← Chapters

အမည်ခံ သူတော်စင် မူလ ပုလဲ။

Vol. 93 Ch. 1293

အမည်ခံ သူတော်စင် မူလ ပုလဲ။

Vol. 93 Ch. 1293

လင်းယွန် စကား များက၊ လူတိုင်း၏ မျက်နှာကို ပြောင်းလဲ သွားစေသည်။ ရင်ဘတ် ထဲမှ နှလုံးသား ခုန်ထွက် တော့မည် ဟုပင် ခံစား မိ၏။

တန်ခိုးကြီး ဂိုဏ်း သုံး ဂိုဏ်းနှင့်၊ မျက်နှာ ချင်းဆိုင် လှုပ်ရှားရန် မည်သူမျှ မရဲ သော်လည်း၊ ဤလူငယ်မှာ အတား အဆီးကို ကန်ထုတ်ကာ ဝင်သွား ပေသည်။

ထိုလုပ်ရပ်က ယဲ့ရွှင်၊ ဖန်းမူယန်နှင့် ရှယွင်ကျန်း တို့အား ပါးရိုက်ခြင်း မည်ချေ၏။ မောက်မာ လွန်းသည်။

ဖန်းမူယန်တို့ မှာမူ၊ ယဇ်ပလ္လင် ပေါ်၌၊ လူ တစ်ယောက် ရှိနေမှန်း၊ သတိ ပြုမိ သော်လည်း၊ မျက်လုံးထဲ မထား ခဲ့ပေ။

ထိုပုရွက်ဆိတ်မှ သူတို့အား ဂရု မစိုက်ဘဲ၊ ဤသို့ ပြုမူ လိမ့်မည်ဟု မထင်ထား သဖြင့်၊ ဒေါသ ထွက်ကာ၊ ချက်ချင်း တိုက်ခိုက် လိုက်ကြသည်။

“ ရွှပ် ... ။ ”

ဓား အလင်းတန်း တစ်ခု လေထဲ၊ ဖြတ် သွားသည်။ စူးရှ လွန်း သောကြောင့်၊ လူတိုင်း မျက်လုံး မှိတ်လိုက် မိ၏။

ဤဓားသည် ကောင်းကင်ဘုံ ဓားမော့ ခန်းမ၏ ယဲ့ရွှင် ထံမှ ထွက်ပေါ် လာခြင်း ဖြစ် လေသည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် ဖန်းမူယန် ထံမှ၊ အစိမ်းရောင် လက်ဖဝါးကြီး တစ်ဖက်၊ ပြေးထွက် သွားသဖြင့်၊ နန်းတော် တစ်ခုလုံး တုန်ခါကာ၊ ကျောက်တုံး အပိုင်း အစများ ပြိုကျ လာသည်။

“ ဝူး ... ။ ”

ရှယွင်ကျန်း သည်လည်း၊ မှော် ရတနာ တစ်ခုကို ထုတ်ယူကလျက် အလင်းနှင့် ပလ္လင် ဆီသို့ ပစ်လွှတ် သည်။

ထိုတိုက်ခိုက်မှု သုံးမျိုး ထံမှ၊ လှိုင်းလုံးများ နန်းတော် အတွင်း ပျံ့နှံ့ သွားသည်။ ထိုလှိုင်းလုံး ထိမှန် သူတိုင်းမှာ၊ မေ့လဲ ကုန်၏။

တိုက်ခိုက်မှု သုံးခုသည် အပြင်း ထန်ဆုံး မဟုတ် လျှင်ပင်၊ အဖျက် စွမ်းအားမှာ၊ တုန်လှုပ် စရာ ကောင်းသည်။

“ ဝုန်း ... ။ ”

ထို့ကြောင့် ဤတိုက်ခိုက်မှု အတွင်းမှ လင်းယွန် တစ်ယောက် လွတ်မြောက် သွားလိမ့် မည်ဟု မထင်ခဲ့ ကြပေ။

“ ယင်ကောင် တစ်ကောင်က ... ၊ ငါတို့ ရှေ့မှာ ရပ်ဖို့ ... ၊ သတ္တိ ရှိတယ်လား၊ ဟမ့် ... ။ ”

ယဲ့ရွှင်က ဓားကို ရုတ်ကာ၊ ပေါက်ကွဲ သွားသော ပလ္လင်ထံ ကြည့်ပြီး၊ နှာခေါင်း ရှုံ့ လိုက်သည်။

“ အဲဒီလောက် မောက်မာတဲ့ လူမျိုး၊ ရှေးဟောင်း ပျက်သုဉ်း နယ်မြေမှာ၊ တစ်ခါမှ မတွေ့ ဖူးဘူး။ ”

ဖန်းမူယန်က လှောင်ပြောင် ပြောဆို လိုက်သည်။ သွေ့ရော် ကျွန်းတွင်၊ လူပေါင်းစုံ ရှိ သဖြင့်၊ ရှယွင်ကျန်းမှာ ပြုံးလျက်၊ သူ့ မှော် ရတနာအား ပြန်ခေါ် လိုက်၏။

သူတို့ သုံးယောက်သည် တစ်ယောက်နှင့် တစ်ယောက်၊ ကောင်းမွန်သော ဆက်ဆံ ရေးမျိုး မရှိ သော်လည်း၊ အချင်းချင်း အသိ လေးစားမှု ရှိချေသည်။

လင်းယွန် အတွက်မူ၊ သူတို့ သုံးဦးနှင့်၊ စကားလာ ပြောရန်၊ အရည် အချင်း မရှိဟု၊ ခံယူ ထား ကြသည်။

“ အဲ့ဒီ လူရဲ့ အလောင်းက ဘယ်မှာလဲ။ ”

ရဲရင့်သော တပည့် တစ်ဦးက ပျက်စီး သွားသော ပလ္လင်အား ကြည့်ကာ မေးသည်။

“ အလောင်း ဟုတ်လား ... ၊ အပိုင်းပိုင်း ဖြစ်သွား လောက် ပြီပေါ့။ ”

ယဲ့ရွှင်က ဂုဏ်ယူ ဝင့်ကြွားစွာ ပြန်ဖြေသည်။

“ ငါ့ လက်ဖဝါး နဲ့တင် ... ၊ သူ ကြေမွှ သွားဖို့ လုံလောက်တယ်။ ”

ဖန်းမူယန် မှလည်း ဝင်ပြော လာ၏။ သို့သော် ဖုန်မုန့်များ ပါးလျ လာပြီး၊ လှောင်ပြုံး နှင့် အသံ တစ်သံ၊ ထွက်ပေါ် လာသည်။

“ ငါသာ တစ်ခုခု ပြန် မပြော တော့ရင် ... ၊ ငါကို သေနေ ပြီလို့၊ မင်းတို့ ထင်ကောင်း ထင် ကြမယ် မဟုတ်လား။ ”

ထိုကြောင့် အသံ ရှင်အား၊ ပြန်ကြည့် လိုက်မိ၏။ ထက်ရှသော ဓားတစ်လက် ကဲ့သို့၊ ရပ်နေသော အပြာဝတ် လူငယ်ကို မြင်လိုက် ရသည်။

သူ့ တစ်ကိုယ်လုံး ခရမ်း-ရွှေရောင် အလင်းများ တောက်ပလျက်၊ စူးရှ လွန်းသော အကြည့် များကြောင့်၊ လူတိုင်း နှလုံးခုန် မြန် လာသည်။

ယင်းက ရှယွင်ကျန်းတို့ သုံးဦးကို၊ မျက်နှာများ ပြောင်းလဲ သွားစေသည်။ အံ့သြ လွန်း သဖြင့်၊ ပါးစပ် အဟောင်းသား ဖြစ် သွား၏။

လင်းယွန်မှ အသက်ရှင် နေ သေးသည် သာမက ဒဏ်ရာလည်း မရရှိ ထားပေ။ ယင်းက ၎င်းတို့ကို လူပြက် ကဲ့သို့၊ ခံစားရ စေ၏။

“ လက်ဆောင် ဆိုတာ၊ အပြန် အလှန် ပေးရတယ်၊ မဟုတ်ရင် ... ကွယ်ရာမှာ၊ ငါ့ကို ရိုင်း တယ်လို့၊ ပြောနေ ကြ လိမ့်မယ်။ ”

ဓားသုတ္တန် နှစ်ခုအား ကန့်သတ် ချက်သို့၊ တွန်းပို့ လိုက်ရာ၊ ကောင်းကင် သစ်ပင် ပေါ်လာ ပြီး၊ ခရမ်းရောင် ပန်းများ ပွင့်၏။ သည့်နောက် ဓားအလင်း တစ်လက် ပြေးထွက် သွားသည်။

“ ရွှပ် ... ။ ”

တိမ်လွှာဓား (၁၃) ကွက်၏ စူးရှသော ရောင်ခြည်ကြောင့်၊ ရှယွင်ကျန်းတို့ သုံးဦးမှာ၊ မျက်လုံး မှိတ်မိ သွားသည်။ သို့သော် တုံ့ပြန်ရန် မမေ့ချေ။

“ ဝုန်း ... ။ ”

သည့်နောက် တိုက်ခိုက်မှု အချင်းချင်း ထိပ်တိုက် တွေ့ဆုံ သွားပြီး၊ ရှယွင်ကျန်း တို့ သုံးဦးမှာ၊ အလိုလို နောက်ဆုတ် မိ၏။

ပြိုင်ဘက် အပေါ်၊ များစွာ လျှော့တွက် ထားမိ ချေပြီ။ အမှန် တကယ် ရင်ဆိုင် ရချိန်၌၊ မယုံ နိုင်ဖွယ် ဖြစ်မိသည်။

ရှေးဟောင်း ပျက်သုဉ်း နယ်မြေမှ မဟုတ်သော တစ်စုံ တစ်ယောက်သည်၊ ဤမျှ သန်မာနေ သည်မှာ အဓိပ္ပါယ် မရှိခေျ။

ရှယွင်ကျန်း၊ ယဲ့ရွှင်နှင့် ဖန်းမူယန် တို့အား ဓားတစ်ချက် တည်းဖြင့် နောက်ဆုတ် စေသော ဖြစ်ရပ်မှာ၊ လူအုပ်ကို ဆွံ့အ သွား စေသည်။

“ ဟမ့် ... ၊ ဒါက ရှေးဟောင်း ပျက်သုဉ်း မြေပဲ၊ မင်းလို အပြင် လူအတွက် နေရာ မရှိဘူး၊ ဒူးထောက် စမ်း။ ”

ရုတ်တရက် အခြေ အနေ မလှ သဖြင့်၊ မိုးကြိုး ဂိုဏ်းမှ အကြီး အကဲက၊ သာလွန် ပင်မ နတ်ဘုရား ရောင်ဝါကို အသုံး ပြုကာ၊ ဖိနှိမ်ရန် ကြိုးစား လာသည်။

“ ဝင် မစွက်ဖို့ အကြံပေး ချင်တယ်။ ”

လင်းယွန်က ထိုအကြီး အကဲအား ပြန်၍ စိုက်ကြည့်ကာ သတိပေး လိုက်သည်။

“ မင်းကိုယ်မင်း ဘယ်သူလို့ ထင်နေလဲ။ ”

အကြီး အကဲက နှာခေါင်း ရှုံ့ကာ၊ တုန့်ပြန် လာ၏။ တစ်ချိန်တည်း မှာပင်၊ အခြား ဂိုဏ်းနှစ် ဂိုဏ်းမှ၊ သာလွန် ပင်မ နတ်ဘုရားများ ကလည်း၊ လှမ်းတက် လာသည်။

“ ..... ။ ”

သို့သော် နန်းတော် တစ်ခုလုံး၊ တုန်လှုပ် လာသဖြင့်၊ မိုးကြိုး ဂိုဏ်းမှ အကြီး အကဲမှာ၊ မပြုံး နိုင်တော့ချေ။

နန်းတော် ခေါင်မိုး၌ အက်ကြောင်းများ ပေါ်လာပြီး၊ ပြိုကျမည့် အရိပ် အယောင်များ ပြသ လာသည်။ ဤသည်မှာ အန္တရာယ် ရှိသော လက္ခဏာ ဖြစ်၏။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

အဘိုးအိုမှာ လင်းယွန်အား ဂရု မစိုက် နိုင်တော့ချေ။ မြေအောက် ဝိညာဉ် ရေးရာ ခင်းကျင်းမှု၊ ပျက်စီး သွားပုံ ရ၏။

သည်အတိုင်းသာ ဆက်သွား ပါက၊ မြေအောက် နန်းတော် ပြိုကျကာ၊ ပေါက်ကွဲ လာနိုင်မည်။

“ ဒီယဇ် ပလ္လင်က ... မြေအောက် နန်းတော်မှာ၊ ခင်းကျင်း ထားတဲ့၊ အစီရင်ရဲ့ ဗဟို ချက်ပဲ၊ သူ ပျက်စီး သွားတာကြောင့်၊ နန်းတော် မကြာခင် ပြိုကျ လာ နိုင်တယ်။ ”

လင်းယွန်က ပြောပြ လိုက်သည်။ ရှယွင်ကျန်း၊ ယဲ့ရွှင်နှင့် ဖန်းမူယန် တို့၏ မျက်နှာများ ပျက်ယွင်း သွားသည်။

“ မြေအောက် နန်းတော်ကို အတူတူ ကာကွယ် ရအောင်။ ”

သာလွန် ပင်မ နတ်ဘုရား သုံးပါးက၊ ပြိုကျလာသော နန်းတော်အား ကျားကန်ရန် အတွက်၊ ၎င်းတို့၏ ကြယ်စွမ်းအင် များကို ထုတ်လွှတ် လိုက်သည်။

သို့မှသာ တုန်လှုပ် နေသော နန်းတော်က ချက်ချင်း တည်ငြိမ် သွား၏။ သို့သော် ကြာရှည် ခံမည် မဟုတ်ကြောင်း ပြောနိုင်သည်။

“ ဒါဆို ... ၊ ငါ ရှေ့က သွားနှင့်မယ်။ ”

လင်းယွန်က အနှောက် အယှက် မပေး တော့ဘဲ၊ ယဇ်ပလ္လင် နောက်ရှိ လမ်းကြောင်း ထဲသို့၊ ခုန်ချ သွားတော့၏။

“ သွား ရ အောင်။ ”

ရှယွင်ကျန်း၊ ယဲ့ရွှင်နှင့် ဖန်းမူယန် တို့က၊ ၎င်းတို့၏ အထက် တန်းစား တပည့် များကို ခေါ်လျက်၊ ထွက်ခွာ လာကြသည်။

ထိုအချိန်တွင် လင်းယွန် ခမျာ၊ ရောင်ဝါ အချို့ ခံစား လာရ သဖြင့်၊ ကျောရိုး တလျောက်၊ ချမ်းစိမ့်စိမ့် ဖြစ်လာသည်။

ဤနေရာရှိ အပူ ချိန်သည်၊ အတက် အကျ မြန်ပေ၏။ ကျဆင်း သွားသော အပူ ရှိန်ကြောင့်၊ သွေး စီးဆင်း မှုမှာ၊ နှေးကွေး လာသည်။

“ ခရမ်းငယ် ... ၊ ဒီမှာ ဘာတွေ ဖြစ်နေ တာလဲ ... ၊ ဂိုဏ်း သုံးဂိုဏ်း ဒီကို ရောက်လာ တာက၊ တိုက်ဆိုင်မှု တစ်ခုတော့ မဟုတ် လောက်ဘူး။ ”

“ ဟုတ်တယ် ... သတိ ထားပါ၊ ဒီဧကရီ ဟောကိန်း ထုတ်ထား တာနဲ့ ... ၊ အများကြီး ကွာခြား နိုင်တယ်။ ”

“ ငါ ... ဘယ်သွား ရမလဲ။ ”

လင်းယွန်က လမ်းဆုံ တစ်နေရာတွင် ရပ်နေကာ၊ မေးမိသည်။ ထိုအချိန်၌ ရှယွင်ကျန်း တို့ သုံးဦးမှာ၊ လင်းယွန်အား မီလာ၏။

“ မင်း ငါတို့နဲ့ အတူတူ သွားချင်လား၊ ဒီနန်းတော် ထဲမှာ ရတနာတွေ ရှိနိုင်တယ်၊ ငါတို့ အတူ ခွဲဝေလို့ ရတယ်။ ”

ဖန်းမူယန်က ပြုံးလျက် ဖိတ်ခေါ် လာ၏။ သူတို့ ရှေ့တွင် လမ်းခွဲများ ရှိနေ သောကြောင့်၊ လင်းယွန်အား အသုံးချ လိုသည်။

လမ်းကြောင်း တစ်ခု စီမှ၊ တုန်လှုပ် ချောက်ချားဖွယ် ကောင်းသော ရောင်ဝါများ ထွက်ရှိ နေ၏။

“ မင်းလည်း ... ၊ အမည်ခံ သူတော်စင် မူလ ပုလဲ အတွက် လာတာ မဟုတ်လား။ ”

ရှယွင်ကျန်းက ဝင်မေး လာသည်။ လင်းယွန်နှင့် ကျေလည်ခြင်း မရှိ သော်လည်း၊ အမြင်များ ပြောင်းလဲ သွားသည်။

( အမည်ခံ သူတော်စင် မူလ ပုလဲလား။ )

လင်းယွန်မှာ စိတ်လှုပ်ရှား လာပြီး၊

“ မဟုတ်ဖူး ငါ တစ်ယောက်တည်း လုပ်ရ တာကို ကြိုက်တယ်။ ”

-ဟု ပြန်ဖြေ လိုက်တော့၏။

ပြီးသည်နှင့် ခရမ်းငယ် ညွှန်ပြသော လမ်းကြောင်း အတိုင်း လှမ်းဝင် လိုက်သည်။ ယင်းကြောင့် ရှယွင်ကျန်းမှ မျက်လုံးများ မှေးစင်းလျက်၊ ကျန်ရစ် ခဲ့၏။

“ ဒီကောင်က တကယ်ကို ... ၊ ယုံကြည်မှု ရှိတာပဲ၊ ဒီနေရာ ဘယ်လောက် အထိ၊ အန္တရာယ် ကြီးလဲ ဆိုတာ၊ သူ မသိ နိုင်ဘူး။ ”

ရှယွင်ကျန်းက ပြောလိုက်သည်။ ထို့နောက် ဖန်းမူယန်ဘက် လှည့်ကာ၊

“ မင်း သူ့ကို မဖိတ် သင့်ဘူး။ ”

-ဟု အပြစ်တင် တော့၏။

ဖန်းမူယန်က အချိန် အနည်းငယ် တိတ်ဆိတ်နေ ပြီးနောက်၊

“ သူက အဲ့ဒီလူ ဖြစ်ဖို့ များတယ်။ ”

-ဟု ပြန်ပြော လိုက်သည်။

“ ဘယ် သူ လဲ ... ။ ”

“ ပန်း သင်္ချိုင်း။ ”

ဖန်းမူယန် အဖြေကြောင့်၊ ပတ်ဝန်းကျင် တစ်ခုလုံး ရုတ်ရုတ် သဲသဲ ဖြစ်သွား လေသည်။ ‘ပန်းသင်္ချိုင်း၊’ ဟူသော အမည်ကို၊ အပြာရောင် စံအိမ် နယ်မြေမှ၊ မသိနိုင် သော်လည်း၊ တန်ခိုး ကြီးဂိုဏ်း များက၊ ကောင်းကောင်း သိ၏။

ထိုလူမှာ နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ ဖြစ်ပြီး၊ သခင်ငယ် (၅) ဦးကို သတ်ကာ၊ (၅) ဦးအား၊ ဒုက္ခိတ ဖြစ်စေ ခဲ့သည်။

အခြားသော ကောင်းကင်လမ်း များ၏ ချန်ပီယံ များသည်၊ ၎င်းတို့၏ အရည် အချင်း များကို၊ စတင် ပြသ နေပြီ ဖြစ်သည်။

ထိုနဝမမြောက် ကောင်းကင် လမ်း၏ ချန်ပီယံ သာလျှင်၊ ပျောက်ကွယ် နေဆဲ ဖြစ်၏။ သူ့ အကြောင်း အချက် အလက် များကို၊ ငရဲ နတ်ဘုရား နယ်မြေမှ ဖုံးကွယ် ထားသည်။

ယင်းက ပန်းသင်္ချိုင်း ဟူသော လူအား၊ ပို၍ပင် စိတ်ဝင်စား လာစေပြီး၊ သူ့ အကြောင်း သိချင် လာစေ၏။

“ မဖြစ်နိုင် ပါဘူး ... ၊ ချင်းကန်က ဒီမှာ ရှိနေတဲ့ အတွက်၊ ဒီကောက် ထွက်လာ ရဲမယ် မထင်ဘူး ။ ”

ရှယွင်ကျန်းမှ ပြောလိုက်သည်။

“ ဒါနဲ့ ... မင်းတို့ နှစ်ယောက်၊ ငါနဲ့ အတူတူ သွားချင်လား။ ”

“ အဆင်ပြေ ပါတယ်၊ ဒါပေမယ့် ... သူ ပြောတာ မှန်တယ်၊ ငါ တို့က ရတနာ အတွက် အဆင်ပြေ ပေမယ့်၊ အမည်ခံ သူတော်စင် မူလ ပုလဲ ရရင်၊ ဘယ်လို လုပ်မလဲ။ ”

“ အမှန်ပဲ ... ၊ အစွမ်း အစပေါ် မူတည်ပြီး၊ ဆုံးဖြတ် ရအောင်၊ ငါတို့ သုံးယောက် ပူးပေါင်း လိုက်ရင်၊ ဖြတ်ကျော် နိုင်မှာပါ။ ”

ရှယွင်ကျန်းမှ ပြန်ပြော လိုက်သည်။

“ သဘော တူတယ်။ ”

ဖန်းမူယန်က ပြုံးကာ ခေါင်းညိတ် ပြ၏။

***

All Chapters