သည့်စဉ် နောက်ထပ် လူတစ်စု ဝင်ရောက် လာပြန်သည်။ သွေ့ရော် ကျွန်းသည် ကျယ်ပြော လှ သဖြင့်၊ တန်ခိုးကြီး ဂိုဏ်း ရှစ်ဂိုဏ်း အတွက် လုံလောက် လေသည်။

ထို့ကြောင့် တန်ခိုးကြီး ဂိုဏ်း (၃) ဂိုဏ်း အနေဖြင့်၊ ဤသို့ တစ်နေရာ တည်း၌၊ စုရုံးလာ ခြင်းမှာ၊ အဓိပ္ပါယ် မရှိချေ။

သူတော်စင် မူလ ပုလဲ မပေါ်ခင်၊ သူတို့ အချင်းချင်း ရန်ဖြစ်ကြ ခြင်းသည် ပညာ မဲ့ရာ၊ ရောက်ပေ၏။

ကောင်းကင် ဓားမော့ ခန်းမ အဖွဲ့ကို အနက်ဝတ် လူငယ် တစ်ဦးမှ၊ ဦးဆောင်လျက် ဝင်ရောက် လာသည်။ ၎င်းတို့ အတွင်း သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ တစ်ပါးလည်း ပါရှိ၏။

“ ယဲ့ရွှင် ... ။ ”

ဖန်းမူယန်နှင့် ရှယွင်ကျန်းတို့ နှစ်ဦး စလုံးသည်၊ အနက်ဝတ် လူငယ်ကို တွေ့သော အခါ၊ ကြောက်ရွံ့ မှုများ ဖြစ်ပေါ် လာသည်။

ဤပုဂ္ဂိုလ်သည် သန်မာပြီး ခွန်အား အရာ၌၊ ထိပ်တန်း ဆယ်ဦး အဆင့် ဝင်သဖြင့်၊ ထိုဘီလူး များနှင့် နီးစပ် ပေသည်။

ဂိုဏ်း သုံးဂိုဏ်း ထိပ်တိုက် တိုးချိန်တွင်၊ ရောင်ဝါများ အချင်းချင်း ထိမှန် ကုန်ကာ၊ အချိန် မရွေး ပေါက်ကွဲ တော့မည့်၊ မီးတောင် တစ်လုံး ကဲ့သို့၊ တင်းမာ လာ၏။

လူတိုင်းက ဤနေရာသို့ ရောက်ရှိ နေခြင်း အတွက်၊ နောင်တရ သွား၏။ ယခု အချိန် ထွက် သွားသော်၊ ဂိုဏ်း သုံးဂိုဏ်း၏ အာရုံမှာ၊ သူတို့ အပေါ်၊ ကျရောက် လာနိုင်သည်။

ဆက်နေ၍ ထိုဂိုဏ်း သုံးဂိုဏ်း သည်သာ တိုက်ပွဲ ဖြစ်ပါက၊ သူတို့ပင် ဦးစွာ ပထမဆုံး သေ ပေမည်။

“ ငါ ... ဒီကို အရင် ရောက်တာ၊ မင်းတို့ ထွက် သွားကြ။ ”

ရှယွင်ကျန်းမှာ ဒေါသကြီး သူ တစ်ဦး ဖြစ် သဖြင့်၊ ကျန်နှစ်ဦးအား ချက်ချင်း မောင်းထုတ် လိုက်သည်။

“ ဟား ဟား ဟား ... ၊ ဦးရာလူ စနစ်က ဒီကမ္ဘာ ကြီးမှာ ဘယ်အချိန် တုန်းက၊ အသက် ဝင်လာ တာလဲ။ ”

ဖန်းမူယန်က လှောင်ပြောင် လိုက်သည်။ မိုးကြိုး ဂိုဏ်းသည် ဒေါသကြောင့် နာမည် ကြီးပြီး၊ သွေးရော် ကျွန်း၌ ကျိုးကြောင်း ဆင်ခြင်ရန် ကြိုးစားမည် မဟုတ်ခေျ။

“ ငါ့ ဓါးကို သဘောတူ လားလို့၊ အရင် မေးရ လိမ့်မယ်။ ”

ယဲ့ရွှင်က ကြီးစိုးသော လေသံဖြင့် ပြော လာသည်။

“ မင်းကို ကြောက်တယ်လို့၊ ထင်နေ တာလား၊ ဟား ဟား ဟား ... ။ ”

ရှယွင်ကျန်းက လှောင်ရယ် လိုက်သည်။ သူ့လက်မောင်း တစ်လျှောက် လျှပ်စီးများ လက် လာ၏။

ထိုအချိန်တွင် ဖန်းမူယန် ထံမှလည်း၊ ခရမ်းရောင် အလင်းများ ဖြာထွက် လာခဲ့သည်။ သူတို့၌ မြင့်မြတ်သော လျှပ်စီး မီးတောက် စွမ်းအင် ကျင့်ကြံမှု ပညာရပ် ရှိ၏။

အလား တူပင် ကောင်းကင် ဓားမော့ ခန်းမတွင်၊ ဓားမော့ စွမ်းအင် ကျင့်ကြံမှု ပညာရပ် ရှိသည်။

မြကျောက်စိမ်း စံအိမ် မှာမူ၊ နတ်ဘုရား စက်ဝန်း စွမ်းအင်ကျင့်ကြံမှု ပညာရပ် ရှိချေ၏။ ထို့ကြောင့် တစ်ဦးကို တစ်ဦး အလျော့ မပေး လိုကြချေ။

တစ်ဖက်တွင် သူတို့ သည်သာ တိုက်ခိုက် ကြသော်၊ ဤနေရာရှိ လူတိုင်း သေသွား နိုင်သဖြင့်၊ စိတ်မချမ်း မသာ ဖြစ်လာ ကြသည်။

“ ဝုန်း ... ။ ”

ထိုအချိန်တွင် ပေါက်ကွဲ သံကြီး တစ်သံ ထွက်ပေါ် လာသည်။ လင်းယွန်မှ ကျောက်တံခါး ကို၊ ကန်ကျောက် ပစ်လိုက်ခြင်း ဖြစ်၏။

ဤလုပ်ရပ်သည် ထိုသုံးဦးကို ထောင်းခနဲ ဒေါသထွက် လာစေသည်။ သူတို့ သုံးဦး ရှိနေ လျက်ဖြင့်၊ တစ်စုံ တစ်ယောက်မှ ဖြတ်ကျော် လိုသည်မှာ၊ မယုံနိုင် စရာ ပေပင်။

“ တောင်းပန် ပါတယ် ... ၊ ငါ ... အရင် သွားနှင့် လိုက်မယ်၊ မင်းတို့ အချင်းချင်း ဆက် ဆွေးနွေး လိုက်ကြဦး။ ”

လင်းယွန်မှ ပြုံးကာ လှည့်ပြော လိုက်ပြီး၊ မြေအောက် ဥမင် ထဲသို့၊ ခုန်ချ သွားတော့သည်။

***

All Chapters