← Chapters

ဘဝနှင့် မရဏ လမ်းများ။

Vol. 93 Ch. 1294

ဘဝနှင့် မရဏ လမ်းများ။

Vol. 93 Ch. 1294

“ ဘယ် လမ်းကို လျှောက်ရ မှာလဲ။ ”

မြကျောက်စိမ်း စံအိမ်သည် ဖုန်းရွှေ နှင့်ပတ်သတ်ကာ၊ ကျော်ကြား လှ သောကြောင့် လူတိုင်းက ဖန်းမူယန်ထံ အကြံဉာဏ် တောင်းခံ လိုက်သည်။

( ဖုန်းရွှေ ဟူသည် တရုတ် ရိုးရာ၌၊ လေနှင့်ရေကို ကိုယ်စားပြု သကဲ့သို့၊ ပထဝီ အနေ အထားအား၊ ခွဲခြမ်း စိတ်ဖြာ နိုင်သော အသိ ဟုလည်း၊ အဓိပ္ပါယ် ရ၏။ )

ဖန်းမူယန်မှာ တည်ငြိမ် စွာဖြင့်၊ ကျောက်စိမ်းပြား တစ်ပြားကို ထုတ်ယူကာ၊ လေထဲ ပစ်တင် လိုက်၏။

ကျောက်စိမ်း ပျံထွက် သွားပြီးနောက်၊ လမ်းကြောင်းများ အားလုံးပေါ် အလင်းရောင် များ၊ ဖြာကျ လာသည်။

ထူးထူး ခြားခြား အနေဖြင့်၊ လင်းယွန် သွားသော လမ်းသည် ကြောက်မက် ဖွယ်ရာ အနီရောင် ဖြစ်လာသည်။

ဖန်းမူယန်က ပြုံးပြီး၊ ကျောက်စိမ်း ပြားကို ပြန်လည် သိမ်းဆည်းကာ၊

“ ဒီမြေအောက် နန်းတော်ကို ... ၊ ကြယ်တွေရဲ့ ဖွဲ့စည်း ပုံပေါ် အခြေ ခံပြီး၊ တည်ဆောက် ခဲ့တာ၊ ...

... လမ်းကြောင်း တိုင်းက အဆုံးကို ရောက်နိုင် ပေမယ့်၊ အန္တရာယ် များ လွန်းတယ်၊ ဒီလမ်း ကတော့ အန္တရာယ် အကင်း ဆုံးပဲ။ ”

-ဟု ပြောလိုက်သည်။ ပြီးနောက်၊

“ ဒီကောင်က ... မရဏ လမ်းကို ရွေးသွားတဲ့ အတွက်၊ သူ့ကို ထပ်တွေ့ဖို့ မျှော်လင့် စရာ မလို တော့ဘူး။ ”

-ဟု ဆက်ပြော လာသည်။

ထိုစကားကို ကြားသော အခါ၊ ရှယွင်ကျန်း တစ်ယောက် ပြုံးသွားသည်။

“ ဟား ဟား ဟား ... ၊ ဒါဆို သူ့ကို မေ့လိုက် ရအောင်။ ”

သူတို့သည် ရှင်သန်ခြင်း လမ်းကြောင်းကို ရွေးချယ် သောကြောင့်၊ ဝမ်းသာခဲ့ သော်လည်း၊ များ မကြာမီ အလောင်း ကောင် များနှင့် တိုးမိ သွားသည်။

“ နတ်ဆိုး အလောင်းတွေ ... ။ ”

ဖန်းမူယန် မျက်နှာ ပြောင်းလဲ သွား၏။ သည်အလောင်း များသည်၊ အသက်ရှင် နေစဉ် နန်းတော်၏ အစောင့်များ ဖြစ်ပေမည်။

အလောင်း များ၏ အဆင့်ကို၊ အမျိုးမျိုး ခွဲခြား ထားပြီး၊ အဖြူရောင် မျက်လုံး ပိုင်ရှင်များ မှာ၊ အင်အား အနည်းဆုံး ဖြစ်၏။

နီရဲသော မျက်လုံး ပိုင်ရှင် များသည်၊ သိုင်းနည်းစနစ် မျိုးစုံကို တတ်စွမ်း ပေသည်။ ထို့ကြောင့် ၎င်းတို့မှာ၊ ပို၍ ကြောက်စရာ ကောင်းသည်။

အချို့သော အလောင်း များသည် စင်ကြယ်သော ဝိညာဉ်တော် ပညာရပ် ကိုပင်၊ စွမ်းဆောင် နိုင်၏။

ငွေရောင် မျက်လုံး ပိုင်ရှင်များ အတွက်မူ၊ နက္ခတ် များကို ခေါ်ဆို နိုင်ကြောင်း၊ ကောလ ဟာလများ ထွက်ပေါ်လျက် ရှိသည်။

“ သူတို့ကို သတ် ... ။ ”

ပြတ်ပြတ် သားသားပင်၊ ၎င်းတို့၏ ဂိုဏ်းသား တပည့် များကို တိုက်ခိုက်ရန် အမိန့် ပေးလိုက်၏။

မိစ္ဆာ အလောင်းကောင် များ၏ လှုပ်ရှားမှု များသည်၊ တောင့်တင်း နေသော်လည်း၊ များစွာ လျင်မြန်သည်။

ခန္ဓာကိုယ် များသည် သတ္တုနှင့် ယှဉ်နိုင် သောကြောင့်၊ အသက် ရှင်စဉ် ကထက် များစွာ သန်မာ နေ၏။

ဆိုလို သည်မှာ၊ သူတို့၏ ခန္ဓာ ကိုယ်ကို ချက်ချင်း မဖျက်ဆီးသော်၊ ပြန်လည် ကောင်းမွန် လာအောင်၊ အနက်ရောင် မြူ များက ပြုပြင် ပေးနိုင်သည်။

ဂိုဏ်း သုံးဂိုဏ်း၏ အထက် တန်းစား များသည်၊ အားကောင်း ကြပြီး၊ အထွတ် အထိပ် ပါရမီရှင် သုံးဦးမှ ဦးဆောင် နေရာ၊ တိုက်ပွဲမှာ ပြင်းထန် လာသည်။

၎င်းတို့သည် ကနဦး ပင်မ နတ်ဘုရား နယ်ပယ်အား၊ အထွတ် အထိပ်သို့ ရောက်နေပြီ ဖြစ် သော်လည်း၊ အားစိုက် ရဆဲ ဖြစ်သည်။

နတ်ဆိုး အလောင်း အရေ အတွက်က အနည်းငယ် များလွန်း သောကြောင့်၊ ထင် သလောက် မလွယ်ချေ။

“ ရှင်သန်ခြင်း လမ်းက၊ အရမ်း ဒုက္ခများ နေလားလို့။ ”

ယဲ့ရွှင်မှ မျက်မှောင် ကြုတ်လျက်၊ မှတ်ချက်ချ လိုက်သည်။ သူ့ ဓားရည်ရွယ် ချက် မှာ ထက်ရှပြီး၊ အလောင်း ကောင် သုံးပုံ တစ်ပုံကို သတ်နိုင် ခဲ့သည်။

“ ဟား ... ဟား ... ဟား ... ၊ ငါတို့တောင် ဒီလို ခက်ခဲ နေရင်၊ အဲ့ဒီကောင် သေမှာ သေချာ ပါတယ်။ ”

ရှယွင်ကျန်းမှ ပြုံးကာ၊ သတိ တရ ပြောလာသည်။ သူ၏ မှော် ရတနာသည် မိစ္ဆာ အလောင်း ကောင် များ၏၊ ရှင်သန် မှုအား တားဆီး ထား နိုင်သည်။

“ ဆက် သွား ရ အောင်။ ”

ဖန်းမူယန်က ယပ်တောင်ကို၊ ဝှေ့ယမ်း လိုက်ရာ၊ မြစိမ်းရောင် လှိုင်းများ ထွက်လာပြီး၊ ကျန် အလောင်း ကောင် များကို၊ ဖုန်မှုန့်များ အဖြစ်သို့၊ ပြောင်းလဲ လိုက်သည်။

မြေအောက် နန်းတော်တွင်၊ အတား အစီးများ ပိုများ နေပါက၊ အဖိုးတန် ရတနာ အချို့ ရှိသည်ဟု၊ အဓိပ္ပါယ် ရ၏။

တန်ဖိုး အရှိ ဆုံးသော ရတနာကို၊ ဤမြေအောက် နန်းတော်၏ အလယ် ဗဟိုတွင်၊ ထားရှိနိုင် ပေမည်။

စိတ်ကူး များနှင့် ပျော်မြူး နေစဉ်၊ မိစ္ဆာ အလောင်း ကောင် များနှင့်၊ နောက် တစ်ကြိမ် ဆုံရ ပြန်သဖြင့်၊ သက်ပြင်းချ လိုက်ကြသည်။

တစ်ဖက်တွင် ခရမ်းငယ်က ဓားသေတ္တာ ထဲမှ နေ၍၊

“ လမ်းကြောင်း တိုင်းက ... ၊ တံခါး ရှစ်ပေါက် ဆီကို သွားလိမ့်မယ်၊ အခု ငါတို့က မရဏ လမ်းကြောင်း ပေါ်မှာ၊ ...

... ဖုန်းရွှေ အရ ဆိုရင်၊ အဓိပ္ပါယ်က ပြောင်းပြန်ပဲ၊ ပြောချင် တာက၊ ငါတို့က ဘဝနဲ့ မရဏ စက်ဝန်း ပေါ်မှာ ရောက်နေပြီ၊ … ။ ”

သို့သော် သူမသည် ထိုနေရာတွင် အဆုံး မသတ်ဘဲ ရယ်မော လိုက်ကာ၊

“ ခစ် ခစ် ခစ် ... ၊ ဘဝ လမ်းကြောင်းကို လျှောက်ဖို့ ရွေးမိ ရင်တော့ ... ၊ အခြေ အနေက ကြောက်စရာ အဆုံးသတ် သွားလိမ့်မယ်။ ”

ထိုအချိန်တွင် နတ်ဆိုး အလောင်း အများအပြား ထွက်လာ သဖြင့်၊ နဂါးလေးက ဒရာကိုပီ အသွင် ပြောင်းကာ၊ ဖြေရှင်း လိုက်သည်။

၎င်း၏ လက်ရှိ ကျင့်ကြံ မှုမှာ၊ လင်းယွန် ထက်ပင် မြင့်မားသည်။ နဂါး မျောက်ဝံ ပုံစံကို ခံယူ လိုက်သော အခါတွင်၊ သွေးသား စွမ်းအင် မှာ၊ သမုဒ္ဒရာ တစ်စင်း အလား၊ တိုးပွား လာ၏။

၎င်း အသုံးပြု နေသော လက်ကိုင် တုတ်သည်၊ ရှေးဟောင်း သူတော်စင် လက်ရာ ဖြစ်ပြီး၊ လမ်းကြောင်းရှိ လေဟာနယ်ကို အက်ကွဲ လာစေသည်။

“ ဂါး ... ။ ”

လက်ကိုင် တုတ် မရောက်မီ ကပင်၊ မိစ္ဆာ အလောင်း များသည် ချက်ချင်း ဖုန်မှုန့် အဖြစ်သို့ ပြောင်းလဲ သွားသည်။

“ ရွှပ် ... ။ ”

ကျွံဝင် လာသော အလောင်းများ အတွက်မူ၊ လင်းယွန်က ဓား တစ်ချက် တည်းဖြင့်၊ သတ်ပစ် လိုက်၏။

လင်းယွန်တို့ သုံးယာက်၏ အရှိန်မှာ မြန်ပေသည်။ လမ်း တစ်လျှောက် မည်သည့် နေရာမှ မရပ်ချေ။ လျင်မြန် စွာဖြင့်၊ ဒုတိယ နန်းတော်ထံ ရောက်ရှိ လာသည်။

ဒုတိယ နန်းတော်သည် ကြီးမားပြီး၊ အလယ်၌ ယဇ်ပလ္လင် တစ်လုံး ရှိနေ ပြန်သည်။ အနက်ဝတ် အလောင်း (၇) လောင်းသည်၊ ဖျာ တစ်ချပ် ပေါ်တွင် ထိုင်လျက်၊ ပလ္လင်ထံ မျက်နှာ မူ ထား၏။

ခန်းမ ထဲ၌ ရတနာ မျိုးစုံပါ ရှိသည့် ကျောက်စာ တိုင်များစွာ ရှိလေသည်။ နတ်နဂါး ရောင်ဝါ ထုတ်လွှတ် နိုင်သော၊ ကျောက်စိမ်းတုံး များပင် ပါဝင်၏။

သို့သော် ထိုရတနာများ အားလုံးကို အစီရင် တစ်ခုဖြင့်၊ ကာကွယ် ထားသည်။ မဟုတ်သော် ထိုရတနာ များမှာ၊ ဖုန်မှုန့် အဖြစ်သို့ ပြောင်းလဲ သွားပေ လိမ့်မည်။

“ ညောင် ... ။ ”

နဂါးလေးက သဘာဝ အတိုင်း၊ ပုံမှန် မဟုတ်သော လေထုကို ခံစား နိုင်ပြီး၊ လင်းယွန် ပခုံးပေါ် ကြောင် ပုံစံဖြင့်၊ ပြန်လည် ခုန်တက် လိုက်သည်။

“ ဒီပလ္လင်က ဘာ အတွက်လဲ။ ”

၎င်း၏ အသွင် အပြင်သည် သူ့အား ကြောက်မက်ဖွယ် ကောင်းသော အခမ်း အနား တစ်ခု အတွင်း၊ ရောက်ရှိ နေ သည်ဟု ခံစား ရစေ၏။

“ ရှေးဦးခေတ်က ယဇ်ပလ္လင် ဆိုတာ၊ နတ်ဘုရား တွေထံ ဆုတောင်းတဲ့ ကြားခံ တစ်ခု ပဲ။ ”

ယဇ်ပလ္လင် ပေါ်ရှိ နတ်နဂါး ရူရ် များကို ကြည့်ကာ၊ ခရမ်းငယ်မှ ပြန်ဖြေသည်။ ၎င်းပေါ်၌ ထူးခြားသော အရာ အချို့ ရှိနေ၏။

“ နဂါး မူလ ပုလဲကို၊ ဝိညာဉ် စွမ်းအင် ထပ်ပေးရင်၊ နဂါး ဝိညာဉ် မွေးဖွား လာလိမ့်မယ်၊ သူ့ကို နဂါး သူတော်စင် ပုလဲ အဖြစ် ခေါ်တယ်၊ အရမ်း ရှားတဲ့ အရင်း အမြစ်ပဲ။ ”

ထိုစကားကြောင့် လင်းယွန် မျက်လုံးများ တောက်ပ လာသည်။ နဂါး သူတော်စင် ပုလဲကို မသိ သော်လည်း၊ နဂါး မူလ ပုလဲကို သိ၏။

နဂါး မူလ ပုလဲ တစ်လုံးသည် နတ်ကြယ် ပုလဲပေါင်း တစ်သိန်းနှင့် ညီမျှပြီး၊ သူတော်စင် များမှသာ၊ သန့်စင် ပေး နိုင်၏။

သူ့၌ တစ်လုံး ကျန်ရှိ နေသေးသည်။

“ ဒီအလောင်း တွေကို ရှောင်ဖို့ နည်းလမ်း ရှိလား။ ”

လင်းယွန်က မေးသည်။ အလောင်းများ ထံမှ ရောင်ဝါသည် ကိုင်တွယ်ရန် မလွယ် ကူကြောင်း၊ ခံစား မိစေ၏။

“ နင့် ... ခွန်အား နဲ့ဆို၊ နည်းနည်းတော့ ခက်နိုင်တယ်၊ သူတို့မှာ ခရမ်းရောင် မျက်လုံး၊ ရှိနေ တာကြောင့်၊ ... အသက် ရှင်ချိန်က ခွန်အားရဲ့၊ (၃၀%) ကို ထုတ်လွှတ် နိုင်တယ်၊ ငါပဲ တာဝန်ယူ ပါရစေ။ ”

ခရမ်းငယ်က ဓားသေတ္တာ ထဲမှ ပြေးထွက် လာပြီး၊ မျက်လုံး များကို မှိတ်ကာ လက်နှစ်ဖက် ပူးကပ် လိုက်သည်။

မျက်လုံး ပြန်ဖွင့် လိုက်သည်နှင့်၊ ဆံပင်များ ငွေရောင် ပြောင်းသွားပြီး၊ နတ်ဘုရား ရူရ် ထံမှ ရောင်ဝါများ ထွက်လာသည်။

အအေး ဓာတ်က ထိုအလောင်း ကောင်၊ (၇)ကောင်ကို ဖုံးအုပ်ကာ၊ တံဆိပ်ခတ် ပစ်လိုက် လေသည်။

“ မြန်မြန် ... ။ ”

ခရမ်းငယ်မှ သတိပေး အော်ဟစ် သည်။ သူမ၏ တံဆိပ်မှာ အချိန် အနည်းငယ်သာ ခံနိုင် ပေမည်။

“ ညောင် ... ။ ”

နဂါးလေး၏ ခြေသည်း များသည် သူတော်စင် လက်ရာ များနှင့် ယှဉ်နိုင် နေပြီ ဖြစ်၏။

“ ခရစ် ... ။ ”

ထို့ကြောင့် အသက် တစ်ရှိုက်စာ အတွင်း၊ အစီရင်ပေါင်း များစွာကို ဖျက်ဆီးကာ၊ ရတနာ များအား၊ သိမ်းယူ တော့သည်။

“ လူမိုက် … ။ ”

ထိုလောဘကြောင့်၊ လင်းယွန် ခမျာ တုန်လှုပ် သွား၏။ ချက်ချင်းပင် အကြည့်အား ရုတ်ကာ၊ ယဇ်ပလ္လင်ထံ ပြေးသွား မိသည်။

“ ဝှစ် ... ။ ”

နီးကပ် လာချိန်၌ ယဇ်ပလ္လင် ပေါ်ရှိ၊ နဂါးပုံသဏ္ဍာန် များသည်၊ နဂါးများ အဖြစ်သို့ ပြောင်းလဲ ကုန်ပြီး၊ သူ့ထံ ပျံသန်း လာသည်။

ဝင်လာသော နဂါး များကို ကြည့်ကာ၊ လင်းယွန်က ဒေါသ ထွက်သွားပြီး၊ ဖမ်းယူ ချေမွ ပစ် လိုက်သည်။

“ ဝှစ် ... ။ ”

နောက် တစ်စက္ကန့်တွင် ငွေရောင် အလင်းတန်း ပြေးထွက် လာကာ၊ ကျန်နဂါး အားလုံးကို ဖျက်ဆီး ပစ်လိုက် တော့၏။။

“ ဒီကောင့်မှာ ... နဂါး သခင်ရဲ့ ... ၊ ဂုဏ်ကျေးဇူး တရားတွေ တကယ် ရှိတာပဲ။ ”

ခရမ်းငယ်မှ မှတ်ချက်ချ လိုက်သည်။ ရှေးဦးခေတ်တွင် နဂါး သခင်သည်၊ ရုပ် ခန္ဓာကို အားကိုးကာ၊ သူတော်စင် ဖြစ်လာ ခဲ့၏။

ကိုယ်လုံး ကိုယ်ပေါက်ချင်း ယှဉ်ပါက၊ နတ်မိစ္ဆာ မျိုးဆက် သွေး ပိုင်ဆိုင် ထားသော၊ နတ်သားရဲ များပင်၊ သူ့ကို ထိပ်တိုက် ရင်ဆိုင် ရဲခြင်း မရှိချေ။

“ ဝှစ် ... ။ ”

လင်းယွန်က ယဇ်ပလ္လင်ပေါ် ဆင်းသက် လိုက်သော အခါတွင်၊ နတ်ကြယ် ပုလဲ များကို မြင်လိုက် ရသည်။

ဤအရာ များသည် ပုံရိပ်ယောင် ကိုးပါး ပလ္လင် ကဲ့သို့၊ တစ်စုံ တစ်ရာ အသက် သွင်းရန်၊ အသုံးပြု ခဲ့ကြခြင်း ဖြစ်ပေမည်။

နတ်ကြယ် ပုလဲများ ကြားတွင်၊ ထူးခြား လွန်းသော နဂါး သူတော်စင် ပုလဲ တစ်လုံး၏ ရောင်ဝါလည်း ပါရှိ နေသည်။

ထို့ကြောင့် ရွှင်မြူး လာပြီး၊ ဓားအား မျက်လုံးထဲ လောင်း ထည့်ကာ၊ ယဇ်ပလ္လင် အနှံ့ စတင် ရှာဖွေမိ တော့သည်။

နဂါး သူတော်စင် ပုလဲ မဆိုနှင့်၊ နဂါး မူလ ပုလဲ တစ်လုံး ကိုပင်၊ မတွေ့ ရချေ။ မယုံနိုင် စရာ ပေပင်။

“ နဂါး မူလ ပုလဲကို ...၊ ဝိညာဉ် သွင်းဖို့ ဆိုရင်၊ ရာစုနှစ် တစ်ခု အထိ၊ ဆုတောင်း ပေးဖို့ လိုတယ်၊ အများ စုက သူတော်စင် ဝိညာဉ် အစား၊ ...

... နတ်ဆိုး ဝိညာဉ်ပဲ မွေးဖွား လာတတ် ကြတယ်၊ ဒါကြောင့် နဂါး သူတော်စင် ပုလဲကို မတွေ့ ရတာ၊ အံ့သြ စရာ မဟုတ် ပါဘူး။ ”

ခရမ်းငယ်မှ လှမ်းပြောသည်။ ယင်းက လင်းယွန်အား စိတ်ဓာတ်ကျ သွားစေသည်။ ထို့စဉ် ခရမ်းငယ် မျက်နှာမှာ၊ ကြောက်စရာ ကောင်းအောင် ဖြူဖျော့ လာ၏။

“ ဝှစ် ... ။ ”

ယင်းကို မြင်လိုက် ချိန်၌၊ နတ်ကြယ် ပုလဲများ သိမ်းယူကာ၊ ခရမ်းငယ် မလဲ ကျမီ၊ ပြန်လည် ရောက်ရှိ လာပြီး၊ ပွေ့လိုက် ရသည်။

“ သွား ရ အောင်။ ”

သည့်နောက် မဆိုင်း မတွဘဲ၊ (၃) ယောက်သား၊ ယဇ်ပလ္လင်ထံ တစ်ချက် ပြန် ကြည့်ကာ၊ ဆက်၍ ပြေးလွှား လိုက်ကြသည်။

***

All Chapters