← Chapters

ဓား တစ်လက်နှင့် ဝိညာဉ်တော် ရှစ်ပါး။

Vol. 94 Ch. 1306

ဓား တစ်လက်နှင့် ဝိညာဉ်တော် ရှစ်ပါး။

Vol. 94 Ch. 1306

ကောင်းကင် အောင်နိုင်ခြင်း နက္ခတ်တွင် ပန်းချီကား လေးချပ် ပါရှိ လေသည်။ လျှို့ဝှက် ရစ်ခွေ နဂါး ပန်းချီကို ဖန်တီး ရသော လုပ်ငန်း စဉ်မှာ၊ မလွယ်ချေ။

စိတ်ခွန်အား အလွန် အမင်း ကုန်ဆုံးပြီး အကြိမ်ကြိမ် ကျရှုံး ခဲ့သော်လည်း၊ အဆုံးသတ် နိုင်အောင်၊ ဖန်တီး နိုင်ခဲ့သည်။

ပန်းချီကား အတွင်း ရည်ရွယ် ချက်မှာ၊ အကန့်အသတ်မဲ့ သမုဒ္ဒရာ အလား နဂါး ကြီး၏ ရောင်ဝါ ဖြစ်သည်။

ထို့နောက် ဖီးနစ် အကာ အကွယ် ပန်းချီကားထံ၊ ဆက်သွား မိသည်။ ဤတစ်ကြိမ် ၌ များစွာ လွယ်ကူ သွားသည်။

အုပ်စိုးရှင် နက္ခတ် တစ်လုံးကို လွယ်လင့် တကူ ဖွဲ့စည်း နိုင်သော လင်းယွန်ထံ ကြည့်ကာ၊ ခရမ်းငယ် တစ်ယောက် မျက်လုံး ပြူး လာသည်။

တိုးတက် မှုမှာ အရမ်း မြန်ဆန် လွန်းသောကြောင့်၊ ဘီလူး တစ်ကောင် အဖြစ်၊ သတ်မှတ် နိုင်၏။

“ ခရစ် ... ။ ”

သို့သော် ပန်းချီကား ပြီးခါနီးတွင်၊ ရုတ်တရက် အပိုင်းပိုင်း ကွဲသွားသည်။ နှုတ်ခမ်း ထောင့်မှ သွေးစများ ထွက်လာပြီး၊ မျက်နှာ ဖြူဖျော့ သွားလေသည်။

“ လင်းယွန် ... ။ ”

ထို့ကြောင့် ခရမ်းငယ်မှာ နှင်းဦးရည် ပေါ်မှ ထရပ်ကာ၊ လင်းယွန် အနား ပျံသန်း စေလိုက် မိသည်။

“ ငါ ... အဆင် ပြေတယ်၊ ပန်းချီကားကို တမင် ဖျက်ဆီး လိုက်တာ ... ။ ”

လင်းယွန်က ပြုံးလျက် ခရမ်းငယ်အား ပြောလာသည်။

“ ဟမ့် ... ၊ နင်က ဘာကိစ္စ ဖျက်ဆီး ပစ်ရ တာလဲ။ ”

ဓားပေါ်တွင် ရပ်လျက် ခရမ်းငယ်မှ မယုံကြည် နိုင်စွာ ပြန်မေး လိုက်မိသည်။

“ မင်း ... အရင်က ဒီကမ္ဘာ ပေါ်မှာ ... ၊ အုပ်စိုးရှင် နက္ခတ် ရာဂဏန်း လောက်ပဲ ရှိတယ် လို့၊ ပြောဖူးတယ် မဟုတ်လား၊ ဘာလို့လဲ။ ”

“ ဘာလို့လဲ ဆိုတော့ ... ၊ ကောင်းကင် (၃၆)လွှာရဲ့ အထက်မှာ၊ ကြယ်တာရာ တွေနဲ့ ပြည့်နှက် နေတယ်၊ ...

... ဒါကြောင့် ဖရို ဖရဲ ဖြစ်နေတဲ့ ... ၊ ဒီစကြဝဠာ ကြီးက နောက်ထပ် အုပ်စိုးရှင် နက္ခတ် တွေကို၊ မခံနိုင် တော့ဘူး။ ”

ခရမ်းငယ်မှ ပြန်ဖြေ၏။

“ နတ်နဂါးခေတ် အစ တုန်းက ... ၊ မိုးပြာ နဂါး၊ မီးငှက်၊ ကျားဖြူနဲ့ လိပ်နက် ဆိုတဲ့ နက္ခတ် လေးလုံး၊ မွေးဖွား လာတာကို လူတိုင်း သိကြ ပါတယ်၊ ...

... နက္ခတ် အဆင့်ကို ရောက်ရင်၊ နင်နဲ့ သက်ဆိုင်တဲ့ ... ၊ ကြယ်စင်စု တစ်ခုကို ဖွဲ့တည် ရမယ်၊ ဒါက နင့် နောက်ကို တစ်သက်လုံး လိုက်နေမဲ့ ကိုယ်ပိုင် နက္ခတ်ပဲ၊ ...

... အဲဒီ ထဲမှာမှ ... ၊ အပြောင် မြောက်ဆုံး နက္ခတ်က၊ အုပ်စိုးရှင် နက္ခတ် တွေပဲ၊ အဓိပတိ နက္ခတ် လို့လည်း ခေါ်တယ်၊ ...

... အုပ်စိုးရှင် နက္ခတ် တွေက၊ စကြာဝဠာ ကြီးထဲမှာ ပြည့်နက် နေတဲ့ အတွက်၊ အသစ်ကို ဖွဲ့စည်း ချင်ရင်၊ ရှိပြီးသား အုပ်စိုးရှင် နက္ခတ် တစ်ရာရဲ့၊ ငြင်းဆန်ခြင်း ခံရ လိမ့်မယ်။ ”

ယင်းက သက်ရှိများ ကဲ့သို့ ပေပင်။ ထို့ကြောင့် လင်းယွန် မျက်နှာမှာ လေးနက် သွားသည်။

“ ဒါကြောင့် နတ်နဂါး ခေတ်မှာ ... ၊ အုပ်စိုးရှင် နက္ခတ် တစ်ရာကို လူတစ်ရာ ကသာ၊ ပိုင်ဆိုင်ခွင့် ရမယ် ဆိုတဲ့ အဓိပ္ပါယ်ပဲ၊ ...

လက်ရှိ အုပ်စိုးရှင် နက္ခတ် တွေကို၊ ရှေးဦးခေတ် ပါရမီရှင် တစ်ရာက၊ ဖန်တီး ထားခဲ့ ကြတာပဲ၊ ဒါကြောင့် သူတို့ခေတ် သူတို့ အခါမှာ၊ ပြိုင်ဘက် ကင်းခဲ့တယ်၊ ...

... ရှေးဦး ခေတ်နဲ့ ရွှေခေတ် မှာ၊ ကောင်းကင်ကို အံတု နိုင်တဲ့၊ ဉာဏ်ကြီး ရှင်တွေ အများကြီး မွေးဖွား ခဲ့တယ်၊ သူတို့က ...

... လိုအပ်ချက် တွေကို ဖြည့်စွက် ကြရင်းနဲ့၊ ဒီနေ့ခေတ် ပြီးပြည့် စုံတဲ့၊ အုပ်စိုးရှင် နက္ခတ် တစ်ရာ၊ ရလာ ခဲ့တာပဲ။ ”

ခရမ်းငယ် စကားကြောင့်၊ လင်းယွန်က အရေးကြီးသော အရာကို သတိရ သွားသည်။

“ ဒါဆို ... အဲဒီ အချိန်ပြီး ထဲက၊ ဘယ်သူမှ အုပ်စိုးရှင် နက္ခတ် အသစ်ကို မဖန်တီး နိုင်ခဲ့ကြ ဖူးပေါ့။ ”

“ အမှန်ပဲ ... ၊ လူ အများကြီး ကြိုးစားခဲ့ ဖူးတယ်၊ ဒါပေမယ့် သူတို့ အားလုံး မအောင်မြင် ခဲ့ကြဘူး၊ ရွှေခေတ် မှာတောင် ကျရှုံး ခဲ့တဲ့ ပါရမီ ရှင် အများကြီး ရှိတယ်၊ ...

... စကြာဝဠာ ကြီးထဲမှာ၊ သူတို့ အတွက် နေရာ မရှိ တော့ဘူး၊ အုပ်စိုးရှင် နက္ခတ် တစ်ရာ နဲ့၊ တပြိုင် နက်တည်း ရင်ဆိုင် ရတာ၊ ဘယ်လို တောင် ခက်ခဲ မလဲ စဉ်းစား သာကြည့်၊ ...

... လက်ရှိ အုပ်စိုးရှင် နက္ခတ် တိုင်းက၊ နှစ်သန်းပေါင်း များစွာ သက်တမ်းကို ပိုင်ဆိုင် ထားကြတယ်၊ သူတို့နဲ့ ယှဉ်နိုင်တဲ့ နက္ခတ် အသစ် တစ်လုံး၊ ဖွဲ့ဖို့ ဆိုတာ မလွယ်ဘူး။ ”

ရုတ်တရက် ခရမ်းငယ်က မျက်လုံး ပြူးလျက် လင်းယွန်ထံ ပြန်ကြည့်ကာ၊

“ လင်းယွန် ... ၊ နင် ... နင့်ရဲ့ ကိုယ်ပိုင် အုပ်စိုးရှင် နက္ခတ်ကို ဖန်တီးချင် တယ်လို့၊ ငါ့ကို မပြောနဲ့၊ အသက် ဘယ်က ထွက်ရ မှန်းတောင်၊ သိလိုက်မှာ မဟုတ်ဘူး။ ”

သူမ စကားကြောင့်၊ လင်းယွန်မှာ တိတ်ဆိတ် သွားသည်။ ပြီးနောက် ကူကယ်ရာ မဲ့သော လေသံဖြင့် သက်ပြင်းချ လိုက်၏။

“ လျှို့ဝှက် ရစ်ခွေ နဂါးကို ဖွဲ့တုန်းက ငါ့သွေးနဲ့ နှလုံးက အေးစက် သွားတယ်၊ ပန်းချီ ကား ကြောက်စရာ ကောင်းပေမယ့်၊ ...

... ဆူပွက် မလာ ခဲ့ဘူး၊ ဖီးနစ် အကာ အကွယ် ဖွဲ့တဲ့ အချိန်မှာ၊ ဒီခံစား ချက်က ပိုသိ သာနေတယ်၊ ဒါ ... ဘာလို့လဲ ... ။ ”

လင်းယွန်က ခေါင်းမော့လျက် ကောင်းကင်ကို ကြည့် လိုက်သည်။၊

“ ဒါကြောင့် ခရမ်းရောင် နက္ခတ်ကို၊ ငါ မဖွဲ့ချင် တော့ဘူး၊ ငါနဲ့ သက်ဆိုင်တဲ့ လမ်းရှာ ရမယ်၊ ...

... ဖျက်ဆီးခြင်း ဝိညာဉ်တော် ရှစ်ပါး၊ ပိတ်လှောင်ခြင်း အစီရင် ဆိုတာ ဘာလဲ၊ ငါ့ခန္ဓာ ကိုယ်ထဲက ဓားနဲ့၊ ဘယ်လို ပတ်သတ် နေလဲ။ ”

ထိုစကား များကို ပြောနေစဉ်၊ သွေးများ ပွက်ပွက်ဆူ လာသည်အား၊ ခံစားလိုက် ရသည်။

“ ငါနဲ့ သက်ဆိုင်ပြီး၊ ပန်းသင်္ချိုင်းနဲ့ ပတ်သတ်တဲ့၊ အုပ်စိုးရှင် နက္ခတ် တစ်လုံးကို ဖန်တီး ချင်တယ်၊ ...

... အုပ်စိုးရှင် နက္ခတ် ဆိုတဲ့ အတိုင်း၊ အခြားလူ တွေရဲ့ လမ်းကို၊ မလျှောက်လှမ်း ချင်ဘူး။ ”

ခရမ်းငယ်မှာ လင်းယွန် အတွေးကြောင့်၊ ထိတ်လန့် သွားသည်။

“ ဘယ်လိုလဲ မင်း ငါ့ကို အားပေးမှာ မဟုတ်လား။ ”

လင်းယွန်မှ လက်သီး ဆုပ်လျက် ပြုံးကာ မေးလာသည်။ သူ့ဆုံးဖြတ် ချက်အား၊ ထောက်ခံ သူ တစ်ယောက် ရှိစေ ချင်ပုံ ရသည်။

“ နင်က အရိုင်း အစိုင်းပဲ၊ ဒီဧကရီကို အမြဲတမ်း စိတ်ပူအောင် လုပ်ပြ နေတယ်။ ”

အကြောင်း တစ်ခု ခုကြောင့်၊ ခရမ်းငယ် စိတ်ထဲ နှာခေါင်း ယားယံလာပြီး၊ လင်းယွန်အား လက်သီးနှင့် ထိုးလိုက် တော့သည်။

ထိုအချိန်တွင် နဂါးလေး မှလည်း ပြေးဝင် လာပြီး၊ သူတို့ နှစ်ယောက်ကို ရှုပ်ထွေးစွာ ကြည့် လျက်၊ ခရမ်းငယ် နည်းတူ၊ လင်းယွန်အား လက်သီးနှင့် ထိုးလာ တော့သည်။

“ ဘာပဲ ဖြစ်ဖြစ် ငါတို့ ... သုံးယောက် အတူတူ နေမယ်၊ တစ်ယောက်ကို တစ်ယောက် ဘယ်တော့မှ၊ ခွဲ မသွား ရဘူး။ ”

ခရမ်းငယ်မှ လင်းယွန်ကို စိုက်ကြည့်ပြီး၊ ဆိုတော့သည်။

“ ဒါတော့ သေချာတယ်။ ”

နွေးထွေးသော အပြုံးဖြင့် လင်းယွန်က ခေါင်းညိတ် ပြလာ၏။

“ ဒါဆို နင် ... ဘယ်လို နက္ခတ်မျိုး ဖန်တီးချင် တာလဲ။ ”

“ လူတိုင်း ကောင်းကင် ဘုံကို ဆန့်ကျင် ကြတယ်၊ ဒါကြောင့် ငါ ဖန်တီးမယ့် ကြယ်စုရဲ့ အမည်ကို၊ ကောင်းကင် သင်္ချိုင်းလို့ ခေါ်မယ်၊ ဓား တစ်လက်နဲ့ ဝိညာဉ် ရှစ်ပါးက၊ ...

... ဒီကောင်းကင် ကြီးပါ မကျန် ... ၊ ကမ္ဘာကြီး ပေါ်က အရာရာ တိုင်းကို၊ သင်္ဂြိုဟ် ပေးလိမ့် မယ်။ ”

“ ဟမ့် ... ၊ နင် ကမှ တကယ့် ငကြွား ... ၊ ငါ့ ထက်တောင် ကြွားဝါ နေသေးတယ်။ ”

“ ဒါဆို ... ၊ ကောင်းကင် အောင်နိုင်ခြင်း ဆိုတဲ့ ... ၊ အမည်ကို ကျတော့ရော၊ လွန်တယ်လို့ မထင် ဖူးလား၊ ငါသာ ...

... အုပ်စိုးရှင် နက္ခတ်ကို ဖွဲ့ပြီးလို့ ရှိရင်၊ မပျော် တာနဲ့ အဲ့ဒီ ကောင်းကင် တစ်ခု လုံးကို၊ တကယ် သင်္ချိုင်း လုပ်ပစ်မှာ။ ”

ခရမ်းငယ်က ဆက်မပြော တော့ဘဲ၊ လက်ညှိုးကို လင်းယွန် နဖူးပေါ် တင်လိုက်၏။ သတင်း အချက် အလက်များ လှိုင်းများ သဖွယ်၊ ဝင်လာ တော့သည်။

ယင်းက အုပ်စိုးရှင် နက္ခတ် များနှင့် သက်ဆိုင်ပြီး၊ ရွှေခေတ်တွင် အုပ်စိုးရှင် နက္ခတ် များကို ဖန်တီးရန်၊ ကြိုးစား ခဲ့ပုံများ ဖြစ်၏။

၎င်းတို့ မအောင်မြင် ခဲ့ကြ သော်လည်း၊ သူတို့၏ အတွေ့ အကြုံ များစွာကို၊ ချန်ထား နိုင်ခဲ့ သေးသည်။

ထို့စဉ် ခရမ်း-ငွေရောင် ပန်း တစ်ပွင့် သူ့တင်ပါး အောက်၌ ပေါ်လာပြီး၊ နတ်ကြယ် ပုလဲ များကို၊ ရွှေရောင် အရည် အဖြစ်သို့ ပြောင်းလဲ တော့သည်။

သူတော်စင် နဂါး ပညာရပ်ကို ထုတ်ဖော် လိုက်သည်နှင့်၊ ခန္ဓာကိုယ် အတွင်း သွေးများ ပွက်ပွက်ဆူ လာသည်။

“ ရှ လွတ် ... ။ ”

သည့်နောက် ပါးစပ် ဟကာ၊ ဝေလငါး တစ်ကောင် ကဲ့သို့၊ ထိုရွှေရောင် အရည် များကို အကုန် အစင်၊ စုပ်သောက် မိ၏။

အပြင်ပိုင်း အသွင် အပြင်မှာ၊ ငြိမ်သက် နေပုံ ရသော်လည်း၊ ကြောက်မက်ဖွယ် ကောင်းသော နဂါး တစ်ကောင် အလား၊ စွမ်းအင်များ စီးဆင်း လာသည်။

နတ်ကြယ် ပုလဲ (၅) သန်းကို၊ အရည်များ အဖြစ် ပြောင်းလဲကာ၊ မျိုချ လိုက်ခြင်း ဖြစ်သော ကြောင့်၊ မသက်သာ လှချေ။

သူတော်စင် နဂါး ခန္ဓာကိုယ် ဖြင့်ပင်၊ ပေါက်ကွဲ တော့မည့်၊ အရိပ် အယောင်များ ပြသ လာတော့သည်။

ထို့စဉ် ကမ္ဘာဦး ဖျက်ဆီးခြင်း သားရဲ ရှစ်ကောင်ကို သတိရ လာသည်။ ၎င်းတို့မှာ ချွမ်းချီကျား၊ ခွန်ပန်၊ မြွေပျံ၊ အသူရာ နဂါး၊ ငရဲ ဝိညာဉ်၊ နတ်မိစ္ဆာ ဖီးနစ်၊ အလောင်းစား တစ္ဆေနှင့်၊ ဗီဇပြောင်း နဂါးတို့ ဖြစ်သည်။

၎င်းတို့သည် ထူးဆန်းသော အမည်နှင့် ဒဏ္ဍာရီများ ရှိကြပြီး၊ အခြား သူများ အနေဖြင့်၊ ထိုသားရဲ များအား ဖွဲ့စည်း လိုသော်၊ အကိုး အကားများ လိုပေ၏။

လင်းယွန် မှာမူ ကွဲပြား ပေသည်။ ပန်းသင်္ချိုင်း ဓားရှိပြီ ဖြစ်ရာ၊ သွေးနှင့် အသက် ဓာတ်ကို မှင် အဖြစ်၊ အသုံးပြု နိုင်၏။

ထို့ကြောင့် လုံလောက်သော သွေးနှင့် အသက် ဓါတ်အား စုဆောင်းထား ရပေမည်။ မလွယ်ကူ သော်လည်း ဤလမ်းကို လျှောက်ရန်၊ သူ ရွေးချယ် ထားသည်။

သည့်အပြင် ကျန်ရှိနေ သေးသော ဝိညာဉ်များ လွတ်မြောက်ရန် အတွက်၊ သံကြိုး များ ချိုးဖျက် ပစ်ရ ပေ ဦးမည်။

ယင်းက သူ့လမ်းစဉ် ဖြစ်ပြီး၊ ရှောင်ပြေး ခြင်းထက်၊ ထိန်းချုပ်ရန် ကြိုးစား ရခြင်း အပေါ်၊ ပိုနှစ်ခြိုက် ပေ၏။

ထိုအချိန်တွင် ဒါန်တမ်ရှိ၊ သားရဲ ဝိညာဉ် များက၊ လင်းယွန်၏ အကြံ အစည်ကို သိသွား ကာ၊ အနည်းငယ် တုန်ယင် ကုန်သည်။

ပုံမှန် အားဖြင့် ဓား ရည်ရွယ်ချက် လုံလောက်အောင် မြင့်မား လာမှ သာလျှင်၊ သားရဲ ဝိညာဉ်များ တစ်ကောင်ချင်း လွတ် လာမည် ဖြစ်သည်။

ယခုမူ ၎င်းတို့ကို အတင်း အကြပ် လွှတ်ပေးရန်၊ ကြံစည် နေ၏။ ရူးမိုက်သော အတွေး တစ်ရပ် ပေပင်။

သွေးသားနှင့် အသက် ဓါတ်ကို အသုံး ပြုကာ၊ နတ်နဂါး ခေတ်၏ ပြိုင်ဘက် ကင်းသော အုပ်စိုးရှင် နက္ခတ်အား၊ ဖန်တီး ပေတော့မည်။

***

All Chapters