← Chapters

ဒီဧကရီ ကတိ ပေးတယ်။

Vol. 93 Ch. 1295

ဒီဧကရီ ကတိ ပေးတယ်။

Vol. 93 Ch. 1295

ကြမ်းပြင်တွင် ခရမ်းငယ်ကို ချလိုက် ပြီးနောက်၊ စိုးရိမ် တကြီး ဆူပူ ကြိမ်းမောင်း တော့သည်။

“ မင်းကိုယ်မင်း ... ၊ တကယ်ပဲ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီလို့ ထင်နေ တာလား ... ဟမ့်။ ”

နဂါးလေးပင် ဤမျှ ဒေါသ ထွက်နေ သည်ကို၊ မမြင် ဖူးသော သဖြင့် ထောင့်ကပ် ကာ၊ ငြိမ်သက် နေ၏။

“ ဘာလို့လဲ ... ။ ”

လင်းယွန်၏ မျက်နှာ အမူ အရာကြောင့် ခရမ်းငယ် လန့်သွားသည်။ မျက်ရည်များ စီးကျ လာပြီး၊ မျက်နှာ ဖြူဖျော့ သွား၏။

အသက် ပြင်းပြင်း ရှူလျက်၊ လင်းယွန်က ဒေါသကို ထိန်းချုပ် လိုက်ရသည်။

“ နောက်ဆို ဘာပဲ လုပ်လုပ် ... ကိုယ့်ကိုကိုယ် အန္တရာယ် ဖြစ်အောင် မလုပ် ပါနဲ့၊ အဲဒီ ... နတ်ဆိုး အလောင်း တွေကို၊ ပိတ်ဆို့ တာက၊ ...

... မင်း လုပ်နိုင် တာထက်၊ ကျော်လွန် နေတာ ငါ သိတယ်၊ ငါ့ ကြောင့် မင်း တစ်ခုခု ဖြစ်သွားရင်၊ ငါ ဖြေဆည် နိုင်မှာ မဟုတ်ဘူး။ ”

“ အခု နင်က ... ဒီဧကရီ အပေါ်၊ စိတ်ပူ နေတာလား၊ ကြိမ်းမောင်း နေတာလား ... ၊ ပြီး ငါက နင့်ကို မကူညီဘဲ၊ ဘယ်သူ့ကို ကူညီ ရမှာလဲ။ ”

ခရမ်းငယ်က ခေါင်းငုံ့ကာ ငိုသည်။

“ ကောင်းပြီ ... ၊ ကောင်းပြီ ... ၊ ငါ မှားသွားတယ်။ ”

လင်းယွန်က သူမ ခေါင်းအား ပွတ်သပ်ကာ၊ ပြောလိုက်သည်။

“ ဟမ့် ... ၊ ဒီဧကရီက နင့်ကို စကား မပြောချင် တော့ဘူး။ ”

မျက်ရည်များ ပါးပြင် ပေါ်သို့ လိမ့်ဆင်း လာလျက်မှ၊ ခရမ်းငယ်က ပြောသည်။

“ ..... ။ ”

ထိုအချိန်တွင် နဂါးလေးက၊ ပန်းတစ်ပွင့် ထုတ်ယူပြီး၊ ခရမ်းငယ်ထံ ကမ်းပေး လိုက်သည်။ ကျောက်တိုင် တစ်လုံးရှိ တံဆိပ်ကို ချိုးဖြတ် ပြီးနောက်၊ ရရှိ လာသော ပန်း ဖြစ်၏။

“ အရုဏ်ဦး ပန်းပဲ၊ ဒါက ဒီဧကရီ အတွက်လား။ ”

ခရမ်းငယ် မျက်လုံးများ တောက်ပ လာသဖြင့်၊ နဂါးလေးက ပြုံးပြီး၊ ခေါင်းညိတ် ပြ လိုက်သည်။

“ ဟမ့် ... ၊ မင်း ကမှ အတော်ဆုံးပဲ။ ”

ခရမ်းငယ်က ပန်းကို ယူပြီး၊ ပြုံးကာ လင်းယွန်ထံ လှမ်းကြည့် လိုက်၏။ ဤပန်းသည် ပန်းသင်္ချိုင်း ဓားကို အဆင့် မြှင့်တင် ပေးနိုင် သဖြင့်၊ ကမ်းပေး မိသည်။

“ ဒါပေမဲ့ ... ဒီဧကရီက နင့်ကို စိတ်မဆိုး ပါဘူး၊ ဒီပန်းက နင့် အတွက်ပါ၊ ငါ တောင်းပန် ပါတယ်။ ”

လင်းယွန်က ပန်းကို ယူကာ၊

“ ပန်းကို ငါ လက်ခံမယ်၊ ဒါပေမယ့် မင်းအဲဒီလို ထပ်မလုပ် ရဖူးဘူး၊ ငါ ပြောတာ မှတ်မိလား၊ မင်း မရှိ တော့ရင် ... ။ ”

“ ဆက် ပြော ပါ။ ”

ခရမ်းငယ်က လင်းယွန် စကားကို ငံ့လင့် နေမိသည်။

“ စကားကြီး စကားကျယ် ပြောမဲ့သူ မရှိတော့လို့၊ ငါ့ အတွက် အရမ်း ပျင်းစရာ ကောင်းသွား လိမ့်မယ်။ ”

“ နင် ... ။ ”

ခရမ်းငယ် ခမျာ ဒေါသ ထွက် လာပြီး၊ မျက်နှာ နီရဲ သွား၏။

“ ငါ ဘယ်မှာ ကြွားခဲ့ လို့လဲ၊ ဒီဧကရီက ဘယ်တော့မှ မကြွားဘူး၊ ငါ့ကို ကောင်းကင်နဲ့ မြေကြီး မမွေးခင် မွေးခဲ့တယ်၊ ကောင်းကင်နဲ့ မြေကြီး ပျက်စီးသွား ရင်တောင်၊ ငါ မသေဘူး။ ”

လင်းယွန်က ပြန်မပြော တော့ဘဲ၊ ဓားသေတ္တာကို ဖြုတ်ယူကာ ဖွင့်လိုက်ပြီး၊ ဓား နှစ်လက်အား ထုတ်ယူ လိုက်သည်။

လျှပ်စီး တစ်ထောင်နှင့် ပန်းသင်္ချိုင်း ဖြစ်၏။ ပန်း သင်္ချိုင်းသည် သူတော်စင် အဆင့် မရောက် သေးသဖြင့်၊ အနည်းငယ် မျက်နှာငယ် နေပေ သည်။

ထို့ကြောင့် ၎င်းကို သူတော်စင် ဓား အဖြစ်သို့၊ မြှင့်တင်ရန် လိုသည်။ မဟုတ်သော် သူနှင့် မလိုက်ဖက် နိုင်တော့ချေ။

ပွင့်ချပ်များ ဓားသေတ္တာ အတွင်း ဖြည့် လိုက်ပြီး၊ ခရမ်းငယ်အား ပြန်မော့ ကြည့်မိလေ သည်။

ထိုကဲ့ သို့ပင် သုံးယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ၊ ပြုံးလိုက် မိကြ၏။

ယင်းက နွေးထွေးသော မြင်ကွင်း တစ်ရပ် ဖြစ်ပြီး၊ ‘မိသားစု၊’ ဟူသော ခံစားချက် ပေးစွမ်း လေသည်။

လင်းယွန်က သူ့လက်ကို ထုတ်ကာ ပြုံးလိုက်၏။

“ အနာဂတ်မှာ ငါတို့ သုံးယောက် ဘယ်တော့မှ မခွဲခွာ ရဘူး။ ”

ထိုစကားက ခရမ်းငယ်ကို အံ့အားသင့် စေသည်။ နှစ်ပေါင်း တစ်သိန်းတိုင်၊ အေးစက် နေသော၊ သူမ နှလုံးသား၊ အရည်ပျော် လာ၏။

“ ညောင် ... ။ ”

ထို့နောက် သူမ လက်ကို လင်းယွန် လက်ပေါ် တင်လိုက်သည်။ နဂါး လေးက အိပဲ့ အိပဲ့ လှမ်းလာပြီး၊ ထပ်တင် လိုက်၏။

“ ချွင် ... ။ ”

ထိုအချိန်တွင် ပန်းသင်္ချိုင်း ဓား ထံမှ ပန်းရောင် အလင်းများ ဖြာထွက်လျက်၊ တုန်ခါ လာ တော့သည်။

“ ပန်းသင်္ချိုင်း ဓားကို ကြည့်ရတာ ... အရုဏ်ဦး ပန်းကို သဘောကျ ပုံပဲ၊ သူတော်စင် အဆင့် ရောက်ဖို့၊ လုံလောက်ရင် ကောင်းမယ်။ ”

လင်းယွန်မှ လှည့်ကြည့်ကာ ပြောသည်။

“ မလွယ်ဘူး၊ အနည်း ဆုံးတော့ မူလ သူတော်စင် ရူရ် တစ်လုံး လိုတယ် ... ၊ ဒီဓားက သမိုင်း ကြောင်း ကြီးတယ်၊ သူတော်စင် အဆင့် ရောက်ဖို့၊ လိုအပ်ချက် များလိမ့်မယ်။ ”

ဓားသေတ္တာကို ပြန်ပိတ်ကာ ရှေ့ကို မျှော်ကြည့် လိုက်ပြီး၊ ‘ဘယ်လမ်းလဲ၊’ -ဟု၊ လင်းယွန်မှ မေးသည်။

“ ဘဝ လမ်း။ ”

“ ..... ။ ”

ယင်းက လင်းယွန်ကို အံ့သြ သွားသည်။ အသက်နှင့် သေခြင်းသည် ပြောင်းပြန် အကျိုး သက်ရောက်မှု ရှိသည်ဟု၊ သူမပင် ပြောခဲ့ ဖူးသည် မဟုတ် ပါလော။

“ ရတနာတွေ အားလုံးကို ... ၊ နင်နဲ့ နဂါးလေးက ယူလာတဲ့ အတွက်၊ ဖုန်းရွှေကို ပြောင်းသွား စေတယ်၊ ဒါကြောင့် မရဏ လမ်းသာ နောက် တစ်ကြိမ် လျှောက်ရင် သေခြင်းပဲ။ ”

ခရမ်းငယ်က ရှင်းပြ သော်လည်း၊ လမ်းတိုင်းမှာ အတူတူ ဖြစ်နေ သည်ကို၊ မြင်လာ ရသည်။

“ ဒါကမှ ... ၊ တကယ့် နဂါး ရောင်ဝါ … ။ ”

ယဲ့ရွှင်က ရုတ်တရက် ပြောလိုက်စဉ်၊ ကျန်နှစ်ဦး မျက်နှာ၌၊ အပြောင်း အလဲများ ဖြစ်ပွား လာသည်။

စစ်မှန်သော နဂါး ရောင်ဝါနှင့်၊ ဆေးဖက်ဝင် အပင် များ၏၊ မွှေးကြိုင်သော ရနံ့များ ကိုလည်း သူတို့ ခံစား မိသည်။

သွေးများ ပွက်ပွက်ဆူ လာသည်။ ချွေးပေါက်များမှ တဆင့်၊ ကြယ် စွမ်းအင်များ စိမ့်ဝင် လာ၏။

“ နဂါး သူတော်စင် ပုလဲ။ ”

သုံးယောက်သား ရွှင်မြူးသော မျက်နှာဖြင့် အကြည့်ချင်း ဖလှယ် လိုက်ကြသည်။

“ နဂါး သူတော်စင် ပုလဲရဲ့ တန်ဖိုးက ... ၊ နဂါး မူလ ပုလဲထက် အများကြီး မြင့်မားတယ်။ ”

-ဟု ယဲ့ရွှင်မှ ဆို၏။

သူသည် စကား များစွာ ပြောတတ်သူ မဟုတ် သော်လည်း၊ သူ ပြော သည်နှင့်၊ ဆိုလို ရင်းကို၊ တိုက်ရိုက် ထိပေသည်။

“ အဲဒါ ကောင်းတယ်၊ ဒါဆို ... ငါတို့ အချင်းချင်း ရန် ဖြစ်စရာ မလို တော့ဘူး၊ ဒုတိယ နန်းတော် မှာတင်၊ နဂါး သူတော်စင် ပုလဲ ရှိနေတော့၊ ...

.... နောက်ထပ် အဖိုးတန် ရတနာတွေ ရှိဦးမှာ သေချာတယ်၊ အမည်ခံ သူတော်စင် မူလ ပုလဲ မရ ရင်တောင်၊ မဆိုး တော့ ပါဘူး။ ”

“ မြန်မြန် သွား ရ အောင်။ ”

ရှယွင်ကျန်းက တိုက်တွန်း လိုက်သည်။ သူသည် တခြားသူ များထက်၊ နဂါး သူတော်စင် ပုလဲကို၊ လိုအပ် ပေသည်။

ယင်းက သူ၏ မှော်အဆောင် ရတနာကို၊ အဆင့် မြှင့်တင်နိုင် ပေ၏။ ထို့ထက် ကံကောင်း သော်၊ နတ်နဂါး ဝိညာဉ်ပင် ပိုင်ဆိုင် နိုင်မည်။

“ ဒီမြေအောက် နန်းတော်မှာ၊ တကယ့်ကို စိတ်ဝင်စား စရာ ကောင်းတဲ့၊ အခွင့် အရေးတွေ ရှိနေ တာပဲ။ ”

ဖန်းမူယန် မျက်ဝန်း၌ လောဘ မီးများ တောက်လောင် လာသည်။ သူ့ ကဲ့သို့၊ အထွတ် အထိပ် ပါရမီရှင် တစ်ဦးပင်၊ ဣန္ဒြေ မထိန်း နိုင်ချေ။

ယဲ့ရွှင်က သူ့ ဟန်မူရာ အတိုင်း၊ ပြုံးရုံသာ ပြုံးနေသည်။ သူ သည်လည်း၊ ဤမြေအောက် နန်းတော်ကို နှစ်သက်ကြောင်း၊ မည်သူ မဆို ပြောနိုင်၏။

“ အဲဒီလူ ဘာဖြစ် သွားလဲ သိချင်သား။ ”

“ ဘာဖြစ် ရမလဲ သေပြီပေါ့ ... ၊ အသက်ရှင် နေရင်တောင်၊ နန်းတော် အတွင်း၊ ဆက်သွားမဲ့ အစား၊ ပြန်ထွက် သွားလိမ့်မယ်။ ”

သူ့ ဖိတ်ကြား ချက်ကို ငြင်းပယ်သော လင်းယွန်ကို ဖန်းမူယန်မှ မကျေ မနပ် ဖြစ်နေ ဆဲ ပေပင်။ နီးကပ်လာ သည်နှင့် အမျှ၊ နတ်နဂါး ရောင်ဝါမှာ၊ ပို၍ သိပ်သည်း လာ၏။

“ မင်းတို့ နှစ်ယောက်က၊ ငါ့ကို နဂါး သူတော်စင် ပုလဲ ပေးရင်၊ အမည်ခံ သူတော်စင် ပုလဲကို၊ ငါ မယူ တော့ဘူး။ ”

ရှယွင်ကျန်းမှှ ညှိနှိုင်း လာသည်။

“ ဒါ ကောင်းတယ်၊ ငါတို့ မင်းကို ကူညီ ပေးမယ်။ ”

ကျန် နှစ်ယောက်က ပြုံးကာ၊ သဘောတူ လိုက်ကြ၏။ ထိုအချိန်တွင် ခရမ်းငယ် ကြောင့် အလောင်း (၇)လောင်းမှာ၊ နိုးထ နေလေပြီ။

မျက်လုံးဖွင့် ကြည့်လိုက်သော အခါတွင်၊ ငွေရောင် အလင်း တန်းများ မျက်ဝန်းထဲမှ၊ ပြေး ထွက်လာ တော့၏။

ထိုမြင်ကွင်းက ဖန်းမူယန်တို့ သုံးဦးကို ကျောရိုး တစ်လျှောက် အေးစိမ့် သွားစေပြီး၊ မျက်နှာများ ပြောင်းလဲ သွားသည်။

“ ငွေမျက်လုံး အလောင်းကောင်။ ”

“ ဒီအလောင်း ကောင်တွေ ရှိနေတုန်း ဆိုတော့၊ ငါတို့က ပထမဆုံး ရောက်လာတာ သေချာတယ်၊ ဒါကြောင့် ရတနာတွေ ရှိနေ ရဦးမယ်။ ”

“ မှန်တယ် သူတို့ကို အရင် သတ်ရအောင်။ ”

“ ရွှန်း ... ။ ”

ယဲ့ရွှင်က ပြတ်သား စွာနှင့်၊ သူ့ဓားကို ဆွဲထုတ် လိုက်ရာ၊ ဓား ရည်ရွယ်ချက် ချက်ချင်း ပွင့်ထွက် လာသည်။

“ သွား ရ အောင် ... ။ ”

ဖန်းမူယန်နှင့် ရှယွင်ကျန်းတို့ သည်လည်း အလားတူ လက်နက်များ ထုတ်ကာ၊ တိုက်ခိုက် မှုများ ပြုလုပ် လာကြသည်။

တစ်ချိန်တည်း မှာပင်၊ ဂိုဏ်းသုံး ဂိုဏ်းမှ အထက် တန်းစား တပည့် များက၊ နက္ခတ်များ ဆင့်ခေါ် လိုက်၏။

ဤသည်မှာ တန်ခိုးကြီး ဂိုဏ်းရှစ် ဂိုဏ်း၏ ကြောက်မက်ဖွယ် အုတ်မြစ် ဖြစ်ကာ၊ ပိုင်လုလီ ထက် များစွာ သာလွန် ချေပြီ။

“ ဝုန်း ... ။ ”

တစ်နာရီ အကြာတွင် အလောင်းကောင် များမှာ၊ အပိုင်းပိုင်း ပေါက်ကွဲ ကုန် ပြီးနောက် လူတိုင်း ဒဏ်ရာ အချို့နှင့်၊ တိုက်ပွဲ အဆုံးသတ် သွားသည်။

သို့သော် ရှယွင်ကျန်းမှ အနား ယူရန် စိတ်မကူး နိုင်သေးဘဲ၊ ယဇ်ပလ္လင် ထံသို့ ပျံသန်း သွားခဲ့သည်။

“ ဟား ဟား ဟား ... ၊ ငါ့ရဲ့ နဂါး သူတော်စင် ပုလဲ ... အမ်။ ”

ရုတ်တရက် ရယ်သံ ရပ်သွားသည်။ တစ်ချိန်တည်း မှာပင်၊ ယဲ့ရွှင်နှင့် ဖန်းမူယန် သည်လည်း၊ ပျံသန်း ရောက်ရှိ လာ၏။

ယဇ်ပလ္လင်၌ ဗလာ ဖြစ်နေ သည်ကို မြင်သော အခါတွင်၊ ပါးစပ် ဟောင်းလောင်း ဖြစ်ကုန် ကြ တော့သည်။

***

All Chapters