← Chapters

ကောင်းကင် သင်္ချိုင်း- (၁) ။

Vol. 94 Ch. 1307

ကောင်းကင် သင်္ချိုင်း- (၁) ။

Vol. 94 Ch. 1307

နတ်ကြယ် ပုလဲ (၅) သန်း၏ အာနိသင် များသည် သွေးကြော တစ်လျှောက် လျင်မြန်စွာ စီးဆင်း လာသဖြင့်၊ နာကျင်မှုက ပြင်းထန် လှလေသည်။

အရေပြား အက်ကွဲကာ၊ သွေးများ စီးကျ လာပြီး တည်ငြိမ်မှုကို ထိန်းသိမ်း ရန်မှာ ခက်ခဲ သွား၏။

အဆုံးတွင် အချိတ် အဆက် များကို ဖျက်ဆီးကာ၊ အုပ်စိုးရှင် နက္ခတ် တစ်လုံး ဖန်တီး ခြင်းသည် လွယ်ကူ လှသည် မဟုတ်ချေ။

ရုတ်တရက် ညာ လက်ဖဝါးမှ လျှပ်စီးများ လက်ပြီး ပေါက်ကွဲ သွားသည်။ အဘယ်ကြောင့် ဆိုသော် ခံနိုင်ရည် ကန့်သတ် ချက်ထက်၊ ကြယ် စွမ်းအင်များ ပိုလာ ခြင်းကြောင့် ဖြစ်၏။

သွေးများ ရွှဲနစ်ကာ၊ အချိန် မရွေး သေဆုံးသွား နိုင်သည်။ သို့သော် ကြောက်ရွံ့ခြင်း မရှိဘဲ၊ ကြယ်စွမ်းအင် များကို ဆက်လက် ဖြည့်တင်း ပေးနေ မိ၏။

သံကြိုး များကို ဖျက်ပြီး၊ ကျန်ရှိ နေသော ကမ္ဘာဦး ဖျက်ဆီးခြင်း ဝိညာဉ်များ မလွှတ်ခင်၊ မည်သည့် အမှား မယွင်းမျှ မရှိစေ လိုချေ။

“ ခရစ် ... ။ ”

အကျိုး ဆက်ကို ခံနိုင်ရည် ရှိသော်လည်း၊ နာကျင်မှုမှာ အတိုင်း အဆ မဲ့ချေပြီ။ ညာဖက် လက်ဖဝါးမှာ၊ အတွင်းပိုင်း ဖိအားကြောင့်၊ ကွဲအက် လာသည်။

သွေးအတွင်း ကြယ်ရောင် အလင်းများ တဖျပ်ဖျပ် တောက်ပ နေလေသည်။ နတ်ကြယ် ပုလဲ (၅) သန်းကို စုပ်ယူ ခြင်းသည်၊ အန္တရာယ် ရှိရုံသာ မက၊ အသက် ဆုံးရှုံး နိုင်၏။

အချိန် အတော်ကြာ ပြီးနောက်၊ ထိုင်နေရာ တောင်ကုန်း တစ်ခုလုံး သွေးများ ဖုံးလွှမ်း သွား လေသည်။

များမကြာခင် ခန္ဓာ ကိုယ်ထဲ စုဆောင်း ထားသော ကြယ်စွမ်းအင် များက၊ ကန့်သတ် ချက်သို့ ရောက်ရှိ လာ၏။

“ အချိန် တန်ပြီ။ ”

လင်းယွန်က အသက် ဝဝ ရှူကာ၊ ဓား ဝိညာဉ် နှစ်ပါးအား ဆင့်ခေါ်လျက်၊ ခန္ဓာကို ဖုံးအုပ် စေ လိုက်သည်။

“ ချိုး ဖြတ် စမ်း ... ။ ”

ဟောက်သံ ပြုလျက်၊ အရိယာ ကောင်းကင်ဓား နှင့်၊ လက်ကျန် သံကြိုး များကို ဖြတ်ရန် ကြိုးစား တော့သည်။

“ ချွင် ... ။ ”

သံကြိုးများ လှုပ်ယမ်း သွားစဉ်၊ ပါးစပ်မှ သွေးများ ထွက်ကာ၊ မျက်နှာ ဖြူဖျော့ လာ၏။

မျက်ဝန်းမှ သွေးကြောများ ယိုစီးကျ လာသည် အထိ၊ ကြိုးစားပြီး နောက်မှသာ၊ သံကြိုး တစ်ချောင်း ပြတ်လျက်၊ ဝိညာဉ် တစ်ကောင် လွတ်မြောက် လာသည်။

အတောင်ပံ တစ်စုံနှင့် လင်းယုန် ခြေသည်း များပါရှိသော အဖြူရောင် နဂါး ကြီးနှင့် တူသည့် မကောင်း ဆိုးရွား ဝိညာဉ် ဖြစ်သည်။

ဤသည်မှာ အတောင်ပံ ပါရှိသော နဂါး ဖြစ်၏။ နဂါးဟု အမည် တပ်ထား သော်လည်း နဂါး စင်စစ် မဟုတ်ချေ။

ဗီဇကွဲ နဂါး တစ်ကောင် ဖြစ်ပြီး၊ မြင့်မြတ်သော နဂါး များထက်၊ အားကောင်း လေသည်။

၎င်းက သံကြိုးမှ လွတ်သည်နှင့်၊ လင်းယွန် ကို ဖျက်ဆီးရန် ကြိုးစား တော့၏။ ထို့ကြောင့် ခရမ်း- ရွှေရောင် နဂါး ရူရ်ကို ဆင့်ခေါ်ကာ၊ ပိုးအိမ် သဏ္ဍာန် ဖွဲ့စည်း ကာကွယ် လိုက်ရသည်။

အဆုံးတွင် အရိယာ ကောင်းကင် ဓားမှ၊ အတောင်ပံပါ နဂါးကို နှိမ်နင်း ပစ် လိုက်သည်။ ၎င်းကို လင်းယွန် ခန္ဓာ ကိုယ်တွင်၊ ချုပ်နှောင် ထား သောကြောင့်၊ လွတ်မြောက် စရာ နည်းလမ်း မရှိချေ။

“ ချွင် ... ။ ”

ခန္ဓာကိုယ် တစ်ခုလုံး မငြိမ် မသက် ဖြစ်လာ သော်လည်း၊ ကျန် သံကြိုး များကို ဆက်၍ ချိုးဖြတ် လိုက်မိသည်။

ဆဌမနှင့် သတ္တမ သံကြိုးများ ပြတ်သွား သော အခါ၊ နတ်မိစ္ဆာ ဖီးနစ်နှင့် ငရဲ ဝိညာဉ်တို့ ထွက်ပေါ် လာသည်။

နတ်မိစ္ဆာ ဖီးနစ်သည်၊ နတ်ဖီးနစ် မိသားစုမှ စွန့်ပယ် ပစ်သော ခေါင်းဆောင် တစ်ပါးလည်း ဖြစ်၏။

ထိုအမုန်း တရားကြောင့် ဗီဇ ပြောင်းလဲ သွားကာ၊ မကောင်း ဆိုးရွား တစ်ကောင် ဖြစ် လာခြင်း ဖြစ်သည်။

ငရဲ ဝိညာဉ် မှာမူ အမှောင် ထု၏ ပြယုဂ် ဖြစ်၏။ နတ်မိစ္ဆာ ဖီးနစ်နှင့် မတူဘဲ၊ သေခြင်း၏ သင်္ကေတ ပေပင်။ နတ်မိစ္ဆာ ဖီးနစ်ထက် လျှို့ဝှက် ဆန်းကြယ်သော သမိုင်းကြောင်း ရှိသည်။

အဠမမြောက် သားရဲ မှာမူ၊ တွင်းနက်ကြီး အလား မည်းနက်ပြီး၊ သွေးမြူ များဖြင့် ဖွဲ့စည်း ထားသည့်၊ စွမ်းအင် တစ်ခု ဖြစ်သည်။

ဤသည်မှာ ရှေးဦးခေတ်၌ အလောင်းစား တစ္ဆေ အဖြစ် နာမည် ကြီးသည့်၊ နဂါး မိသားစု ၏ ကပ်ဘေး တစ်ပါးလည်း ဖြစ်သည်။

ရှေးဦးခေတ်၌ နဂါးများ ကိုသာ စားသုံး သဖြင့်၊ နတ်နဂါးပင် ထိပ်တိုက် ရင်ဆိုင် ဝံ့ခြင်း မရှိ ခဲ့ချေ။ ထို့ကြောင့် မည်မျှ ကြောက်စရာ ကောင်းမည်ကို တွေးကြည့် နိုင်မည်။

“ ဝေါ့ ... ။ ”

ခန္ဓာကိုယ် အတွင်း ဝိညာဉ် ရှစ်ပါး စုစည်းလာ မိသော အခါ၊ သည်းမခံနိုင် တော့ဘဲ ပါးစပ်မှ သွေးများ အန်လိုက် ရသည်။

သွေးသား စွမ်းအင် များက၊ မြင်သာသော အရှိန်ဖြင့် ခမ်းခြောက် လာ၏။ အဆိုပါ ဝိညာဉ် များမှာ အသိဉာဏ် မရှိ သောကြောင့် သာလျှင်၊ ခံနိုင် နေခြင်း ဖြစ်သည်။

သို့သော် ငြားလည်း၊ သူတော်စင် ရူရ် တစ်ထောင် ခန္ဓာ၏၊ သွေးသား စွမ်းအင် များမှာ၊ ၎င်းတို့၏ လိုဘကို ဖြည့်နိုင်ပုံ မရ တော့ချေ။

ကောင်းကင်၌ လျှပ်စီးများ လက်လာပြီး၊ လင်းယွန် ခန္ဓာ ကိုယ်မှ အနက်ရောင် မြူများ ထွက်ပေါ် လာ၏။

“ ဟား ဟား ဟား ... ။ ”

မျက်နှာ ဖြူဖျော့လျက် ပုံပျက် လာသည်။ ထို့နောက် ရူးကြောင်ကြောင် ရယ်မော လာပြီး၊ ချက်ချင်းပင် ဒေါသ တကြီး ကျိန်းဆဲ အော်ဟစ် နေ တော့၏။

သူ့ စိတ် ဝိညာဉ်ကို မကောင်း ဆိုးရွား ဝိညာဉ် များမှ၊ လွှမ်းမိုးရန် ကြံစည် နေခြင်း ပေပင်။

ခန္ဓာကိုယ် သည်ပင်၊ ၎င်းဝိညာဉ် ရှစ်ပါး၏ စွမ်းအားကို မခံနိုင်ချေ။ ထို့ကြောင့် သူ့ ဝိညာဉ်မှ ခုခံနိုင် စရာ နည်းလမ်း မရှိသည်မှာ သဘာဝ ပေပင်။

၎င်းတို့က အဖျက် စွမ်းအား များကို ထုတ်ဖော် ပြသလို သဖြင့်၊ ချုပ်နှောင် ထားသော လင်းယွန် ခန္ဓာ ကိုယ်အား၊ နည်းလမ်း မျိုးစုံနှင့်၊ ချိုးဖြတ်ရန် ကြိုးစား လာခြင်း ဖြစ်သည်။

“ မ လုပ် နဲ့ ... ။ ”

ခရမ်းငယ်မှာ ဓားကို စီးလျက် ငိုရှိုက် မိသည်။

“ နင် မသေ ရဘူး ... ၊ ငါ နင့်ကို အဆုံးရှုံး မခံ နိုင်ဘူး။ ”

ကူညီ နိုင်ခြင်း မရှိ သောကြောင့်၊ အော်ဟစ် ငိုယို ရုံသာ တတ်နိုင် လေသည်။ စိုးရိမ် စိတ်ဖြင့် လင်းယွန်ကို လှည့်ပတ် ပျံသန်း နေမိ၏။

ဤသည်မှာ ခွန်လွန်၌ အုပ်စိုးရှင် ဖြစ်လိုသော လင်းယွန်၏ လမ်း ဖြစ်သည်။ သူကိုယ်တိုင် မှတပါး၊ မည်သည့် ပြင်ပ အကူ အညီမျှ ယူ၍ ရမည် မဟုတ်ချေ။

ဤမျှ ဝမ်းနည်း ပူဆွေး မှုမျိုး၊ တစ်ကြိမ်မျှ မခံစား ရဖူး သောကြောင့်၊ နှလုံးသားမှာ ဓားနှင့် အထိုးခံ နေရ သကဲ့သို့၊ နာကျင် လာရသည်။

လင်းယွန်နှင့် သူမ အကြား၊ အမှတ် တရ များကို ပြန် မြင်ယောင် လာသည်။ ယဲ့ဇီလင်၏ အနိုင်ကျင့် ခံရ ချိန်တွင်၊ သူမ အတွက် ကျစ်ဆံမြီး၊ ကျစ်ပေး ခဲ့သည်။

လောဟွာမှ သူမ အသက် လိုချင်သော အခါတွင် လည်း၊ ဝင်ရပ် ပေးခဲ့သည်။ ထို့ကြောင့် နှစ် တစ်သိန်း အကြာ၊ အေးခဲ နေသော နှလုံး သားမှာ၊ အရည် ပျော်သွား ခဲ့ခြင်း ဖြစ်၏။

တစ်စုံ တစ်ယောက် ငိုရှိုက် သံကို ကြားနေ ရသော လင်းယွန်မှာ၊ သတိဝင် လာပြီး အတွေး များ စုစည်း လိုက်သည်။ သူ မရူး ချင်ချေ။

ဓားရည်ရွယ် ချက်က တဖြည်း ဖြည်းနှင့်၊ မျက်ခုံး အလယ်သို့ ပြန်ဝင် လာ၏။ ဓားဝိညာဉ် နှစ်ပါး မှလွဲ၍၊ မည်သည့် အရာကို မဆို၊ သူ မထိန်းချုပ် နိုင်တော့ချေ။

ဤအခြေ အနေမှ လွတ်မြောက် လိုပါက၊ သူ၏ သိုင်း ဝိညာဉ် စင်စစ် ဖြစ်သော ‘ဓားကျိုး’ ကို၊ ဆွဲထုတ် ရပေမည်။

၎င်းသည်သာ ဆိုးသွမ်းသော ဤဝိညာဉ် (၈)ပါးကို နှိမ်နင်း နိုင်မည် ဖြစ်သည်။ သို့သော် ‘ကျိုးဓား၊’ ကို သူ မထိန်းချုပ် နိုင်ချေ။

ယင်းက တားမြစ် စွမ်းအင် ဖြစ်ပြီး၊ စိတ်မသက် မသာ ခံစားရ စေသော ကြောင့် မဆွဲ လိုခြင်း ဖြစ်သည်။

ထိရုံနှင့် ခန္ဓာ ကြွေ နိုင်မည်ဟု ခံစား လာမိ၏။ ရုတ်တရက် ရွှေလူသားက ဒါန်တမ် အတွင်းသို့၊ ဆုတ်ခွာ လာသည်။

“ ဝှစ် ... ။ ”

ဓားကျိုး ပတ်ဝန်းကျင်သည် အာကာသ တွင်းနက် ကြီးများ ကဲ့သို့ အလင်းများ သေဆုံး နေသည်။ ပျံသန်း လာသော ရွှေလူသားပင် တဖြည်းဖြည်း မှိန်ဖျော့ လာ၏။

အမှောင် အတွင်း ပုန်းကွယ် လိုသော ထိုဓားကျိုးကို ရွှေလူသားမှ လှမ်းဆွဲ လေသည်။ ဤကာလသည် ခေတ် တစ်ခေတ်လုံး ကုန်ဆုံး သွားသည်ဟု၊ ခံစား လာရ စေ၏။

( အမေှာင်သည် အချိန် ကိုပင်၊ တိုက်စား နိုင်သည်ဟု ဆိုချင်ပုံ ရသည်။ )

“ ဝှစ် ... ။ ”

‘ဓားကျိုး၊’ က ရွှေလူသားအား အထင် သေးဟန်ဖြင့် ပျံတက် သွားပြီး၊ အေးစက်သော အငွေ့ အသက်ကို ထုတ်လွှတ် လိုက်သည်။

ထိုရည်ရွယ် ချက်သည် ရွှေလူသားမှ ထုတ်လွှတ် လိုက်သော အလင်းကို အေးခဲ နိုင် ပါက၊ ရွှေလူသား တစ်ယောက် ပျောက်ကွယ် သွားနိုင် မည်ဟု၊ လင်းယွန် သိ၏။

ရွှေလူသား ဓားဝိညာဉ် သေဆုံး ခြင်းသည် သူ သေခြင်း မည်သည်။ ထို့ကြောင့် ရွှေလူသား အား ရှောင်တိမ်း စေလျက်၊ ဓားရိုးကို ဖမ်းစွဲခိုင်း လိုက်သည်။

လက်တစ်ကမ်း အကွာ မျှသာ ဖြစ် သော်လည်း၊ ‘ထိုတွင်းနက်ကြီး’ ၏ ရည်ရွယ် ချက်ကြောင့်၊ မိုင် (၁၀) သန်း ကွာဝေးနေ သည်ဟု၊ ခံစားလာ ရစေသည်။

မည်မျှပင် မြန်မြန် ရွေ့လျား စေကာမူ၊ ဓားကျိုးထံ မရောက် နိုင်သေးချေ။ ကျိုးဓား၏ လှောင်ပြောင်ခြင်း ကိုသာ ခံလာ ရသည်။

“ ဝေါ့ ... ။ ”

ယင်းကြောင့် သွေးသား စွမ်းအင်ကို ရွှေလူသားထံ ထပ်မံ ပေးပို့ လိုက်ရာ၊ သွေး တစ်လုတ် အန်ထွက် သွားသည်။

တစ်ဖက်တွင် တွင်းနက် ကြီး၏ ရည်ရွယ်ချက်ကို အံတုလျက်၊ တိုးကပ် နေသော ရွှေလူသားမှာ၊ ပေါက်ကွဲ လုနီးပါး လင်းလက် လာတော့သည်။

***

All Chapters