ဆံပင်ဖြူ လူငယ်။
Vol. 93 Ch. 1297
ယဇ်ပလ္လင် ပေါ်ရှိ သူတော်စင် ရူရ်များ တောက်ပ လာပြီး၊ စူးရှသော အလင်းရောင် အောက်တွင်၊ ဓား တစ်လက် ပေါ်လာ၏။
“ နှင်း ဦး ရည် ... ။ ”
ဓားပေါ်တွင် ‘နှင်းဦးရည်၊’ -ဟု ရေးထွင်း ထား သည်ကို မြင်လိုက် ရသည်။
“ ငါ ကြည့်ပါ ရစေ။ ”
ခရမ်းငယ်က ဓါးကို ယူ၍ စစ်ဆေး ကြည့်ပြီးနောက်၊ စိတ်ပျက်သော လေသံဖြင့်၊
“ ဝိညာဉ် မရှိ တော့ဘူး ... ၊ ဒါပေမယ့် သူ့မှာ သူတော်စင် ရူရ် တစ်ထောင် ရှိတယ်။ ”
-ဟု ညည်းတွား လိုက်၏။
လင်းယွန်က သူမ စကားကို အာရုံ မစိုက် တော့ဘဲ၊ ယဇ်ပလ္လင် ပေါ်ရှိ နတ်ကြယ် ပုလဲများ အားလုံးကို သိမ်းယူ လိုက်သည်။
အရေ အတွက်မှာ တစ်သန်း နီးပါး ရှိလေသည်။ သို့သော် ခရမ်းငယ် မျက်နှာမှာ၊ တစ်စုံ တစ်ရာကို ရှုပ်ထွေး နေသော အမူ အရာ ဖြစ်နေ သဖြင့်၊
“ ဘာဖြစ် လို့လဲ၊ ” -ဟု မေးမိသည်။
“ သူတို့ ဘယ်သူလဲ ဆိုတာ ... ၊ ငါ သိပြီ ထင်တယ်။ ”
ခရမ်းငယ်မှ ဝမ်းနည်းသော အသံဖြင့် ပြန်ဖြေ လာ၏။
“ ဘယ်သူ တွေလဲ ... ။ ”
ခရမ်းငယ်မှာ အလောင်းကောင် များကို ရည်ရွယ် ပြောလာခြင်း ဖြစ်သည်။ ထို့ကြောင့် စိတ်ဝင်စား လာမိသည်။
“ နဂါး တံခါး ဂိုဏ်းရဲ့ သားမြေး တွေပဲ၊ ဒီဓားကို နတ်ဘုရား တိုက်ပွဲ အတွက်၊ ပြင်ဆင် ထားတာ၊ ဒါပေမယ့် အသုံး မပြု နိုင်ဘဲ၊ သူတို့ သေသွားတာ စိတ်မကောင်း စရာပဲ။ ”
ခရမ်းငယ်က အတိတ်ကို သတိရ သွားဟန်ဖြင့် ပြောပြ လာ၏။ ရှေးဦးခေတ်၏ နတ်ဘုရား တိုက်ပွဲ အကြောင်း၊ လင်းယွန် ကြား ဖူးသည်။
ထိုအဆင့် တိုက်ပွဲ နိဂုံး ချုပ်ပြီးနောက်၊ ရွှေခေတ် စတင် ခဲ့သည်။ ရွှေခေတ် ကုန်ချိန်တွင်၊ အမှောင်ခေတ် ရောက်လာ၏။
အဆုံးတွင် ဧကရာဇ် ကိုးပါး ပေါ်ကာ၊ ထိုအမှောင် ခေတ်ကို အနိုင် ယူပြီး၊ နတ်နဂါး ခေတ်အား၊ ထူထောင် ခဲ့သည်။
“ ငါ ... ၊ ဒီဓား ယူလို့ ရမလား။ ”
“ ရတာပေါ့ ... ၊ မင်း ပျော်နေ သရွေ့ ကြိုက်တာ လုပ်ပါ၊ ဘာပဲ ဖြစ်ဖြစ် ငါတို့က နတ်ဘုရား တိုက်ပွဲမှာ နိုင်ခဲ့ပြီး သားမို့၊ မင်း အရမ်း ဝမ်းနည်း နေစရာ မလို ပါဘူး။ ”
“ ငါတို့ တကယ် အနိုင် ရခဲ့ လို့လား။ ”
လင်းယွန်၏ နှစ်သိမ့် စကားကို၊ ခရမ်းငယ်က သံသယ စိတ်ဖြင့် မေးသည်။
“ အို ... ဟုတ်တယ်၊ ငါတို့ အကြိမ်တိုင်း အနိုင်ရ ခဲ့တယ်၊ အဲဒီ အချိန်က ... ခွန်လွန်ဘုံကို အဓိက ထား ကာကွယ်ဖို့၊ နတ်ဘုရား အများ စုက သဘောတူ ခဲ့ကြတယ်၊ ...
... ငါ မှတ်မိ တာတော့၊ တစ်စုံ တစ်ယောက်က ပြန်လာ မယ်လို့၊ ကတိ ပေးခဲ့ ဖူးတယ်၊ ဒါပေမယ့် ...
... သူ ပြန် မလာ ခဲ့ဘူး၊ နတ်ဘုရား တိုက်ပွဲလည်း၊ ဘယ်လို ပြီးဆုံး သွားမှန်း မသိ လိုက်ဘူး။ ”
အချိန် အကြာကြီး အိပ်ပျော် နေရ သဖြင့်၊ အရာ များစွာကို မေ့သွားကြောင်း လင်းယွန်မှ သိသည်။
ထို့ကြောင့် ယနေ့ ကဲ့သို့ သူမ၏ အတိတ်ကို အသက်ဝင် စေမည့်၊ တိုက်ဆိုင်မှု အချို့ ရှိနေရန် လိုသည်။
ခရမ်းငယ်က နှင်းဦးရည် ဓါးကို ပွတ်သပ်လျက်၊ စကားဆက် ပြောလာသည်။
“ ငါတို့က ... မဟာ မိတ်တွေ ဖွဲ့ထား ကြတယ်၊ အကြိမ် ပေါင်း များစွာ အနိုင် ရတယ်၊ တစ်ချိန်လုံး ငါတို့ မဟာမိတ် တွေက၊ ...
... အဲဒီ လူကို စောင့်နေခဲ့ မိတယ်၊ ဒါပေမယ့် အိုင်းရစ် ဓား သူတော်စင်က၊ အဲဒီလူ ပြန် မလာ တော့ ဖူးလို့ ပြောတယ်။ ”
“ အဲဒီလူ ဆိုတာက ဘယ်သူ မို့လဲ။ ”
ထိုလူသည် ရွှေခေတ်မှ ပါရမီ ရှင်များ အတွက်ပင်၊ မျှော်လင့်ချက် ဖြစ်နေ သဖြင့်၊ မည်သူ မည်ဝါ ဖြစ်မည်ကို သိချင် လာ၏။
သို့သော် ခရမ်းငယ်က ခေါင်းယမ်းက အဖြေပေး လာသည်။ ညှိုးနွမ်း နေသော သူမ မျက်နှာကြောင့်၊ လင်းယွန်က နှစ်သိမ့် ပေးမိ လေသည်။
“ စိတ်မပူ ပါနဲ့ ... ၊ သူ ပြန်လာ မယ်လို့ ပြောခဲ့ရင် ... ၊ သေချာပေါက် ပြန်လာ မှာပါ။ ”
“ ဖြစ်နိုင် ပါတယ်။ ”
ထိုအချိန်တွင် ခြေသံ အချို့ ကြားလိုက်ရ သဖြင့်၊ တစ်ယောက်ကို တစ်ယောက် ပြန်ကြည့် လိုက်မိ၏။
ဂိုဏ်းသုံး ဂိုဏ်းမှ ဖြစ်ပေမည်။ တဆိတ် မြန်လွန်း ပေ၏။ ကံကောင်း လှပြီး၊ ရှင်သန်ရေး လမ်း ကိုပင်၊ ထပ်ရွေးခဲ့ ပုံရသည်။
“ သွား ရအောင်။ ”
လင်းယွန် ပခုံး ပေါ်သို့၊ နဂါးလေးက ခုန်တက် လာပြီး၊ စတုတ္ထ ပလ္လင် ထံသို့ ဦးတည် ပြေးလွှား လိုက်ကြသည်။
“ ဘာ လဲ ... ။ ”
စတုတ္ထ ပလ္လင်သို့ သွားရာ လမ်းသည် အောက်ခြေ မရှိသော တွင်းနက်ကြီး ဖြစ်နေ သဖြင့်၊ တောင်ပံ တစ်စုံကို ချက်ချင်း ခေါ်ယူ လိုက်ရသည်။
သူ့ ရုပ်ခန္ဓာမှာ သူတော်စင် ရူရ် တစ်ထောင် ဖြစ်သဖြင့်၊ ထက်ရှသော လေထု ကြား ကြီးကြီး မားမား၊ ထိခိုက် ဒဏ်ရာ မရ ခဲ့ခေျ။
“ ဝှစ် ... ။ ”
မြေပြင်ပေါ် ညင်သာစွာ ဆင်းသက်ပြီး၊ ပြန်မော့ ကြည့်လိုက်ရာ၊ မျက်နှာ ကြတ်သည် ကောင်းကင် ထက်ပင် မြင့်မား နေသည်ဟု၊ ထင်လာ မိ၏။
“ ဟို မှာ ... ။ ”
ခရမ်းငယ်က ဓားသေတ္တာ ထဲမှ နေ၍၊ ပေ တစ်ထောင်ကျော် မြင့်မား နေသော ယဇ်ပလ္လင် ပေါ်တွင် ထိုင်နေသည့်၊ အနက်ဝတ် လူကြီး တစ်ယောက်ထံ ညွှန်ပြ လာသည်။
သူ့ ဝန်းကျင်၌ မရဏ ရောင်ဝါများ ရစ်သိုင်း နေ၏။ လောက နိယာမ နယ်ပယ် ကျွမ်းကျင်သူ ထက်ပင် သန်မာ သဖြင့်၊ အမည်ခံ သူတော်စင် တစ်ပါး ဖြစ်မည်ဟု၊ အကဲဖြတ် မိသည်။
မဟာ သူတော်စင် မူလ ပုလဲကို လောက နိယာမ နယ်ပယ်နှင့်၊ သူတော်စင်များ ကသာ သန့်စင် နိုင်ပေ၏။
အမည်ခံ သူတော်စင် ပုလဲ အတွက်မူ၊ ထိုကန့်သတ်ချက် မရှိခေျ။ ပင်မ နတ်ဘုရား များမှ အသုံးပြု နိုင်ပြီး၊ အခြေခံ အုတ်မြစ်ကို ခိုင်မာ စေ၏။
ထို့ကြောင့် အမည်ခံ သူတော်စင် မူလ ပုလဲသည်၊ ပါရမီရှင် တိုင်း အတွက်၊ ရူးသွပ် စေသော အရင်း အမြစ် ဖြစ်လာသည်။
ကြယ်စင်စု အဆင့် တွင်သာ ရှိနေ သော်လည်း လင်းယွန်အား စိတ် လှုပ်ရှား လာ စေသည်။
သို့သော် ရုတ်တရက် သတိရ လာပြီး၊
“ ဒီစီနီယာက မသေခင် သူရဲကောင်း တစ်ယောက် ဖြစ်ဖို့ များတယ်၊ ငါတို့ သူ့ကို ထပ်သတ်လို့ မသင့်ဖူး ထင်တယ်။ ”
-ဟု ချီတုံ ချီတုံ ဆိုလိုက် မိ၏။
“ မကောင်းမြင် စိတ်တွေက သူ့ကို ထိန်းချုပ်ချင် နေယ်၊ ဒါက သူရဲကောင်းတွေ အတွက် အကြောက်ဆုံး အရာ ပါပဲ။ ”
ခရမ်းငယ် စကားမှာ၊ အဓိပ္ပာယ် ရှိသည်။ တစ်နေ့တွင် သူ့ဓားအား မိစ္ဆာ များမှ ထိန်းချုပ်ရန်၊ ကြိုးစား လာပါက၊ အကူ အညီ ပေးမည့် လူအား၊ မျှော်လင့်မိ ပေမည်။
“ ဒီအတွက် တောင်းပန် ပါတယ် စီနီယာ။ ”
လင်းယွန်က ရိုသေ လေးစား စွာဖြင့်၊ နဂါးဓား ရောင်ဝါကို ထုတ်ဖော် လိုက်သည်။ ဤစီနီယာသည် သေပြီး နောက်တွင်၊ တစ်နည်း တစ်ဖုံနှင့်၊ မိစ္ဆာ ရောင်ဝါကို ခုခံ နေခဲ့သည်။
ထို့ကြောင့် သူ့အား လုံးလုံး လျားလျား ထိန်းချုပ် နိုင်ခြင်း မရှိ သေးမှန်း ခံစားလာ မိ၏။ အရိယာ ကောင်းကင် ဓားကို မလွှတ် သေးဘဲ၊ သတိ ကြီးစွာ တိုးကပ် မိသည်။
ထို့စဉ် အခန်း အတွင်း၊ ပုံမှန် မဟုတ်သော လေထုကို ခံစားမိ သဖြင့်၊ လှည့်ကြည့် လိုက်ရာ ဓားကိုင် ထားသည့်၊ ဆံပင်ဖြူ လူငယ် တစ်ဦးကို မြင်လိုက် ရသည်။
အသွင် အပြင် အရ၊ တန်ခိုးကြီး ဂိုဏ်း (၈)ဂိုဏ်းမှ မဟုတ်ချေ။ ထို့ကြောင့် ရုတ်တရက် သတိရ သွားပြီး၊
“ မင်း ပဲ ... ။ ”
-ဟု ရေရွတ် ပြောလိုက် မိသည်။
ဓားဂိုဏ်းပိုင် ကျွန်းတွင် မွေးဖွားသော သူတော်စင် အသီး အနှံကို လုယူ သွားသည့် လူငယ် ဖြစ်၏။ သူ့ထက် အားနည်းခြင်း မရှိကြောင်း ခံစား မိသည်။
၎င်းတွင် အကူ အညီ မရှိ သဖြင့်၊ လင်းယွန်ထက် ခြေတစ်လှမ်း နှေးနေ ခဲ့ခြင်း ဖြစ်သည်။
“ မင်း ... ငါ့ကို သိလို့လား။ ”
ဆံပင်ဖြူ လူငယ်က စိတ်ရှုပ်သွား ပုံရ၏။ မျက်နှာဖုံး နောက်ကွယ်မှ လူသည် သူ သိသော လူ ဖြစ်မည် လားဟု စိုးရိမ် လာ၏။
မျက်နှာ ဖုံးကို မို မိသားစုမှ ပြုလုပ်ထား သည်ကို ကြည့်ခြင်း အားဖြင့်၊ ထို အတွေးက အမှန် တကယ် ဖြစ် နိုင်သည်။ သို့သော်။
“ မသိ ပါဘူး၊ ဒါပေမယ့် ဓားဂိုဏ်း ပိုင် ကျွန်းက သူတော်စင် အသီး အနှံကို၊ လုယူတဲ့ သွားတဲ့ လူဆို တာတော့ သိထားတယ်။ ”
လင်းယွန် စကားကြောင့်၊ ဆံပင်ဖြူ လူငယ်က နားလည် သွားသည်။ သူ ထင်နေ သကဲ့သို့ မဟုတ်ချေ။
“ ယဇ်ပလ္လင် ပေါ်မှာ... ၊ ငါ လိုချင်တာ တစ်ခု ရှိတယ်။ ”
ဆံပင်ဖြု လူငယ်က၊ မိစ္ဆာ ရောင်ဝါကို ခွဲလျက်၊ ယဇ်ပလ္လင် ထံသို့ ချက်ချင်း ပျံသန်း သွားသည်။
“ ဟိတ် ... ။ ”
သူ့ လုပ်ရပ်က လင်းယွန်ကို ခေတ္တမျှ အံ့အားသင့် သွားစေ သော်လည်း၊ အမြန်ပြေး လိုက်မိ စေသည်။
“ ဝှစ် ... ။ ”
တောင်ပံများ ဆင့်ခေါ်ကာ၊ အဟုန်ကို မြှင့်တင် လိုက်၏။ နှစ်ဦးသား အလင်း တန်းများ သဖွယ်၊ အဖိုးအိုထံ ဦးတည် သွားမိသည်။
ထို့နောက် ယဇ်ပလ္လင်ပေါ် ဆင်းသက် လိုက်ကြပြီး၊
“ ငါတို့ တိုက်ရမယ့် ပုံပဲ။ ”
-ဟု ဆံပင်ဖြူ လူငယ်မှ ပြောကြား လာသည်။
“ အခြား ရွေးချယ် စရာ ရှိမယ် မထင်ဘူး။ ”
လင်းယွန်က ခေါင်းညိတ် လိုက်၏။ သည်နေရာသို့ ခက်ခက် ခဲခဲ ရောက်လာခြင်း ဖြစ်သဖြင့်၊ စွန့်လွှတ်ရန် မဖြစ် နိုင်ကြချေ။
“ ဝှစ် ... ။ ”
သို့သော် ဆံပင်ဖြူ လူငယ်က သူ့ဓားကို ဆွဲမထုတ်ဘဲ လက်သီး နှင့်သာ ထိုးနှက် လာ၏။ ၎င်း၏ စင်ကြယ်သော ဝိညာဉ် တော်မှာ၊ ဂဠုန် တစ်ကောင် ဖြစ်နေ သောကြောင့်၊ အံ့ဩ သွား မိသည်။
“ ဝှစ် ... ။ ”
မဆိုင်း မတွဘဲ၊ နေလ လက်သီး၏ ကောင်းကင်နှင့် မြေကြီး တစ်သား တည်းကို ထုတ်ဖော်ကာ၊ တုန့်ပြန် လိုက်သည်။
ရွှေကျီးကန်းနှင့် ငေွဖီးနစ် တို့က သူ့ ခန္ဓာကိုယ်မှ ပျံထွက် သွားပြီး၊ လက်သီး နှစ်လုံး ထိုးမိ သွား၏။
“ ဝုန်း ... ။ ”
ကြောက်စရာ ကောင်းသော စွမ်းအားများ ပေါက်ကွဲ ကုန်ကာ၊ ဖြစ်စဉ် မျိုးစုံ လိုက်ပါ လာလေသည်။
ဖြစ်စဉ် အားလုံး ငြိမ်သက် သွားသော အခါတွင်၊ နောက်ပြန် ဆုတ်လျက်၊ တစ်ဦးကို တစ်ဦး အံ့သြ တကြီး ပြန်ကြည့် နေမိသည်။
ဤဓားသမားသည် တန်ခိုးကြီး ဂိုဏ်း ရှစ်ဂိုဏ်းမှ ပါရမီရှင် များနှင့် ယှဉ်နိုင်ကြောင်း ဆံပင်ဖြူ လူငယ်က သိလာ၏။
တစ်ဖက်တွင် ပြိုင်ဘက်မှာ သန်မာ လွန်းသောကြောင့်၊ လင်းယွန် တစ်ယောက် အလေး အနက် ထားရန်၊ သတိ ပေးမိသည်။
“ ဟိတ် ... ။ ”
နောက် တစက္ကန့်တွင် နှစ်ယောက်သား ထပ်မံ တိုက်ခိုက် လိုက်ကြပြီး၊ ရာနှင့် ချီသော လှုပ်ရှားမှု များကို ဖလှယ် နေမိသည်။
ယင်းက နဂါး နှစ်ကောင် တိုက်ခိုက် နေသကဲ့သို့၊ ကြောက်မက် ဖွယ်ရာ စွမ်းအင် အတက် အကျများ ပြည့်နှက် လာစေ၏။
နှစ်ဦးသား အနိုင် အရှုံး မရှိ ပြန်လည် ဆုတ်ခွာ လိုက်သည်။ လင်းယွန်တွင် ခရမ်း- ရွှေရောင် ရူရ်များ ရှိ သကဲ့သို့၊ ဆံပင်ဖြူ လူငယ် ၌လည်း၊ သန်မာသော ကိုယ်လုံး ကိုယ်ပေါက် ရှိ၏။
မွေးရာပါ သူတော်စင် နဂါး ခန္ဓာကို ရရှိ ပြီးနောက်၊ မျိုးဆက် တူများ ထဲတွင်၊ လင်းယွန် မှာ ပြိုင်ဘက် ကင်းခဲ့သည်။ မည်သူမျှ သူနှင့် ရုပ်ခန္ဓာခြင်း မယှဉ်နိုင် ကြချေ။
“ ရွှန်း ... ။ ”
ထို့စဉ် ဆံပင်ဖြူ လူငယ်က ဓါးကို ဆွဲထုတ်ကာ၊ ဓားဖျားဖြင့် သူ့ မျက်ခုံးအား အသာ အယာ ဖြီးလိုက်သည်။
ဤအချိန်၌ သူ့အသွင် အပြင်မှာ ပြောင်းသွားပြီး ထက်ရှ လာ၏။ အန္တရာယ် ရှိ ခံစားချက်များ ဝင်လာသဖြင့်၊ လင်းယွန် ခမျာ၊ ကျောရိုး တစ်လျှောက် အေးစက် လာသည်။
ဆံပင်ဖြူ လူငယ်က သူ့ဓားကို မခုတ်ရ သေးသော်လည်း၊ ဓားကိုင်လျက် ကောင်းကင် ပေါ်၊ ခုန်တက် နေသည့် ပုံရိပ်များ မြင်တွေ့ လာရသည်။
“ ငါ့ ဓားကို မလှုပ်ခင် ... ၊ မင်းမှာ လက်လျှော့ဖို့ အခွင့် အရေး ရှိသေးတယ်။ ”
ဓားသေတ္တာ ထဲမှ၊ ပန်းသင်္ချိုင်း ဓား ပျံတက်လာ သဖြင့်၊ လင်းယွန်က ဖမ်းယူ လိုက်ပြီး၊
“ အတူတူပဲ ... ငါ့ ဓားကို မဆွဲခင်၊ မင်းလည်း အခွင့် အရေး ရှိပါ သေးတယ်။ ”
ဆံပင်ဖြူ လူငယ်မှ သည်မျှ အထိ ခြိမ်းခြောက် နိုင်လိမ့် မည်ဟု၊ မထင်ထား သဖြင့်၊ လင်းယွန် တစ်ယောက် စိတ်လှုပ်ရှား လာတော့သည်။
***