← Chapters

ထာဝရ လမင်း ကဲ့သို့ ဓား။

Vol. 93 Ch. 1301

ထာဝရ လမင်း ကဲ့သို့ ဓား။

Vol. 93 Ch. 1301

လင်းယွန်၏ မောက်မာ မှုသည်၊ မျှော်လင့် ထားသည်ထက် ကျော်လွန် နေပြီး၊ လူတိုင်းကို အံ့အားသင့် လာစေသည်။

“ ဝှစ် ... ။ ”

အေးစက်သော အကြည့်ဖြင့်၊ လက်ကို ဝှေ့ယမ်းပြီး၊ ပန်းသင်္ချိုင်း ဓားအား ဆင့်ခေါ် လိုက်၏။

“ မင်းတို့ မလာ ဖူးလား၊ ဒါဆို ငါ လာမယ်။ ”

လင်းယွန်၏ သတ်ဖြတ် လိုသော ဆန္ဒကို ခံစား မိသော ပန်းသင်္ချိုင်း ဓားမှ၊ အေးစက်သော အလင်းများ ဖြာထွက် လာသည်။

ကျင့်ကြံမှု နိမ့်ပါးခြင်း အပေါ်၊ အခွင့် ကောင်းယူလို သော်၊ ထိုသူ များကို သတ်ပစ် ရုံသာ ရှိပေ မည်။

“ မင်း ... သေချင် နေတာပဲ။ ”

ငွေလ ရောင်များ လွှမ်းခြုံပြီး၊ ပြေးလာ နေသော လင်းယွန်ကို ကြည့်ကာ၊ သုံးယောက် သား အံ့အားသင့် ကုန်သည်။

“ ဟား ဟား ဟား ... ၊ ဘယ်လိုတောင် မောက်မာ လိုက်လဲ။ ”

ဖန်းမူယန်မှ ရယ်မော လိုက်သည်။ ရှယွင်ကျန်းကို ရင်ဆိုင် နိုင်ခြင်းသည် သူတို့ သုံးယောက် လုံးနှင့်၊ ရင်ဆိုင် နိုင်မည်ဟု အဓိပ္ပါယ် မရချေ။

သို့သော် တစ်ဖက် လူမှာ၊ မြန်လွန်း သဖြင့်၊ အပြုံးများ ပျောက်ကွယ် သွားသည်။ နီးကပ်လာ သည်နှင့် အမျှ၊ လင်းယွန် ပုံရိပ်မှာ ပျောက်ကွယ် လုလု ဖြစ်လာသည်။

“ သူ ပျောက်သွား တာလား။ ”

ထို့ကြောင့် ချက်ချင်းပင် နက္ခတ် သုံးပါးကို ဆင့်ခေါ် လိုက်ရသည်။ တုန်ခါမှု လှိုင်းငယ်များ၊ ဖန်းမူယန် နောက်မှ တိုးဝင် လာသည်။

“ ထန် ... ။ ”

မတွေးနိုင် တော့ဘဲ ဗီဇ အသိက၊ ချက်ချင်း လက်တုံ့ ပြန်လိုက်၏။ လက်နက်နှင့် လက်နက် ထိမှန်ကာ၊ လက်ဖဝါးများ ထုံကျင် သွားသည်။

“ ဘယ်လိုတောင် သန်မာ လိုက်လဲ။ ”

တစ်ဖက် လူသည် နက္ခတ် (၃) ပါးမှ လာသော ဖိအားကို၊ အမှန် တကယ် ခံနိုင်ရည် ရှိနေ သောကြောင့်၊ ဖန်းမူယန် အံ့သြ သွား၏။

ထို့ပြင် ကြယ်စင်စု အဆင့်မှ တစ်စုံ တစ်ယောက် ရှေ့တွင်၊ သူ၏ ပင်မ နတ်ဘုရား စွမ်းအား အပြည့်ကို မထုတ်နိုင် သည်မှာ၊ မယုံ နိုင်စရာ ပေပင်။

“ ဝှစ် ... ။ ”

လင်းယွန်က နောက်ပြန် ဆုတ် လိုက်စဉ်၊ ကြယ်မိစ္ဆာပန်း တစ်ပွင့် သူ့ ခန္ဓာကိုယ်မှ ပျံထွက် သွားသည်။

(၄၉) ပွင့် စုံသည်နှင့်၊ ပန်း နယ်မြေ ဖွဲ့တည်လာပြီး၊ စွမ်းအင်များ လင်းယွန်ကို ထောက်ပံ့ ပေး၏။

ထို့ကြောင့် သူ၏ ကြယ် စွမ်းအင်မှာ၊ ၎င်းတို့ထက် အားနည်းခြင်း မရှိ တော့ချေ။ နဂါး ခန္ဓာနှင့် ပေါင်းစပ် ထား သဖြင့်၊ ပင်လယ် အလား များပြား နေ၏။

“ ရွှပ် ... ။ ”

ပန်း နယ်မြေ အတွင်း၌ ရပ်နေသော လင်းယွန်က နောက်လှည့်ကာ၊ ရုတ်တရက် ဓားဖြင့် လွှဲခုတ် ပစ်သည်။

ပန်းသင်္ချိုင်း ဓားမှ၊ အလင်းများ ဖြာထွက် လာပြီး၊ အကန့် အသတ် မရှိသော၊ စွမ်းအင်များ ပေါက်ကွဲ ကုန်သည်။

“ ဝှစ် ... ။ ”

နောက်ကျော ဆီသို့၊ ခိုးဝင် တိုက်ခိုက် လာသော ရှယွင်ကျန်း ခမျာ၊ မျက်နှာ ပြောင်းလဲ လျက်၊ အမြန် ပြန်ဆုတ် လိုက်မိသည်။

“ ဟိတ် ... ။ ”

ထို့ကြောင့် သူ့ကို လျစ်လျူရှု လိုက်ပြီး၊ ယဲ့ရွှင်ထံ ဦးတည်ကာ ဓားနှင့် ပြောင်းလဲ ခုတ် ပစ်လိုက်သည်။

“ ရွှပ် ... ။ ”

ယဲ့ရွှင် အနေဖြင့် ခွန်အားကို စုဆောင်း ထားပြီး ဖြစ်ရာ ထိုဓား အလင်း အပေါ်၊ အလွယ် တကူ ဖျက်ဆီး နိုင်ခဲ့သည်။

သို့သော် တုန်လှုပ် နေဆဲ ဖြစ်သည်။ တူညီသော မျိုးဆက်များ ကြားတွင် ဤကဲ့သို့ အကန့် အသတ် မရှိသော ဓားရောင်ဝါကို တစ်ကြိမ်မျှ မမြင် ဖူးချေ။

“ ထန် ... ၊ ထန် ထန်။ ”

ဓားမော့ကို ကန့်လန့်ဖြတ် ကိုင်လျက်၊ တွဲလျက် ကပ်ပါ လာသော ဓားချက် များကို အံကြိတ် ဖြေရှင်း နေရသည်။

“ မင်း ... ငါ့ဓားကို တားလို့ ရမယ် ထင်နေလား။ ”

လင်းယွန်မှ အော်ဟစ် လိုက်၏။ သည့်နောက် အသက် ပြင်းပြင်း ရှူလျက်၊ ဓား မိုး ရွာချ ပစ်တော့သည်။

“ ထန် ထန် ထန်။ ”

ယဲ့ရွှင် ခမျာ ခုခံရ ခက်ခဲ လာသဖြင့်၊ ကျောက်စိမ်း အကာ အကွယ်ကို ထုတ်ပြီး၊ နောက်ပြန် ဆုတ်ပေး နေရ၏။

ဓားချက် (၄၇) ကို ရင်ဆိုင် ပြီးနောက်၊ တစ်ဖက် လူ၏ ဓားသည် တောင်တန်း တစ်လုံး ကဲ့သို့၊ လေးလံကြောင်း ခံစား လာရသည်။

“ ခရစ် ... ။ ”

ထို့ကြောင့် ကျောက်စိမ်း အကာအကွယ် ကွဲသွားသော အခါတွင်၊ သွေးအန်လျက် ဒဏ်ရာ ပြင်းပြင်း ထန်ထန် ရရှိ သွားသည်။

“ ရွှပ် ... ။ ”

ထို့စဉ် ယဲ့ရွှင်နှင့် တိုက်ခိုက် နေသော လင်းယွန်က လက်ကို ပြန်ရုတ်ကာ၊ ဓားအား နောက်ပြန် ပက်ထုတ် လိုက်၏။

ထိုဓားက အလင်း များကို ဝါးမျို ပြီး၊ ရှယွင်ကျန်း၏ အားနည်းချက် ဆီသို့၊ တိုက်ရိုက် တိုးဝင် သွားသည်။

“ မ ... ၊ မဟုတ်ဘူး။ ”

နောက်ကျောမှ ဒုတိယ အကြိမ် ခိုးဝင် တိုက်ခိုက်ရန် ကြိုးစား နေသော ရှယွန်ကျန်း ခမျာ၊ ထိတ်လန့်စွာ အော်ဟစ် လိုက်၏။

လင်းယွန်၏ တွက်ချက်မှု သည်၊ သူ့ ဟာကွက် ထံသို့၊ ဦးတည် နေပေ၏။ ထို့ကြောင့် ချက်ချင်း နောက်ဆုတ် လိုက်ရ ပြန်သည်။

သို့သော် လင်းယွန်က ဤတစ်ကြိမ်တွင်၊ သူ့အား နောက်ဆုတ်ရန်၊ အခွင့် အရေး မပေး တောချေ။

“ ဖ ရူး ... ။ ”

တောင်ပံ များကို ဖြန့်ထုတ် လိုက်သော အခါတွင်၊ ရွှေရောင် အလင်းတန်း များက၊ မိုင် တစ်ရာ ကျော်တိုင်၊ ပျံ့လွင့် သွား၏။

“ ဝှစ် ... ။ ”

လင်းယွန် တစ်ယောက် မူလ နေရာမှ၊ ဖျတ်ခနဲ ပျောက်ကွယ် သွားပြီး၊ လှည့်ပြေး သွား သော၊ ရှယွင်ကျန်း ရှေ့၌ ပေါ် လာသည်။

ထို့ကြောင့် လျှပ်စီးနှင့် မီး ရည်ရွယ်ချက် များအား၊ ကန့်သတ် ချက်သို့ တွန်းပို့ လိုက်ရ တော့သည်။

“ တွမ် ... ။ ”

မှော် ရတနာမှာ သူ့ ရင်ဘတ်၌၊ နေမင်း ကဲ့သို့၊ တောက်ပ လာပြီး၊ နှလုံးကို ကာကွယ် ပေး၏။

“ ရွှပ် ... ။ ”

သို့သော် လင်းယွန်၏ ဓားရေးမှာ ပြိုင်ဘက်ကင်း ချေပြီ။ တိမ်လွှာဓား (၁၃) ကွက်၏၊ သရုပ်ဖော် အဆင့်ကို၊ ချက်ချင်း ထုတ်လွှတ် လိုက်သည်။

“ ခရစ် ... ။ ”

ထို့ကြောင့် တောက်ပ နေသော မှော် ရတနာက၊ ကွဲထွက် သွားလေသည်။ တစ်ဆက် တည်း မှာပင်၊ ဓားဖျားကို ရင်ညွှန့်ထံ ချိန်လျက်၊ လင်းယွန်မှ ပျံသန်း သွား၏။

“ ထန် ... ။ ”

ရှယွင်ကျန်း ဝတ်ရုံ ပေါက်ကွဲ သွားကာ၊ သူတော်စင် ချပ်ဝတ် တစ်ထည် ပေါ်လာသည်။ သို့သော် ဓားနှင့် ထိချိန်၌ အက်ကွဲ လာ၏။

“ ဟိတ် ... ။ ”

ဤအရာက ရှယွင်ကျန်းကို ထောင့် တစ်နေရာသို့၊ နောက်ပြန် ဆုတ်ခွာ သွားရ စေသည်။ အဆုံးတွင် ဆုတ်ခွာရန် နေရာ မရှိတော့ သဖြင့်၊ ပြန်၍ တွန်းထုတ်ရန်၊ မာန်သွင်း လိုက်သည်။

ပထမ တန်းစား ပါရမီရှင် တစ်ယောက် ဖြစ်သောကြောင့်၊ ဆုံးဖြတ် ချက်မှာ ပြတ်သား လေသည်။

“ သေ ... လိုက်တော့။ ”

ညာလက်တွင် ရှိသမျှ အင်အား အကုန် စုစည်း လိုက်ပြီး၊ လင်းယွန် မျက်နှာသို့၊ ကုပ်ဆွဲ လိုက်သည်။

“ ဝှစ် ... ။ ”

လင်းယွန်က တိုးဝင် လာသော လက်သည်းကို ကြည့်ကာ၊ ရင်ညွှန်ထံ ထိုးသွင်း ထားသည့်၊ ဓားအား ပြန် ယူလျက်၊ ထိုလက်ထံ ပြောင်းလဲ ခုတ်ချ ပစ် လိုက်သည်။

“ မ ... မ လုပ် နဲ့ ... ။ ”

ရှယွင်ကျန်း ခမျာ သူ့ထက် ပို၍၊ ရက်စက်ပြ နေသော လင်းယွန်ကြောင့်၊ ကြောက်ရွံ့ လာလေ သည်။

လက်ကို ချက်ချင်း ပြန်ရုတ် လိုက် သော်လည်း၊ တိခနဲ ပြတ်ကျ သွား၏။ ယင်းက အဆုံး မဟုတ် သေးချေ။ ဓားက သူတော်စင် ချပ်ဝတ်ထံ၊ ထပ်မံ ဦးတည် လာသည်။

“ ထန် ... ။ ”

“ ဝေါ့ ... ။ ”

ဤတစ်ကြိမ်၌ ချပ်ဝတ် ကွဲသွားပြီး၊ သွေးအန်လျက် ကောင်းကင်မှ ကြိုးပြတ် စွန် တစ်ကောင် ကဲ့သို့၊ ပြုတ်ကျ သွား၏။

“ ဝှစ် ... ။ ”

ထို့ကြောင့် လင်းယွန်က သူ့အား လှည့် မကြည့် တော့ဘဲ၊ ကောင်းကင်ပေါ် ခုန်တက် လိုက်လေသည်။

ယင်းက အရပ် မျက်နှာ နှစ်ဘက်မှ ဝင်လာသော တိုက်ခိုက်မှု နှစ်ခုကို၊ ရှောင်းတိမ်း ပြီး ဖြစ်သွား စေသည်။

ဖန်းမူယန်နှင့် ယဲ့ရွှင်က ပစ်မှတ် ပျောက်ကွယ်သွား သဖြင့်၊ ကောင်းကင်ပေါ် ချက်ချင်း မော့ကြည့် လာသည်။

သို့သော် တောက်ပ လွန်းသော အလင်း ရောင်ကြောင့်၊ မျက်လုံးများ အလိုလို မှိတ်လိုက် ရသည်။

“ ဝှစ် ... ။ ”

ထိုအချိန်တွင် လင်းယွန်က အလင်း အတွင်းမှ ခုန်ချ လာပြီး၊ သူတို့ နှစ်ဦးထံ ဓားနှင့် ခုတ်ချ လာသည်။

မမြင်ရ သော်လည်း၊ ခံစား နိုင်သဖြင့်၊ ခုခံ ကာကွယ်ရန် အတတ် နိုင်ဆုံး ကြိုးစား လိုက်မိ သည်။

“ ရွှပ် ... ။ ”

သို့သော် ကြိုးစား သမျှ အရာ မထင် တော့ချေ။ ဓားအလင်းမှ အရာရာကို ဖြတ်ကျော် ဝင်ရောက် လာသည်။

“ ဒါ ... ။ ”

နှစ်ယောက်သား တုန်လှုပ် သွားသည်။ ပူးပေါင်း ကာကွယ်ရန် ကြိုးစား ခြင်းမှာ၊ အရာ မထင် ခဲ့ချေ။

“ ဓား ရည်ရွယ်ချက်ပဲ။ ”

လက်မောင်း အရင်းမှ ခုတ်ဖြတ်ခံ လိုက်ရသော ရှယွင်ကျန်းကို သတိ ရလာပြီး၊ ကြက်သီး တဖြန်းဖြန်းထ ကုန်သည်။

“ တိမ်တွေ အောက်က ... ၊ သက်ရှိတွေ အားလုံး ပုရွက်ဆိတ်တွေ ပါပဲ၊ သိုင်း ရည်ရွယ် ချက်ပေါင်း သုံးထောင် ထဲမှာ၊ ဓားဆိုတာ ပြိုင်ဘက် ကင်းပါ။ ”

“ ကျီး ... ။ ”

လင်းယွန် အသံက သူတို့ နှစ်ဦးကို ပို၍ တုန်လှုပ် လာစေ၏။ ငှက်ပြာလေး (၁၃) ကောင် ထွက်ပေါ် လာပြီး၊ ခရမ်းရောင် ဓားရှည်ကြီး တစ်လက် အဖြစ် ပေါင်းစပ် သွားသည်။

ထိုဓား၏ ရောင်ခြည်တော် အောက်တွင်၊ ကျောက်တုံးများ၊ အဆောက် အဦးများ၊ သတ္တု များနှင့်၊ သစ်ပင်များ အားလုံး၊ အမှုန်များ ဖြစ် ကုန်၏။

“ ချွင် ... ။ ”

ထိုဓားသည် ဓား အားလုံး၏ ဘုရင်နှင့် တူသည်။ မြည်ဟည်းသံ ဖြင့်ပင်၊ မိုင် တစ်ရာ အတွင်းရှိ၊ ဓားများ အားလုံး ပျံတက် လာ၏။

“ ဝှစ် ... ၊ ဝှစ် ... ၊ ဝှစ် ... ။ ”

ကျိုင်းကောင်များ သကဲ့သို့၊ ဓားများ ပျံတက်လာသည်။ သို့သော် အချိန် အနည်းငယ် အတွင်း၌၊ ၎င်းတို့၏ အလင်းများ ပျောက်ကွယ် ကုန်ပြီး၊ သံချေး အလိမ်းလိမ်း ဖြစ်လာ၏။

ထက်ရှမှု များကို ခရမ်းရောင် ဓားမှ ဝါးမျိုသွား သောကြောင့်၊ မြေပြင်ပေါ် ချက်ချင်း ပြုတ်ကျ ကုန် တော့သည်။

“ တိမ်လွှာဓား (၁၃)ကွက်၊ — အနန္တဓား အဖြစ် ပေါင်းစည်းခြင်း။ ”

ပန်းသင်္ချိုင်း ဓားကို ညာလက်ဖြင့် ဦးစွာ ဆုပ်ကိုင်ကာ၊ ဘယ်လက်နှင့် အပေါ်မှ ထပ်မံ အုပ်ကိုင် လိုက်၏။

“ ဒုန်း ... ။ ”

အကန့် အသတ်မဲ့ ဓား ရောင်ဝါများ ပေါက်ကွဲ ထွက်လာ သဖြင့်၊ ဓား မလွှဲမီ ယဲ့ရွှင် နှင့်၊ ဖန်းမူယန်မှာ ဒူးထောက် ကျ သွားသည်။

နာကျင်မှု များကြောင့်၊ မျက်နှာမှာ ရှုံ့တွ နေပေ၏။ ဓားရောင်ဝါ ဖိအားက ကြောက်စရာ ကောင်းလွန်း ချေပြီ။

တိမ်လွှာဓား (၁၃) ကွက်၏ ဝိညာဉ် တော်သည်၊ သူတို့ ခံနိုင်သော အရာ မဟုတ်ချေ။

“ ရပ် ... ။ ”

သာလွန် ပင်မ နတ်ဘုရား သုံးပါးမှာ၊ ရပ်ကြည့် မနေနိုင် တော့ချေ။ သူတို့၏ ပါရမီရှင် များကို၊ ဒူးထောက် ခိုင်းခြင်းသည် လွန်၏။

“ ရွှပ် ... ။ ”

သို့သော် လင်းယွန်မှ မရပ် ခဲ့ချေ။ ပန်းသင်္ချိုင်း ဓားကို လွှဲခုတ်ချ လိုက်တော့သည်။ ဓားမှ အလင်းများ ပြေးထွက် သွားချေ၏။

***

All Chapters