နက္ခတ် အဆင့်သို့။
Vol. 94 Ch. 1305
တောင်ထိပ်၌ အသက် ပြင်းပြင်း ရှူလျက်၊
“ အိုင်းရစ် ဓား သူတော်စင်ရဲ့ ... ၊ နက္ခတ်မျိုး ဖွဲ့စည်းလို့ ရနိုင် မလား။ ”
-ဟု စိတ်တည် ငြိမ်အောင် ထိန်းကာ မေး လိုက်သည်။
“ အဲဒါကို အိုင်းရစ် ဓား သူတော်စင်က ဖန်တီး ခဲ့လို့၊ ခရမ်းရောင် ကြယ်စုလို့ ခေါ်တယ်၊ သူက ခေတ်အစမှာ မွေးဖွား ခဲ့ပြီး၊ ...
... ဖြည်းဖြည်းချင်း ပြည့်စုံအောင် ပုံဖော် ခဲ့တယ်၊ ဒီကြယ်စုက အုပ်စိုးရှင် ကြယ်စုတေွ ထဲက တစ်ခု ဖြစ်လို့၊ ကောင်းကင် အောင်နိုင် ခြင်း ကြယ်စုလို့ ခေါ်တယ်။ ”
“ အိုး ... ၊ ကောင်းကင် အောင်နိုင်ခြင်း ကြယ်စုလား … ၊ နာမည်က တော်တော် ခန့်ငြား တာပဲ။ ”
ခရမ်းငယ်က ခေါင်းညိတ် လိုက်သည်။
“ တကယ်တော့ သူ့ရဲ့ ခရမ်းရောင် ကြယ်စုမှာ၊ လျှို့ဝှက် ရစ်ခွေ နဂါး၊ ဖီးနစ် အကာ အကွယ်၊ နေ-လ ရောင်ခြည်နဲ့ ကောင်းကင်ဓား ဆိုတဲ့၊ ပန်းချီကား လေးချပ် ပါဝင်တယ်၊ ...
... ဆိုလို တာက ... ၊ နင် ... နက္ခတ် လေးလုံးကို အရင် ဖွဲ့စည်း ရမယ်၊ ဒါကြောင့် ဘီလူး တွေလို့ ခေါ်တဲ့ လူတွေကို၊ အလွယ် တကူ ချိုးနှိမ် နိုင်တာပဲ။ ”
ထို့နောက် ခရမ်းငယ်က လေးနက်သော အမူ အရာဖြင့်၊
“ သဘာဝ အတိုင်း အန္တရာယ်တော့ မြင့်မားတယ်၊ ကောင်းကင် ဝိညာဉ် နယ်ပယ် ကန့်သတ် ချက်ကို၊ တက်ရောက် ခြင်းထက် ပိုပြီး အန္တရာယ် ရှိတယ်။ ”
“ ဒီလိုပဲ ... ငါ ထင်ပါတယ်။ ”
လင်းယွန်က တည်ငြိမ်စွာ ပြန်ဖြေသည်။ အန္တရာယ်နှင့် အခွင့် အလမ်းမှာ၊ အတူ ယှဉ်တွဲ နေတတ် ပေ၏။ ယင်းက သာမာန် ဖြစ်သည်။
“ အဲဒီလောက် မလွယ် သေးဘူး ... ၊ အုပ်စိုးရှင် ဆိုတဲ့ အဓိပ္ပါယ်ကို နင် သိလို့လား၊ နင် ကသာ အုပ်စိုးရှင် နက္ခတ် တစ်လုံးကို ဖွဲ့စည်း လိုက်တာနဲ့၊ ...
... ကြိုက်သည် ဖြစ်စေ ... ၊ မကြိုက်သည် ဖြစ်စေ၊ အုပ်စိုးရှင် ကြားက တိုက်ပွဲမှာ ပါဝင်ရ လိမ့်မယ်၊ ဒါဟာ ...
... အလောင်း တွေနဲ့ ပြည့်နေတဲ့ လမ်းပဲ၊ နင်ကိုယ် တိုင်က ကမ္ဘာ တစ်ခု လုံးရဲ့ ... ၊ ရန်သူ ဖြစ်လာ လိမ့်မယ်။ ”
“ ဒီလောက် တောင်လား။ ”
လင်းယွန်က မျက်လုံးပြူး သွားသည်။
“ အခု ... နင့်ကိုယ်နင် ဘာဖြစ် ချင်လဲ ဆိုတာကို ပြန်မေးပါ၊ အုပ်စိုးရှင် တစ်ပါး ဖြစ်ချင် လား၊ မဖြစ်ချင် ဖူးလား၊ အတင်း အကြပ် လုပ်ဖို့ ငါ ဖိအား ပေးမှာ မဟုတ်ဘူး။ ”
ခရမ်းငယ်မှ လေးနက်သော အမူ အရာ မျိုးနှင့် ဆုံးဖြတ်ချက် ချရန်၊ မေးမြန်း လိုက်လေ သည်။ အုပ်စိုးရှင် ဟူသည် နယ်ပယ် တစ်ခု မဟုတ်ဘဲ၊ တည်ရှိ ခြင်းကို ဆိုလို ပေ၏။
ပွက်ပွက် ဆူနေသော လင်းယွန် သွေးများ ငြိမ်သက် သွားသည်။ သူ့ နှလုံး သားက မည်သူ့ ကိုမျှ၊ ဦးညွှတ်ရန် ဆန္ဒ မရှိချေ။
ပြည်လှည့်၍ မရသော လမ်းကို လျှောက် နေမှန်း သိ သော်လည်း၊ ဤမျှ အထိ၊ အလေး အနက် မတွေး ဖူးချေ။
ခရမ်းငယ် စကား များက၊ မျောနေသော သူ့အပေါ် ရေအေးနှင့် လောင်းချလိုက် သလို ပေပင်။
လမ်း တစ်လျှောက် နှလုံးသား အလို အတိုင်း၊ ဇွဲ မလျှော့ဘဲ လိုက်လာ မိသည်။ ယခု ပြန်ကြည့် မိချိန်၌၊ သူ့ လမ်းမှာ ရက်စက် လှပြီး၊ အမြဲ သွေးမတိတ် ခဲ့ချေ။
ဦးညွှတ်လို သည်လော။ သာမာန် ဘဝနှင့် ရှင်သန် လို သည်လော။
ထိုမေးခွန်းကို တွေးတောလျက် အချိန် အတော်ကြာ တိတ်ဆိတ် သွား၏။ အမှန် ဆိုရ သော်၊ နှလုံး သားမှ ဆုံးဖြတ်ချက်၊ ချပေး ပြီးသား ပေပင်။
ခေါင်းမော့ကာ ခရမ်းငယ်ထံ လှမ်းကြည့် လိုက်စဉ်၊ သူ့ အဖြေကို သိထားပြီး ဖြစ်သော အမူ အရာနှင့်၊ သူမက လက်ကို ဝှေ့ယမ်း လိုက်သည်။
‘ဆက်လုပ်ပါ၊’ ဟူသည့် သဘော ပေပင်။
လင်းယွန် ကလည်း လက်ကို ဝှေ့ယမ်း လိုက်ကာ၊ သိုလေှာင်အိတ် အတွင်းမှ နတ်ကြယ် ပုလဲများ၊ ထုတ်ယူ လိုက်သည်။
သည့်နောက် ထိုင်ချ လိုက်ပြီး၊ ကြယ် စွမ်းအင် များကို သန့်စင်ရန် ပြင်၏။ တစ်ချိန် တည်းမှာပင်၊ ပိတ်ဆို့ မှုများ ကွဲလာသည်။
ထို့နောက် လျှို့ဝှက် ရစ်ခွေ နဂါးအား၊ ဦးစွာဖွဲ့စည်း မိ၏။ နတ်ကြယ် ပုလဲ များက၊ သူ့ ခန္ဓာ ကိုယ် ထဲသို့၊ ကြယ် စွမ်းအင်များ၊ ထောက်ပံ့ ပေးလာသည်။
အတွေး အားလုံးကို ဖယ်ရှားပြီး၊ လုပ်ငန်းစဉ် အတွင်း နစ်မြုပ် နေခဲ့သည်။ လေးနာရီ ကုန်လွန် ပြီးနောက်၊ လင်းယွန် နောက်၌၊ ပန်းချီကား တစ်ချပ် ပေါ်လာသည်။
ပန်းချီကား နောက်ခံမှာ၊ လေဟာနယ်ကို တုန်ခါ စေသော လှိုင်းထ နေသည့်၊ သမုဒ္ဒရာ တစ်စင်း ဖြစ်သည်။
( မဟုတ် သေးဘူး။ )
လင်းယွန်သည် ဤပန်းချီ ကား၏ ရည်ရွယ်ချက်ကို အပြည့် အ၀ ဆုပ်ကိုင် မထား သောကြောင့်၊ ခရမ်းငယ်မှ ခေါင်းယမ်း လိုက်သည်။
သို့သော် လင်းယွန် အနှောက် အယှက် ဖြစ်အောင် မပြုလို သဖြင့်၊ အသံ မထွက် ဝံ့ချေ။ လင်းယွန်မှ သူမ စကားကို ကြားလိုက် သကဲ့သို့၊ ပန်းချီကားအား ဖျက်ဆီး ပစ် လိုက်သည်။
“ ခရစ် ... ။ ”
ဤနည်းဖြင့် အကြိမ် ပေါင်းများစွာ ဖန်တီးလိုက်- ဖျက်ဆီး လိုက် ပြုလုပ် နေကာ၊ အချိန်များ ထပ်မံ ကုန်လွန် လာသည်။ အဆုံး၌ ပန်းချီကား တစ်ချပ် ပေါ်လာ ခဲ့၏။
ပန်းချီကား နောက်ခံရှိ သမုဒ္ဒရာ ကြီးမှာ၊ ခမ်းနား လှ၏။ သို့သော် ရေပြင်မှ နဂါး ပေါ်လာ သော အခါတွင်၊ သေးငယ် သွား လေသည်။
“ ..... ။ ”
နဂါးက ငေါက်ငမ်း သံနှင့် အတူ၊ ကြောက်မက်ဖွယ် ကောင်းသော ရောင်ဝါကို ထုတ်လွှတ် လာတော့၏။
ထိုနဂါး ပေါ်လာသော အခါ၊ ကမ္ဘာပျက် ကပ်ဘေးကြီး ကျရောက် တော့မည် ကဲ့သို့၊ ထင် လာရ စေသည်။
ဤအခိုက်တွင် လျှို့ဝှက် ရစ်ခွေ နဂါး ပန်းချီကားကို၊ အပြီးသတ် နိုင်လိုက်ပြီ ဖြစ်မှန်း၊ နားလည် လာသည်။
ထို့နောက် ဖီးနစ် အကာ အကွယ် ပန်းချီ ကားထံ ဆက်သွား လိုက်၏။ သူ့ တိုးတက် မှုကို ကြည့်ပြီး၊ ခရမ်းငယ်မှ ခေါင်းညိတ် မိသည်။
လင်းယွန်၏ နားလည် နိုင်စွမ်းသည် အခြားလူ များထက် ပိုမို အားကောင်း လှပြီး၊ သူ ဖန်တီး ထားသော နဂါးမှာ၊ မိုးပြာ နဂါး ဘုရင် ဖြစ်သည်။
ထိုအချိန်တွင် ပန်းများနှင့်၊ ဆေးဘက်ဝင် အပင်များ၊ ပြည့်နေသော ချိုင့်ဝှမ်းကို၊ ဖုန်ကျန်း၊ ကျန်းလိချန်နှင့် လျူချင်းယန် တို့က၊ အလေး အနက်ထား၊ စောင့်ကြပ် ပေးနေ၏။
သူတို့မှာ လူစု မကွဲခဲ့ သဖြင့်၊ ကံကောင်း ပေသည်။ လောဟွာနှင့် ယဲ့ဇီလင် တို့ နှစ်ဦးမှ လက်တွဲလျက်၊ ပါရမီရှင် တိုင်းကို အနိုင် ယူပြီး၊ သူတော်စင် အသီး အနှံအား ရယူပေး ခဲ့သည်။
ထို့ကြောင့် လမ်း တစ်လျှောက် ရိတ်သိမ်း နိုင်မှုမှာ၊ မဆိုး လှချေ။ သူတို့ သုံးယောက် ပင်၊ ကနဦး ပင်မ နတ်ဘုရား များ၊ ဖြစ်နေ ကြပြီ ဖြစ်သည်။
“ အစ်မ ယဲ့က ... ၊ တကယ် ကြောက်စရာ ကောင်းတာပဲ၊ အရင်က ဒီလိုမျိုး အစွမ်း မပြခဲ့ ဖူး ပါဘူး၊ အခုတော့ မယုံနိုင် စရာ ။ ”
“ စီနီယာ အစ်မမှာ၊ ရှားပါး နတ်နဂါး သူတော်စင် ခန္ဓာရှိ တယ်လို့၊ ငါကြား မိတယ်၊ သူ့ အရည် အချင်းက၊ စစ်ခုန်ကျိုးထက် အများကြီး သာတယ်။ ”
“ ညီမလေး ယဲ့သာ သူတော်စင် ရူရ်ကို သန့်စင် နိုင်ရင်၊ အဲ့ဒီ ဘီလူး တွေကို ယှဉ်နိုင် လိမ့်မယ်။ ”
“ အဆင်ပြေ ... ၊ ချောမွေ့ ပါစေလို့ ဆုတောင်း မိတယ်။ ”
သုံးယောက်သား သတိကြီး စွာဖြင့် ပတ်ဝန်းကျင်ကို စောင့်ကြပ် နေမိသည်။ သူတို့ သုံးယောက် စလုံးသည်၊ ယဲ့ဇီလင် အကူ အညီ ကြောင့်၊ ပင်မ နတ်ဘုရား နယ်ပယ်ထံ၊ ရောက်ရှိ လာခြင်း ဖြစ်၏။
သူတို့နှင့် ဆယ်မိုင် အကွာ၊ ချိုင့်ဝှမ်း တစ်နေရာတွင်။ လောဟွာ၊ ယဲ့ဇီလင် တို့ နှစ်ဦး အတူ ရှိနေ၏။
“ ဖျစ် ... ။ ”
၎င်းတို့ ရှေ့၌ မြူခိုးများ ဖုံးလွှမ်း နေပြီး၊ လျှပ်စီးများ လက်နေသည့် သစ်ပင်ကြီး တစ်ပင် ရှိ လေသည်။
သစ်ပင် အမည်မှာ ကောင်းကင် လျှပ်စီး သစ်ပင် ဖြစ်ပြီး၊ မျက်နှာ ပြင်တွင် ရေးထားသော ရူရ် ထံမှ၊ ကြောက်မက်ဖွယ် ရောင်ဝါများ ထွက်ပေါ် နေသည်။
“ နင် ... ဒီမူလ သူတော်စင် ရူရ်ကို ... ၊ မလိုအပ်ဖူး ဆိုတာ သေချာလား။ ”
သူတို့ အတူ ဤချိုင့်ဝှမ်းကို ရှာတွေ့ ခဲ့သောကြောင့်၊ လောဟွာ လိုချင် ပါက ပေးနိုင် ချေသည်။
“ မင်းမှာ ... ၊ မြင့်မြတ်တဲ့ နတ်နဂါး ခန္ဓာကိုယ်နဲ့ ... ၊ နှင်း သူတော်စင် မိသားစု မျိုးဆက်သွေး ရှိတယ်၊ ဒါကြောင့် ...
... ဒီကောင်းကင် လျှပ်စီး ... ၊ မူလ သူတော်စင် ရူရ်က၊ အသင့်တော် ဆုံးပဲ၊ သွား သန့်စင်ပါ ... ငါ မင်းကို စောင့်ပေးမယ်။ ”
“ ဘာလို့ ငါ့ကို ကူညီပေး နေတာလဲ။ ”
“ ဒီနေရာမှာ လင်းယွန် ကသာ ... ၊ သူတော်စင် ရူရ်ကို သန့်စင် နေရင်၊ မင်းရော စောင့်ရှောက် ပေးမှာလား။ ”
“ သေချာတယ်။ ”
“ ဒါဆို လုံလောက်ပြီ။ ”
လောဟွာမှ စကား အပို ထပ်မပြော တော့ချေ။ ယဲ့ဇီလင်က တစ်ချက် ပြန်ကြည့် လိုက်ပြီး၊
“ ငါ့ ... အတွေး ထဲက နင်နဲ့ ... ၊ လက်ရှိ နင်က မတူဖူး ဆိုတာ ဝန်ခံရ တော့မယ်၊ အစက ရှေးဟောင်း သူတော်စင် မိသားစုဝင် ဖြစ်မှန်း သိပြီး၊ နင့်ကို မုန်းတီး မိခဲ့တယ်။ ”
အဘယ်ကြောင့် ဆိုသော်၊ သူတော်စင် မျိုးနွယ်စု များ၏ သားစဉ် မြေးဆက် များသည် ဓားသူတော်စင် တောင် အတွက်၊ တိမ်လွှာဓား ဂိုဏ်းသို့ လာတတ် ကြသည်။
ဂိုဏ်းနှင့် ပတ်သက်သော ခံစားချက် မရှိ ကြချေ။ အရေးကြီး ဆုံးမှာ၊ သူတို့ကိုယ် သူတို့၊ မြင့်မြတ် သူဟု၊ မှတ်ယူ ကြခြင်း ဖြစ်သည်။
ကြိမ်ဖန် များစွာပင်၊ သူတို့မှ သူမအား နှောင့်ယှက်ရန် ကြိုးစား လာကြ သောကြောင့်၊ စိတ်ပျက် လှပေ၏။
လောဟွာနှင့် ပေါင်းသင်း ပြီးနောက်၊ ထူးခြားချက် များစွာ ရှိကြောင်း၊ သတိပြု မိလာ သည်။
အနည်းငယ် အေးစက်ပြီး၊ မောက်မာ သည်ဟု ထင်ထား သော်လည်း၊ မဟုတ်ချေ။ အရေး ကြီး သည်မှာ၊ သူမနှင့် အပြိုင် လှနိုင်ခြင်း ဖြစ်၏။
လောဟွာနှင့် ပတ်သတ်ပြီး၊ အပြစ် ပြောရမည် ဆိုက၊ စကား နည်းကာ မည်သည့် အရာ ကိုမျှ၊ စိတ်ဝင်စားမှု မရှိခြင်း ပေပင်။
တိတိ ပပ ဆိုရ ပါမူ၊ ထိုသူကောင်းသား လင်းယွန် ကိုသာ လူထင်ချေ၏။ အခြား မည်သူ့ ကိုမျှ ဂရု မစိုက်ချေ။
“ သိတယ် ... ၊ ငါက သူ့ အတွက် ဒီကို လာခဲ့တာပါ၊ ဓား သူတော်စင် တောင်ကို စိတ် မဝင် စားဘူး။ ”
လောဟွာက ပန်း တစ်ပွင့်ကို ခူးယူပြီး၊ လက်ထဲ လှည့်ပတ်ကာ ဆော့ကစား လျက်မှ ပြန်ပြော သည်။
သူမ ဝတ်ထားသော ရေခဲ ဖီးနစ် လက်ကောက်ကြောင့်၊ ပန်းပွင့်မှာ ပို၍ တောက်ပ နေခဲ့၏။
“ နင် ... ၊ သူ့ကို အရင် တည်းက သိနေ တာလား။ ”
လောဟွာမှ ခေါင်းညိတ်ပြ လာသည်။
“ ဒါဆို ... ဘာလို့ မျက်နှာကို ဖုံးထား ရတာလဲ၊ နင် ဘယ်သူလဲ ဆိုတာ၊ သူ့ကို မသိ စေချင် လို့လား။ ”
ဤအကြောင်း အရာက၊ ယဲ့ဇီလင် နားမလည် နိုင်သော အရာ ပေပင်။ အချစ် အပေါ်၊ များများ စားစား မသိချေ။
ပန်းသင်္ချိုင်းနှင့် လင်းယွန်မှာ၊ သူမကို ခံစားချက် အချို့ ပေးနိုင်သည်။ အထူး သဖြင့် ပန်းသင်္ချိုင်း ဖြစ်၏။ လင်းယွန် မှာမူ၊ သေဖော် သေဖက် အဆင့် မျှသာ ဖြစ်သည်။
လောဟွာ အတွက်မူ မတူချေ။ လင်းယွန် သည်သာ အရာရာ ဖြစ်ကြောင်း ပြောနိုင်သည်။ မျက်ဝန်း အတွင်းရှိ၊ မျှော်လင့်ချက် များကို မိန်းမချင်း မြင်နိုင်၏။
လောဟွာက ပန်းပွင့်ကို ရုတ်တရက် လုံးချေပစ် လိုက်ကာ၊
“ သူက ... ငါ မကြိုက်တဲ့ အရာတွေ လုပ်ထားတယ်။ ”
-ဟု ပြန်ဖြေ လာသည်။
ထိုစကားကြောင့် ယဲ့ဇီလင်က ပြုံးချင် စိတ်ကို ထိန်းလိုက် ရ၏။ လောဟွာ အသွင် အရ၊ လင်းယွန်၌ အခြားသော အမျိုး သမီးများ ရှိနေ သေး ပုံရသည်။
သို့သော် ပြစ် မထား နိုင်ဘဲ၊ နောက်ကွယ် မှနေ၍ ကာကွယ် ပေးနေသည်။ ယင်းက သူမ အပေါ်၊ ချစ်ခင်စိတ် ဝင်လာ စေ၏။
ခေတ္တ အနားယူ ပြီးနောက်၊ ယဲ့ဇီလင်က ကောင်းကင် လျှပ်စီး သစ်ပင်ကို သန့်စင်ရန် ကြိုးစား တော့သည်။
ဤသစ်ပင်သည် သွေ့ရော် ကျွန်း ပြင်ပ၌ တွေ့နိုင်သော အရာ မဟုတ်ချေ။ သူမ အတွက် များစွာ အဓိပ္ပါယ် ရှိသည်။
နတ်နဂါး ဓားခန္ဓာနှင့် နှင်း သူတော်စင် မျိုးဆက် သွေးကို၊ ပိုင်ဆိုင်ထား သောကြောင့်၊ ဤသို့သော မူလ သူတော်စင် ရူရ် မျိုးကို၊ လိုအပ် ချေပြီ။
ကောင်းကင် လျှပ်စီး သစ်ပင်ကို ဖြေရှင်းရန် အချိန် ပေးရမည် ဖြစ် သော်လည်း၊ လောဟွာမှ စောင့်ကြပ် ပေးမည် ဖြစ်ရာ၊ စိတ်ချ လက်ချ လုပ်ဆောင် နိုင်ပေမည်။
တစ်ချိန်တည်း မှာပင်၊ သူတို့ နှစ်ဦးကြား ဆက်ဆံရေး သည်လည်း၊ များစွာ တိုးတက်လာ ခဲ့ကြောင်း၊ သတိ ထားမိ လိုက်သည်။
***