← Chapters

အထွတ် အထိပ် ပါရမီရှင်- (၁)။

Vol. 94 Ch. 1303

အထွတ် အထိပ် ပါရမီရှင်- (၁)။

Vol. 94 Ch. 1303

သူတော်စင် ရူရ် တစ်ထောင်၏ အစွမ်း သတ္တိထက်၊ လင်းယွန် ပြန်ဖြေ လာသည့် စကား မှာ၊ ပို၍ တုန်လှုပ်ဖွယ် ကောင်းလေသည်။

စစ်မက် နယ်မြေ (၁၀) ရပ်အား၊ ရက်ရက် စက်စက် နှိမ်နင်း ကျော်ဖြတ် လာသော နဝမ မြောက်၊ ကောင်းကင်လမ်း ချန်ပီယံ ဖြစ်၏။

“ ပန်း သင်္ချိုင်း ... ။ ”

နှစ်ဝက် အတွင်း၊ ကျန် ကောင်းကင် လမ်း (၈) လမ်းမှ ချန်ပီယံ များက၊ စွမ်းရည်များ ပြသ ခဲ့ပြီး၊ ခွန်လွန် နယ်မြေ တစ်ခုလုံး၊ တုန်လှုပ် သွားစေ သည်။

အသက် မဆုံးရှုံး သရွေ့၊ သူတော်စင်များ ဖြစ်ရန်၊ အလား အလာ ကောင်းများ ပိုင်ဆိုင် ထား ကြ၏။ ဤသည်မှာ အမြင့် မားဆုံး အကဲ ဖြတ်ချက် ဖြစ်ပြီး၊ အထွတ် အထိပ် ပါရမီရှင် များနှင့် အဆင့် တူဟု ပြောနိုင်သည်။

ချန်ပီယံ (၈) ယောက်မှ၊ ထိုသို့ ထွန်းလင်း တောက်ပ နေချိန်တွင် နဝမမြောက် ချန်ပီယံမှာ၊ ပျောက်ကွယ် နေခဲ့သည်။ သေဆုံး သွားပြီ ဟုပင် ပြောဆိုလာ ကြ၏။

ငရဲ နတ်ဘုရား မိသားစု အပေါ်၊ စစ်မက် နယ်မြေ များ၏ ခေါင်းဆောင် အဖြစ်၊ နတ်နဂါး အင်ပါယာမှ အပ်နှင်း ခဲ့သည်။

၎င်းတို့၏ အခြေခံ အုတ်မြစ်ကြောင့်၊ နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံမှာ၊ အသက် ရှင်နေသေး လျှင်ပင်၊ တစ်သက်လုံး ပုန်းလျှိုး ကွယ်လျှိုးနှင့်၊ ရှင်သန်ရ ပေလိမ့်မည်။

သူ့သတင်း ကြားရုံဖြင့်၊ ငရဲ နတ်ဘုရား မိသားစုနှင့်၊ ကောင်းကင်ယံ ဂိုဏ်းမှ လိုက်လာ မည် ဖြစ်၏။ သူ့ လမ်းမှာ အန္တရာယ်များ လွန်းပြီး၊ လဲကျရန် အခွင့် အလမ်းများလေသည်။

“ ငါတို့ သည်းခံ ရုံက လွဲပြီး၊ ရွေးချယ် စရာ မရှိ တော့ဘူး။ ”

နဝမမြောက် ကောင်းကင် လမ်းသည် မကြုံစဖူး ပြင်းထန် လှ၏။ ပါရမီရှင် သန်းပေါင်း များစွာနှင့် ယှဉ်ပြိုင် ရခြင်း ဖြစ်သည်။

ယဲ့ရွှင်မှ အနာဂါတ်တွင် ဤမျက်နှာဖုံး ရှင်အား၊ လက်စား ချေရန် အတွေးကို စွန့်လွှတ် လိုက်ရသည်။

“ ဒါပေမယ့် ... ၊ သူ လာတာ စောတယ်။ ”

ဖန်းမူယန်က ခေါင်းရမ်းလျက်၊ ပြော လာသည်။ သူ့ စကား မမှားချေ။ ချင်းကန်သာ ကြားသိ ပါက၊ ပန်း သင်္ချိုင်း အတွက်၊ သေခြင်း သည်သာ၊ တစ်ခု တည်းသော ရလဒ် ဖြစ် ပေမည်။ မည်သူမျှ ကယ်တင် နိုင်မည် မဟုတ်ချေ။

“ သူက သန်မာ ပါတယ်၊ ဒါပေမယ့် ... ဘီလူးတေွနဲ့ ယှဉ်ရင် ကွာဟချက် ရှိနေတုန်း ပါပဲ၊ အဲဒီ ဘီလူး တေွက၊ သူတို့ရဲ့ ...

... ပင်မ နတ်ဘုရား အမြု တေမှာ၊ သူတော်စင် ရူရ်ကို ထွင်းထု နေကြပြီ၊ သူ့ အတွက် မျှော်လင့်ချက် မရှိ တော့ဘူး။ ”

ရှယွင်ကျန်းမှ ပြောကြား လာသည်။ သူ့ လက်ကို ပြန်၍ တပ်နိုင် ခဲ့လျှင်ပင်၊ သူ့ အတွက် အမည်းစက် အဖြစ် လိုက်ပါ နေတော့မည် ဖြစ်သည်။

“ ဝှစ် ... ။ ”

လေးနာရီ ကြာ ပြီးနောက်၊ လူသူ ကင်းရှင်းသော တောင်ကုန်း တစ်ခု ပေါ်သို့ ဆင်းသက်ကာ၊ လင်းယွန်က မျက်နှာဖုံး ချွတ်လိုက် သည်။

လျှပ်စီး တစ်ထောင် ဓားသည် အမှန်ပင် အားကောင်း လှပေ၏။ ငွေလမင်း၊ ထောင်စုနှစ် မီးလျှံ နှင့်၊ လျှပ်စီး တစ်ထောင် ဓား တို့သည်၊ မိုမိသားစုမှ လာသော ရတနာများ ဖြစ်ချေပြီ။

မို မိသားစုသည် လျှို့ဝှက် ဆန်းကြယ်ပြီး၊ ခွန်လွန် နယ်မြေ ၌ပင်၊ ဒဏ္ဍာရီ တစ်ပုဒ် ဖြစ်၏။ လျှပ်စီး တစ်ထောင် ဓား မရှိသော်၊ သာလွန် ပင်မ နတ်ဘုရား များကို၊ ရင်ဆိုင် ဝံ့မည် မဟုတ်ခေျ။

အနိုင်ရ ခဲ့ လျှင်ပင်၊ လွယ်ကူသည့် နိုင်ပွဲမျိုး မဟုတ် သဖြင့်၊ တစ်စုံ တစ်ယောက်မှ သူ့ အပေါ် အခွင့်ကောင်း ယူလာ နိုင်သည်။

သို့သော် ဤဓားသည် သူ့ သိုင်းဝိညာဉ်နှင့် ငြိမ်းချမ်းစွာ မနေနိုင်သည့် အတွက်၊ နှမျော စရာ ပေပင်။ မဟုတ် ပါက ဤမျှ မြန်မြန် ထွက်လာ မိမည် မဟုတ်ချေ။

ဓားကို နာရီဝက် မျှသာ ကိုင် နိုင်သည်။ ထို့ထက် ပို၍ ကြာမြင့်စွာ ကိုင်မိသော် ကျိုးနိုင် သဖြင့်၊ နှလုံးသားမှ သွေးစိမ်း ရှင်ရှင် ထွက်ရ ပေလိမ့်မည်။၊

ဓားအား အဆုံးရှုံး ခံမည့် အစား၊ နဂါး သူတော်စင် ပုလဲနှင့် အမည်ခံ သူတော်စင် ပုလဲ ကိုသာ၊ လက်လွှတ် မိပေမည်။

ပန်းသင်္ချိုင်း ဓား အပြင်၊ နောက်ထပ် ဓား တစ်လက်ကို ကိုင်ဆွဲခွင့် ရရှိ ရန်မှာ၊ ရှားပါးသော ဖြစ်ရပ် ပေပင်။

လျှပ်စီး တစ်ထောင် ဓားသည် သူ၏ သိုင်းဝိညာဉ်ကို အန်တုနိုင်သော ဓားတစ်လက် ဖြစ်ခေျ၏။

ယင်းက ဓားသမား တစ်ယောက်၏ ရူးမိုက်သော နှလုံးသားနှင့် တူသည်။ ဤဓား၏ ဒေါသမှာ၊ ကျန့်ကျင်းရှန် ကဲ့သို့ပင် ပြင်းထန်၏။

ထိုအချက်ကို တွေးတော မိစဉ်၊ နယ်ပယ် သုံးခု ချန်ပီယံ ဖြစ်သော အဖိုးကြီး၏ ဒဏ္ဍာရီ အပေါ်၊ ပီတိ ဖြစ်လာ မိသည်။

ခရမ်းငယ်က နှင်းဦးရည် နှင့်အတူ ဓားသေတ္တာ ထဲမှ ထွက်လာသည်။ ဤတစ်ကြိမ် ၌ ဓားကိုယ်ထည်တွင် နှင်း ရူရ်များ လင်းလက် နေ၏။

“ ဝှစ် ... ။ ”

တိတိ ပပ ဆိုသော် ဓားမော့ တစ်လက် ဖြစ်ပြီး၊ ခရမ်းငယ်က လေထဲ မျောနေသော ဓား အပေါ်၊ ခုန်တက်ကာ ထိုင်ချ လိုက်၏။

သည့်စဉ် ဓား ရောင်ဝါနှင့် ခရမ်းငယ်၏ စိတ်နေ စိတ်ထားမှာ၊ ပြီးပြည့် စုံစွာ ပေါင်းစပ် သွားသည်ဟု ခံစားလာ မိသည်။

ဓား အရှည်မှာ သူမ အရပ်နှင့် အတူတူ ဖြစ်၏။ ထို့ကြောင့် သူမ ဓားကို မဆွဲ နိုင်ချေ။ ဟိတ်ဟန်ထုတ် စီးနင်းရန် အတွက်သာ သုံးနိုင်သည်။

“ ဧကရီ ... ၊ ဒီလျှပ်စီး တစ်ထောင် ဓားက ဝိညာဉ် ရှိတယ် မဟုတ်လား။ ”

လင်းယွန်က မေးသည်။

“ ရှိနိုင် ပါတယ်၊ ဒါပေမယ့် သေသွားပြီ၊ အနည်း ဆုံးတော့ ... ၊ ကျန့်ကျန်းရှင် လက်ထဲ မရောက်ခင် ထဲက မရှိတော့ တာပဲ။ ”

“ ဝိညာဉ် ရှိရင် ... ၊ နတ်ဘုရား လက်ရာလို့ ခေါ်နိုင် မလား။ ”

“ အင်း ... ဟုတ်တယ်၊ နတ်ဘုရား ရူရ်ရဲ့ ရောင်ဝါကို၊ ရှေးဟောင်း သူတော်စင် သားရဲရဲ့ ဝိညာဉ် ကပဲ ခံနိုင်တယ်၊ ရှေးဦးခေတ်က ယဇ် ပူဇော်ခြင်း မပြု ကြဘဲ၊ ...

... နတ်သားရဲ တွေကို ဖမ်းပြီး၊ နတ်ဘုရား ပစ္စည်း တွေမှာ၊ ဝိညာဉ် ထည့်သွင်းတဲ့ လူတွေ ရှိတယ်။ ”

“ မင်းကိုရော ... ၊ ဖမ်းဖို့ ကြိုးစားတဲ့ သူ ရှိလား။ ”

“ ဒီဧကရီက ... နတ်ဖီးနစ် သားရဲ့ တစ်ကောင်ပဲ၊ ငါသာ ဆန္ဒ မရှိရင်၊ ဘယ်သူမှ အတင်း အကျပ် ခိုင်းစေ လို့ မရဘူး ... ၊ ဒါပေမယ့် ...

... သေခြင်း တရားကို မကြောက်တဲ့ လူတွေလည်း ရှိတယ်၊ ဒီဧကရီကို အနိုင်ယူ နိုင်မယ်လို့ သူတို့က ထင်နေ ကြတာ။ ”

“ သူတို့ ဘာဖြစ် သွားလဲ။ ”

“ မိသားစု တစ်ခု လုံးကို၊ အမြစ်ပြတ် သုတ်သင် ပစ် လိုက်တယ်၊ ကလေးပါ မကျန် ခဲ့ဘူး။ ”

သို့သော် သူမသည် ကြွားဝါ ခြင်း မျှသာ ဖြစ်သည်ဟု သူ ခံစား မိသည်။ အမှန် ဆိုသော် အိုင်းရစ် ဓား သူတော်စင်မှ၊ သူမအား အနှစ် တစ်သိန်း ကြာအောင်၊ ပိတ်လှောင် ထား လိမ့်မည် မဟုတ်ပေ။

နတ်ဖီးနစ် မိသားစု၏ ရေခဲ စာကလေး တစ်ကောင်သည် ယခု အချိန် အထိ၊ အသက်ရှင် နေနိုင် သောကြောင့်၊ သူမကို ဖမ်းစီး လိုသူများ အမှန်ပင် သေဆုံး သွားနိုင်သည်။

“ ဝှစ် ... ။ ”

လျှပ်စီး တစ်ထောင် ဓားကို မြေပြင်သို့ ထိုးစိုက် ပြီးနောက် ထိုင်ချကာ လက်နှစ်ဖက် စလုံးအား၊ ဒူးပေါ် တင် လိုက်သည်။

ထိုအချိန်တွင် သူ့တင်ပါး အောက်၌ ခရမ်းရောင် ပန်း တစ်ပွင့် ပွင့်လာသည်။ တိုက်ပွဲ များ အပြီး၊ သူ့ကိုယ်သူ ပြန်လည် ကုသရန် လိုပေ၏။

များမကြာခင် ဓားနှစ်လက် ကဲ့သို့ ထက်ရှသော မျက်လုံးများ ပြန်ပွင့် လာသည်။ ဤတစ်ကြိမ် အလွန် တန်ဖိုး ကြီးမားသော အသီး အနှံကို၊ သူ ရရှိ ခဲ့သည်။

နတ်ကြယ် ပုလဲ တစ်ခုတည်း သည်ပင် (၇)သန်းခန့် ရရှိ ထားသည်။ နဂါးလေး မှလည်း ရတနာ များစွာ သိမ်းယူ နိုင်ခဲ့၏။

သူတော်စင် အသီး အနှံနှင့်၊ ရှေးဟောင်း သိုင်းပညာရပ် မျိုးစုံ မှတ်တမ်းတင် ထားသော ကျောက်စိမ်း တုံးများ ပါဝင်သည်။

အများ စုမှာ၊ သူ့ အတွက် အသုံး မဝင် လှချေ။ သို့သော် လျှပ်စီး တိမ်လွှာဓား ဂိုဏ်းတွင် ထားခဲ့ခြင်းဖြင့်၊ အပြာရောင် စံအိမ် နယ်မြေ၌၊ အသန်မာဆုံး ဂိုဏ်း ဖြစ်လာ နိုင်ပေမည်။

***

All Chapters