မင်းက ဘယ်သူလဲ။
Vol. 93 Ch. 1302
ဖြစ်စဉ် အားလုံး ပြီးဆုံး သွားသော အခါ၊ နှစ်ပေါင်း များစွာ ကုန်ဆုံးသွား သကဲ့သို့ ခံစား လာရသည်။
ယဲ့ရွှင်နှင့် ဖန်းမူယန် တို့၏ သေစေသော တိုက်ခိုက်မှု များသည်၊ လင်းယွန် တိုက်ခိုက်မှု အောက်၌၊ ချက်ခြင်း ပြိုကွဲ ကုန်ပြီး၊ သူတော်စင် လက်နက် များပင်၊ ပျက်စီး သွား၏။
နှစ်ယောက် စလုံး၏ မျက်နှာ၌ ဒဏ်ရာ များဖြင့် ပြည့်နှက် နေကာ၊ သူတို့ကိုယ် သူတို့ ဤမျှ အားနည်း လိမ့်မည်ဟု၊ တစ်ကြိမ်မျှ မထင်ထား ဖူးချေ။
ထို့ပြင် ဒူးထောက် သွား သည်ကို ကျေနပ် ပုံမရ သေးဘဲ၊ ဓားအလင်းဖြင့် ပစ်လွှတ် လာပြန် သည်။
“ ဝေါ့ ... ။ ”
ရင်ဘတ် ထိမှန်ကာ၊ လဲကျ သွားသဖြင့်၊ ချက်ချင်း ပြန် ထရပ်ရန် ရုန်းကန် လိုက်မိသည်။ သို့သော် မလွတ် မြောက်ချေ။
နဂါး ထွက်သက်အား ထုတ်ဖော် လျက်၊
“ လာ ခဲ့ ... ။ ”
လက် တစ်ဖက် ဆုံးရှုံး သွားသော ရှယွင်ကျန်းကို ဆွဲယူကာ၊ သူတို့ နှစ်ဦးနှင့် အတူ၊ ထပ်မံ ဒူးထောက် စေလိုက်သည်။
“ မင်း ... ရူးနေ ပြီလား၊ တန်ခိုးကြီး ဂိုဏ်း သုံးဂိုဏ်းရဲ့ ရန်သူ ဖြစ်ရင်၊ နတ်ဘုရား တောင်မှ၊ မင်းကို ကယ်တင် နိုင်မှာ မဟုတ်ဘူး။ ”
သို့သော် ယဲ့ရွှင်နှင့် ဖန်းယန်မှာ စကား တစ်ခွန်းမှ မပြော ဝံ့သည့် အထိ၊ ကြောက်လန့် နေကြသည်။
သူတို့ နှစ်ဦး လှုပ်ရှား ပါက၊ အသက်နှင့် ခန္ဓာကိုယ် အိုးစား ကွဲမည် ဟူသော၊ ခံစားချက် မျိုး ပေးစွမ်း လေသည်။
“ မင်းတို့ သုံးယောက် ပေါင်းရင်တောင် ရလဒ်က အရှုံးပဲ။ ”
ထိုစကားက ယဲ့ရွှင်နှင့် ဖန်းမူယန်၏ မျက်နှာကို၊ မည်မှောင် သွားစေသည်။ သူတို့ အားလုံးမှာ မာနကြီး သူများ ဖြစ် သောကြောင့်၊ တစ်ဖက် လူအား အုပ်စုဖွဲ့ရန် မလိုဟု ယုံကြည် မိသည်။
သို့သော် ဒူးထောက် ခြင်းဖြင့် အဆုံးသတ် သွားသည်။ ဤမြင်ကွင်းကို မမျှော်လင့် မိသော ပရိသတ် များမှာ၊ အံ့အားသင့် ကုန်၏။
နောက်ဆုံးတွင် ဤလူငယ် သုံးဦးသည် အင်ပါ ရီယန် အဆင့်၌၊ ရေှ့ရောက်သော ပါရမီ ရှင်များ ဖြစ်ပေသည်။
“ တောင်းပန် ပါတယ်၊ ဒါပေမယ့် ... မင်းတို့ နည်းနည်း နောက်ကျ သွားပြီ ... ။ ”
လင်းယွန်က ပင်မ နတ်ဘုရား များအား စိုက်ကြည့်ပြီး၊ ပြန်ပြော လိုက်၏။ သာလွန် ပင်မ နတ်ဘုရား သုံးပါးမှာ၊ ဒေါသ မီးများ တောက်လောင် လာသည်။
သူတို့ လှုပ်ရှားသော် ဓားစားခံ များကို သတ်ပစ် မည်အား စိုးရိမ် သဖြင့်၊ မဝံ့ ကြတော့ ချေ။
“ ဒီကောင် ရူးနေ တာလား။ ”
သုံးယောက်သား အကြည့်ချင်း ဖလှယ် လိုက်ကြသည်။ ခဏ အကြာတွင် ကောင်းကင် ဘုံ ဓားမော့ ခန်းမ၏ ကျွမ်းကျင် သူက၊
“ နဂါး သူတော်စင် ပုလဲနဲ့၊ အမည်ခံ သူတော်စင် မူလ ပုလဲကို ချန်ထားပြီး၊ မင်း ထွက်သွား လိုက်၊ ငါ့ဓားမော့ ခန်းမက မင်း နောက်ကို မလိုက် ဖူးလို့ ကတိ ပေးတယ်။ ”
-ဟု ဦးစွာ စပြော လိုက်သည်။
“ မှန်တယ် ... ၊ မြေအောက် နန်းတော် ထဲက ရတနာ တွေကို ချန်ထား ခဲ့ပါ၊ မင်းရဲ့ အသက်ကို ငါတို့ ချမ်းသာ ပေးနိုင်တယ်။ ”
“ မိုးကြိုး ဂိုဏ်း ကလည်း ... ၊ မင်း အသက်ကို ချမ်းသာ ပေးမယ်လို့ အာမခံတယ်။ ”
ဂိုဏ်းသုံး ဂိုဏ်းက၊ လင်းယွန်၏ အသက်ကို မယူရန်၊ ဆုံးဖြတ် လိုက်သည့် အတွက်၊ လူတိုင်း အံ့ဩ ကုန်သည်။
“ မင်းတို့ ... တစ်ခုခု မှားနေ တယ်လို့၊ မထင် ဖူးလား။ ”
လင်းယွန်က မျက်နှာ ဖုံးအောက်မှ နေ၍၊ လှောင်ပြုံး ပြုံး လိုက်သည်။
“ ငါ့ ... အသက်ကို ချမ်းသာ ပေးမယ် တဲ့လား၊ အခု မြေပြင် ပေါ်မှာ၊ ဒူးထောက် နေတဲ့ လူက ဘယ်သူလဲ။ ”
မဆိုင်း မတွဘဲ ဓားကို လွှဲ လိုက်ပြီး၊ ယဲ့ရွှင်နှင့် ဖန်းမူယန် လည်ပင်းအား ဒဏ်ရာ တစ်ခုစီ ပေးလိုက်၏။
“ အား ... ။ ”
“ မလုပ်နဲ့ ... ။ ”
မည်သူမျှ မမျှော်လင့် ထား သောကြောင့်၊ လူတိုင်း ထိတ်လန့် ကုန်သည်။ သာလွန် ပင်မ နတ်ဘုရား ကျွမ်းကျင်သူ သုံးဦး သည်ပင်၊ မျက်လုံးပြူး သွား၏။
လည်ပင်းကို ဆုပ်ကိုင်လျက် နာကျင် နေသော မျက်နှာဖြင့်၊ အသက်ရှင် သေးမှန်း သိ လိုက်မှ သာလျှင်၊ သက်သာရာ ရသွား၏။
သည့်နောက် သတ်ပစ်လိုသော ရောင်ဝါကို ထုတ်ဖော် လိုက်ပြီး၊
“ မင်း သေချင် နေတာပဲ။ ”
-ဟု အော်ငေါက် လာလေသည်။
သို့သော် လင်းယွွန်က စကား တစ်ခွန်းမျှ မတုန့် ပြန်ချေ။ ရှယွင်ကျန်းထံ ဓားဖြင့် ထိုးချ လိုက်သည်။
“ အား ... ငါ့ကို ကယ်ပါ။ ”
“ ရပ် ... မင်း ဘာလို ချင်လဲ။ ”
မိုးကြိုး ဂိုဏ်းမှ အနီဝတ် အကြီး အကဲမှာ၊ အံကြိတ်လျက် အလျော့ပေး မိသည်။ အကြည့် ဖြင့်သာ လူသတ်၍ ရပါက၊ လင်းယွန် တစ်ယောက် ပြာကျ နေပြီ ဖြစ်၏။
“ နတ်ကြယ် ပုလဲ၊ ငါးသိန်း ။ ”
လင်းယွန်က ပြန်ဖြေ လိုက်သည်။ ဤလူ များသည် သူ့အား သတ်ရန် ပူးပေါင်းကြ သဖြင့် သဘာဝ အတိုင်း ပေးဆောင် ရပေမည်။
ထိုတောင်းဆို မှုကြောင့်၊ လူတိုင်း အံ့သြ သွားကာ၊ နားကြား လွဲနေ သည်လော ဟုပင် ထင်မြင် လာ မိ၏။
သူတို့၏ ပါရမီရှင် များကို၊ ဓားစာခံ အဖြစ်၊ အသုံးပြုပြီး၊ ခြိမ်းခြောက် ငွေညှစ်နေ ခြင်းသည်၊ သည်းခံ နိုင်စရာ မဟုတ်ချေ။
“ အဟမ်း ... ၊ မင်း နောက်နေ တာလား။ ”
“ နောက်ရအောင် ... မင်းနဲ့ ငါက သိနေ လို့လား၊ မင်းတို့ စိတ်မှာ ဒီသုံးယောက် ဘဝက မထိုက်တန် ဖူးလို့ ထင်ရင်တော့ ... စိတ် မကောင်း ပါဘူး။ ”
တန်ခိုးကြီး ဂိုဏ်းများ အတွက်၊ ထိုပမာဏမှာ၊ သွေ့ရော်ကျွန်း ပြင်ပ ၌သာ ဆိုက မဖြစ်နိုင် သော်လည်း၊ ဤကျွန်း တွင်မူ ပေးချေ နိုင်ပေ၏။
“ တန်ခိုးကြီး ဂိုဏ်း တေွကို၊ ဘယ်သူမှ ငွေမညှစ် ရဲဖူး၊ ငါတို့က ပေးချေလိုက် ရင်တောင် သေွ့ရော် ကျွန်းမှာ၊ မင်း အသက်ရှင် နိုင်မယ်လို့ ထင်နေလား။ ”
မြကျောက်စိမ်း စံအိမ် အကြီး အကဲက တုန်လှုပ် ချောက်ချား နေသော လေသံဖြင့် ပြောလာသည်။
“ ဒါက ... ငါ့ ကိစ္စပါ၊ မင်း ငါ့ကို စိတ်ပူ နေစရာ မလို ပါဘူး။ ”
လင်းယွန်၏ ရင့်သီးစွာ တုန့်ပြန် မှုကြောင့်၊ သာလွန် ပင်မ နတ်ဘုရား သုံးပါး၏ မျက်နှာများ ပျက်ယွင်း သွားသည်။
သူတို့ လှုပ်ရှားရန် မဝံ့ တော့ချေ။ စိတ် မသင့်ပါက၊ သတ်ပစ် မည်ကို စိုးမိ ရပေသည်။ ချက်ချင်း ချွေးများဖြင့် ဖုံးလွှမ်း လာ၏။
“ ဒါ ... ယွင်ကျန်း အတွက် ...။ ”
အနီဝတ် အကြီး အကဲက နတ်ကြယ် ပုလဲ ငါးသိန်း ပါသော အိတ် တစ်လုံးကို လင်းယွန်ထံ ပစ်ပေး လိုက်သည်။
ယင်းက လင်းယွန်ကို နောင်တ ရစေ၏။ ဤလူ များသည် ကျွန်း၌ များစွာ ရိတ်သိမ်းထား နိုင်ပုံ ရသည်။ သည့်ထက် ပို၍ တောင်းဆို သင့် ပေ၏။
“ မဆိုးဘူး ရိုးသားတယ်၊ ကောင်းပြီ... မင်း အခု သွားလို့ ရပြီ။ ”
ပန်းသင်္ချိုင်း ဓားကို ရှယွင်ကျန်း ထံမှ ဆွဲထုတ်ပြီး၊ ကန်ကျောက် လွှတ် လိုက်သည်။ ယင်းကြောင့် အနီဝတ် အကြီး အကဲမှာ မျက်နှာ ပြောင်းလဲ သွားပြီး၊ အမြန် ဖမ်းယူ တော့၏။
“ ငါ့ကို ကယ်ပါ ... ။ ”
“ ငါ့ကို ကယ်ပါ ... ။ ”
ရှယွင်ကျန်း လွတ်မြောက် သွားသည်ကို မြင်သည်နှင့်၊ ဖန်းမူယန်၊ ယဲ့ရွှင် တို့မှာ အလျင် အမြန် အော်ဟစ် တောင်းဆို လာသည်။
“ ဝှစ် ... ။ ”
သိုလှောင်အိတ် နှစ်လုံး ထပ်မံ ပျံသန်း လာ၏။ လင်းယွန်က လက်ကို ဝှေ့ယမ်းလျက် ဖမ်း ယူကာ၊ ကျန် နှစ်ယောက်အား ကန်ထုတ် ပစ်လိုက်သည်။
“ ကျေးဇူး တင်ပါတယ်။ ”
ပြုံးလျက် ကျေးဇူးတင် စကား ဆိုကာ လင်းယွန်က ထွက်သွားရန် ပြင်လိုက်သည်။
“ ရပ်စမ်း ... ၊ မင်းကို ဘယ်သူက သွားခွင့်ပေး လို့လဲ။ ”
အနီဝတ် အကြီး အကဲက ဒေါသ တကြီး ဖြစ်လာပြီး၊ ပြန်လည် လုယူရန် ပြင်လာသည်။
“ မင်းတို့က စည်းမျဉ်း တွေကို ... ၊ ချိုးဖောက်ချင် နေတာလား၊ တောင်းပန် ပါတယ်၊ ငါ့မှာ ... ဓား နှစ်လက် ရှိတယ် ဆိုတာ ပြောဖို့ မေ့သွားတယ်။ ”
လင်းယွန်က လက်ကို ဝှေ့ယမ်းပြီး၊ ဓားသေတ္တာ ထဲမှ လျှပ်စီး တစ်ထောင် ဓားနှင့် ပန်းသင်္ချိုင်း ဓားအား၊ ပြောင်းလဲ လိုက်သည်။
ထိုစကား၏ အဓိပ္ပါယ်ကို တွေးတော နေကြစဉ်၊ ဓားကိုယ် ထည်ရှိ သူတော်စင် ရူရ် တစ်ထောင်က လင်းလက် လာခဲ့၏။
“ သူတော်စင် ရူရ် တစ်ထောင်။ ”
ယင်းကို သိလိုက် သော်မှ၊ အနီဝတ် အကြီး အကဲမှာ၊ အထင် အမြင် သေးစွာဖြင့် ပြုံးရယ်ပြီး၊ ဆက်လက် တိုးဝင် လာသည်။
ကြယ်စင်စု အဆင့်၌ ရှိသော ဤလင်းယွန်သည်၊ ၎င်း၏ စွမ်းအား များကို ထုတ်လွှတ် နိုင်လိမ့် မည်ဟု သူ မယုံချေ။
သို့သော် ထိုသို့ ထင်နေသည့် အခိုက်တွင်၊ ဓားမှာ ခေါင်းပေါ် အုပ်မိုး လာသဖြင့် ဒူးထောက် ချလိုက် ရသည်။
“ မင်းတို့ တစ်ယောက်မှ ငါ့ကို မတား နိုင်ပါဘူး။ ”
လင်းယွန်က ဒူးထောက် နေသော အကြီးအကဲကို ကြည့်ပြီး၊ အေးစက်စွာ ပြော လိုက် လေသည်။
အနီဝတ် အကြီး အကဲမှ၊ စကား တစ်ခွန်းမျှ မဆိုဝံ့ တော့ပေ။ မိုးကြိုး ဂိုဏ်းသည် ယနေ့၌ လုံးဝ အရှက်ကွဲ သွားပြီ ဖြစ်သည်။
ကျန် အကြီး အကဲ နှစ်ဦးမှာ၊ နဖူးရှိ ချွေးများကို အသာ ခိုးသုတ် လိုက်ပြီး၊ စိတ် သက်သာရာ ရသွားသည်။
သူတို့ နှစ်ဦး အနည်းငယ် နှေးကွေးခဲ့ သည်မှာ၊ များစွာ ကံကောင်း ပေ၏။ မဟုတ် သော် သူတို့ သည်လည်း၊ အလားတူ ဒူးထောက် နေရ ပေမည်။
တစ်ချိန်တည်း မှာပင်၊ သူတော်စင် ရူရ် တစ်ထောင် လက်ရာသည်၊ ကြောက်မက်ဖွယ် ကောင်းကြောင်း၊ နားလည် လာမိ၏။
“ မင်း ... နာမည်ကို ပြောခဲ့ဖို့ သတ္တိ ရှိလား။ ”
ယဲ့ရွှင်က အော် မေးလိုက်သည်။ ကောင်းကင်ပေါ် ခုန်တက် သွားသော လင်းယွန်မှ ပြန်လှည့် ကြည့်ပြီး၊
“ ငါ နာမည် ပန်းသင်္ချိုင်း ၊ ပန်းတွေနဲ့ လူတွေကို မြှုပ်နှံ ပေးမဲ့ လူ။ ”
-ဟု အဖြေ ပြန်ပေး လာခဲ့သည်။
ဤလူသည် သွေ့ရော် ကျွန်းသို့ အမှန် တကယ် လာရဲ သဖြင့်၊ ဖန်းမူယန်၊ ယဲ့ရွှင်နှင့် ရှယွင်ကျန်းတို့ သုံးဦးမှာ၊ တိတ်ဆိတ် သွား တော့၏။
***