အထွတ် အထိပ် ပါရမီရှင်- (၂)။
Vol. 94 Ch. 1304
တန်ဖိုး အရှိဆုံးမှာ၊ နဂါး သူတော်စင် ပုလဲနှင့်၊ အမည်ခံ သူတော်စင် မူလ ပုလဲတို့ ဖြစ်သည်။
အမည်ခံ သူတော်စင် မူလ ပုလဲကို သန့်စင်ရန်၊ ပင်မ နတ်ဘုရား နယ်ပယ်သို့၊ ရောက်ရန် လို၏။
“ နေဦး ... ။ ”
လင်းယွန်က နဂါး သူတော်စင် ပုလဲကို သန့်စင် ခါနီးတွင်၊ ခရမ်းငယ်မှ ဟန့်တား လာ လေသည်။
သူမက နှင်းဦးရည် ဓားမော့ ပေါ်တွင် ထိုင်လျက်၊ ဝိညာဉ် ရေးရာ အစီရင် တစ်ခုကို၊ လင်းယွန်အား ဗဟိုပြုကာ၊ ခင်းကျင်း ပေး လေသည်။
လုပ်ငန်းစဉ် တစ်ရပ်လုံး သတိ ကြီးစွာ လုပ်ဆောင် နေကြောင်း မြင်သာ၏။ အဆုံးတွင် ဤနေရာသည် ဝေးလံ ခေါင်ဖျား လှပြီး၊ မတော် တဆ ဖြစ်ခဲ့သော်၊ ဓားရည်ရွယ် ချက်ဖြင့် အလွယ် တကူ ပိတ်ဆို့ ထားနိုင်သည်။
နေ့ဝက် ကြာ ပြီးနောက်၊ အစီရင်ကို အပြီးသတ် လိုက်သည်။
“ ပြီးပြီ ... ၊ အခု စလို့ ရပြီ ... ။ ”
လင်းယွန်က ခေါင်းညိတ်ပြီး၊ ကျောက်စိမ်း ပုလင်းကို ဖွင့်လိုက်သော အခါတွင်၊ ဟောက်သံ တစ်သံ ထွက်ပေါ် လာကာ၊ အငွေ့များ ထွက် လာသည်။
ထို့ကြောင့် မျက်လုံးကို လက်ဖြင့် ကွယ်လျက်၊ ပြန်ချောင်း ကြည့်မိသည်။ အဆုံး တွင် ကျောက်စိမ်း ပုလင်း ထဲမှ၊ နဂါး တစ်ကောင် ထွက်လာ၏။
နဂါးက ကောင်းကင်ပေါ် ချက်ချင်း ပျံတက်သွားပြီး၊ ထွက်ပြေးရန် ကြိုးစားသည်။ သို့သော် ခရမ်းငယ် အစီရင်အား မဖောက်နိုင် ခဲ့ချေ။
များ မကြာခင် ထိုဝိညာဉ် ရေးရာ အစီရင်ကြောင့်၊ နဂါး၏ ကိုယ်ထည်မှာ၊ သဲမှုန် များကဲ့သို့ ပြိုကျ လာသည်။ ၎င်း၌ ဆေးဖက်ဝင် အပင်၏ ရနံ့များ ပါဝင် နေ၏။
အဆုံးတွင် နဂါး ခေါင်းသာ ကျန်ရှိပြီး၊ မျက်ဝန်း တစ်စုံက လင်းယွန်နှင့် ခရမ်းငယ်ထံ၊ ငုံ့ကြည့် လာသည်။ မျက်ဝန်း ထဲ၌ မာနနှင့် ကြမ်းကြုတ် မှုများ ထင်ဟပ် နေ၏။
ချုပ်နှောင် ခံရ သည်ကို ပျော်ပုံ မရချေ။ ပါးစပ် ဟကာ၊ ဟိန်းဟောက် တော့မည့် အချိန် ၌၊ ခရမ်းငယ် နဖူး ပေါ်ရှိ နတ်ရူရ် နှစ်လုံး ပွင့် လာသည်။
ထို့နောက် နဂါးခေါင်း အက်ကွဲ လာပြီး၊ အက်ကြောင်း အတွင်းမှ အလင်း ခုနစ်သွယ် ထွက်ပေါ် လာ၏။
ဆေးဘက်ဝင် အမွှေး အကြိုင် များနှင့် နဂါးသွေး အနှစ် သာရ များ စိမ့်ထွက် လာသည်။ ယင်းကြောင့် လင်းယွန်၏ သူတော်စင် နဂါး ခန္ဓာမှာ၊ သွေးများ ပွက်ပွက်ဆူ လာ တော့၏။
ဆာလောင် လာပုံ ရသည်။ ပူနွေးသော စီးကြောင်းကို ရုတ်တရက် ခံစားလိုက် ရပြီး၊ ကျင့်ကြံမှုမှာ တိုးလာ ၏။
“ ..... ။ ”
ကြယ် စွမ်းအင်များ ပို၍ သန့်စင် လာကာ၊ ခရမ်း- ရွှေရောင် နဂါးကြီး တစ်ကောင် ပျံထွက် သွားသည်။
“ ဂျိန်း ... ။ ”
ထိုနဂါး ဝန်းကျင်၌ မိုးကြိုး မုန်တိုင်းများ ဖြစ်တည် လာပြီး၊ ခန္ဓာမှာ (၁၀)ပေ အထိ ရှည် ထွက်လာသည်။
ယင်းက မိုးပြာ နဂါး အစစ် မဟုတ် သော်လည်း၊ သွေးကြော မျှဉ်များ ပါရှိ နေ၏။
ထို့ကြောင့် နဂါး အငွေ့ အသက် ပိုင်ဆိုင် ထားသည်မှာ၊ ပြောစရာ မလိုချေ။ ၎င်းအသွေး အသားသည် နဂါးမောက် သီးမှ ဆင်းသက် လာခြင်း ဖြစ်သည်။
မိုးပြာ နဂါးက၊ မျက်လုံးများ တောက်ပ လာပြီး၊ သူ့ရှေ့ရှိ ‘နဂါး သူတော်စင်၊’ ဦးခေါင်းကို ဝါးမြို လိုက် တော့သည်။
ထိုကြောင့် လင်းယွန်၏ မိုးပြာ နဂါးမှာ၊ ချက်ချင်း အရွယ် အစား ကြီးမား လာလေသည်။ အကြေး ခွံများ တဖျပ်ဖျပ် တောက်ပလျက်၊ အစာ ချေဖျက်နေ သကဲ့သို့၊ အနည်းငယ် ငြိမ်သက် သွားသည်။
ထိုအချိန်တွင် နဂါး သူတော်စင် ပုလဲတွင် ကျန်ရှိသော အနှစ် သာရ ပမာဏမှာ၊ လက်သီး အရွယ်သာ ကျန်ရစ် တော့၏။
“ ဒါမှ နဂါး သူတော်စင် ပုလဲပဲ။ ”
အနှစ် သာရကို ကြည့်ပြီး၊ နှလုံးသားများ ခုန်ပေါက် လာသည်။
“ ဒီသူတော်စင် အနှစ် သာရကို သန့်စင် လိုက်ရင်၊ နင့်ရဲ့ မိုးပြာ နဂါးမှာ နဂါး ပုလဲ ရှိလာ လိမ့်မယ်၊ ဒါပေမယ့် အနာဂတ်မှာ၊ ...
... နဂါး အရိုး အစစ်ကို ရှာတွေ့ဖို့ လိုပါ သေးတယ်၊ မဟုတ်ရင် နင့် နဂါးက အမြဲတမ်း အားနည်း နေဦး မှာပဲ။ ”
ခရမ်းငယ်မှ ရှင်းပြ လာသည်။ မိုးပြာ နဂါး ဘုရင်၏ အရိုး အစစ်နှင့် ယှဉ်နိုင်သော နဂါးအရိုး ရရန်၊ မလွယ်ချေ။ ထို့ကြောင့် လင်းယွန်က သက်ပြင်းချ လိုက်မိသည်။
နဂါး သခင်ပေး ခဲ့သော အရိုးသည် မိုးပြာ နဂါး ဘုရင်၏ ပင်မ အရိုး ဖြစ်သည်။ ရှားပါးပြီး နတ်နဂါး အရိုး နှင့်ပင်၊ ယှဉ်နိုင် ပေ၏။
“ ဖျစ် ... ။ ”
မိုးပြာ နဂါးက နဂါး သူတော်စင် ပုလဲကို စားသုံး ပြီးနောက်၊ လေထု အလယ် လူးလွန့် လျက်၊ လျှပ်စီးများ လက်လာသည်။
တစ်ချိန်တည်း မှာပင်၊ လေထု ထဲရှိ ဆေးဖက်ဝင် အာနိသင် များကို စုပ်ယူပြီး၊ (၃) မီတာ နီးပါး ရှိသော၊ ခရမ်း- ရွှေရောင် ပိုးအိမ် အဖြစ်၊ ဖွဲ့တည် သွား၏။
တောင်ထိပ်တွင် ရပ်နေသော လင်းယွန်က နဂါး ပိုးအိမ်ကို ကြည့်လိုက်သည်။ ပိုးအိမ်တွင် သွေးစ သေွးနများ ပါရှိ နေ၏။
မျက်လုံးများ အတွင်း၊ သွေး မီးတောက် မှော်နဂါး သတ္တု၏ နတ်ဘုရား ရူရ်က၊ တောက်ပ လာသည်။ သို့သော် နဂါး သခင် ပေးသော နဂါး အရိုးရှိ၊ နတ်ဘုရား ရူရ်ကို မယှဉ် နိုင်ချေ။
ခရမ်းငယ်မှ နတ် မီးတောက်နှင့်၊ ၎င်းကို အဆင့် မြှင့်တင် ပေးခဲ့သည်။ ထို့ကြောင့် အင်ပါ ရီယန် တစ်ပါး မျှသာ ဖြစ်သော သူ့အား၊ ပင်မ နတ်ဘုရား များနှင့် ရင်ဆိုင် ရာတွင်၊ အထောက် အကူ ပေးမည် ဖြစ်သည်။
သို့သော် သဘာဝ အတိုင်း၊ မွေးဖွား လာသော နတ်ဘုရား ရူရ်နှင့်၊ နှိုင်းယှဉ် နိုင်မည် မဟုတ်ချေ။
ရွှေခေတ်တွင် ဝိညာဉ် ရေးရာ ဆရာ သခင် များက၊ ၎င်းတို့၏ စွမ်းအားဖြင့်၊ နတ်ရူရ် များကို၊ ဖန်တီး နိုင် သည်ဟု၊ ခရမ်းငယ်မှ ပြောလာ ခဲ့သည်။
ထိုစကားကြောင့် နဖူး ပြင်၌ တောက်ပ နေသော နတ်ဘုရား ရူရ် နှစ်လုံးထံ၊ လင်းယွန်မှ ကြည့်မိ လေသည်။
ရူရ် နှစ်ခု လုံးသည် နတ်ဘုရား ရူရ်များ ဖြစ်ပြီး၊ တစ်လုံးမှာ နဂါး ဘုရင်၏ ရူရ် ဖြစ်၏။ ကျန်တစ်ခုမှာ နတ်ဖီးနစ် မိသားစု ဝင်များ၏၊ မွေးရာပါ ရူရ် ဖြစ်သည်။
ထို့ကြောင့် အဖိုးတန် သွေးမီးတောက် မှော်နဂါး သတ္တု ရူရ်ကို၊ မျက်လုံးထဲ မရှိခြင်း ပေပင်။
“ နင့်ရဲ့ နက္ခတ်ကို ထုတ်ဖော်ဖို့ အချိန် တန်ပြီ။ ”
သူမ စကားကြောင့် လင်းယွန် သွေးများ ချက်ချင်း ပွက်ပွက်ဆူ လာသည်။ ဤနေ့ကို ငံ့လင့် နေခြင်း ဖြစ်၏။
ညာ လက်သီးကို ဆုပ်ကိုင် လိုက်ရာ၊ ခန္ဓာကိုယ် အတွင်းမှ သွေးများ တဟုန်ထိုး စီးဆင်း လာသည်။ သည် အချိန်၌ ကမ္ဘာကြီး တစ်ခုလုံး ဆုပ်ကိုင် ထား သကဲ့သို့၊ ခံစား လိုက်ရ၏။
( သူတို့က ဘီလူးတွေ တဲ့လား။ )
ခွန်လွန် ဘုံ၏ အကျော် အမော် ပါရမီရှင် ဟူသော ထိုဘီလူး များကို၊ ရိုက်နှက်ခွင့် ရပေ တော့မည်။
***