← Chapters

ပထမ တန်းစား။

Vol. 93 Ch. 1300

ပထမ တန်းစား။

Vol. 93 Ch. 1300

မြေအောက် နန်းတော် ရှိရာ ကျွန်းသည် ကျယ်ဝန်း လှသဖြင့်၊ နေရာ အနှံ့ ရတနာ ရှာဖွေ နေသူများ ရှိကြသည်။

ထို့ကြောင့် အပျက် အစီး နယ်မြေ များထဲတွင် လူများ စုဝေး ကြပြီး၊ ရတနာ တစ်ခု ပေါ်လာတိုင်း၊ လုယှက် ကြမည် ဖြစ်၏။

ထိုစဉ် ကောင်းကင်နှင့် မြေကြီး တုန်လှုပ် လာပြီး၊ မိုင်ဝက် အတွင်း ပြင်းထန်သော အဖျက် စွမ်းအားများ၊ ပေါ်ထွက် လာသည်။

ရုတ်တရက် အပြောင်း အလဲကြောင့်၊ လူတိုင်း လုပ်နေဆဲ အလုပ် များကို ရပ်လျက်၊ အကြောင်းရင်း ရှာလာ ကြသည်။

အလင်းတိုင် တစ်ခု ကောင်းကင်ပေါ်၊ ထိုးတက် သွား သည်ကို မြင်လိုက် ရ၏။ ထို အလင်း တိုင်က၊ မိုးကုပ် စက်ဝိုင်း ရောက် သည်နှင့်၊ ပေါက်ကွဲ သွားသည်။

လျှပ်စီးများ တဖျပ်ဖျပ် ခတ်လာပြီး၊ ပတ်ဝန်းကျင်တွင် အမှောင်များ ဖုံးလွှမ်းသွား လေသည်။

ဤဖြစ်စဉ်၏ အငွေ့ အသက် များက၊ လူတိုင်းကို ကြောက်စိတ် ဝင်လာ စေသည်။

“ ဘာတွေ ဖြစ်နေ တာလဲ။ ”

“ ဒါ ... ရတနာ တစ်ခု ... ၊ ဒါမှ မဟုတ် လျှို့ဝှက် နယ်မြေ တစ်ခု၊ ပေါ်လာတာ ဖြစ်မယ်၊ ... ဒါပေမယ့် အဲဒီ လိုလည်း မတူ ပြန်ဘူး။ ”

“ ဒီအဖျက် စွမ်းအားက ကြောက်စရာ ကောင်းလွန်းတယ်။ ”

ပင်မ နတ်ဘုရား ကျွမ်းကျင်သူ များက၊ စုရုံးရောက် လာပြီး၊ ဖြစ်စဉ် များကို ကြည့်ကာ၊ သုံသပ် နေကြသည်။

အလင်းတွင် ရတနာ မွေးဖွားရာ၊ ဝိညာဉ် စွမ်းအင်မျိုး ပါရှိ မနေချေ။ ရှေးကျသော အဖျက် စွမ်းအား များသာ ပါရှိ နေသည်။

ထို့ကြောင့် ပင်မ နတ်ဘုရား တိုင်းက၊ ကောင်းကင်ပေါ် ခုန်တက်ကာ၊ အလင်းတိုင်ကို စူးစမ်း နေမိ ကြသည်။

“ ဟိုမှာ တစ်ယောက် ယောက် ရှိနေတယ်။ ”

လူတိုင်း လန့်ပြီး အော်ကြသည်။ အဝေးမှ ကြည့်ရုံနှင့်၊ ပထမ တန်းစား ပါရမီရှင် ဖြစ်မှန်း ပြောနိုင်၏။

ထို့ကြောင့် သူတို့ ဝင်ရောက် စွက်ဖက် နိုင်သည့်၊ အရာ မဟုတ်မှန်း နားလည် မိသည်။ အနား ကပ်မိ ရုံနှင့် အသတ်ခံ ရနိုင်၏။

“ အင်ပါရီယန် အဆင့် (၁၈) က၊ မြကျောက်စိမ်း စံအိမ်ရဲ့ ဖန်းမူယန်ပဲ။ ”

“ သူ့ နောက်မှာ၊ အင်ပါ ရီယန် အဆင့် (၁၅) က ယဲ့ရွှင်။ ”

“ အဆင့် (၁၆) က ရှယွင်ကျန်း။ ”

တန်ခိုးကြီး ဂိုဏ်းမှ ပါရမီ ရှင်များ ဖြစ်မှန်း၊ မှတ်မိ သွား၏။ ၎င်းဂိုဏ်း များမှာ၊ ရှေးဟောင်း ပျက်သုဉ်း မြေမှ၊ အုပ်စိုးရှင် ဖြစ်သည်။

ဤသို့ အုပ်စိုးရှင် သုံးပါးကို တစ်နေရာ တည်း၌ မြင်တွေ့ ရခြင်းသည်၊ တုန်လှုပ် စရာ ကောင်း ပေ၏။

“ နေဦး ... ၊ ဟိုမှာ ငွေရောင် ဝတ် ဓားသမား တစ်ယောက် မဟုတ်လား၊ သူက ဘယ်သူလဲ။ ”

“ ရှယွင်ကျန်းနဲ့ ကျန်တဲ့ လူတွေက သူ့နောက်ကို လိုက်နေ ကြပုံ ရတယ်၊ ရတနာကို သူ ရသွားတာ များလား။ ”

လင်းယွန်ကို သတိထား မိလာပြီး၊ လူတိုင်း စိတ်ဝင်စား လာသည်။ တစ်စုံ တစ်ဦး အနေဖြင့်၊ တန်ခိုးဂိုဏ်း သုံးဂိုဏ်းကို အမှန် တကယ် ရင်ဆိုင် ရဲ သည်အား၊ မယုံနိုင် ကြပေ။

လူ အမြောက် အမြား ရှိလျှင်ပင်၊ ထိုတန်ခိုးကြီး ဂိုဏ်းရှစ် ဂိုဏ်းကို၊ နှောင့်ယှက် ရန်မှာ၊ ပြန်စဉ်းစား ရပေမည်။

အဘယ်ကြောင့် ဆိုသော် ထိုဂိုဏ်း များ၌၊ လောက နိယာမ နယ်ပယ် ကျွမ်းကျင် သူများ ပါ ရှိပြီး၊ ကျွန်း အပြင်၌ စောင့်ကြည့် နေသည်။

“ နဂါး သူတော်စင် ပုလဲ ပေးပါ။ ”

“ အမည်ခံ သူတော်စင် မူလ ပုလဲ ရောပဲ။ ”

သုံးယောက်သား လင်းယွန်ကို မျက်နှာချင်း ဆိုင်ကာ၊ တောင်းဆို သံကြောင့်၊ လူတိုင်း အံ့ဩ သွား၏။

ဤအရာက လွယ်ကူသော ရတနာမျိုး မဟုတ်ချေ။ ထို့ကြောင့် လူတိုင်း အသက်ရှူ ကြပ် ကုန်သည်။

သည့်စဉ် ငွေရောင် ဓားသမား ထံသို့ ဦးတည်နေသော ရောင်ဝါ သုံးခု၊ ထပ်တိုးလာ ပြန်သည်။

ယင်းက မြေအောက် နန်းတော် ပြိုကျ ခြင်းကို၊ ကျားကန် ပေးခဲ့သော သာလွန် ပင်မ နတ်ဘုရား သုံးပါး ဖြစ်၏။

၎င်းတို့ နောက်၌ ဂိုဏ်းသုံး ဂိုဏ်း၏ အထက်တန်းစား အများ အပြား လိုက်ပါလာ ကြ လေသည်။

မလွတ်မြောက် နိုင်သောကြောင့် ပြန်၍ ရင်ဆိုင်ရန်၊ လင်းယွန်မှ ဆုံးဖြတ် လိုက်သည်။ လေထဲတွင် ငွေရောင် ဆံပင် ရှည်ရှည်များ တဖျပ်ဖျပ် လွင့်လာ၏။

“ ဘယ် လို လဲ ။ ”

ဖန်းမူယန်က ယပ်တောင် တစ်လက်ကို ထုတ်ကိုင်ကာ၊ လင်းယွန်ထံ စိုက်ကြည့်ပြီး မေး လိုက်၏။

မြေအောက် နန်းတော်တွင် သူ့ကိုယ်သူ အရှက် ရစေ ခဲ့ပြီး၊ ထိုအကြောင်းကို တွေးကြည့် ရုံဖြင့်၊ ဒေါသ ထွက်လာ စေသည်။

ရုတ်တရက် အလင်းတန်း သုံးခုက အချင်းချင်း ချိတ်ဆက် ကုန်ကာ၊ ပတ်ဝန်းကျင် အပေါ်၊ ကန့်သတ် ပစ် လိုက်သည်။

ဤအရာသည် အလွန် ကြောက်စရာ ကောင်းပြီး၊ ထိုကန့်သတ်ချက် အောက်တွင်၊ အချိန်များ ရပ်တန့် သွားပုံ ရ၏။

“ အိုး ... ၊ ပါရမီရှင် သုံးပါးက၊ ငါ့ကို ဝိုင်းဖွဲ့ချင် နေတာလား။ ”

လင်းယွန် မျက်ဝန်း များတွင် သတ်ဖြတ် လိုသော၊ အငွေ့ အသက်များ စတင် ထွက်ပေါ် လာသည်။

“ မင်း ... ၊ နားလည် ထားတာ ကောင်းပါတယ်၊ ပြောစရာ မလိုတော့ ဖူးပေါ့၊ ဒီနေ့ မင်းကို သင်ခန်းစာ ပေးရမယ်။ ”

ရှယွင်ကျန်းမှ ပြန်ပြော လာသည်။

“ ငါ ... မင်းကို အခွင့်ကောင်း မယူ ချင်ဘူး၊ ဒါကြောင့် ... နဂါး သူတော်စင် ပုလဲနဲ့၊ အမည်ခံ သူတော်စင် မူလ ပုလဲ၊ လွှဲပေးပါ။ ”

ယဲ့ရွှင်က အေးစက်စွာ ပြောသည်။ ပထမ တန်းစား ပါရမီရှင် တစ်ဦး အနေဖြင့်၊ အခြားလူ များနှင့် လက်မတွဲ လိုချေ။

ထို့သော် ရတနာ များ၏ တန်ဖိုးမှာ ကြီးမားလှ သည်မို့၊ သတိထား ရုံမှ လွဲ၍ ရွေးချယ် စရာ မရှိချေ။

အမည်မဲ့ လူငယ် တစ်ဦးကို ရင်ဆိုင်ရန်၊ ပထမ တန်းစား ပါရမီရှင် သုံးဦး လက်တွဲ စရာ မလိုဟု ယုံကြည် ထားသည်။

သူတို့ ကန့်သတ်မှု အတွင်းမှ ထွက်ပြေး နိုင်သော်မှ၊ သာလွန် ပင်မ နတ်ဘုရား နယ်ပယ်၊ ကျွမ်းကျင် သူများ ရှိနေ သေးသည်။

ဖန်းမူယန်က လှောင်ပြောင် လိုသော အသွင်နှင့်၊

“ ငါ ... မင်းကို ... အခွင့်အရေး ပေးပြီး၊ ဖိတ်ခေါ် ခဲ့တယ်၊ အဲဒီ တုန်းက သဘောတူ ခဲ့ရင် ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ဘူး။ ”

“ မင်းက ငါ့ကို အခွင့် အရေး ပေးတာ သေချာလား၊ မင်းတို့ သုံးယောက် ပေါင်းလို့၊ ငါ့ကို မနိုင်ရင်၊ ဘာဖြစ် မလဲ တွေးမိတယ်။ ”

လင်းယွန်မှ ပြန်လည် လှောင်ပြောင် လိုက်သည်။

“ ဘယ်လိုတောင် မောက်မာ လိုက်လဲ၊ ငါတစ်ယောက် တည်းနဲ့၊ မင်းကို အနိုင် ယူဖို့ လုံလောက်တယ်။ ”

ရှယွင်ကျန်းမှ ဦးစွာ လှုပ်ရှား လာသည်။ သူ၏ ကြယ်စွမ်းအင် များကြောင့်၊ ကောင်းကင် တစ်ခုလုံး လျှပ်စီးနှင့်၊ မီးလျှံများ ပေါက်ကွဲ ကုန်သည်။

ထိုအချိန်တွင် လင်းယွန် ခန္ဓာကိုယ် ပေါ်ရှိ ခရမ်း- ရွှေရောင် နဂါး ရူရ် တစ်ထောင် ပွင့်လာ တော့သည်။

“ ဟိတ် ... ။ ”

ထို့နောက် လက်သီး တစ်ချက်ကို ရှယွင်ကျန်းထံ ပစ်ထုတ် လိုက်သည်။ လက်သီး သည် ကောင်းကင်နှင့် မြေကြီး ကိုပင်၊ တုန်ခါ သွားစေ၏။

ယင်းကြောင့် ဖန်းမူယန်နှင့် ယဲ့ရွှင်တို့ နှစ်ဦးမှာ၊ လင်းယွန်၏ ကိုယ်လုံး ကိုယ်ပေါက် အပေါ်၊ အံ့အားသင့် သွားကြသည်။

ထိပ်တိုက် တွေ့ဆုံ ပြီးနောက်၊ လင်းယွန် ခမျာ လက်မဝက် မျှသာ နောက်ဆုတ် ပေးရ၏။ ရှယွင်ကျန်း မှာမူ၊ ခြေလှမ်း (၁၀) လှမ်းခန့်၊ ဆုတ်ခွာ လိုက် ရသည်။

ထို့ပြင် ရှယွန်ကျန်း လက်ဖဝါးမှ သွေးများ စီးကျ လာသည်။

“ ဒါ မင်းရဲ့ ခွန်အားလား ... ၊ တန်ခိုးကြီး ဂိုဏ်း ရှစ်ဂိုဏ်းရဲ့၊ ပထမ တန်းစား ပါရမီရှင်က အထင်ကြီး လောက်စရာလည်း မရှိ ပါလား၊ ...

... အား မနာတမ်း ပြောရရင်၊ မင်းရဲ့ ခွန်အားက ဂိုဏ်းကြီးတွေ အဆင့် လောက်ပဲ ရှိပါတယ်။ ”

သူ့ အင်အားကို နှိမ်ချ တိုင်းတာ ခံလိုက် ရသဖြင့်၊ ရှယွင်ကျန်း ခမျာ မျက်နှာ မည်းမှောင် သွားသည်။

မိုးကြိုး ဂိုဏ်း၏ ပထမ တန်းစား ပါရမီရှင် တစ်ဦးအား၊ ဂိုဏ်းကြီးများ အဆင့်သို့ လျော့ချ စရာ အကြောင်း မရှိချေ။

“ သေ လိုက် စမ်း ... ။ ”

အော်ငေါက်လျက် နက္ခတ်ကို ဆင့်ခေါ် လိုက်ရာ၊ လျှပ်စီးနှင့် မီးလျှံများ တောက်လောင် နေသော၊ သမုဒ္ဒရာ တစ်စင်း ဖြစ်တည် လာ၏။

ပြိုင်ဘက်၏ ခွန်အားမှာ အဆင့် သစ်သို့၊ ရောက်ရှိ လာသဖြင့်၊ မွေးရာပါ သူတော်စင် နဂါး ခန္ဓာနှင့်၊ မရမှန်း လင်းယွန် သိ လိုက်သည်။

ထို့ကြောင့် ခရမ်းရောင်နှင့် ရွှေရောင် အလင်းများကို ပေါင်းစည်း လိုက်ရာ၊ နဂါးကြီး တစ်ကောင် ထွက်ပေါ် လာသည်။

“ ..... ။ ”

ကျယ်လောင်သော ဟိန်းဟောက် သံများ၊ ပဲ့တင်ထပ် လာသဖြင့်၊ ယဲ့ရွှင်နှင့် ဖန်းမူယန်မှာ၊ ဘေးမှ နေ၍ မျက်နှာ ပျက်သွားသည်။

ငွေရောင် ဓားသမား လူငယ် သည်၊ နက္ခတ်ကို မခေါ် နိုင် သော်လည်း၊ နဂါး ရောင်ဝါ နှင့်၊ ရှယွင်ကျန်းအား ရင်ဆိုင် နိုင်၏။

“ ကျာ့ ... ။ ”

“ ဟိတ် ... ။ ”

ဆယ်ကြိမ် တိတိ ဖလှယ် ပြီးနောက်၊ ရှယွင်ကျန်း တစ်ယောက် သွေး အန်လျက် လွင့်စဉ် သွားလေသည်။

သည်မြင်ကွင်းက ပရိသတ် အားလုံးကို အံ့ဩစေ ခဲ့သည်။ ငွေရောင် မျက်နှာ ဖုံးရှင်သည် မည်သူ ဖြစ်မည်ကို၊ တွေးတော လာကြ၏။

“ ဟား ဟား ဟား ... ၊ ဒီလောက် ခွန်အား လေးနဲ့၊ ငါ့ကို သတ်ချင် နေတာလား၊ ရယ်စရာ ကောင်း လိုက်တာ။ ”

“ ဝေါ့ ... ။ ”

လင်းယွန်မှ လှောင်ရယ် လိုက် သဖြင့်၊ ရှယွင်ကျန်း တစ်ယောက် သွေးတစ်လုတ် အန် လိုက်မိသည်။

“ မင်းတို့ သုံးယောက် ပူပေါင်းတာ ... ၊ မဆန်း ပါဘူး၊ တော်တော် ပျော့ညံ့ တာကိုး၊ သုံး ယောက်လုံး တစ်ခါတည်း လာခဲ့ကြ။ ”

လင်းယွန် ပါးစပ်မှာ၊ လက်သီး ထက်ပင် ထက်ရှ နေသဖြင့်၊ ရှယွင်ကျန်းတို့ (၃) ဦး၏၊ မျက်နှာများ မည်းမှောင် သွားလေသည်။

***

All Chapters